ရှမ်းပြည်နယ် ရပ်စောက်မြို့ နယ် အင်းဂေါင်း ကန်ထိပ် အိမ်ဝိုင်းတွေ လွယ်ကိုးရွာ
အုပ်ချုပ်ရေးမှူး ဦးရဲဝင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်စိုးလွင် မြို့နယ်မြေစာရင်မှူး
ဦးခင်မောင်ဝင်း နဲ့ အဖွဲ့တို့ သည် မြေတကွက် သိန်း၂၀ ကျပ်ဖြင့် ရောင်းစား နေပါသဖြင့်
အင်းဂေါင်းကန် ရေထွက် လည်း ညစ်ညမ်း နေတယ်လို့ သိရပါတယ်။
"အင်းဂေါင်းကန် ရေထွက်လည်း ခန်းခြောက်တော့မည့် အခြေအနေသို့ ရောက်နေပါပြီး
ဝိုင်းဝန်းထိန်းသိမ်းမှ ကန်ရဲ.အခြေအနေဟာလဲ ပျက်ဆီးခြင်းကိုမရောက်မှာပါ။
ရောင်းချပြီးတဲ့မြေကွက်၃၀နီးပါရှိပြီလို." ရပ်စောက်မြို့ မြို့ ခံတဦးဖြစ်တဲ့
ကိုဇေမောင် က Myanmar News Now ကိုပြောပြပါတယ်။
ရပ်စောက်မြို.မှ အင်းဂေါင်းကန်ထိပ်ရှိ မြေကွက်များရောင်းချမှုကြောင့် အင်းဂေါင်းကန်ရေညစ်ညမ်းနေပုံများဖြစ်ပါတယ်။

အင်းဂေါင်းကန်ထိပ်ရှိ မြေကွက်များရောင်းချမှုကြောင့် အင်းဂေါင်းကန်ရေညစ်ညမ်းနေ
Reviewed by သစ်ထူးလွင်
on
21:40
Rating:
2 comments:
ရပ်စောက်ကို ရောက်ဖူးပါတယ်.. အင်းဂေါင်းကန်လေးကိုလည်း ရောက်ဖူးတယ်.. သာယာတဲ့ နေရာလေးပါ... ပြောရရင် အဲဒီ အင်းဂေါင်းကန်က စမ်းရေတွေ စိမ့်ထွက်နေတဲ့ ရေထွက်နေရာကန်လေးပါ။ အဲဒီကန်လေးက ထွက်လာတဲ့ ရေတွေကနေ မြို့ထဲကို စီးဆင်းနေတဲ့ နွေမိုးဆောင်း သုံးရာသီလုံး ကြည်လင်နေတဲ့ ရေကြည်ချောင်းလေး ရှိပါတယ်။ အဲဒီ ချောင်းလေးဟာ ဒေသခံတွေ အတွက် ဂုဏ်ယူစရာချောင်းလေး ဖြစ်သလို လူအများရဲ့ ရေကူးရာ ရေချိုးရာ ဒေသတစ်ချို့ရဲ့သုံးရေ ရရှိရာ ချောင်းလေးဖြစ်ပါတယ်.. အဲဒီ ချောင်းက အင်းဂေါင်းကန်ရှိလို့ ဖြစ်တည်နေတာပါ.. ထပ်ပြီးပြောရရင် ရပ်စောက်ကမိတ်ဆွေတွေရဲ့ ပြောပြချက်အရ တပ်မတော်သင်တန်းကျောင်းကြီးများ ရှိရာ ဗထူးတပ်မြို့ရဲ့ အထက်ကရ ဗထူးစမ်း ကလည်း အဲဒီ အင်းဂေါင်းကန်နဲ့ ဆက်စပ်နေပါတယ်တဲ့.. တစ်ကယ်လို့ အင်းဂေါင်းကန် ခမ်းသွားရင် ဗထူးစမ်းလည်း ရေတိမ်သွားနိုင်ပါတယ်တဲ့..
အဲဒီလို သဘာဝက ပေးထားတဲ့ ကန်လေးကို ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမယ့်အစား.. အဲဒီလို စောင့်ရှောက်ရမယ်လို့ အသိတရားရှိရမယ့်အစား.. မယားစားဖို့ သားစားဖို့ ဆိုတဲ့ ၀ိသမလောဘနဲ့ ကန်ဘေးပတ်လည် မြေကွက်တွေ ရောင်းစားပြီး.. မယားထမိန်ဖိုး ရှာနေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခွန်စိုးလွင်နဲ့ မြေစာရင်းဦးစီးဌာနမှူးဦးခင်မောင်ဝင်းတို့ကို ၀ိုင်းဝန်းတားမြစ်သင့်ပါတယ်။ နားလည်သူ အာဏာပိုင်များအနေနဲ့လည်း အရေးယူဆောင်ရွက်သင့်ပါတယ်။ အဲဒီ လူနေအိမ်တွေကြောင့် ကန်ဘေးပတ်ဝန်းကျင် အညစ်အကြေးများစွာဖြစ်ပေါ်စေပြီး.. သစ်ပင်များခုတ်ထွင်မှုကြောင့် ရေဝေရေလဲ ဧရိယာအတွင်း သစ်ပင်ရှားပါးလာရင် ကန်ကို ပျက်စီးစေပါတယ်။ ရေချိုတွေ ရှာနေတဲ့ ခေတ်မှာ ခုလို ရေကြည်တွေပဲ အမြဲရှိနေတဲ့ ကန်လေးကို ၀ိုင်းဝန်းထိန်းသိမ်းသင့်ပါတယ်။ မိန်းမ ထမိန်ဖိုးပဲ နားလည်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ နားမလည်တဲ့ ထိုထိုသော တိုင်းပြည်ကို မစောင့်ရှောက်တတ်သော ၀န်ထမ်းနှစ်ဦးကိုလည်း သမ္မတကြီးပြောသလို ထားခဲ့သင့်ပါတယ် စံပြအနေနဲ့ (အရေးယူထုတ်ပယ်ပစ်သင့်ပါတယ်)။ တိုင်းပြည်ကို ပိုမိုဖွံ့ဖြိုးဖို့ ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ရမှာက အားလုံးရဲ့တာဝန်ပါ။
ရပ်စောက်မြို.မှရှိတဲ့ အင်းဂေါင်ကန်ရေထွက်ဟာ မြို.သူမြို.သားတွေအတွက်ရော မွေးမြူရေးအတွက်ပါ အလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။နောက် ဗထူးစမ်းရေကန်သို.ရေများကို အဓိကစီးဆင်ပေးနေတဲံရေထွက်တစ်ခုပါ။မြို.တွင်းမှ ပြည်သူတို.သာမက ဗထူးမှ မွေးမြူရေးလုပ်ငန်းတွေပါ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။တာဝန်ရှိလူကြီးတွေအနေနဲ. အမြန်ဆုံး သင့်လျှော်ရာကို ဆောင်ရွက်ပေးစေချင်ပါတယ်။
Post a Comment