ပရဟိတ အဖွဲ့နှစ်ဖွဲ့ကို လှူဒါန်းဖို့ ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေး ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပြပွဲကို ဒီနေ့ကစလို့ ၂၅ ရက်အထိ ရန်ကုန်က ပြင်သစ်သံရုံးမှာ ကျင်းပနေပါတယ်။
ပြပွဲမှာ ပြသထားတဲ့ ဓာတ်ပုံတွေကို မြန်မာဓာတ်ပုံဆရာ ၃ ဦးက ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံရောင်းရတဲ့ ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ဒေါ်ဖြူဖြူသင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို လှူဒါန်းသွားမယ်လို့ ဓာတ်ပုံဆရာတွေက ပြောပါ တယ်။
ဓာတ်ပုံဆရာ ကိုအောင်ပြည့်က “လူထုနဲ့ အန်တီနဲ့ပုံတွေပဲပြတယ်။ လူထုနဲ့ အန်တီနဲ့ ဘယ်လိုရှိတယ်ဆိုတဲ့ ပုံတွေကိုပဲ ပြတယ်။ အန်တီကို လူထုက ဘယ်လိုထောက်ခံကြတယ်ဆိုတဲ့ ပုံတွေကို အဓိကပြတယ်။ ဖီချာပုံသဏ္ဌာန် ဆန်ပါတယ်၊ သတင်းပုံတော့ တပုံ၊ နှစ်ပုံလောက်ပဲ ပြထားတယ်။ ဖီချာပုံတွေတော့ ပြထားတယ်။”
ဓာတ်ပုံဆရာ ၃ ဦးကတော့ ကိုအောင်ပြည့်၊ ကိုမင်းဇေယျ၊ ပြေကျော်မြင့်တို့ ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးခရီးစဉ်ကနေ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လူထုကို ကျေးဇူးတင်စကားပြောတဲ့ ဧပြီလ ၂ ရက်နေ့အထိ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပါဝင်တယ်လို့ ဓာတ်ပုံဆရာတွေက ပြောပါတယ်။
ဒီဓာတ်ပုံပြပွဲအဖွင့်နေ့ဖြစ်တဲ့ ဒီနေ့ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ချီးမြှင့်ပေးမယ်လို့ သိရပါတယ်။
ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလမ်းမများ ဓာတ်ပုံပြပွဲ ကျင်းပ
Reviewed by သစ်ထူးလွင်
on
15:36
Rating:
5 comments:
အကြံဥာဏ်ကောင်းတခုမို့ဂုဏ်ယူပါတယ်။
ဓါတ်ပုံဆရာရဲ့စိတ်ကူးလေးတွေကို အ၇မ်းဂုဏ်ယူမိပါတယ်
သန်းေ၇ွှ နဲ့မြေးတော် မျောက်ကလေး ဓါတ်ပုံပြပွဲ ကိုလည်း မြောက်ကို၇ီးယား မှာပြမယ် ဆိုပဲ။ ။
သိပ်မွန်မြတ်တဲအလုပ်ပေါ့ဗျာ။ ၀မ်းသာမိပါတယ်ဗျာ။ ပါဝင်သူအားလုံးလည်းကျန်းမာချမ်းသာကြပါစေခင်ဗျာ။
အရမ်းကောင်းတာပဲ့ဗျာ။လေးစားပါတယ်။
Post a Comment