မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘ အုပ်စုအပိုင် ငါးမြာကြီးကျေးရွာသည် ချင်းတွင်းနှင့်
ဧရာပေါင်းဆုံရာအနီးရှိမြစ်ကမ်းပါးတစ်နေရာတွင် တည်ရှိပါသည်။
ယခုအခါမြစ်ရေများ အတက်ကြမ်းလာမှုနှင့်အတူ ရွာအရှေ့ဖျားက အိမ်တန်းများတည်ရှိရာ
အောက်ခံမြေသားတို့ကို ရေဦးတိုက် ကမ်းပါးပြှိုကျ နေသဖြင့် အိမ်အလုံး ၇၀ နှင့်
ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖျက်ပစ်ခါလွတ်ရာသို့ပုံထားလိုက်ရပါပြီ။
ထိုရွာတွင် အိမ်ခြေ ၁၃၀ခန့်ရှိရာ ရွာ၏ ၅၀%ခန့် မြစ်ထဲရောက်နေပြီမို့ စိုက်ခင်းများပါ
ကမ်းပါးပြိုကျသည့်အထဲပါနေကြရာ ရွာသူရွာသားများမှာများစွာအားငယ်နေကြပါသည်။
လောလောဆည် အိမ်ဆောက်ရန် မြေနေရာလည်း မရသေးရာ ကမ်းပါးထိပ်ဝန်း
ကျင်မှာပင် တဲငယ်ကလေးများ ဖြစ်သလိုထိုးပြီး နေထိုင်နေကြရသည်။
ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများ သိရှိကူညီပေးနိုင်ကြ၇န်
တင်ပြလိုက်ရပါသည်။
Myanmar News Now
ဓာတ်ပုံများမှာ ၆.၅.၁၂ နေ့ကရိုက်ကူးထားခြင်းဖြစ်ပြီး
သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဥိးသိန်းမြင့်(NLD yesagyo)
ကရိုက်ပေးခြင်းဖြစ်သည်။

A C
J(Yesagyo)

ငါးမြာကြီးရွာမှာ ရေပြာပေါက်ကြမ်းလို့ မြစ်ကမ်းပါးပြို၊ အိမ်အိုအိမ်ကောင်း၊အမြန်ပြောင်းနေကြရ
Reviewed by သစ်ထူးလွင်
on
21:59
Rating:
5 comments:
စိတ်မကောင်းပါဘူးဗျာ
အမြန်ကူညီပေးကြပါဗျာ၊ရေထိန်းနံရံ ဆောက်ပေးရင်တော့ ပုံမှာမြင်ရတဲ့ ယာမြေတွေ၊ ကျောင်းလေးတွေအတွက် အဆင်ပြေတယ်ဗျ
အမြန်ဆုံးဘေးကင်းပါစေဗျာ...
ရေကြောင်းပြန်တူးဖော်ပေးရင် ကမ်းပါးပြိုတာသေချာပေါက်ရပ်ပါတယ် ***ဘယ်သူလုပ်ပေးနိုင်မှာလည်း?

Post a Comment