နိုင်ငံတော် သမ္မတ အမိန့်ဖြင့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည်
ရန်ကုန်၊ မေ ၁၄
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးတွင်
စတုထ္တ မဏ္ဍိုင်၏ အရေးပါမှုကို အသိမှတ်ပြုလေးစားသော အားဖြင့် စာနယ်ဇင်း
ကောင်စီကို နိုင်ငံတော် သမ္မတအမိန့်ဖြင့် ပထမဦးဆုံးအကြိမ်
ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနျင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ယနေ့ မွန်းလွှဲ ၁နာရီခန့် မြန်မာအသံနှင့်
ရုပ်မြင်သံကြားဌာန တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ၌ အတည်ပြု ခဲ့သည်။
သတင်းမီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရေးနှင့် တာဝန်ယူမှုများ
ရှိစေရန် အတွက် စာနယ်ဇင်း ကောင်စီကို အမြုတေ အဖွဲ့စည်းအဖြစ်
စတင်ဖွဲ့စည်းရာတွင် Myanmar Journalist Network၊ Myanmar Journalist
Association၊ Myanmar Journalist Union အသင်း သုံးသင်းမှ ကိုယ်စားလှယ်
ခြောက်ဦးစီ ပါဝင်ရန် ဖိတ်ကြားခဲ့ကြောင်း MJU ဖြစ်မြောက်ရန် ဦးဆောင်
ဆောင်ရွက်နေသူ ဦးဇော်သက်ထွေးက ပြောကြားသည်။
“စာနယ်ဇင်း ကောင်စီရဲ
့ မူဝါဒနဲ့ ရပ်တည်ချက်တွေကို လေ့လာဖို့ရယ်၊ အခုတက်ရောက်လာတဲ့ လူတွေမကဘူး၊
ကျွန်တော်တို့ အသင်းဝင်တွေရဲ့ သဘောထားတွေကိုလည်း မေးမြန်းဖို့
လိုအပ်သေးတာကြောင့် ပါမယ် မပါဘူးဆိုတာတော့ အဖြေမပေးနိုင်သေးပါဘူးလို့
ပြောခဲ့ပါတယ်” ဟု ဦးဇော်သက်ထွေးက ဆက်လက်ပြောကြားသည်။
စာနယ်ဇင်းကောင်စီတွင် အဆိုပါ အသင်း သုံးသင်းအား ပါဝင်ရန် သာမက စာနယ်ဇင်း
ကောင်စီ ဖွဲ့စည်းရန်လည်း အကြံဥာဏ်များပေးရန်ကိုပါ ပြန်ကြားရေး ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့ကြောင်း MJN
အမှုဆောင်ကော်မတီဝင် ဦးသူရိန်လှိုင် ကပြောကြားသည်။
The Voice Weekly
နိုင်ငံတော် သမ္မတ အမိန့်ဖြင့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည်
Reviewed by သစ်ထူးလွင်
on
16:23
Rating: 5
4 comments:
သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ။
လက်ရှိ အစိုးရအဖွဲ့ထဲက ရှေးရိုးစွဲ နောက်ပြန်ဆွဲတွေကို
ချန်ရစ်ခဲ့ပေးပါ။ ၄ - ၅ ဦးလောက်ကို လက်တွေ့ချန်ရစ်ခဲ့ပေးပါ။
ဦးကျော်ဆန်းရယ်ဘာတွေလိမ်အုန်းမလို့လည်းဗျာ။မယုံကြည်တော့ပါဘူး၊ပြည်သူတွေကိုသတင်းအမှန်တင်ပြဘို့သာလုပ်ပါဗျာဒီမိုကရေစီစနစ်မှာထွက်ခွာပေးပါတော့လို့ပြည်သူများအတွက်ထပ်တူတောင်းဆိုလိုက်ပါတယ်။
အွန်လိုင်းမီဒီယာအားကောင်လာရင်
ဂျာနယ်ဆိုတာအပြင်းပြေဖတ်စရာလောက်သာသာရှိတော့မယ်ထင်ပါတယ်
နယ်သတင်းသမား
ဂျာနယ်တွေက နယ်ကသတင်းတွေပို့ကြစမ်းပါဗျာ
သတင်းတွေ လိုချင်လို့ပါ များများပို့ဆိုလို့
နယ်သတင်းသမားတွေ အားသွန်ခွန်စိုက်ပို့လိုက်ကြတာ
သတင်းတစ်ပုဒ်ရဘို့အေ၇း ဆိုင်ကယ်နဲ့ပြေး ဆီတစ်ဘူး(၁၀၀၀)
သတင်းမေးမြန်းဘို့ ဧည့်ခံလိုက်ရတာက(၁၀၀၀) သပ်ပနပေါင်းစုံ(၅၀၀၀)လောက်တော့ကုန်တာများတယ်
ပါလာတော့ တစ်ပိုဒ် နှစ်ပိုဒ် စာမူခကအများဆုံးရမှ(၃၀၀၀)
ဒါတောင်သတင်းတိုရင်(၅၀၀)
ဝါသနာပါလို့သာလုပ်ရင်လုပ် နို့မဟုတ်လို့ကတော့
ငုတ်တုတ်မေ့သွားမယ်။ ဒီကြားထဲဌာနဆိုင်ရာသတင်းတင်မိရင် လူကိုစစ်လားဆေးလား နဲ့ အခုပဲ နိုင်ငံရေးပုဒ်မတတ်ဖမ်းမလိုလို
နောက်ကျောဓါးနဲ့ထိုးမဲ့သူကအဆင်သင့် ဒီတော့ စာဇင်းကောင်စီဖွဲ့တော့ရောနယ်သတင်းသမားအတွက်ဘာတွေဆောင်ရွက်ပေးမှာလဲလို့သာ မေးလိုက်ချင်ပါတယ်။
ဘကျော်
Post a Comment