လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ

ပုသိမ်၊ မေလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI)

မြို့ကြီးအတော်များများတွင် လုပ်ဆောင်လျှက်ရှိသည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုတွငို ပုသိမ်မြို့လည်း ပါဝင်လာကာ ယနေ့ ည ၇ နာရီ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံးရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။

ည ၇နာရီခန့်တွင် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇော်မိုး၊ ကိုကျော့မောင်၊ ကိုနိုင်ကြီး တို့နှင့်အတူစုစုပေါင်း လူ ၂၀ ၀န်းကျင်ရောက်ရှိလာပြီး ဖယောင်းတိုင် စတင်ထွန်းညှိကာ မြေနုလမ်း၊ ကုန်သည်လမ်းမှ တဆင့် ရွှေမုဋ္ဌော ဘုရားသို့ လမ်းလျှောက်သွားခဲ့ကြသည်။
ဘုရားသို့ရောက်ရှိသည့်အခါ လူပရိတ်သတ် ၂၀၀ ၀န်းကျင်ထိ ရှိလာသည်ကို မြင်တွေ့ရသည်။

ရုံးအနီးရှိ ပြည်တော်သာရပ်ကွက်သား တဦးက “ညနေ ၆ နာရီလောက်က တည်းက အဲ့ဒီရုံးရှေ့ကို ရဲကားတွေ ရောက်လာတယ်၊ နောက်တော့ လူတွေက ဟိုတစ်စုဒီတစ်စုနဲ့တွေ့ရတယ်၊ လျှပ်စစ်မီးအပြည့်အ၀ ရချင်တာတော့ ပြည်သူတိုင်းရဲ့ဆန္ဒပါ၊ကျွန်တော်လည်းပါဝင်ချင်ပေမယ့် ရဲတွေလည်းရှိတော့ မထွက်ရဲဘူး’ ဟုပြောသည်။

ဦးဆောင်သူ တဦးဖြစ်သည့် ကိုကျော့မောင်က ‘လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ပြည်သူတွေရင်ထဲမှာခံစား နေရတာတွေကို သမ္မတကြီးသိအောင် ပုသိမ်က လူထုကိုယ်စားထုတ်ဖော်ခဲ့တာပါ’ ဟု YPI သို့ပြောသည်။

ပုသိမ်မြို့ခံတချို့ကလည်း မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁၀၀၀ ကောက်ခံနေခြင်းကို ပယ်ဖျက်ပေးစေလိုကြောင်းနှင့် ယနေ့တနေ့လုံး မီးမလာပဲ ဆန္ဒထုတ်ဖော်ချိန်မှ သာမြို့လုံးကျွတ် လျှပ်စစ်မီးပေးခဲ့ကြောင်း ပြောဆိုကြသည်။

ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှုးဦးစိန်အောင်က ‘ကျွန်တော်တို့ အနေနဲ့ကတော့ အခက်အခဲတွေကြားက ပြည်သူတွေ မီးရအောင်ကြိုးစားလုပ်ဆောင် ပေးနေပါတယ်’ ဟုပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် လိုက်ပါသူများမှာ မည်သည့်ပိုစတာမှမကိုင်ပဲ၊ အော်ဟစ်ဆူညံခြင်း လက်ခုပ်တီးခြင်းမျိုးများ မပြုလုပ်ပဲ ရွှေမုဋ္ဌော ဘုရားသို့သွားရောက်ကာ အင်္ဂါထောင့်၌ ဖယောင်းတိုင်မီး ပူဇော်ကြပြီး တောင်ဘက်မုခ်မှပင် ပြန်လည်ဆင်းသက် လူစုခွဲခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ပေါင်းတည် အစရှိသည့် မြို့များ၌ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်။

နိုင်ငံတော် အစိုးရဘက်မှ ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားခြင်း ဆိုသည့် ပန်ကြားချက်တစောင်ကို မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်းဖေါ်ပြခြင်း၊ ပြည်ပမှ မီးစက်ကြီးများ မှာယူထားကြောင်းနှင့် မိုင်းကွဲမှုကြောင့် ပြိုလဲသွားသည့် ရွှေလီ-မန်ဆန် လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်များကို ၀န်ထမ်း ရာကျော်ဖြင့် အမြန်ဆုံးပြင်ဆင်လျှက်ရှိကြောင်း သတင်းများဖေါ်ပြသည်ကို တွေ့ရသည်။ ။ 

Yangon Press International
လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ Reviewed by သစ်ထူးလွင် on 23:37 Rating: 5

11 comments:

မိုးကြိုး မုန်တိုင်း said...

ကောင်းလိုက်တဲ့ သမ္မတ အကြံပေး....
နာဖို့သာပြင်ထားပေတော့....ပြည်သူ့ ဆန္ဒကို ဥပေက္ခာပြုတယ်..
ဒုတိယဇော်မင်း.....မီးရဖို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများ... မြန်မာပြည်သူပြည်သားများကိုယ်စား... လေးစားဂုဏ်ယူမိပါကြောင်း ပြောလိုပါတယ်

Htein Aung said...

မီတာ ထိမ်းသိမ်းရတာ ဘယ်သူလဲ

minsoeaung said...

သက်ဆိုင်ရာတာဝန်ရှိသူမှအသံချဲ့စက်ဖြင့်ရှင်းလင်းဆွေး
နွေးခြင်း လူအုပ်စုကြီးလာပါ မီးသတ်ကားဖြင့် ရေပက်
လူအုပ်ကွဲစေခြင်း ဆန္ဒထုတ်ဖေါ်သူများနှင့် အပြင်က
အားပေးသူမရောစေရန်သံကြိုးအကာများထား စသည်ဖြင့် ဆောင်ရွက်မည်ဆိုပါ
မြွေမသေတုတ်မကျိုး အဆင်ပြေမည်ဟူုဆမိပါကြောင်း

ထွန်းထွန်း မြန်မာပြည်သား said...

ကျန်သေးတယ် ဟင်္သာတ မှာ အတူတူပဲ ထိန်းသိမ်းစောင့်ရှောက် ၁၀၀၀ ယူတယ် ဘာမှ ထိန်းသိမ်းတာမရှိဘူး လမကုန်ခင် မီတာခတောင်းဖို့ သာပြင်နေတယ် မီးမလာလဲ မီတာခ ကတော့ ပုံမှန်ကျသင့်နေတာပဲ ဘယ်သူမှ မပြောတော့ဘူးလား..

ပုသိမ်သား...ဆင်မ said...

ဘာလိုလူနဲတာလည်း ဘာကိုကျောက်တာလည် ဟုတ်တာကြတော့မလုပ်ရဲဘူး မဟုတ်တာတွေတော့လုပ်ရဲတယ်
အဲ့တာကြောင့်ပုသိမ်သား မျက်နှာငယ်ရတယ်

ကိုကို(မန္တလေး) said...

မန္တလေးမှာ ညနေ၆နာရီဆို မီးပြန်ရပြီ ညပိုင်းလုံးဝမပျက်တော့ဘူး မြင်းခြံမှာလည်း တိုင်းဝန်ကြီးနဲ့ဒေါ်အေးအေးမင်း23-5-2012နေ့ကလာနှစ်သိမ့်သွားတယ် မြင်းခြံကတစ်အားပူထားသမျှနေ့ပျက် ညပျက်နဲ့ ရေကမလာ မတတ်နိုင်တဲ့လူတွေ များပါတယ်(မီး၂လိုင်းချတ်ခြင်း၊ မီးစက်မတတ်နိုင်ခြင်း၊ ရေစက်မရှိခြင်း)တွေကို မြင်းခြံသားတွေဆက် တောင့်ခံနိုင်ပါ့မလား?

001komgmg222@gmail.com said...

ပုသိမ်သားဘာကိုကြောက်တာလည်းမီးမလာလို့မလာဘူပြောတာဘာကိုမှကြောက်စရာမလိုဘူးကွ။

မျိုးချစ်မြန်မာလူငယ် said...

ကိုကိုလှိုင်နှင့်တကွ အာဏာရှင်တွေ ကတော့ မီးဝင်ထိုးလိုက်ပြီ...သူတို့ လိုချင်တဲ့ ဆူပူမှု အကွက်ထဲကို ရွှေ့ တော့မယ်.... ပြည်သူလူထုကို ကြောင်က ကြွက်ကို ကစားသလို ဖမ်းလိုက် လွှတ်လိုက်လုပ်နေတာ အင်မတန် ကျက်သရေ ရုတ်လွန်းပါတယ်။
ငါတို့ မြန်မာတွေ ကိုက ၀ဋ်ကြီးပါတယ်။
ဘယ်တော့များ ခေါင်းဆောင်ကောင်း ဦးဆောင်ခွင့်ရပါ့မလဲဗျာ။
မသေခင်တော့ သန့်ရှင်းတဲ့ အစိုးရ (သို့) အမှန်အကန် ဒီမိုကရေစီ ကိုမြင်သွား တွေ့သွားချင်လိုက်တာဗျာ။

မျိုးချစ်မြန်မာလူငယ် said...

ကိုကိုလှိုင်နှင့်တကွ အာဏာရှင်တွေ ကတော့ မီးဝင်ထိုးလိုက်ပြီ...သူတို့ လိုချင်တဲ့ ဆူပူမှု အကွက်ထဲကို ရွှေ့ တော့မယ်.... ပြည်သူလူထုကို ကြောင်က ကြွက်ကို ကစားသလို ဖမ်းလိုက် လွှတ်လိုက်လုပ်နေတာ အင်မတန် ကျက်သရေ ရုတ်လွန်းပါတယ်။
ငါတို့ မြန်မာတွေ ကိုက ၀ဋ်ကြီးပါတယ်။
ဘယ်တော့များ ခေါင်းဆောင်ကောင်း ဦးဆောင်ခွင့်ရပါ့မလဲဗျာ။
မသေခင်တော့ သန့်ရှင်းတဲ့ အစိုးရ (သို့) အမှန်အကန် ဒီမိုကရေစီ ကိုမြင်သွား တွေ့သွားချင်လိုက်တာဗျာ။

MI 35 said...

လက်ရှိအစိုးရလုပ်နေတဲ့ Project မှန်သမျှ ကန့်ကွက်ကြ )))))
တာဝါတိုင်ဗုံးခွဲတဲ့ သောင်းကျန်းသူလုပ်ရပ်များကို မသိချင်ယောင်ဆောင်ကြ))
ဖယောင်းတိုင်ထွန်းပြီး ဆန်ဒပြကြ))))))
ညပြလို့ မလုံလောက်ရင်၊ နေ့ဘက်ပြကြ))))
အရေးအခင်းကြီး ထပ်မကြုံချင်သော
MI 35

Anonymous said...

အမေကို တကယ် ချစ်ကြတယ်ဆိုရင် ၊ စုဝေးတောင်းဆိုမှု တွေ ကြောင့် အ ကြိမ်ကြိမ်စတေးရတဲ့ အမေ ထပ်စတေးရမှ ရပ်တန်းကရပ်ကြမှာလားဟင်

ပုသိမ်သား...ဆင်မ ပြောတဲ့အတိုင်းတောင်းဆိုပရစေအမေစု

လုပ်ပါ အမေရယ် နဲနဲဝင်ထိန်းပေးပါ ၈၈၈၈ လိုရွှေဝါရောင်တို့လိုဖြစ်သွားမှာစိုးတယ် ကျနော်တိုနိုင်ငံကခုမှလဲနေ ရာကနေကုန်းထနေရတာ နောက်တကြိမ် နွံမနစ်ပါရစေနဲ့ အမေရပ်ဖို့ တိုက်တွန်း ပေးပါ အမေ

Powered by Blogger.