ဇေကမ္ဘာနဲ့ ရွှေနံ့သာ - မီဒီယာသမားတွေလည်း ယနေ့လာသွားကြောင်း ဤဓာတ်ပုံနဲ့
ပြဆိုပါတယ်။ လယ်သမားတွေက ရဲနဲ့ လာပြီး ဇေကမ္ဘာကပြောတာကို ထောက်ပြီး
ဦးနေမျိုးဝေကို သွားအကြောင်းကြားပါတယ်။
ရဲစခန်းကို
ဝင်မေးကြည့်တဲ့အခါမှာတော့ ရဲက တားပိုင်ခွင့် မရှိပါဘူး လို့ ပြောပါတယ်။
ပဋိပက္ခမဖြစ်ရေးလောက်ပဲ ၀င်ထိန်းပေးနိုင်ပါတယ်လို့ ၀င်ရောက်တွေ့ဆုံခဲ့သူ
ဦးနေမျိုးဝေ ကပြန်ပြောပါတယ်။
လယ်သမားတွေနဲ့ မြို့နယ်ရုံးကို ၀င်ကြည့်ပေမယ့်
ရုံးမဖွင့်တဲ့အတွက် လယ်ကွင်းထဲကို ပဲ ဆက်ချီတက်ခဲ့ကြပါတယ်။ ဥပဒေဟောင်း
ဥပဒေသစ် ကိုင်ပြီး အိုးအိမ်ဌာနမှ အကြောင်းပြန်ထားတဲ့ ဇေကမ္ဘာကို
စက်မှုဇုံလုပ်ကိုင်ခွင့်ပေးမထားဘူး
ဆိုတဲ့ အကြောင်းလည်း လယ်သမားတွေ သိပြီးသားပါ။ ဇေကမ္ဘာရုံးရှေ့မှာ သွားပြီး
ရှင်းချက်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ မရှိပါဘူး။ လုံခြုံရေးတွေက
ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းကို လက်ကိုင် ဖုန်းလေးနဲ့ မှတ်တမ်းတင်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုံအတွက် ခွင့်ပြုထားခြင်းမရှိကြောင်း အိုးအိမ်ဌာနမှ ဒေါ်ခင်မေအေး ပြောဆိုချက်ကို လယ်သမားတွေကို ရှင်းပြပြီး
လယ်ပြန်စိုက်ကြဖို့
ဥပဒေအဟောင်းမှာ တန်းစီဇယားချပြီး လယ်မြေတွေချ
ထားပေးရမည့်အကြောင်း
ဆင်းရဲသားတွေကို ဦးစားပေးရမည့်အကြောင်းနှင့်
ဥပဒေသစ်မှာ လယ်ယာမြေတွေကို
သွားရောက် မှတ်ပုံတင်ရမည့်အကြောင်း
သတင်းစာကိုင်ပြီး ရှင်းလင်းနေခြင်းပါ။

သာသနာ့အလံက တံဆာခံပါ။ ဆိုင်းဘုတ်ထတ်ထားတာတော့ ကြာပါပြီ အကွက်ဆင်ထားတာပါ အဲဒီလူ ဘယ်နေရာ ဘယ်ဌာနမှာလဲဆိုတာတောင် ဒေသခံလယ်သမားတွေ မသိပါဘူး။ အဲသလို ဆိုင်းဘုတ်တွေ အများကြီးပါ။

ဇေကမ္ဘာကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းကလည်း တာဝန်အရ ဗွီဒီယို ဓာတ်ပုံမှတ်တမ်း ရယူနေခြင်းပါ။ လက်နက်ကိရိယာ တံဆာပလာအစုံနဲ့ တွေ့မြင်ရပါလိမ့်မယ်။

ဇေကမ္ဘာက ရွှေနံ့သာ လယ်မြေထဲမှာ မန်နေဂျာ ဦးမြင့်ဇော်ရဲ့ ရုံးဖြစ်ကြောင်း လယ်သမားတွေ ပြောပြပါတယ်။ ဒီကနေ့မှာတော့ လုံခြုံရေးဝန်ထမ်းတွေသာ ရှိနေပါတယ်။

ယနေ့ ရွှေနံ့သာကျေးရွာမှာ လယ်သမားတွေ လယ်ပြန်စိုက်တော့မယ့်အကြောင်း ဥပဒေအဟောင်းနဲ့ ဥပဒေသစ်မှာ ပြဌာန်းချက်တွေကို ထောက်ပြီး ဦးနေမျိုးဝေက ဦးခင်ရွှေရဲ့ လယ်ကွင်းထဲက ဇေကမ္ဘာရုံးလေး ရှေ့မှာ လုံခြုံရေး ၀န်ထမ်းများသာရှိတဲ့ တဲလေး ရှေ့မှာ ရှင်းချက် ထုတ်ခဲ့ပါတယ်။ ဇေကမ္ဘာကတော့ ဘူဒိုဇာ အထိုးမပျက် ရှိနေဆဲပါခင်ဗျာ ။ ကျွန်တော် ပြောချင်တာတော့ နိုင်ငံတော်အစိုးရ လူကြီးများပေါ့ဗျာ ... ဖြစ်နေတာ တွေကို သိရင် ရှင်းချင်သလို ရှင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် တော့ ဆောင်ရွက်သင့်ကြောင်းပါ။
နောင်တော်လေး (ဖေ့စ်ဘုတ်)
ဇေကမ္ဘာနဲ့ ရွှေနံ့သာ
Reviewed by သစ်ထူးလွင်
on
05:43
Rating: 5
23 comments:
အခြေခံလူတန်းစား အလုပ်သမား လယ်သမားတွေရဲ့
ငွေကြေးအသိပညာ အားနည်းမှု့ကို အခွင့်ကောင်းယူကာ
မတရားဝိသမလောဘ နည်းပေါင်းစုံနဲ့ ဂုတ်သွေးစုတ်
ချယ်လှယ်နေသော ခေတ်သစ် ချစ်တီးများကို
ဝိုင်းဝန်းဆန့်ကျင် အမြစ်ကနေမြေလှန်ပစ်ကြပါ
ဘီလီယံနာအဖြစ်နိုင်ငံခြားမှာသွားပြီးအေးအေးဆေးဆေးနေလို့ရတယ်
ဆိုတဲ့ပြိတာကြီး၊ဘာလို့မသွားလဲဆိုတော့၊
နိုင်ငံခြားမှာဆိုသူများဂုတ်သွေးစုတ်လို့မရဘူးကိုး၊
ဒီမှာတော့လယ်သမားတွေသွေးကိုစိတ်ကြိုက်စုတ်လို့ရတယ်လေ
ခင်ရွှေကလည်းရွှေမန်းကိုသမီးပေးထားတယ်ဆိုပြီးလုပ်လို့မရပါ။အဲဒီခေတ်ကုန်သွားပြီး၊စီမံကိန်းဆိုပြီးနေရာဦးထားတာတွေမရှိသင့်တော့ပါ။အချိန်ကာလတခုအတွင်းမှာပြီးပြည့်စုံအောင်မလုပ်နိုင်ရင် ပြန်အပ်ရပါမယ်၊တခြားအကြောင်းပြပြီးအချိန်မဆွဲသင့်ပါဘူး။
ဒါနိုင်ငံတော်ပိုင်မြေဖြစ်တယ်၊ခင်ရွှေထွက်သွားပါ။
ဇေကမ္ဘာကဘယ်သူ့အားကိုးတွေနဲ့လုပ်နေလဲမသိဘူး
သူလုပ်ရင်ဘာမဆိုဖြစ်တဲ့ပုံပဲ.လယ်တွေကိုဖျက်ဆီးနေတာ
ရက်ရက်စက်စက်ပဲ.လယ်သမားဖြစ်တဲ့ ကျွန်တော့်အဖေ
မျက်ရည်တွေဆက်ပြီကျနေအုံးမှာမြင်ယောင်သေးတယ်ဗျာ
ဇေကမ္ဘာကလိမ်ညာပြီကိုယ့်လက်မှတ်လေးတွေတောင်ကိုယ်
မထိုးတတ်တဲ့လယ်သမားတွေဆီညအချိန်မတော်စာရွက်စာတန်း
တွေနဲ့(ခင်ဗျားတို့ကိုပေးတာမယူရင်ခင်ဗျားတို့လယ်မြေတွေကို
အလကားသိမ်းတော့မှာ)လို့ပြောပြီးသိမ်းပလိုက်တာကို
အထက်ကနိုင်ငံခေါင်းဆောင်လုပ်နေတဲ့လူတွေလက်ပိုက်ကြည့်
နေနိုင်တာတော့အံ့သြတယ်ဗျာ..ဘယ်လိုခေါင်းဆောင်တွေလဲ?
ဒီလိုအာဏာသုံးပြီးမင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်တွေရပ်သင့်နေပါပြီ၊ သက်ဆိုင်
ရာတွေကလည်းဒီအတိုင်းကြည့်နေကြပါသလား၊ ဟိုသမ္မတဆိုသူကြီးကကော
ဘာလုပ်နေပါလိမ့် ?
သူတပါးစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေ ဒီဘ၀တော့ရမယ်
နောင်ဘ၀လူတောင်ပြန်ဖြစ်မှာမဟုတ်ဘူး။
@#$%^&*$#$တွေ
လောဘမသတ်နိုင်သေးတဲ့မောင်ခင်ရွေ၊ခင်ဗျားရဲ့အကြွေးတွေဆပ်ဖို့နောက်ဆုံးရ ရည်မှန်းချက် ရွှေနံသာလုံးဝဆန့်ကျင်သွားမယ်။
ဘူဒိုဇာကတော့ နေ့ ညမအားထိုးမြဲထိုးလျှက်ပါခင်ဗျာ...လမ်းလေးတွေတောင်းခင်းထားလိုက်သေး နေ့ စဉ်နေ့ တိုင်းလမ်းများလဲဆက်မပြတ်ဖောက်လျှက်ပါခင်ဗျာ....
မြေလွတ်မြေရိုင်းဖေါ်ထုတ်ရေးဆိုပြီး ရှိပြီးသားလယ်ယာတွေကိုအာဏာပိုင်နဲ့ ပေါင်းပြီး မြေရှင်ပဒေသရာစ်စနစ်ကိုပြန်အသက်သွင်းနေတာပါ။ ချစ်တီးတွေထက်ကိုဆိုးပါတယ်။ ပြည်သူတရပ်လုံးသတိရှိရှိနဲ့ အပြတ်တိုက်ထုတ်ပစ်မှရမှာပါ။ မြေရှင်ပဒေသရာစ်တွေအလိုမရှိ။
ဥပဒေရဲ. အထက်မှာ ဦးခင်ရွှေများ ရှိနေ.လို.လား? လွှတ်တော် ဥက္ကဌ ကြီးများ နဲ. နိုင်ငံတော် သမ္မတကြီး ခင်များ ????
မကူညီချင်နေပါမနှောင့်ယှက်ပါနဲ့....ဇေကမ္ဘာကကောင်တွေဘာစားနေလဲ....မင်းတို့ကောင်တွေချီးစားသင့်တယ်...ခွေးတောင်သခင်ကိုပြန်မကိုက်ဘူး....လယ်သမားတွေဆိုတာမြန်မာပြည်ရဲ့ကျေးဇူးရှင်လေ...ခွေးကောင်တွေရဲ့
ဦးခင်ရွေ ကသူ.လောက်အလှူအတန်းလုပ်တာသူဘဲရှိတယ်။သူ.ရဲ.ဆရာလိုလိုကျေးဇူးရှင်လိုလိုနဲ.ပြန်စောင်.ရှောက်ထားတဲ.ဦးခင်ညွန်.ကိုတောင်တလဒေါ်လာ၅၀၀၀ပေးပြီးအလုပ်ခန်.ထားတယ်လို.ကြားလိုက်ပါတယ်။အခုကျတော.ဆင်းရဲသားတောင်သူလယ်သမားတွေဆီကနှစ်ပေါက်တစ်ပေါက်ရိုက်ပြီးဓါးပြတိုက်သလိုအတင်းလုယက်နေတာအရမ်းဆင်းရဲသွားလို.လား။မွဲသွားတယ်လို.တော.မကြားလိုက်မိပါဘူးနော်။ကဲ.....တောင်သူဦးကြီးတို.ရှင်. ဦးခင်ရွေရဲ.သတင်းကိုမေးကြည်.ကြပါအုံး။မွဲသွားပြီဆိုရင်တနေ.တနပ်တော.ဦးကြီးတို.ကကျွေးနိုင်ပါတယ်။နေ.တိုင်းကျွေးကြမယ်မလား။ဒီလိုမျိုးကြီးတော.အတင်းမလုကြပါနဲ.ရွာမှာလာနေပြီးတအိမ်တနပ်နေ.တိုင်းထမင်းကျွေးပါ.မယ်လို.ခေါ်လိုက်ကြပါဦးကြီးတို.ရေ။
ခေတ်ကြီးက အရင်လို့လုပ်ချင်တိုင်းလုပ်လို့ မရတော့ဘူးဆိုတာ ဇေကမ္ဘာ အစရှိတဲ့ ကုမ္ပဏီ တွေအားလုံး သိစေချင်ပါသည် ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေအပေါ်မှာ ဂုတ်သွေးမစုပ်ချင်ပါနဲ့  ဘယ်သူသေသေ ငတေမာရင်း ပြီးရော စိတ်ဓါတ်နဲ့  ငါးသလောက်လို့ ပေါင်းစားမှ ကောင်းမယ်ဆိုတဲ့ အရသာတွေကို ပြီးခဲ့သော အတိတ်မှာ ထားခဲ့ပါတော့ ပြောချင်ပါသည် .....သူဆန်စား ရဲမှ ဆိုတဲ့ စိတ်ဓါတ်ဆိုတာကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဝန်းထမ်းတွေလည်း သိအောင်ကြိုးစားလိုက်ပါအုံးလို့ တိုက်တွန်းရင်း သံသရာကို ကြောက်ကြပါလို့  နိဂုံးချုပ်လိုက်ပါသည် ။
ခင်ရွှေ တပည့်တွေကဆိုင်ကယ်တွေနဲ့ပါလား။
ရန်ကုန်နယ်နမိတ်မှာဆျုင်ကယ်စီးလို့နရဘူးမလား?
အခုထိမပီးသေးဘူးလား ဒီကိစ္စက ။ ခင်ရွှေက လွှတ်တော်ထဲမှာ
အပြုံးတောင်မပျက်ဘူး ။ သူတောင်းစား ဖွတ်အမတ်တွေ ဘာလုပ်နေကြလဲ ။ သူတို့ ပထွေးကိစ္စဆိုတော့ မသိချင်ယောင်
ဆောင်နေကြတာထင်တယ် ။ တာရိုးကနွားတွေ ။ ငမြွေထိုးတွေ ။
ဆိုင်ကယ်တွေက နံပါတ်ပြားတောင် မရှိဘဲကိုး။ ဘယ်သူ့ခွင့်ပြုချက်နဲ့စီးနေတာပါလိမ့်။ ဥပဒေက မျက်နှာလိုက်လို့မရဘူးလေ။
လူလိမ် ကြီး ခင်ရွှေ (ဒေါက်တာအတု) လွှတ်တော်ထဲ ရှိ တာ အစိုးရ အ ဖွဲ့ အတော်နာ မည် ပျက်တယ်။ သန့် ရှင်း သင့်တယ်။
ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်သည် လယ်ယာမြေနိုင်ံငဖြစ်သည်။
လယ်ယာမြေချဲ့ ထွင်ခြင်းသာဖြစ်ရမည်။လယ်သိမ်းယူခြင်းမဖြစ်ရ။
အော်..ခင်ရွှေ..ခင်ရွှေ...နင်သေတော့မယ်..မကြာမီ
နင့်ကိုနင်မှ..မသနား...ပြိတ္တာရုပ်လည်းပေါက်နေပြီ။
မြင်ရ..ကျက်သရေရုပ်လှသည်။
နင့်အကျင့် နင်မပြင်မဆင်ခြင်...
မကြာခင်..သေချာသွားရမည်..အသူရကယ်တို့ရဲ့ပြိတ္တာပြည်
ရာခိုင်နှုန်းတစ်ရာသေချာသည်.....
နင်ရှာသမျှ..နင့်ချွေးမ.. နံဒါလှန်က ဝါးတော့မည်...
ဒူဝေ ဝေ ဝေ နောင်
ခွမ်း(ရေဝေးမှရေအိုးရိုက်ခွဲသံ)
ခင်ရွှေ
တော်သင့်ဘီကွာ။
သေရင်ဘာမှမပါဘူး
တရားရသင့်ပါဘီ။
မင်းတို့မိးစုပြတ္တာဘဲဖြစ်မှာပါ။လောဘလျော့တော့။
ခင်ရွှေ... ခင်ရွှေ လို့မခေါ်ကြပါနဲ့ခင်ဗျား
ဒေါက်တာခင်ရွှေ (သို့မဟုတ်)
သာသနာ့နုဂ္ဂဟ ဥက္ကဌ ကြီးဟုခေါ်ပါရန်
ခင်ေ၇ွှ..... ၂၀၁၅ အထိ မခံတော့မှန်းသိလို့ အငမ်းမ၇ ဖြစ်နေတာလား။
ဦးခင်ရွှေထမင်းမစားတာတော့သေချာနေပြီ။ထမင်းမစားသူတိုင်းတောင်သူလယ်သမားများကိုအနိုင်ကျင့်ကြသည်။တောင်သူတွေ
ဟာမြန်မာပြည်ရဲ.အသက်သွေးကြောဆိုတာရူးလို့ဘဲမသိတာလားတဏှာရူးရယ်။မြေနိမ့်ရာလှံမစိုက်ပါနဲ့။တဏှာလောဘတွေကိုသင်္ချိုင်းထဲထိယူသွားလို့ရလားသေချာစဉ်စားပါ။နီးနေပြီ။သတိတရားရဘို့သင့်ပြီ။
လယ်သမားတွေကိစ္စ မထင်မှတ်တဲ့ မတူကွဲပြားပါတီ က တက်တက်ကြွကြွ လုပ်နေတာမြင်တော့ အင်း- ပါတီဥက္ကဌ နေမျိုးဝေ လုပ်ရပ် မဆိုးပါဘူး - အမှတ်ပေးပါတယ်
Post a Comment