၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အောင်ပန်းမြို့ တွင် ဆွေးနွေးဟောပြော

၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်၊ ပဉ္စမနေ့ ( မေလ၊ ၅ရက် ) ၊ မွန်းလွဲ ၂ နာရီတွင် အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ရင်းနှီးပွင့်လမ်းစွာ ဆွေးနွေးဖြေကြားခဲ့ကြသည်။
မေလ ၅ ရက်နေ့ 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ နံနက်(၈း၀၀)နာရီအချိန်  ဟဲဟိုးမြို့တွင် ဆွေးနွေးဟောပြောပြီးနောက် အောင်ပန်းမြို့သို့ နေ့လည်(၁၂း၃၀)
နာရီအချိန်တွင် ရောက်ရှိလာပါတယ်။
 
အောင်ပန်းမြို့ အ၀င်ရှိ  မြတ်မနော အင်း  တွင် အောင်ပန်းမြို့ရှိ   ဓနု၊ တောင်ရိုး၊

 ပအိုဝ်း၊ ဗမာ တိုင်းရင်းသားပေါင်းစုံတို့မှ.... ရိုးရာအကများ၊ အိုးစည်ဗုံမောင်းများတို့ဖြင့်
စည်ကားလှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။
 
ထို့နောက်  ဆွေးနွေးပွဲကျင်းပရာ အောင်ပန်းမြို့၊ အောင်ချမ်းသာဓမ္မာရုံသို့သွားရော
က်လမ်းတစ်လျှောက်... အောင်ပန်းမြို့မှမြို့မိမြို့ဖဒေသခံများ၊ ကျောင်းသား/ကျောင်း
သူလူငယ်များ၊ နိုးကြားတက်ကြွသောလူငယ်များ၊တိုင်းရင်းသားလူမျိုးပေါင်းစုံတို့မှ 
 အိုးစည်ဗုံမောင်းတို့ဖြင့် ကြိုဆိုကြပြီးလျှင် .... အောင်ချမ်းသာဓမ္မာရုံတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးဟောပြောပွဲကို နေ့လည်(၂း၀၀)နာရီတွင်  အစီအစဉ်အတိုင်း ကျင်းပပါတယ်။
 
၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး
ဟောပြောပွဲသို့  အောင်ပန်းမြို့မှမြို့မိမြို့ဖဒေသခံများ၊ ကျောင်းသား/ကျောင်းသူ
လူငယ်များ၊ နိုးကြားတက်ကြွသောလူငယ်များ၊ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်းရင်းသား
လူမျိုးပေါင်းစုံများ၊ တက်ကြွသော ပြည်သူလူထုများ၊ အောင်ပန်းစာကြည့်တိုက်မှ
 လူငယ်မျိုးဆက်သစ်များ၊ စိတ်ပါဝင်စားသော ကျောင်းသူ/ကျောင်းသားများ 
တက်ရောက်ကြပါတယ်။
 
အခန်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်၊

 ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ တို့မှ ဆွေးနွေးဟောပြောကြပါတယ်။
 
ကိုမင်းကိုနိုင်မှ ဟောပြောရာတွင်
ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ
..ပွင့်လင်းတဲ့ စိတ်ဓါတ်ဆိုတာ... အရင်တုံးက
လိုကြောက်နေတဲ့အချိန်မျိုးမဟုတ်ဘူးပေါ့...တနည်းပြောရရင် နောက်လှည့်ပြီး
ကြည့်နေရတဲ့အခြေအနေမျိုး...ဘာမှမဝေဖန်ရဲတဲ့အခြေအနေမျိုး...
ရဲရဲတင်းတင်းပြောဆိုမယ်....အြ
မင်မတော်တာတွေ...အမြှီးအမှောက်မတည့်
တာတွေ...ဖိနှိပ်ချုပ်ခြယ်တာတွေကို ပွင့်ပွင့်လင်းလင်းပြောကြရပါမယ်...
ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနို
င်ငံတော်သစ်ဆီသို့...ဆိုတဲ့ ဆိုင်းဘုတ် ဖောင်းကြွ၊
 ရွှေစာလုံးတွေအောက်မှာ ဖယောင်းတိုင်မီးနဲ့ ခြင်ဆေးခွေရောင်းနေရတာမျိုးတွေကိုလည်း.. ပြောဖို့လိုပါမယ်...
မတရားတဲ့ ဌာနှဆိုင်ရာတွေကိုဖော်ထုတ်ပါ...
ဘယ်သူ့မျက်နှာကိုမှမငှဲ့ပါနဲ့.. 
.ပြုပြင်ပြောင်းလဲဖို့ဆိုရင် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ကျွန်တော်တို့ 
တစ်သားတည်းလက်တွဲပြီး...အားရပါးရဖော်ထုတ်ရဲရမယ်...
နိုင်ငံသားအခွင့်အရေးတွေအပြည့်
အ၀ရဖို့၊ လွတ်လပ်စွာရေးသားပြောဆိုထုတ်ဖော
ပိုင်ခွင့်ရှိရပါမယ်...
ဒါကြောင့်မို့ ဒီကနေ့မှ စပြီး မတရားတာဖော်ထုတ်ကြပါစို့.......
.ဟု
 ပြောဆိုဆွေးနွေးသွားပါတယ်။
 
ထို့အပြင် အောင်ပန်းမြို့တွင်   ၈၈ အရေးအခင်းကာလအတွင်း ကျဆုံးသွားသော

 ကိုခင်မောင်သိန်းနှင့် ကိုဝင်းဇော်ဦးတို့နှစ်ဦးအား အခန်းအနားတွင် 
အလေးပြုဦးညွှတ်ခဲ့ကြပါတယ်...
ညပိုင်း(၇း၃၀)နာရီမှ (၉း၀၀)နာရီအချိန်အထိ ဒေသခံလူငယ်ပြည်သူလူထုအဖွဲ့များ
မှ မေးမြန်းသော မေးခွန်းများကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးဖြေဆိုသွားကြပါတယ်။
 
ဓနု၊ တောင်ရိုး၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့
မှလည်း ရိုးရာအကများဖြင့်
 ကပြဖျော်ဖြေကြပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ဒေသခံပြည်သူလူထုအားလုံး တစ်ပျော်တစ်ပါးကြီး ကခုံခဲ့ကြတယ်။
 
(၆.၅.၂၀၁၂)ရက်နေ့မနက်ပိုင်းတွင် အောင်ပန်းမြို့တွင် နေထိုင်သော 

ငြိမ်းချမ်းရေးပိသုကာကြီး ဆရာကြီး ဒဂုန်တာရာ မွေးနေ့ပွဲအခန်းအနားပြုလုပ်ရာ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်ဂါရ၀ပြုပြီးလျှင်.
ရွာငံမြို့သို့  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး
ဟောပြောပွဲ
ခရီးစဉ်ကို ဆက်လက်သွားရောက်ကြပါတယ်။
Myanmar News Now
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အောင်ပန်းမြို့ တွင် ဆွေးနွေးဟောပြော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  အောင်ပန်းမြို့ တွင် ဆွေးနွေးဟောပြော Reviewed by သစ်ထူးလွင် on 21:53 Rating: 5

2 comments:

The Burma Wildlife Ranger said...

လေးစားဦးညွှတ်လျက်ပါ...ဂဂ မျိုးဆက်ခင်ဗျာ...
စိနတွေနဲ့ နီးတဲ့ ရှမ်းမြောက်ကိုလည်း နောက်ခရီးစဉ်ထဲမှာ ထည့်ပေးပါအုံး...
မျက်နှာစိမ်း စိနတွေ တော်တော်များနေတယ်...
တချို့ အခြေအနေတွေက တော်တော်ကို သဘာဝမကျဘူး...
တိုင်းရင်းသားရွာတွေ တော်တော်များများက
နိုင်ငံသားဖြစ်ခွင့်ရဲ့အစ မှတ်ပုံတင်နှင့် သန်းကောင်စာရင်းတောင် မရှိကြဘူး...
ကျန်တဲ့ နိုင်ငံသား အခွင့်အရေး ဒုတိယဦးစားပေးထားလိုက်အုံး...

နာဂတောင်တန်းဆီကိုလည်း လာခဲ့စေချင်ပါတယ်...

ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အစ်ကိုတို့ ခရီးစဉ်တွေ တိုင်းရင်းသား ဒေသတွေဆီကို ဦးတည်တာဟာ ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံသစ်အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးလို့ ယုံကြည်ပါတယ်ခင်ဗျာ...

minsoeaung said...

မင်းကိုနိုင်ကတော့့ရွာဆူအောင်လုက်နေတာဘဲ။
ညီလေး သိတ်မမြောက်ပေးပါနဲ့ငွာ
ဒို့နိုင်ငံက ယဉ်ကျေးတဲ့နိုင်ငံနော်
မှန်တာပြောရဲအောင်
မဟုတ်တာလုပ်တာတွေ့ရင်တိုင်ရဲအောင်တော့သင်ပါ
သို့သော် အခြေခံဥပဒေကိုလိုက်နာကြရမယ်
ဥပဒေမဲ့ မင်းမဲ့စရိုက် မဖြစ်ဘို့ထည့်ပြောပေးပါ

Powered by Blogger.