လှိုင်သာယာစက်မှုဇုံ က လုပ်ခတိုးပေးဖို့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ စက်ရုံ တွေ က အလုပ်သမားတွေ အလုပ်ရှင် နဲ့  ညှိနိုင်းလို့ မရသေးဘဲ ဆက်လက်ဆနပြနေကြပါတယ်။ ကိုသက် (ဒီဗွီဘီ)
6 comments:
တကယ်တမ်း မြန်မာပြည်ရဲ့ လုပ်သားတွေရတဲ့ လစာဆိုတာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် အလွန့်အလွန်ကို အောက်ဆုံးရောက်နေတာပါ။ အခြေခံလစာက တစ်ရက်လုံး (၁၀နာရီ)လောက်လုပ်မှ ၁ဒေါ်လာကျော်ကျော်နှုန်းလောက်ရတာ လူကြားလို့တောင် မကောင်းပါဘူး။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်အားခကို အဆမတန်နှိမ်ပြီး မြတ်သင့်တဲ့အမြတ်ထက် အဆများစွာ မြတ်နေတာတောင် နင်းလို့ရသမျှ ဆက်ပြီး နင်းချင်နေကြတာပါ။ အာဏာပိုင်တွေက ကိုယ့်လူမျိုး၊ နိုင်ငံသားလုပ်သားတွေဖက်က မရပ်တည်ပေးခဲ့တာကတော့ အင်မတန် ရင်နာဖို့ကောင်းတယ်ဗျာ..။ ကိုယ့်နိုင်ငံထဲမှာနေပြီး စစ်မှန်တဲ့ လွတ်လပ်ရေးမရ ကျွန်ပြုခံရတဲ့ ဘ၀က တကယ့်ငရဲပါ။
နောက်ပိုင်း foreign direct investment တွေဝင်လာရင် နိုင်ငံတကာလုပ်သားဥပဒေတွေနဲ့အညီ လုပ်အားခ ပေးရမှာပါ။ ဥပဒေစိုးမိုးမှု အားကောင်းလာရင် လုပ်အားခ လစာကို နိုင်ငံတကာအဆင့်နဲ့အညီ မရရင်တောင် ခုလောက်ကြီး မနိမ့်မှာတော့ သေချာပါတယ်။ အာဏာပိုင်တွေ အလုပ်သမားဥပဒေတွေက ကိုယ့်နိုင်ငံသားတွေဖက်က ရပ်တည်ပေးဖို့တော့ လိုတာပေါ့။ အခု ၀န်ထမ်းလစာ ခြောက်ပြားတစ်ပဲ တိုးပေးရမှာကို ခွက်ကျနေသူတွေ အဲဒီအခါ မြောင်းထဲရောက်သွားလိမ့်မယ်.. စောင့်ကြည့်နေ..
ဦးအောင်သိန်းလင်းတို့လည်း ကိုယ့်မှာ လုပ်ပိုင်ခွင့်ရှိတုန်း ကိုယ့်နိုင်ငံသားတွေဖက်က တစ်ကြိမ်တစ်ခါလောက် ရပ်တည်ပေးလှည့်ပါဗျာ.. တာဝန်အရ ၀တ်ကျေတမ်းကျေ အသံကောင်းဟစ်ယုံလုပ်တဲ့ခေတ်က နောက်ချန်ခဲ့သင့်ပါပြီ။
မှန်ပါတယ်။ ဆက်လက်တောင်းဆိုကြပါ။ ဒါမျိုးတွေဖြစ်နေတာဟာ အလုပ်သမားတွေကိုကာကွယ်မဲ့ ဥပဒေမရှိလို့ပါ။ အစိုးရအနေနဲ့ အလုပ်သမား ဥပဒေ၊ တောင်သူ လယ်သမားတွေအတွက် ဥပဒေ၊ ၀န်ထမ်းတွေအတွက် ဥပဒေ၊ ကျောင်သားတွေအတွက်ဥပဒေတွေကို ပထမဆုံးပြထမ်းသင့်ပါတယ်။ နောင်လည်းဒါတွေကလိုအပ်ပါတယ်။ နိုင်ငံခြားကုမ်မဏီတွေဝင်လာရင် ပိုလို့လိုပါတယ်။ အခုချိန်မာ ပြည်သူတွေအနေနဲ့ ကိုကိုယ်ကာကွယ်မဲ့ဥပဒေတွေကိုရအောင်တောင်းထားသင့်ပါတယ်။ အခုချိန်မှာ စီးပွားရေးပိတ်ဆို့ထားတာတွေကိုပြည်သူတွေကဂရုစိုကိစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ပိတ်ဆို့ထားတာတွေက ပြည်သူတွေကိုတိုက်ရိုက်မထိတာသေချာပါတယ်။ ထင်ရှားစွာပြရမယ်ဆိုရင် အခု အနောက်နိုင်ငံ တစ်ချို့ကပိတ်ဆို့မှုတွေ လျော့လိုက်တော့လဲဒို့ပြည်သူတွေမသွားနိုင်ကြပါဘူး။သူတို့လူကြီးသားသမီးတွေဘဲသွားကြတာပါ။ ပိတ်ပိတ် ဖွင့်ဖွင့် ဘာမှပြည်သူအပေါအကြိုးမသက်ရောက်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်ကိုကာကွယ်မဲ့ ဥပဒေ တွေပေါပေါက်လာအောင်တောင်းဆိုကြပါ။ ကိုယ့်မြို့နယ်က လွတ်တော် အမတ်ဟာ NLD ဘဲဖြစ်ဖြစ် ကြံ့ဖွတ်ဘဲဖြစ်ဖြစ်တောင်းဆိုပါ။ ဒါမှသူတို့ အရေးတယူလုပ်ပေးသလားမပေးဘူးလားဆိုတာ သိရမှာ ပါ။ သူတို့လုပ်ပေးရင် ပြည်သူကိုဂရုစိုက်တဲ့ အတွက် နောက်မဲပေးပွဲမှာ ထောက်ခံပေါ့။ လုပ်မပေးရင် တာ့တာပေါ့။ ဒါဟာပြည်သူတို့ရဲ့အခွင့်အရေးပဲ။ ဒီမိုကရေစီဆိုတာ ပြည်သူကအာဏာရှိရမယ်ဆိုတာ အဒါဘဲ။ ဒါကြောင့်ပြည်သူတွေက ကိုရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ကိုယ့်လိုချင်တာတွေကို လွတ်တော်အမတ်တွေကို ရဲရဲ သာတင်ပြပါ။ သူတို့ဘယ်လိုတုန့်ပြန်သလဲကြည့်ပေါ့။ တောင်းဆိုတာတွေကိုလုပ်ပေးလားမလုပ်ပေးလား ကြည့်။မလုပ်ပေးရင် မဲမထည့်နဲ့လုပ်ပေးရင်ထည့်ပေါ့။ သူတို့ လွတ်တော်အမတ်မြဲရေးမမြဲရေးဟာ ပြည်သူလက်ထဲမှာဆိုတာ ဒို့ပြည်သူတွေသဘောပေါက်ကြပါ။ ဒါကြောင့် အမေစုမဲစည်းရုံးသီချင်းလေး ကိုသတိရကြပါ။ ထလော့မြန်မာ...ထလော့ လို့တိုက်တွန်းလိုက်ပါတယ်။ ချစ်တဲ့အမိမြေနဲ့ ချစ်တဲ့ပြည်သူတွေ ပျော်ရွင်ကြပါစေ။ အမြန်ဆုံးလွတ်မြောက်ရာလမ်းကိုရောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်။ အမိမြေကိုအမြန်းဆုံးပြန်လာချင်သူတစ်ယောက်ပါ။ ဒါပေမဲ့ဘ၀ပေးအခြေအနေအရနေရဦးမှာပါ။ မိဘတွေကတောင်သူလယ်သမာတွေဆိုတော့ ကျမပြန်လာလို့မရပါ။ ကျမတို့ရွာတွေမှာ ရာသီဥတုကမကောင်း သီးနှံတွေကပျက် ဈေးတွေကလည်းမကောင်းတော့ ကျမပြန်မလာနိုင်သေးပါ။ ကျမတကိုယ်ကောင်ဆန်နေတယ်ဆိုတာသိပါတယ်။ဒါကြောင့်ကိုယ်ရဲ့ ဘ၀တွေ မိသားစုအရေးတွေကိုမေ့ထားပြီးတိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အမေစု နှင့် နိုင်ငံရေး လုပ်ခဲ့ကြတဲ့ အစ်ကိုတွေအမတွေကို ကျမလေးစားမိတာ အပြစ်မတင်ကြပါနဲ့။ လေးစားလျက်.......
အလုပ်ရှင်နဲ့ အလုပ်သမား အဆင်ပြေပြီး စိတ်ချမ်းသာစွာ
အလုပ် လုပ်နိုင်ကြပါစေ။
နေရာတိုင်းမှာဥပဒေရှိရင်ကောင်းမှာပဲနော် သူများနိင်ငံ လိုမျိုးပေါ့
တောင်းဆိုသင့်တာ ဟိုးလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက် ကတည်းကပါဗျာ... တောင်းလည်းမထူးလို့ မတောင်းတော့တာ အခုလည်း ထူးမယ်ထင်လို့ သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို ဟုတ်မလားလို့ ထင်လို့တောင်းနေကြတာ ကျွန်တော်110% ထောက်ခံပါတယ် အလုပ်သမားဝန်ကြီးဋ္ဌာနမှာ နာမည်ပေါက်ထားတဲ့ ကုမ္မဏီတွေရဲ့ ဝန်ထမ်းအင်အား စာရင်းဘယ်လောက်မှန်မယ် ထင်သလဲ...လာစစ်မယ်ဆိုလို့ ကျွန်တော်တို့ ရုံးမတက်ပဲနဲ့ နားရက်ရခဲ့တာ ကိုယ်တွေ့... အလုပ်ချိန်တွေ မတရားလုပ်ထားတာ မိသွားမှာစိုးရိမ်လို့ Attendance လက်မှတ်ထိုး စာအုပ်တွေ ဖွက်ထားတာ ကိုယ်တွေ့... ရှိတဲ့လူ ကုမ္မဏီက ပြတဲ့ For showတွေ စစ်ပြီးတော့ အိတ်တွေနဲ့ ပြန်သွားတာ ကိုယ်တွေ့... မေလ တစ်ရက်နေ့ အလုပ်သမားနေ့ အလုပ်မပိတ် Overtime ကြေးမရပဲ အလုပ်ဆင်းခဲ့ရတာ ကိုယ်တွေ့... ကုမ္မဏီတွေရဲ့ စည်းမျည်းစည်းကမ်းတွေမှာ အလုပ်နောက်ကျရင် မူရင်းလစာရဲ့ 10% ဖြတ်မယ်လို့ ဆိုပြီး အဖြတ်ခံရတာ ကိုယ်တွေ့... အကြံပေးအရာရှိလို့ ငှားထားတဲ့ လူကြီးလူကောင်းကြီး ဆရာကြီးပေါ့ဗျာ သူကိုယ်တိုင်ခိုင်းတဲ့ သူပေးတဲ့ အကြံကောင်းဆိုတာ ကိုယ်တွေ့... အကြောင်းပြချက် မပေးပဲနဲ့ အလုပ်ဖြုတ်တတ်တာလည်း ကိုယ်တွေ့... သူတို့ဖက်မှာ အားလုံးအသာရဖို့ ရေးဆွဲထားတဲ့ အလုပ်ခွင်စည်းကမ်းချက်စာအုပ်တွေကို တောင်းမစစ်တာ ကိုယ်တွေ့...အလုပ်ဝင်တဲ့ ရက်မှာပဲ သိရှိလိုက်နာဖို့ လက်မှတ်ထိုးခိုင်းတာ ကိုယ်တွေ့... ဖော်လန်ဖား H.R မန်နေဂျာတွေ (တနည်းအားဖြင့် သူတို့က Human Resource မဟုတ်ဖူးဗျ D.R Director Resource သခင်အားရ ကျွန်ပါးဝ ကောင်တွေ) ကြောင့် ပိုပိုဆိုးလာတာလည်း ကိုယ်တွေ့... ကဲပါဗျာ ထားပါတော့ နောက်ဆုံးတော့ ကျွန်တော့်ကြော်ငြာလိုဖြစ်နေမှာစိုးလို့ ခင်ဗျားတို့ အသေးစိတ်သင်ချင်ရင်တော့ ကျွန်တော့်မေးကို ချိတ်လိုက်ဗျာ ပြောပြမယ်... mmitee.zz@gmail.com အလုပ်သမားတွေကို ဘယ်သူ ကာကွယ်ပေးမှာလဲ နိုင်ငံခြားမှာ ပုဂံဆေး၊ ကြမ်းတိုက်၊ အိမ်ဖော်လုပ်တာတောင် ငါတို့ တိုင်းပြည် ကုမ္မဏီက Manager လစာမျိုးရတော့... ငါတို့ တိုင်းပြည်ဘာတိုင်းပြည်လဲ ဒါပေမယ့် ချစ်ပါတယ်ဗျာ...မကြာတော့ဘူးလို့လည်း ထင်ပါတယ် အလွန်ဆုံးစောင့်ရ နောက်သမ္မတပေါဗျာ...
အလုပ်ရှင်တွေက များများ ခိုင်းပြီး နဲနဲ ပေးချင်ကြတယ်။အဲဒိ စနစ်ကို တသက်လုံးသုံးချင်ကြတယ်။အလုပ်သမားတွေက့ နည်းနည်းလုပ်ပြီးများများစားချင်ကြတယ်၊များများလုပ်ပြီးနည်းနည်းစားရတာကိုမကျေနပ်ကျတာဖြစ်တယ်။စစ်မှန်သော ဒီမိုကရေစီစနစ်မှာ.....နည်းနည်းလုပ်များများစားစနစ် ပဲဖြစ်တယ်။အားနာလို့ လိုက်လျှောပေးနေတဲ့ ကျွန်တော်တို့ လိုအလုပ်သမားတွေကို အတယ်လို့ မထင်လိုက်ပါနဲ့ ၊ဒီမိုကရေစီ ဆိုတဲ့ အစွယ်တွေ ထုတ်ပြဖို့ အချိန်တန်ပြီ။ ချစ်စွာသောအလုပ်သမားတို့ ---------သန်းခေါင်ထက် ညမနက်တော့ ဘူးဆိုတာ..........
Post a Comment