မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပသော မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနက ကူးတို့ဆိပ် မီးလောင်မှုတွင် အသက်စွန့် အမှုထမ်းခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကို စွမ်းရည်သတ္တိ ဆိုင်ရာ ဆုရသူများအဖြစ် ဆုချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ၆၆ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုလက်မှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား၌ ဇန်နဝါရီ အတွင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ကူးတို့ဆိပ် ရပ်ကွက် မီးလောင်မှုတွင် အသက်ပေး ငြိမ်းသတ်ခဲ့သည့် မီးသတ် တပ်ဖွဲဝင် ၅ ဦးတို့ကို စွမ်းရည်သတ္တိ ဆိုင်ရာ ရဲသီဟ တစ်ဆုနှင့်၊ ရဲသူရဆု ၄ ဆု ချီးမြှင့်ရာ သေဆုံးသွားသော မီးသတ် တပ်ဖွဲ့ဝင်များ ကိုယ်စား မိသားစုဝင်များက တက်ရောက်၍ ဆုလက်ခံ ရယူခဲ့ကြသည်။"သူ့ကိုယ်စား ဆုလာယူရတာ ဂုဏ်ယူပါတယ်။ ဒီဆုက သူ အသက်နဲ့ လဲပြီး ရခဲ့တာလေ။ ဘယ်လိုမှ တန်းဖိုးဖြတ်လို့ မရဘူး" ဟု ကွယ်လွန်သူ တပ်ကြပ်ဇော်ဌေး၏ အမျိုးသမီးကThe Voice Weekly သို့ ပြောကြားသည်။
ယင်းအခမ်းအနားတွင် ကူးတို့ဆိပ် မီးလောင်မှု၌ အသက်ပေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် မီးသတ် တပ်ဖွဲ့ဝင်များ အကြောင်း ရိုက်ကူးထားသော ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်များ နှင့်ဂီတပညာရှင်များ၊ မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် ဓာတ်ပုံနှင့် သတင်းဆောင်းပါးများ ရေးသားခဲ့သည့် ဆောင်ပါးရှင်များ၊ ရုပ်သံတင်ဆက်ခဲ့သည့် MRTV-4၊ Sky Net စသည့် ရုပ်သံမီဒီယာများ၊ ပြည်သူ့ ဝန်ထမ်းကောင်း ဆုတံဆိပ်ရ တပ်ဖွဲ့ဝင် ၃၃ ဦးနှင့် အခြားမီးသတ် သင်တန်းများတွင် ရရှိခဲ့သော ဆုများကိုပါ ဆုချီးမြှင့်ခဲ့သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သော မဂင်္လာတောင်ညွှန့် မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မီးလောင် ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ဦးဇော်ဌေး၊ တပ်သား အောင်အောင်၊ တပ်ကြပ် တင်စိုး၊ တပ်သား သော်ဇင်မျိုးထက်၊ တပ်သား မျိုးကျော်ကျော်တို့ ၅ ဦး သည် မီးငြိမ်းသတ်နေစဉ် သေဆုံးခဲ့ပြီး လူ ၁ရ ဦးလည်း မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။
The Voice Weekly

အသက်နှင့် လဲရသောဆု ၅ ဆုကို မီးသတ်တပ်ဖွဲ့မှ ချီးမြှင့်
Reviewed by သစ်ထူးလွင်
on
20:47
Rating:
13 comments:
မြန်မာတပ်မတော်ရယ်.. အတုယူလိုက်နော်..
နင်တို့စစ်သင်တန်းကျောင်းတွေမှာပြောပြောနေတဲ့..မင်းတို့မီးသတ် မဟုတ်ဘူး
ဆိုတဲ့စကားအခု သက်သေပြလိုက်ပြီ..ပြည်သူတွေက မီးသတ်ကိုစစ်သားထက်
အားကိုးယုံကြည်တယ်ကွ.စစ်တပ်က နှစ်ပေါင်း၆၀ကျော်တိုင်းပြည်ကိုဒုက္ခ
ပေးခဲ့တာ အခုထိပဲ..
ဒီရဲဘော်တွေကို အောင်ဆန်းသူရိယ ..သီဟ..သူရ ..အစရှိတဲ ဘွဲ့အမြင့်စားတွေ
ကိုပေးပါဗျို့.တိုင်းရင်းသားတွေကိုတိုက်ပြီး သီဟ သူရတို့အောင်ဆန်းသူရိယတို့ရနေတဲ့မြန်မာတပ်မတော်စစ်သားများကို
ဒီမီးသတ်ရဲဘော်တွေက စံပြနမူနာ လုပ်ပြလိုက်တာပဲ..
စစ်သားတွေ မီးသတ်တွေကို ရှိခိုးကြလော့
အသက်သေခံပြီးတော့မှရတဲ့ဆုတော့ဒီဘ၀မှာမလိုချင်ပါဘူးဒါတောင်မှမလွဲသာလို့ပေးတာနော်
သူရဲကောင်းကို ချစ်တတ်တဲ့ မင်းဟာ မင်းကောင်းမင်းမြတ်ဖြစ်တယ်။ ရာဇဝင်မှာ စာတင်လောက်ပေတယ်။ အသက်ပေးတာဝန်ထမ်းဆောင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြု ဆုချီးမြင့်တဲ့အတွက် ဝမ်းမြောက်မိပါကြောင်း....
စွမ်းစွမ်းတမံ ဆောင်ရွက်ပြီး အသက်ရှင်သေးတဲ့ မီးသတ်ရဲဘော်တွေ အတွက်လည်း ဆုချီးမြှင့်သင့်ပါတယ်။
နိုင်ငံရဲ့ ပစ္စည်း ဥစ္စာ ဓန တွေကို ခိုးယူဖျက်စီးနေတဲ့ အရာတွေထဲမှာ လဲ ဒီ " မီး "ဆိုတာကြီးလဲပါပါတယ်။ အသက်ပေးစွန့် စားတဲ့ တို့ သူရဲကောင်း ကြီးတွေရဲ့  ဂုဏ်နဲ့  ကျန်ရစ်တဲ့ သူ့ မိသားစုတို့ ကို အားပေးထောက်ပံ့ကြ ရအောင်နော်..သယ်ရင်းတို့ 
ZAWAUNG , thihawin thiha တို့က ခွေးလိုပဲ လိုက်ဟောင်နေတော့တယ် ...ဘာမှကို မုဒိတာ မပွားနိုင်နဲ့ လူတွေပဲ... တစ်ကယ်တော့ ဒီလိုဆုမျိုးက နောင်လာမယ့် မျိုးဆက်တွေ အတွက် သူတို့အသက်တွေကို စတေးပြီး ဘယ်လို စွန့်စားရမယ်၊အများအကျိုးတွတ် ဘယ်လို သယ်ပိုးရမယ် ဆိုတာကို အသက်နဲ့ရင်းပြီး သင်ခန်းစားပေးခဲ့တာ ငတုံးတွေရ .... လိုက်ပြီး ပုတ်ခတ်မနေနဲ့ ... စစ်သားလဲ သူ့တာဝန်နဲ့သူ ၊မီးသတ်လဲ သူ့တာဝန်နဲ့သူ ကြက်ခြေနီလဲ သူ့တာဝန်နဲ့သူ ...သူတို့နဲ့တန်လို့ ဒီလိုဆုတွေရတာ မုဒိတာပွားပေးလိုက် ...တာဝန်မသိ တာဝန်မ၇ှိ တန်ဖိုးမရှိတဲ့ မင်းတို့ကို ပြောရင်လဲ လက်ညောင်းတယ်ကွာ...
မီးသတ်သေရတာ ကောင်းမွန်မွန်သဂြိုလ်ခွင့် မိသားစု အလောင်းတွေ.ခွင့်ရလိုက်ကြတယ် ထောက်ပံကြေးတွေရကြတယ် တောထဲတောင်ထဲမှာ ကူညီမဲ.လူမရှိ လူမုန်းခံ တိုင်းပြည်ကိုအသက်ပေးကာကွယ်ခဲ.ကြတဲ. စစ်သားတွေကြတော့ စောင်လေးပတ်ပြီး တောထဲမှာဖြစ်သလိုမြုပ်နှံခဲ.ကြရတယ် ဇော်အောင်ဆိုတဲ.လူ သေချာပြန်တွေကြည်.ပါ ဒါမှမဟုတ် ထမင်းတနေ.တစ်နပ်ပဲစားပြီး မနတ်လေးနာရီထိုးတိုင်းထပြေးကြည်.ပါ
ဟုတ်တယ်ကွာ D Mo
အေးမင်းတို.စစ်တပ်တွေအတုယူလိုက်အုန်း
သူ၇ဲဘောကြောင်တဲ. စစ်သားတွေမဟုတ်ဘူး ပြည်သူတွေကို ကယ်တင်တဲ.မီးသတ်တပ်ဖွဲ.ကွ ပြည်သူကိုဒုက္ခပေးတဲ.စစ်သားတွေမဟုတ်ဘူးကွ
တကယ် ရှေ့တန်းက အခြေခံစစ်သားတွေရဲ့ ဘ၀ကတော့ တကယ်သနားဖို့ကောင်းပါရဲ့ ~~ စစ်သားချင်းအတူတူ အပေါ်ကခေါင်းပုံဖြတ် အမြတ်ထုတ်နေတဲ့ အထက်ပိုင်း စစ်အရာရှိတွေက ဆိုးတာပါ ~~
စစ်သားတွေကိုအပြစ်ဘဲပြောနေကြတယ်..တကယ်တမ်းတိုင်းပြည်အတွက် ၀န်ထမ်းတိုင်း ပြည်သူတိုင်းမှာတာဝန်ရှိတယ်လေ...ကိုယ်တောင်သူတို့ လိုလုပ်နိုင်ရဲ့ လားဆိုတာနဖူးပေါ်လက်တင်စဉ်းစားကြည့်ပါဦး..ကိုယ့်နိုင်ငံအတွက် လစာနည်းနည်းလေးနဲ့ ရှေ့ တန်းမှာအသက်ကိုဖက်နဲ့ ထုပ်ပြီးတိုက်ပွဲဝင်နေရတဲ့
စစ်သားတွေရဲ့ ဘ၀ကိုကိုယ်ချင်းစာကြည့်ပါ..ကိုယ်ချင်းစာတတ်မှာလည်းမဟုတ်ပါဘူး..အဲဒါကြောင့်သာကိုယ်ဒီလိုအေးအေးချမ်းချမ်းနဲ့ နေနေရတာသူတို့ တွေအသက်စွန့် တိုက်ပွဲဝင်နေလို့ ဆိုတဲ့ အတွေးမျိုးမတွေးတတ်လို့ ပါဘဲ...တိုင်းရင်းသားအချင်းချင်းပြန်သတ်နေတယ်ဆိုပြီးလည်းဆင်ခြေမပေးပါနဲ့ ...တိုင်းရင်းသားကိုဗန်းပြပြီးတစ်ဖက်နိုင်ငံက၀င်လာနေထိုင်သူတွေကသွေးထိုးမြှောက်ပင့်ပြီးတော့လုပ်စားနေလို့ ပါဘဲ....ကိုယ့်ပြည်သူတွေအတွက်အန္တရာယ်ရှိတဲ့ သူဆိုရင်တော့တပ်မတော်ကတိုက်ထုတ်မှာပါဘဲ..ဒီလိုအင်တာနက်ပေါ်မှာပါကိုယ့်ဘက်ကရပ်တည်နေတဲ့ တပ်မတော်သားတွေဘက်ကမပါဘဲ ကိုယ့်ဦးနှောက်တစ်မိုက်လောက်နဲ့ စဉ်းစားပြီး အပြစ်ပြောချင်နေတဲ့ သူမျိုးတွေရှိနေသရွေ့ ကတော့တိုင်းပြည်တိုးတက်ဖို့ ဆိုတာ လကမ္ဘာ ကိုဆိုက်ကားနဲ့ သွားသလိုဘဲဖြစ်နေမှာပါဘဲ
သယ်ရင်းတို့ရေ...
ဒို့တွေစည်းလုံးရမယ့်အချိန်လေ...အငြင်းမပွားကြပါနဲ့တော့နော်...
တိုင်းပြည်နဲ့လူထုအတွက် စွန့်ရဲ ၊ သေရဲတဲ့ ဘယ်လိုလူမျိုးကိုမဆို
သူရဲကောင်းအဖြစ်ချီးမြှင့်တာဝမ်းသာစရာပါဗျာ.....
charminggirl ဆိုတဲ့ကောင် မင်းတို့စစ်တပ်ကပဲ ပြည်သူတွေကို သေနတ်နဲ့ပစ်တာလေ။ မီးသတ်ကပြည်သူတွေအိမ် မီးလိုက်ရှို့နေတာမှ မဟုတ်တာ။ မင်းတို့ တွေအဝေမတည့်ပဲ နေရာလုနေကြလို့ စစ်တိုက်နေရတာ။ စစ်တပ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်လိုအပ်တယ်၊ တိုက်ပွဲဝင်တယ်ဆိုတာလက်ခံပါတယ်။ စစ်တပ်ကို ဦးစီးတဲ့လူတွေ၊ စစ်သားတစ်ချိုတွေက ကောင်းမှမကောင်းတာ၊ အဲဒီလူတွေမကောင်းတော့ စစ်တပ်နာမည်ပျက်တာပေါ့။ မင်းတို့သေသေချာချာပြန်စဉ်းစား။ ငါတို့က တစ်ထွာတစ်မိုက်ဥာဏ်မို့လို့ ဒီလောက်ပဲ စဉ်းစားနိုင်တာဆိုရင် မင်းတို့က ပိုစဉ်းစားပေါ့
Post a Comment