ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရွေနံ့သာ ကျေးရွာက လယ်သမားတွေဟာ အငြင်းပွားနေတဲ့ မြေကွက်ကို ဒီကနေ့ စုဝေး သွားရောက်ခဲ့ပြီး အခုနှစ် စိုက်ပျိုးရာသီအတွက် စတင် ထွန်ယက်ခဲ့ကြပါတယ်။

ရွှေနံ့သာကျေးရွာက လယ်ဧက ၈ ရာကျော်ကို စက်မှုတည်ဆောက်ရေး အကြောင်းပြချက်နဲ့ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူခဲ့တာပါ။ အဲဒီနောက် ကုမ္ပဏီက မြေတူးစက်တွေနဲ့ လယ်ကန်သင်း ဖြိုဖျက်တာ၊ ကွန်ကရစ်လမ်း ဖောက်လုပ်တာ၊ သံဆူးကြိုး ကာရံတာတွေ လုပ်ဆောင်လာတာကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

ဒီပဋိပက္ခကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နဲ့ အိုးအိမ်ဦးစီးဌာနအထိ တင်ပြ တိုင်တန်းခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ်ဦးစီးဌာနက… ဒီလယ်မြေတွေဟာ စက်မှုဇုံ အဖြစ် သတ်မှတ်ထားတဲ့မြေ မဟုတ်ဘဲ လယ်ယာမြေအဖြစ်သာ စာရင်းပေါက်နေတယ် ဆိုပြီး လယ်သမားတွေကို အကြောင်းပြန်ခဲ့တယ်လို့ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောပါတယ်။

သိမ်းယူထားတဲ့ မြေပေါ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတွေ
စောင့်ကြပ်ပြီး မြေထိုးစက်တွေနဲ့ မြေညှိ၊ မြေပြင်တာတွေ လုပ်နေတဲ့အပေါ် မြေအသိမ်းခံ လယ်သမားတွေက မခံမရပ်နိုင် ဖြစ်ပြီး သူတို့ပိုင် လယ်မြေတွေမှာ အခုလို စုပေါင်း ထွန်ယက်ခဲ့ကြတာ ဖြစ်ပါတယ်။
RFA-Burmese
ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက် ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက် Reviewed by သစ်ထူးလွင် on 08:49 Rating: 5

12 comments:

mon lay said...

သိပ်မှန်တာပေါ့ ထွန်သာထွန် အေးဆေးစိုက် ကာကြီးတွေနဲ့လာဖျက်
ရင် ပိုင်နက်ကျူးလွန်တယ်ဆိုပြီး ကားရောလူရော မီးရှို့ပလိုက်
ကိုယ့်လယ်မြေ သူ့လယ်မြေလုပ်ချင်တဲ့ဟာတွေ ဒုတ်တွေဓါးတွေနဲ့
ဧည့်ခံလိုက် ဒါမှမှတ်မယ်ဒီကောင်တွေ..

zzmyoe said...

ပြိင်တူတွန်းလျှင်ရွေ့နိုင်ပါသည်၊အားလုံးညီညွတ်စွာစုပေါင်းလုပ်ဆောင်လျင် အောင်မြင်နိုင်ပါသည်။

ကိုကို said...

ချစ်တီးကုလားဇေကမ္ဘာခင်ရွှေ.ကုလားပြည်ပြန်ပို့လိုက်.

Anonymous said...

တိုင်းပြည်အတွက်မြန်မာပြည်မှာနေတာပါဆိုတဲ့စကားကြီးစကားကျယ်
ပြောတဲ့ဒေါက်တာအတုခင်ရွှေကိုပါစပ်ပေါက်ပိတ်အောင်လုပ်ပေးမဲ့သူ
မရှိတော့ဘူးလား

pyaponthu said...

လယ်သမားတွေဟာ မြန်မာပြည်ရဲ့အဆင်းရဲဆုံးနဲ့ဖိနှိပ်ခံလူတန်းစားဖြစ်သလို ကျေးဇူးရှင်တွေဖြစ်တယ်။ကျေးဇူးရှင်ကိုကျေးမစွပ်သင့်ပါဘူး။လယ်သမားအရေးဦးစားပေးစေချင်တယ်။ငွေရှိတိုင်းကိုယ်လုပ်ချင်တာလုပ်လို့ရတယ်ဆိုတာ ဥပဒေမဲ့နိုင်ငံဖြစ်သွားမယ်။

kotunaung164@gmail.com said...

လယ်သမားတွေလုပ်တာမှန်ပါတယ်၊ကိုယ်လယ်ကိုလုပ်တာဘယ်သူကိုမှကြောက်စရာမလိုပါဆက်လက်ပြီးညီညီညွတ်ညွတ်လုပ်ဆောင်ကြပါ။

shingyi said...

ဘယ်သူမှပြေလည်အောင်၇ှင်းမပေးနိုင်ဘူးထင်ပါတယ်။ကိုခင်ေ၇ွှ တော်ပါတော့။
လန(၃၉)ထုတ်ေ၇ာင်းစားသောသူ၊ဂ၇န်ထုတ်ေ၇ာင်းစားသောသူ၊BOTဆိုနေ၇ာတောင်းေ၇ာင်းစားသူ၊မောင်းမကန်၊ငွေဆောင်၊ချောင်းသာ၊နေပြည်တော်ဟိုတယ်ဇုံ၊
မန်းတလေး၊အဝေးပြေး၁၀၅မိုင်၊မိတ်ထီလာယဉ်၇ပ်စခန်း၊မေမြို့ယာဉ်၇ပ်စခန်း
လက်လွန်နေပါသည်။နိုင်ငံတော်အတွက်ဆိုလေလံလုပ်ပေါ့။တန်၇ာတန်ဘိုးမဟုတ်၇င်ပြန်သိမ်းသင့်ပါသည်။လယ်မြေသတ်မှတ်တာလယ်မလုပ်သိမ်းပေါ့။
ခင်ေ၇ွှလုပ်ထားတာဥပဒေနဲ့အညီအေ၇းယူ၊ဒဏ်၇ိုက်၊အခွန်ကောက်၊
စည်ပင်ကခြံခတ်၊အိမ်ဆောက်၊စတာခွင့်ပြုချက်မ၇ှိ၇င်တစ်၇က်၁၀၀၀၀ကျပ်
ကနေ၃၀၀၀၀ကျပ်ဒဏ်၇ိုက်တာ၇ှိတယ်။အချင်ဟန်ဆောင်မနေကြပါနဲ့။၊

aristhteinwin said...

ထောက်ခံ - အားပေးပါတယ် - လယ်သမားခင်ဗျာ- လယ်သမား အရေး လိုက်ပါ လုပ်ဆောင်ပေးနေတဲ့ ဦးနေမျိုးဝေ လဲ အားပေးပါတယ်။

Anonymous said...

ခင်ရွှေလိုကောင်မျိုးတွေဟာ တိုင်းပြည်တိုးတက်ရေးကို
ဟန့်တားနှောက်ယှက်တဲ့ကောင်တွေပဲ ချမ်းသာလာတာကိုကြည့်
ကောင်းရောင်းကောင်းဝယ်တစ်ခုမှမပါဘူး မလှိမ့်တပတ်နဲ့
အာဏာရှိသူကိုချည်းကပ် မျက်နှာလိုမျက်နှာရလုပ်
အလိုတော်ရိ အကျင့်စရိုက်နဲ့ သောက်ရှက်မရှိလုပ်လာခဲ့တာ
ကိုယ်ကျိုးရှာ ဘနဖူးသိုက်တူးတဲ့ အောက်တန်းစားစိတ်
လွှတ်တော်ထဲလည်း ငွေနဲ့ပေါက်ပြီးဝင်လာတာ
အထဲရောက်တော့ မတရားရထားတဲ့ပိုက်ဆံအသုံးချပြီး
အသိုင်းအဝိုင်းဖွဲ့တယ် ဝန်ကြီများရုံးကိုအရယူပြီး
ဟော်တယ်လုပ်ဖို့ကြံတာ သတင်းမီဒီယာကဝင်ထောက်ပြတော့
စာနယ်ဇင်းလောကတစ်ခုလုံးကို သိမ်းကြုံးပြီးအစာမကျေဖြစ်
တိုင်းပြည်ကိုချစ်လို့ ဒီမှာနေနေတာ သူ့စည်းစိမ်နဲ့ကမ္ဘာပတ်ပြီး
ငြိမ့်နေလို့ရတယ်တဲ့ မင်းလိုကလိန်ကကျစ် အစွမ်းအစနဲ့ သူများတိုင်းပြည်သွားလုပ်ကြည့် ခွေးပြေးဝက်ပြေးနဲ့
သူတောင်းစားတောင်ဖြစ်သွားအုံးမယ် ဒေါက်တာဘွဲ့တောင်
ဘယ်လိုလိမ့်ပြီး အရောင်းခံလိုက်ရတာ ကောင်းကောင်းမသိဘူး
အခု ဆင်းရဲသားလယ်သမားတွေ ငွေကြေးပညာနိမ့်ပါးတာကို
အခွင့်ကောင်းယူ မရှိမဲ့ရှိမဲ့လုပ်စားရတဲ့ လယ်မြေတွေကို
မတရားနည်းနဲ့ သိမ်းဖို့ကြံတာ ဒီကောင်တော်တော်လေးကို
အောက်တန်းကျပြီး ယုတ်မာပါတယ်
အဖိနှိမ့်ခံလယ်သမားများဖက်မှ မိမိတို့တက်နိုင်သမျှ
ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ

သာသနာကိုချစ်မြတ်နိုးသူ said...

ဒီမိုကရေစီလို့အော်နေကြချိန်မှာ
တပြိုင်ထဲကျွန်မတို့ပြည်သူတွေကြုံတွေ့နေရတာကတော့
လယ်ယာမြေအသိမ်းခံနေရတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။
စစ်တပ်မှလယ်မြေသိမ်းခြင်း၊
ကုမ္ပဏီများမှလယ်မြေသိမ်းခြင်းများကိုစစ်အစိုးရ(သို့)ဦးသိန်းစိန်မှ
မည်ကဲ့သို့ဖြေရှင်းပေးနိုင်မလဲဆိုတာ
ပြည်သူများမှစောင့်မျှော်နေပါတယ်...

နေကြာရိုး said...

ဒေါက်တု ခင်ရွှေအား အရေးယုရတော့မည်။ တိုင်းပြည်ကို ဂုပ်သွေးစုပ်နေတာလည်း ပြည်သူတွေမှာတော့ လှိမ့်ပိန့်ခံနေတယ်။ သူ့ကိုယ်သူတော့ ဘီလီယံနာလုပ်လို့ရတယ်ဆိုပြီး မကြာခင်က ကြေငြာမောင်းခတ်သေးတယ်။လွှတ်တော်ထဲအထိ ၀င်ပြီး လုပ်ပိုင်ခွင့်တွေကို ဖင်ခုထိုင်နေတဲ့ ဒီတရုတ် သွေးစုပ်ဖုတ်ကောင်ကို သူ့ပြည်သူ ပြန်ပို့လိုက်ပါတော့ တာဝန်ရှိသူများခင်ဗျာ။

Irrawaddy Myanmar said...

ဦးခင်ရွှေ ၏ လုပ်ရပ်များကြောင့် နောင်လူငယ်များအတုခိုးမှားစရာဖြစ်နိုင်သည်။ ပြည်ခိုင်ဖြိုး ပါတီလည်း နာမည်ပျက်စရာဖြစ်နိုင်သည်။

Powered by Blogger.