မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက်
ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့ 
သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ
့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည်
အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ
ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့  ဆိုပါတယ်။
တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ
ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့ 
သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊
စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က
စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန် ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။
"ဒါကအင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ ကတော့ ကြိုဆိုတယ်။
ကျွန်တော်တခု ပြောချင်တာကတော့ ပြည်ပမှာ ရောက်နေတဲ့ ပညာရှင်တွေ ဒါမှမဟုတ်
တိုင်းပြည်အတွက် ပြန်ပြီး အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်တယ်
ဆိုရင် အဲဒီသူတို့ ပြန်လာချင်လောက်တဲ့  ပြန်လာနိုင်လောက်တဲ့
့အခြေအနေမျိုးကို ဖန်တီးပေးဖို့ လိုတော့ လိုအပ်မယ် ထင်ပါတယ်။ မြန်မာပြည်
အတွက်ကတော့ သူတို့ ပြန်လာမယ် ဆိုရင် ပိုပြီးအများကြီး အကျိုးရှိနိုင်ပါတယ်။
ဘာလို့လဲ ဆိုတော့ ပြည်ပမှာ နိုင်ငံတကာ အဆင့်အတန်း ရှိနေတဲ့ အသိပညာရှင်
အတတ်ပညာရှင်တွေ ပြန်လာပြီး ကိုယ့်တိုင်းပြည်မှာ လုပ်မယ် ဆိုရင်
ကိုယ့်တိုင်းပြည်ကို ချစ်တဲ့ စိတ်နဲ့ ပြန်လာပြီး လုပ်တာဖြစ်မှာ၊ အဲဒီတော့
ဘာပဲပြောပြော နိုင်ငံတကာ အတွေ့အကြုံတွေ ရတဲ့ ပုဂ္ဂိုလ်တွေ တကယ့်ထဲထဲဝင်ဝင်
ပြန်လုပ်မယ် ဆိုရင် တိုင်းပြည်က အကျိုးရှိဖို့ ပဲများပါတယ်။ အကျိုး
ဆုတ်ယုတ်စရာဘာမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။"
နိုင်ငံတကာက မိမိတို့ နိုင်ငံကို ကူညီထောက်ပံ့မှုများ
ရင်းနှီးမြုပ်နှံလိုမှုများ ကမ်းလှမ်းလာချိန်မှာ အစိုးရ ၀န်ကြီး ဌာနများနဲ့ 
အစိုးရအဖွဲ့ အစည်းများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နည်းဗျူဟာ
စီမံကိန်းများ ဒေသန္တရ စီမံကိန်းများ ရေးဆွဲလုပ်ကိုင်သွားမယ်လို့  လည်း
သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။
RFA-Burmese
RFA-Burmese
ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်
Reviewed by သစ်ထူးလွင်
on
10:56
Rating:
69 comments:
အော်...ခေါ်တာတော့ဟုတ်ပါပြီဟိုရောက်မှဘာလုပ်ဘာကိုင်ရမှန်းမသိအလုပ်လက်မဲ့ဖြစ်ပြီးရောင်ခြာခြာဖြစ်နေရပါဦးမယ်သမ္မတကြီးရယ်.....သေချာအောင်လုပ်ပြီးမှပြောပါဗျာ
သမ္မတကြီး ပြည်ပမှာရှိတာကို ဖိတ်ခေါ်သလိုပဲ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားပြန်တွေသူတို့နဲ့ သင့်လျော်တဲ့နေရာ တွေ ပေးဖို့တင်ပြပါရစေ။
အေးကွ။ အပြောရတော့ ကောင်းပါ့ကွာ။ ငါတို့က ပြန်လာချင်တာ ကြာပေါ့ ။ ဒါပေ့မယ်သို့ကာ မင်းတို့က ဘာတွေလုပ်ပေးမှာလဲ။ အကုန်လုံးလက်ဝါးကြိံးအုပ်ထားပြိံတော့။ ခင်ဗျားသာ မှန်မှန်ကန်ကန် စိံးပွားရေမူဝါဒတွေပြဒါန်းစမ်းပါ။ ဒါပေ့မယ့် ဘက်မလိုက်နဲ့။ မယုံသေးလို့ပ့ါ သမ္မတကြိံး ပြောင်ရှင်း ရယ်
လုပ်စမ်းပါ ။ ပြောင်ရှင်းမင်းပိုင်သကွာ လို့ ပြောစမတ်တွင်အောင်
ပြည်ပကအတတ်ပညာရှင်တွေ ပြန်လာချင်အောင် ပြည်တွင်းက အတတ်ပညာ
ရှင်တွေကို အရင်မြှင့်တင်ပြလိုက်ပါလား သမ္မတကြီးရယ်.....
ပြည်ပ မှာ အဘ တို့ နဲ့ အမျိုးတော်သူ တွေ ပြန်လာပြီး နေ၇ာ ယူနေမှ ပိုဆိုးနေမယ် အခုလည်း ပြည်က လူတွေ လာ၇င်းနှီးမြှပ်နှံနေတာ လယ်သမားတွေ ခံနေ၇ပြီ
သမ္မတကြီးဖိတ်ခေါ်လို့  ပြန်လာတဲ့  လူတွေထဲမှာ ဘယ်လို လူတွေ ကို ဖိတ်ခေါ်တာလဲ ကွဲကွဲ ပြားပြား ပြောပြ ပါ တချိန်က ဗိုချုပ်ကြီးတွေ သားသမီးတွေ ပြန်လာ ပြီး နေ၇ာ ထပ်ယူနေ၇င် ဘာမှ မထူး ပါ ဘူး ပြည်ပ ၇င်းနှီး သူတွေ ၀င်လာတော့  လယ်သမားတွေ ခံနေ၇ပြီ အကျိုး ပြု မယ် လူတွေ ဖိတ်ကြားစေချင်ပါတယ် ပြန်လာ ဖို့  အတွက်
အဖေ ခေါ် နေပြီး... ကိုယ်နိုင်ငံတိုးတက်ဖို့ ပြန်လာစေချင်ပါတယ်...သေချာတော့ အလုပ်ပေးမှဖြစ်မယ်...ပြည်တွင်မှာလည်းတကယ်တော်တဲ့ နိုင်ငံခြားပြန်တွေ
တကယ်ရှိပေမဲ့ သင်လာတဲ့ ဟာနဲ့ လုပ်နေရတဲ့ အလုပ်တွေလွဲနေတာတွေကိုလဲ အဖေ သိစေခြင်ပါတယ်..
လယ်ပြန်စိုက်ဖို.လား ရှိနေတဲ့ လူတွေကိုပဲ အဆင်ပြေအောင် အရင်လုပ်ပေးစမ်းပါဦး
ပြည်တွင်းက ဘွဲ့ရ အလုပ်မရှိတွေအရင်အလုပ်တွေပြေလည်အောင်အရင်လုပ်ပေးအုံးလေ..... ဖိတ်ခေါ်တယ်လိုပြောရုံးလေးနဲ့ပြီးဘူးလေဗျာ.. ..
တိုင်းပြည်အတွက် အနစ်နာခံဖို့ထက် မိမိအတွက်ရမှဆိုတဲ့ စိတ်ဓာတ်တွေလျှော့မှ ......
သမ္မတကြီးရဲ့ စကားပာာအင်မတန်ကောင်းမွန်ပါတယ်ဗျာ။ ပြည်ပမှာရှိတဲ့ မြန်မာတွေပြည်တော် ပြန်ဖို့ဖိတ်ခေါ်တာကောင်းပါတယ်။ မြန်မာပြည်အတွက် အလွန်အကျိုးရှိနိုင်ပါတယ်။ သူတို့ရဲ့ အသိပညာ၊ အတတ်ပညာတွေကို တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အသုံးပြုနိုင်ရင် အတိုင်းထက်အလွန်ပါပဲ။ ကြိုဆိုပါတယ်ဗျာ။
ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးနိုင်ပါသည်။
www.academicmedicines.blogspot.com
အရင်ဆုံးသုံးစားမရဘဲနေရာကြီးကြီးတွေယူထားတဲ့ စစ်သားလူထွတ်တွေအရင်ဖြုတ်ပစ်မှအဆင်ပြေမှာပါ..တိုင်းပြည်မတိုးတတ်တာအဲလိုတတ်ယောင်ကားနဲ့ စစ်သားလူထွတ်တွေကြောင့်ပါ...အဲလိုလူတွေထုတ်ပြီးတကယ့်အတတ်ပညာရှင်တွေကိုနေရာပေးပါ
ဘာလဲနိုင်ငံခြားပြန် ဟိုမရောက်ဒီမရောက်ဟိုမှာအဆင်မပြေမှပြန်ပြေးလာတာတဲ့သူတွေ ထဲ့ကိုစဉ်းစားမနေနဲ့။ ပြည်တွင်းက လက်ရှိအလုပ်လက်မဲ့ပြည်သူတွေ သူတို့တက်ကျွမ်းမှု၊ အတက်ပညာ/အသိပညာနှင့်လိုက်လျောညီထွေရှိမယ့် အလုပ်ရှာဖွေပေးနိုင်ဖို့ ပထမ။ ထိုက်သင့်သောလုပ်အားခရရှိရေး ဒုတိယဆောင်ရွက်ပေးသင့်ပါတယ်
ဟယ်ရီလင်း ရဲ့ ---သူခေါ်ရာလာပါ လာပါ ×× လိုဖြစ်နေပြီ
အပေါ် က ခေါ် အောက်က ဖမ်းဖြစ်နေအုံးမယ်။ အောက်ခြေက လ၀က တွေ က မနေ့တစ်နေ့ က မှ သိနားလည်လာတဲ့ သူတို့ ရဲ့ လ၀က ဥပဒေနဲ့ ဖမ်းလိမ့်မယ်။ ဦးသိန်းစိန်ကိုတော့ လေးစားပါတယ်။ အောက်က ၀န်ထမ်းတွေကိုတော့ အထင်မကြီးဘူး။ အကုန်လုံးလဒ်စားတဲ့သူတွေကြီးဘဲ။
သမတကြီးခင်ဗျာ-ကိုကိုကြီးတို့ လို ဂဂ မျိုးဆက်သစ်တွေကို နိုင်ငံသားတယောက်ရဲ့  ရပိုင်ခွင့်ဖြစ်တဲ့ ပတ်စပို့ လျောက်တာတောင် တခြားသူများနဲ့ မတူတဲ့ မူဝါတွေ ချမှတ်ပြီး လုပ်ဆောင်နေတာမြင်တွေ့ နေရတော့ သမတကြီးရဲ့ ပြောစကားကို ယုံဘို့ခက်ပါတယ်။ ပြီးတော့ ဇေကမ္ဘာနဲ့  လယ်သမားတွေ လယ်ယာမြေတွေသိမ်းတဲ့ မရှင်းမရှင်းကိစ္စတွေ ကြားသိနေရတော့ တရားဥပဒေ စိုးမိုးမှူ မရှိသေးဘူးဆိုတာပြနေတယ် သမတကြီးရဲ့ --
ကောင်းပါပြီ.... ပြန်လာပါတော့မယ်.... မခေါ်ပဲနဲ့တောင် ပြန်ရမှာ အခုတော့ကောင်းကောင်းခေါ်နေတာ ပြန်ကိုပြန်မယ် ပြန်လာဘီနော် တကယ်ကြိုနော် အေ၇းကြီးတာက ပြန်လာတဲ့သူ စိတ်ပျက်အောင်မလုပ်နဲ့နော် မပြန်လာခင်လေးတောင် အခွင့်အေ၇းပေး၇ှာတယ်ဆိုပီး ကားပါမစ်ကလေး လျှောက်လို့၇ထားတာ အခုဘယ်လိုများ လုပ်ကြတာလဲခင်ဗျာ တန်ဘိုးမရှိတော့ဘူးဆိုပါလား သမ္မတကြီးခင်ဗျာ ကျေးဖူးပြုပီး ကိုဝင်းမြင့်ကိုမေးပေးပါခင်ဗျာ
စေတနာတွေေ၇စီးကမ်းပြိုပီးလုပ်တာပဲဖြစ်ဖြစ် ....... ဘာပဲဖြစ်ဖြစ် နစ်နာတဲ့လူတွေ နစ်နှာတယ်လို့ထင်နေတဲ့သူတွေ၇ှိနေပါတယ် အဲဒါသူသိသလားလို့မေးဖြစ်အောင်မေးလိုက်ပါခင်ဗျား
မသိဘူးဆိုရင်ပြောပြလိုက်ပါ.... သိရက်နဲ့ ဘာမှမလုပ်တာဆိုရင် သတင်းလေးတော့ လွှင့်ပေးပါ ဒါမှ တရွာကနေ ပြန်လာဖို့ခေါ်နေတာ မကြားချင်ယောင် ဆောင်နေ၇အောင်ပါ
သမ္မတကြီးက ဖိတ်ခေါ်တယ်ဆိုပေမဲ့ တစ်ကယ်တော့ အကူအညီတောင်းတယ်လို့ခံစားမိပါတယ်။ မြန်မာပြည်မှာ ကျန်ခဲ့တဲ့လူတွေမှာ အရည်အချင်း (capacity) ကအကန့်အသတ်ရှိပါတယ်။ မြန်မာပြည်ထဲကနေလေ့လာသင်ယူလို့ နိုင်ငံတကာအဆင့်မီ ပညာရှင်မဖြစ်နိုင်ပါ။ ပြီးတော့ မြန်မာပြည်ပညာရေးက နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခံထားရလို့ အရည်အချင်းမီ (နိုင်ငံတကာအဆင့်မီ)ပညာတတ်တွေမရှိတော့ပါဘူး။ တချို့ အရင်ခေတ်က နိုင်ငံခြားပညာတော်သင် တွေကလည်းအသက်ကြီးကုန်ပါပြီ။ မြန်မာပြည်ထုတ် ပါရဂူတွေကလည်း အားရစရာမရှိလှပါ။ ဒီတော့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ (တိုင်းပြည်ကို၊ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ဘို့- တံခါးဖွင့်ရာက နေ အကျိုးအများဆုံးထုတ်ယူနိုင်ဘို့ )သူတို့နဲ့တန်းတူ တွေးနိုင်မြင်နိုင် တဲ့သူတွေလိုနေပါပြီ။ တိုင်းပြည်ကိုချစ်တယ် နိုင်ငံတိုးတက်စေချင်တယ်ဆိုရင် အခုလိုအလွန်လိုအပ်နေတဲ့အချိန်မှာ လာကူကြဘို့ပြောချင်ပါတယ်။ မြန်မာပြည်ဟာ ပညာတတ်တွေကို နိုင်ငံခြားနဲ့ တန်းတူ အခွင့်အရေး မပေးနိုင်သေးတာသေချာပါတယ်။ တိုင်းပြည်ကဆင်းရဲသေးတယ်လေဗျာ။ ဒီအချိန်က အမိမြေကို ကျေးဇူးဆပ်ရမဲ့အချိန်၊ ဆင်းရဲတွင်းထဲက ရုန်းထွက်ဘို့ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် အခွင့်အရေးရလာတဲ့ ပြည်သူကို လက်တွဲကူရမဲ့အချိန်လေဗျာ။ ရွှေလသာမှ ဆိုရင်တော့ SORRY ပါ။ ဗူးသီးမှ အရီးလာမတော်ပါနဲ့လို့ပြောချင်ပါတယ်။ တိုင်းပြည်ကိုချစ်တယ်ဆို အလုပ်နဲ့သက်သေပြကြပါ။ ကိုယ့်အတွက်အမိမြန်မာပြည်ကြီးကဘာလုပ်ပေးနိုင်မလဲဆိုတာထက် ကိုယ်က အမိမြန်မာပြည်ကြီးအတွက် ဘာလုပ်ပေးနိုင်မလဲ တွေးကြပါ။ တိုင်းပြည်မှာက စေတနာကောင်းရှိတဲ့လူတွေများပေမဲ့ စွမ်းရည်အားနဲတာတွေ့ရပါတယ်။ သူတို့ လုပ်မှားကိုင်မှားဖြစ်ရင် စေတနာအမှားပဲဖြစ်ဖြစ် ပြည်သူပဲနာမှာမို့ အဓိကအားဖြင့် CAPACITY BUILDING ပိုင်းကိုလာကူကြဘို့ မိမိရဲ့ ကျွမ်းကျင်ပိုင်နိုင်ရာ FIELD မှာ SEMINAR လိုမျိုးလာပေးဘို့လောက်တော့ လုပ်ပေးကြပါလို့တောင်းဆိုပါတယ်။ (မက်လုံးအနေနဲ့ပေးရရင် နိုင်ငံခြားက အမြင်အသိနည်းပညာတွေနဲ့ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းလုပ်ရင် နိုင်ငံခြားမှာလိုမဟုတ်ပဲ ကိုယ့်ထက်တစ်ဆင့်နိမ့်တဲ့လူတွေကိုပြိုင်ရတာဖြစ်လို့ နိုင်ဘို့များပါတယ်။ ပြီးတော့ နိုင်ငံခြားပြန်ဆို ဟုတ်ဟုတ် မဟုတ်ဟုတ် လူအထင်ကြီးတယ်လေ) :)
သမတကြီးရယ် ပြည်တွင်းကဘွဲ့ရတွေကို အလုပ်အရင်ရအောင်လုပ်ပေးလိုက်ပါဦး။ မပူနဲ့ ၂၀၁၅ကြသမတမခေါလဲပြန်လာမယ်။ မဲပေးဖို့ အမေစုကို။
ကိုယ်လည်း ပြည်ပမှာ လုပ်နေတာဘဲ ရှင်းနေတာဘဲ ဆန္ဒ၇ှိရင် ပြန်လာဘို့ စိတ်ကူးကြပေါ့ .. စီးပွားရေးအရတွက်ခြေမကိုက်ဘူးဆိုရင် မိမိသဘောတိုင်းပေါ့..
ရှင်းနေတာ ကိုရှုတ်အောင် လုပ်တတ်ကြတယ်..
ဘာရမယ် ဘာပေးရမယ် ဘယ်သူမှ တာဝန်မခံဘူး ..ကိုယ့်လိုဘဲတတ်တဲ့ ပညာရှင် တွေ ပြည်တွင်းမှာကျန်နေသေးတယ်..ဆိုတာ ...
အများအကျိုး ဆောင်ရွက်လိုသူများ အဆင်ပြေလျင် ပြန်လာကြဖို့ အမှန်ပါပဲ. မြန်မာလူမျိုးမှန်ရင် အနစ်နာခံပြီးပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို မြှင့်တင်ကြရအောင်... ကျွန်တော်လည်း ပြန်လာတော့မယ်
ပြန်ခေါ်တယ်ဆိုတာထက် တော်တဲ့သူတွေကို သူတို့နဲ့ သင့်တော်တဲ့နေရာပေး၊ ထိုက်တန်တဲ့ အခွင့်အရေးပေးလိုက်ရင် သူ့အလိုလိုပြန်လာမှာပါ။ ဘယ်သူမှ ကိုယ့်အိမ်မှာ အဆင်ပိုပြေရင် သူများအိမ်မှာ မျက်နှာ အငယ်ခံ မနေပါဘူး။။ ကိုယ့်အိမ်က ပညာရှင်တွေကို နေရာပေးဖို့ လိုပါတယ်။။ ပညာမဲ့သူတွေလက်အောက်မှာ ပညာရှင်တွေက ဘယ်ပျော်မလဲ...
သမ္မတကြီးခင်ဗျား
သမ္မတကြီးက သာကြိုနေတာ ဝန်ကြီးလောက်ကစပြီး အောက်ကအဆင့်တွေက အယင်ပုံစံအတိုင်း လျှောက်လှမ်းနေကြတော့ ခက်ပါသေးတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက မြန်မာပြည်ပြန်ရောက်ပြီး တစ်လွဲတွေလုပ်နေတာကို သိသိကြီးနဲိ့ဘာမှပြောလို့ မရနိုင်သေးလို့ ငြိမ်နေရတဲ့သူတွေ ရှိနေပါတယ် ဆိုတာသမ္မတကြီး မသိဘူးနဲ့ တူပါတယ်။
မဂင်လာစကားပါပဲသမ်မတကြီးခင်ဗျာ။
ကျွန်တော်တို့ဆီမှာ ဒါဟာအဓိကကျတဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပါဖြစ်ပါတယ်
တက်သိနားလည်တဲ့သူတွေရှိမှ လမ်းကြောင်းတွေ့ရနိုင်ပါတယ်
အခုပြည်သူတွေအများစုဟာ မျက်စိပိတ်နားပိတ်နေကြစဲပါပဲ
ပညာတက်ကို လေးစားတဲ့သူတွေရှားပါသေးတယ်
ပညာတက်ဆိုတာလည်း ကိုကျိုးစွန့်နိုင်သူကိုပြောတာပါ
မြန်မာပြည်သူပြည်သားတွေ နွေးထွေးလုံခြုံတဲ့နှလုံးသားကို ပိုင်ဆိုင်ကြစေဖို့ အသိဥာဏ်ပညာတည်းဟူသော အမြုတေကို ပိုင်ဆိုင်ကုန်ကြသော သူရဲကောင်းများစွာကို
များများမွေးနိုင်ကြပါစေလို့ ဆန်ဒပြုပါရစေ။
မရုံးဘူဗျို့  ပြောင်ကြီးသမ္မတလုပ်နေလို့၂၀၁၅ NLD အစိုးရဖွဲ့တော့မှပြန်လာမယ်. ခင်ဗျားတို့ကြံ့ဖွတ်တွေက. ကိုယ်အတွက်ဘဲကိုကြည့်နေတာ. လူသိ နတ်သိ တစ်ကမ္ဘာလုံးသိဗျ. ပြည်တွင်းကလူငယ်တွေကိုအရင်အလုပ်ရအောင်လုပ်အုန်း. သိပ်မလိမ်နေတဲ့. ပြောင်ကြီးစကါး၅နဲ့စား
မလာပါနဲ့.................မျိုးကြီးရဲ့......မလာပါနဲ့ က အလာကားဆိုထားတာမဟုတ်ဘူးကွ...... ဒီအတွက်ကို ရည်ရွယ်ထားတာကွ..................
ကွန်မန်းတွေကိုကြည့်၇တာေ၇းတဲ့သူတွေ၇ဲ့အသိပညာနဲ့စိတ်ဓါတ်တွေပေါ်နေသလိုဘဲ။ဟဟ
ပြန်လာချင်နေတာ တော်တော်ကြာနေပြီး၊ ပြန်သွားတိုင်းပြန်ပြန်ထွက်လာရလို့၊ လျှာရိုးမရှိတိုင်း ကိုယ့်ဖက်ကမသေချာသေးတိုင်း တာဝန်မယူနိုင်သေးမှန်း သိရဲ့သားနဲ့ စကားအဖတ်တင်အောင် လူကြားကောင်းအောင် အပိုတွေ မပြောပါနဲ့လား သမ္မတကြီးရယ်၊ မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေကိုဘဲ အရင် အလုပ်အခွင့်အလမ်းနဲ့ အလုပ်သမားရသင့်ရထိုက်သောရပိုင်ခွင့်များကိုသာ ပေးပါ၊ ပြန်လာချင်လွန်းလို့စောင့်ကြည့်နေတာဟေ၊ သိပြီးလား၊ ဘယ်သူကများ ကိုယ့်အိုးကိုယ့်အိမ်၊ကိုယ့်မိသားစုနဲ့ခွဲပြီးနေချင်ပါ့မလည်း
တတ်သိ ပညာရှင်တွေ ပြန်လာခဲ့ပါတဲ့။ ပြန်မလာတဲ့လူတွေက တတ်သိတဲ့လူတွေ မဟုတ်လို့ပဲ နေမယ်..
သူကဘယ်လောက်တောင် အချိန်တွေရှိနေလုပ်တုံး? ဘယ်လောက်တောင် ပြည်သူတွေကို စိတ်ဝင်စားလိုက်လို့လဲ။။သူ့ဆီကိုစာပို့နေတာ အစောင် တစ်ရာမကတော့ဘူး။ ခုချိန်ထိကိုဘာ အကြောင်းမှကို ပြန်မရဘူး။ တကယ်ကို အကျိုးအကြောင်း သေချာတိကျစွာနဲ့..သက်သေအထောက်အထားစာ
ရွက်
တွေကို စုံနေအောင်တင်ပြထားတာ..သိပ်ပြီး သူများတွေရှေ့မှာ..over လုပ်လွန်းနေသလားလို့...
ပြန်ခေါ်တာကောင်တာကောင်းပါတယ်ဒါပေမဲ့ဘာတွေလုပ်ကြမလဲဆိုတာသိ၇တာပေါ
သမ္မတကြီးရဲစကားကိုကြားလိုက်ရလို့ ၀မ်းသာတယ်ဗျာ ။ကျတော်မျက်၇ည်တောင်လည်သွားပါတယ် သမ္မတကြီးက ခေါ်ပါပြီးပာုတ်တယ် ကျတော်လဲအမှန်တကယ် မြန်မာပြည်မှာ အောင်မြင်ကြီးပွားခဲ့တာပါ ။ယခု စစ်ဥပဒေချုပ်ကြီးဦးရာပြည့်က ကျတော်ကို အမှုစင်လို့ ပြန်လာလို့မရဘူးဗျာ ကျတော်မှာ အရည်ချင်း၇ှိရဲနဲ့မပြန်လာရဲဘူးဗျာ ။ကျတော် နားမလည်းဘူး ဗျာ....?????
နိုင်ငံရပ်ခြားမှာနေကြတာငွေကြေးတစ်ခုတည်းကြောင့်မဟုတ်ပါဘူး၊နေရာတိုင်းမှာမတရားမှုများရှိနေတာကြောင့်ပါ၊မတရားမှုမှန်သမျှတစ်ခုမှမပြောင်းလဲသေးပါ၊(လူတစ်ယောက်ရဲ့အခြေခံတန်ဖိုးရှိအောင်အရင်လုပ်ပါအုံး)မြန်မာသည်မြန်မာနိုင်ငံကိုသာချစ်သည်၊မြန်မာနိုင်ငံမှာသာနေချင်ကြသည်၊လက်ရှိ၂၀၁၀အခြေခံဥပဒေကိုလက်မခံပါ၊စစ်အာဏာရှင်များကိုမယုံပါ။
ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေဟာ မိမိတိုင်းပြည်ကို မချစ်လို့မဟုတ်ပါဘူး။ ဘယ်သူမဆို မိမိတိုင်းပြည်နဲ့ မခွဲပဲ နေထိုင်ချင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ ပြည်ပထွက်ပြီး၊ မိသားစုနဲ့ခွဲပြီး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေကြတာလဲ။ သေချာတာတစ်ခုကတော့ စားဝတ်နေရေး အဆင်ပြေအောင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ မိမိနိုင်ငံမှာ ဘွဲ့ရပြီးတဲ့ လူတွေအတွက် တိုင်းပြည်က ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ ဘာတွေလုပ်ပေးနေပြီလဲ... လက်ရှိမြန်မာနိုင်ငံမှာ လစာ ၁ သိန်းရတယ်ဆိုတဲ့လူဟာ သူ့ရဲ့ တစ်ယောက်စာအတွက်တောင် တကယ်တမ်းကျတော့ မလုံလောက်ပါဘူး... မိသားစုအတွက်ရုန်းကန်နေရတဲ့လူတွေအတွက် ဘယ်လိုဖြေရှင်းမလဲ။ နိုင်ငံတော် သမ္မတကြီး ပြန်လာကြဖို့ဖိတ်ခေါ်တာကိုတော့ ကြိုဆိုပါတယ်.. ဒါပေမယ့် တကယ်ပြန်လာစေချင်ရင် ခေါ်နေစရာ မလိုပါဘူး ... ပြန်လာချင်အောင် တိုင်းပြည်ရဲ့ ဖွင့်ဖြိုးတိုးတက်မှုတွေကို လက်တွေ့လုပ်ပြနိုင်ဖို့ပဲလိုအပ်ပါတယ်.... လူတိုင်းဟာ မိမိချစ်တဲ့အမိမြေမှာဆိုပြီး ထမင်းမစားပဲ ရပ်တည်နေလို့မရပါဘူး... ဘ၀ရှင်သန်ဖို့အတွက် ပိုကောင်းတဲ့နေရာကို ရှာဖွေကြရတာတော့ သဘာဝပါပဲ။ လက်ရှိအစိုးရရဲ့ သက်တမ်း တစ်နှစ်ကျော်လာပါပြီ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ မြင်တွေ့နေရတာ တစ်ခုမှမရှိသေးပါဘူး... ဒါကြောင့် ပြန်လာစေချင်ရင် ပြန်လာမယ့်လူတွေ လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးဖြစ်အောင် နိုင်ငံတော် အကြီးအကဲများအနေနဲ့ ပြည်သူ့မျက်နှာကို ထောက်ထားပြီး အလျင်အမြန် ဆောင်ရွက်ပေးသင့်ပါပြီ လို့ထင်မြင်မိပါတယ်ခင်ဗျာ
မိဘကကိုယ့်သားသမီးတွေအိမ်ကထွက်ပြေးသွားတာကို
ပြန်လာဘို့ခေါ် မေတ္တာတရားလေ ။ဘာလို့ရန်စကားပြောတာလဲ။
မိဘနဲ့အတူနေကြရင် ရှိတာကိုလုပ်နိုင်ဒါလုပ်ကြတာပေါ့။
ပြန်လာချင်သူများပြန်လာကြပါ။
မလာချင်လည်းနေနိုင်ပါတယ်။ ဒီမိုကရေစီဘဲမဟုတ်လား
ပြည်တွင်းက ပညာရှင်တွေကမှ ပိုတ်ာတာ သူတို့ကို ပြည်ပမထွက်သွားရအောင် အရင် ဆွဲထားသင့်တယ်
သူတို့ကမှ တကယ်နှမျောဖို့ကောင်းတာ သူတို့ကို သေချာပျိုးထောင်လိုက် ပြည်ပက ပညာရှင်ဆိုတဲ့လူတွေကို ယှဉ်လို့ရတယ်နော် ..
ပြည်တွင်းကပညာရှင်တွေက ဒူပေဒါပေ ခံနိုင်ပြီးသား သူတို့ကမှ တကယ်အားကိုးရမှာ
အေးပေါ့ တို့လဲ မြန်မာပြည်ချစ်တဲ့သူပါ အခုတောင် ပြန်လိုက်ချင်တယ် ဒါပေမဲ့ သမ္မတကြီးရေ တို့တတွေရဲ့ ၀မ်းရေးကို ထိထိရောက်ရောက်စဉ်းစားပေးစေချင်ပါတယ်.......
ဘာမှနားမလည်ဘဲ လိုအပ်သည်များ ညွှန်ကြားတတ်တဲ့ ဝန်ကြီးတွေရဲ့ လက်အောက်မှာ ဘယ်ပညာရှင်မှ ပြန်လာမလုပ်ဘူး ဆိုတာ သမ္မတကြီးများ သိခဲ့မယ်ဆိုရင်.......
ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။ခုမှ အစပျိုးတာဆိုတော့ လွယ်တော့မလွယ်ပါဘူး။ဒါပေမယ့် ထမင်းတော့ မငတ်ဘူးဆိုတာတော့ သေချာပါတယ်။ဒီမှာလာပြီး ကြိုးစားစေချင်ပါတယ်။
ကြိုးစားလုပ်ကိုင်တာချင်း အတူတူအမိမြေမှာပိုပြီးကြိုးစားသင့်ပါတယ်လေ။
ဒီလိုပါပဲ ခုမှစတာဆိုတော့ မည်သူမဆို အခတ်အခဲလေးတွေတော့ရှိတတ်ကြတာပါပဲလေ။တစ်ခြားနိုင်ငံက အောင်မြင်နေတဲ့သူတွေလည်း ဒီလိုအခတ်ခဲတွေကြားမှာ ကြိုးစားပြီး အောင်မြင်လာကြတာချည်းပါပဲ။တန်ခိုးရှင်တစ်ယောက်မှမပါ ပါဘူး။
သမ္မတကြီး
လုပ်ပိုင်ခွင့်တွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို
အစိုးရအဖွဲ့စည်းနဲ့အပေါင်းပါco.ltdတချို့လောက်ကိုပဲ
လုပ်ပိုင်ခွင့်ပေးထားရင်ပြန်လာသူရောပြည်တွင်းမှာရှိနေသူတွေ
ဒုန်ရင်းပဲဖြစ်နေမှာမို့ပါ။ရင်းနီးမြှုပ်နှံဖို့ငွေကြေးမရှိလို့ထိုင်နေရတဲ့co
တွေအများကြီးပါပဲ။စစ်အစိုးရသြဇာခံco.ltdတွေကတော့ငွေ
အလုံးရင်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေ၇ထားကြပြီးပြီ။
ရိုးရိုးရှင်းရှင်းအလုပ်လုပ်ချင်ကြသူတွေကနောက်မှာပြတ်ကျန်ခဲ့ရတယ်။
ဒီအတွက်မြန်မာပြည်မှာလူတန်းစားမညီမျှမှုတွေဖြစ်တည်နေခဲ့တာပဲ။
သမ္မတကြီးစေတနာနဲ့ပြောဆိုတာကိုဝမ်းသာပါတယ်။
ကို ပြန်လာချင်မှဖြစ်တာ ပါ ..ပေါက်ကရမပြောပါနဲ့ ..တကယ်ကောင်းရင်ပြန်မဲ့ သူတွေချည်းပဲ ..အကျိုးမရှိတာပြောနေမဲ့ အစားး..တိုးတက်ဖို့ ကိုပဲဆုတောင်းပေးပါ......ကျွန်ပ်တို့ ကတော့ ပြန်မှာပဲ ...
ပြန်လာချင်ပါပြီ သမ္မတကြီးရယ်။ ပျော်လွန်းလို့ နေနေကြတာမှ မဟုတ်တာ။ လွမ်းရေးထက် ဝမ်းရေးက ခက်တယ်လေ။ တစ်ခုတော့ ရှိပါတယ်။ ကတ္တီပါ ဖိနပ်စီးကျင့်ရနေပြီမို့ တာရာဖိနပ်တော့ ပြန်မစီးချင်တာ အမှန်ပါ။
ကို ပြန်လာချင်မှဖြစ်တာ ပါ ..ပေါက်ကရမပြောပါနဲ့ ..တကယ်ကောင်းရင်ပြန်မဲ့ သူတွေချည်းပဲ ..အကျိုးမရှိတာပြောနေမဲ့ အစားး..တိုးတက်ဖို့ ကိုပဲဆုတောင်းပေးပါ......ကျွန်ပ်တို့ ကတော့ ပြန်မှာပဲ ...
တကယ်တမ်းမြန်မာပြည်ကို ကမ္ဘာ့အဆင့်အတန်းမီအောင် လုပ်မယ်ဆိုတော့ ကဏ္ဍအသီးသီးမှာ တကယ်ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ လူသားအရင်းအမြစ်တွေဟာ ကြီးမားတဲ့ လိုအပ်ချက်ကြီး ဖြစ်နေတာပါ။ တချိန်ကဆိုရင် စစ်တပ်က အရာရှိဆိုတာနဲ့ အလုံးစုံတတ်မြောက်နေတယ်လို့ သူတို့ကိုသူတို့ အထင်ကြီးပြီး နေရာတိုင်းမှာ ၀င်ရောက်ချယ်လှယ်လာလိုက်တာ တိုင်းပြည်ကြီးလည်း ကမ္ဘာအဆင်းရဲဆုံးအဆင့်ကကို နလံမထူနိုင်ခဲ့ဘူး။
အခုတော့ သမ္မတကြီးက အခြေအနေအမှန်ကိုမြင်ပြီး နိုင်ငံအသီးသီးမှာ ပျံ့နှံ့ရောက်ရှိနေတဲ့ မြန်မာလူမျိုးပညာရှင် အသီးသီးနဲ့ လုပ်ငန်းကျွမ်းကျင် ၀န်ထမ်းအသီးသီးကို တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် တန်ဖိုးထား ဖိတ်ခေါ်တာကို အသိအမှတ်ပြုပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာလို့ စီးပွားရေးအခွင့်အလမ်းတွေ လမ်းပွင့်လာခဲ့ရင် ပြီးတော့.. မြန်မာလူမျိုး ၀န်ထမ်းတွေဖက်ကို အစိုးရက ရပ်တည်ပေးခဲ့ရင်.. ပြည်ပမှာ ရောက်ရှိနေတဲ့လူတွေ ပြည်တွင်းမှာ အိုးမကွာ၊ အိမ်မကွာ ၀င်ငွေရရှိမယ်ဆိုရင်တော့ ပြန်လာကြမယ် ထင်ပါတယ်။ ပြည်တွင်းမှာလည်း ပြည်ပမှာရတဲ့ ၀င်ငွေမျိုး ရနိုင်တဲ့အခြေအနေ အမြန်ဆုံး ဖြစ်ထွန်းပေါ်ပေါက်လာပါစေလို့ ဆုတောင်းပါတယ်။ ပြည်တွင်းမှာက အလုပ်လက်မဲ့ ဘွဲရပညာတတ်ဆိုသူတွေ ပေါနေပေမယ့် လုပ်ငန်းအတွေ့အကြုံ မရှိသေးတော့ နိုင်ငံကို အချိန်တိုအတွင်း တိုးတက်ဖို့ လူသားအရင်းအမြစ် အသုံးချချင်ရင် ပြည်ပရောက်နေတဲ့ အတွေ့အကြုံရှိပြီးသား လူတွေုကိုပဲ အားကိုးရမှာပါ။ ဒါက တိုင်းပြည်တိုးတက်ဖို့ ဖြတ်လမ်းနည်းပါ။ ကျွမ်းကျင်ဝန်ထမ်းတွေရှိလို့ နိုင်ငံတကာကလည်း စက်ရုံ၊ အလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြရင် အခုအလုပ်လက်မဲ့တွေလည်း အလုပ်တွေရလာကြမှာပါ။ အဓိက..က ကိုယ့်ဖက်က ၀မ်းစာပြည့်အောင် ဖြည့်ထားဖို့ လိုပါတယ်။ အကောင်းမြင်ရှုထောင့်က မြင်ကြည့်တာပါ။
ခင်ဗျားတို့ဘဲ ကိုလိုနီလက်သစ်ဝါဒီတွေကိုကြောက်သလိုလိုနဲ့ ငါတို့ထက်
တတ်တဲ့သူတွေရှိသေးတယ်ဆိုပြီး ခေါ်ယူနေတာတော့မှန်ပါတယ် ပြန်စဉ်းစား
ရင် အကောင်းဆုံးစစ်ဝတ်စုံနဲ့ပြောခဲ့တဲ့စကားက ကိုယ့်ကိုယ်မှ မရှက်ကြ
ရွာသောက်ရေကန်တူးပေးနေတဲ့အောက်လက်ရဲဘော်တွေရဲ့ ချွေးပေါက်တွေကိုမှ
အားနာရကောင်းမှန်းမသိကြ လက်ရှိစည်းစိမ်လေးတည်မြဲတိုးပွားရေးသာအာရုံ
စိုက်နေရင် ------ ပြောခဲ့လုပ်ခဲ့တာတွေဟာယုံတမ်းစကားနဲ့ပုံပြောတမ်းပါလို့အနော်တို့မှတ်သားထားရမှာလား
ပြန်ခေါ်တာကတော့ ဟုတ်ပါပြီဗျာ....
ပြန်လာရင်ကော အလုပ်အကိုင် အခွင့်အလမ်းက သေချာရဲ့လား???
ပြည်ပမှာက တန်အောင်လုပ်ရတယ်၊ တန်အောင်လည်း ရတယ်၊ မပိုလျှံရင်တောင် လောက်တယ်ဗျာ... အဓိက ကဒါပါပဲ...
BE ဘွဲ့ရတစ်ယောက်ကို တစ်ရက် ၃,၀၀၀/- ကျပ်နှုန်း လောက်နဲ့ခိုင်းမှာတော့ မဟုတ်ပါဘူးနော်???
Comments တွေက မိမိထင်မြင်ချက်တွေကိုဖော်ပြသလို သူများ တွေက ကိုယ့်ကိုမြင်တဲ့တန်ဘိုးလည်းဖြစ်ပါတယ်။ linn ရဲ့ မှတ်ချက်ကိုသဘော ကျမိပါတယ်။ လောကမှာ ငွေထက် အရေးကြီး တာတွေတစ်ပုံကြီးပါ။ နိုင်ငံခြားလောက်တော့ မြန်မာပြည်မှာ လောလောဆယ်ပိုက်ဆံရှာနိုင်ဖို့ မမျှော်လင့်ကြပါနဲ့။ ချမ်းချမ်းသာသာနဲ့ အရာ ရာ အဆင်ပြေပြေနေနိုင်ဖို့လည်း အဝေးကြီးလိုပါသေးတယ်။ ခင်ဝမ်းသီချင်းထဲကလို "အမေနိမ့်ကျ နေချိန်မှာ ကျွန်တော်တို့ စိတ်မပျက်ပါ လောကဓံကိုခံနိုင်တဲ့ အမေ့ရဲ့သားတွေ" ဆိုတဲ့ အတိုင်း အမေနဲ့အတူ လောကဓံခံနိုင်မယ့်သားတွေကို ကြိုနေပါတယ်။ အမေစုလောက် ကိုယ်ကျိုးစွန့် အနစ်နာခံနေတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်လုံးနောက်မှာ ကျွန်မတို့က ဘာတွေကိုမက်နေရဦးမှာလည်း။ ကိုယ့်မြန်မာ လူငယ်မျိုးဆက်သစ်တွေ ကမ္ဘာမှာ မျက်နှာမငယ်ရအောင် ယခုမျိုးဆက်တွေက အနာခံပြီးလုပ်ကြရမယ့်အချိန်ပါ။ အနာခံနိုင်သူတွေသာပြန်လာကြပါ။ အမေရိကန်လိုနိုင်ငံကြီး မှာတောင် ပြည်သူတွေက JFK လို့အတိုကောက်ခေါ်တဲ့
သမ္မတ John F Kennedy သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆို ခဲ့စဉ်က သူ့တိုင်းသူပြည်သားတွေကို "Not ask what your country can do for you. Ask what can you do for your country". ဆိုပြီး တိုင်းပြည်ကနေ ငါတို့ကို ဘာတွေ လုပ်ပေးမှာလဲ မမျှော်လင့်ကြပါနဲ့ ငါတို့က ငါတို့နိုင်ငံကို ဘာတွေလုပ်ပေးနိုင်မှာလဲလို့ ကိုယ့်ကိုကိုယ်မေးပြီး အတူတူ တိုင်းပြည်ထူထောင်ကြဖို့ သမိုင်းဝင်မိန့်ခွန်းပြောခဲ့တာပါ။ အခု အချိန်က အဆိုပါ စာသားအတိုင်း ကွက်တိဖြစ်နေ ချိန်ပါ။ နိမ့်ကျနေတဲ့ အမေ (မြန်မာပြည်သူ/သားများ) နဲ့အတူ လောကဓံတွေ ကြံ့ကြံ့ခံရင်း ဒို့အားလုံးရဲ့ အိမ် (မြန်မာပြည်) ကြီးကို တတ်စွမ်းသမျှ ပြန်လည် တည်ဆောက် ကြဖို့ အမေသင်ပေးထားတဲ့ (မြန်မာပြည် မှ ဆရာဝန် အင်ဂျင်နီယာများအပါအ၀င်) ပညာတွေနဲ့ ကမ္ဘာမှာ သူများတွေအကျိုး သည်ပိုးပေးရင်း တင့် တယ်နေကြ တဲ့ ညီအစ်ကို မောင်နှများကို မိမိကိုယ်ကို မိမိ အကြိမ်ကြိမ် ပြန်လှန်သုံးသပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကြုံလို့ ပြောလိုက်ဦးမယ်။ John F kennedy ရဲ့ မိန့်ခွန်းထဲကစကားဗျာ.. "Ask not what your country can do for you,but what you can do for your country" တဲ့ဗျာ မှတ်သားလောက်ပါရဲ့။ဗိုလ်ချုပ်အောင်ဆန်းတို့များ အဲဒီလို ဘာရမလဲ ဘာတာဝန်ယူနိုင်မှာလဲ ဆိုတဲ့မေးခွန်းတွေနဲ့ သာဆိုရင် တို့များလွတ်လပ် ရေးဘယ်ဆီနေမှန်းတောင် သိမှာမဟုတ်ဘူး ကွယ်ရို့
သူငယ်ချင်းတို့ ကွန့်မင့်တွေကို ဖတ်ရတာ အားရတယ် ကျနော်ကိုတိုင်လည်း နိုင်ငံရေးလှုပ်ရှားမှုကနေ ပြည်ပကို မထင်မှတ်ပဲရောက်နေတာ သူများနိုင်ငံသားတောင်မခံယူဘူး ကိုယ်တိုင်းပြည်ကို ချစ်လို့ တချိန်မှာ အလုပ်အြေ့ကွးပြုဘို့ပဲ ဘက်ပေါင်းစုံက နိမ့်ကျနေတဲ့ပြည်သူတွေကို အလုပ်အကြွေးပြုချင်တယ် အနိမ့် ဆုံးကျန်းမာရေးပညာပေး လုပ်ငန်းကို ကောင်းမွန်စွာ လုပ်ပေးနိုင်တယ် ပြန်ဖို့လည်းဆုံးဖြတ်ထားတယ် ဒါပေမဲ့သမတ က ခေါ်တယ်ဆိုတာ ထင်သာမြင်သာမရှိဘူး ပြောသင့်တာက အားလုံးပြန်လာပါ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါတယ်ဆိုတာမျိုးပါ ကျနော်ပြောရဲပါတယ် ပြည်ပရောက်နေတဲ့ မြန်မာတွေ အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှုနဲ့ ရောက်နေတဲ့သူတွေမှာ အတတ်ပညာ အသိပညာတွေကိုယ်စီရှိပါတယ် အားလုံးလဲ ကိုယ်တိုင်းပြည်ကို ပြန်ချင်ပါတယ် အဲဒါသေချာတဲ့အချက်ပါ ကျနော်တို့ဟာ သူများနိုင်ငံမှာ အဆင့်အတန်းမြင့်မြင့်နေရလေ ကိုယ့်တိုင်းပြည်ကို သူတို့လို့ဖြစ်စေချင်လေလေပါ အဲဒီအတွက်လဲအခုလို ပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ချင်တာပါ ဒါပေမဲ့တိကျတဲ့မူများနဲ့ ခေါ်ပါ သေချာပါတယ် ပြန်လာကြမှာပါ ဘယ်လိုဆက်သွယ်ပါ ဘာတွေလိုအပ်သလဲ အစိုးရက ဘာတွေကူညီမလဲ အဲဒီလိုလုပ်စေချင်ပါတယ်ဗျာ အခုလိုခေါ်တာကျေးဇူးတင်တယ် ခင်ညွန်လက်ထက်ကတော့ လက်လွတ်စံပယ် ပြောခဲ့ပါတယ် ပြည်ပကိုသွားသူတွေဟာ ကိုယ့်တိုင်းပြည်ကိုမချစ်လို့သွားတာလို့ပြောခဲ့ပါတယ် အခုသမတ က ပြန်ခေါ်တယ် လေစားပါတယ်။ကျနောသိတာကတော့ နိုင်ငံကူးလက်မှတ်နဲ့ထွက်လာသူတွေကိုတော့ အထုးပြန်ခေါ်စရာမလိုပါဘူး သူတို့က မလာချင်လို့မလာတာဖြစ်မယ် ပြန်ချင်ရင်အချိန်မရွေူးပြန်လို့ရတဲ့သူတွေပါ ကျနော်တို့လို နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ရောက်ခဲ့တဲ့သူတွေကို ခေါ်တယ်လို့မြင်ပါတယ် အဲဒီလိုဆိုရင်လဲ ပေါ်ပေါ်ထင်ထင်သာလုပ် လုပ်လိုက်စမ်းပါ သမတ ကြီးခင်ဗျာ အောင်မြင်ပါလိမ့်မယ်
အထက်က Linn ဆိုသူပြောသလိုပဲ သမ္မတကြီး ကဖိတ်ခေါ်တယ်ဆိုပေမယ့် အကူအညီတောင်းနေတယ်လို ခံစားမိပါတယ်။ ပြည်တွင်းမှာလဲ တကယ်တော်တဲ့ သူတွေရှိပေမယ့် တကယ်တန်း နိင်ငံတကာနဲ့ ရှင်ပြီးအလုပ်လုပ် လာပြီဆိုရင် နိင်ငံတကာရဲ့ Standard Protocol တွေနဲ့ ကျွမ်းဝင်ပြီးသူတွေနဲ့ စလုပ်မှ ပိုပြီးထိရောက်ပြီး မှန်မှန်ကန်ကန် လုပ်နှိုင်မှာပါ။ အဲဒီလိုတဖြေးဖြေး နဲပြည်တွင်း ကပညာရှင်တွေနဲ့ Knowledge Sharing လုပ် ပြီး နောက်ပိုင်းမှာ အရည်အချင်းရှိတဲ့ ပြည်တွင်းပညာရှင်တွေကို တဖြေးဖြေး မွေးထုတ်ပေးရမှာပါ။ ဒီလို အချိန်မှာ စမ်းတဝါးဝါး နဲသွားပြီး နိင်ငံတကာက လုပ်ငန်းရှင်တွေနဲ့ သွားလုပ်ရင် ကိုဘက်က ခံရဖို့ သေချာပါတယ်။
ပြည်တွင်းကလူတွေတောင် လုပ်စားစရာမရှိတာကိုများ။
ဖိတ်ခေါ်တာ ပဲဗျာ အတင်းပြန်လာခိုင်းတာမှ မဟုတ်တာ ပြည်ပကလူတွေ ရွှေးချယ်ခွင့်ရှိတာပဲ ပြန်နိုင်ရင်ပြန် လုပ်ကိုင်စားသောက်ချင်ရင်လဲ နည်းလမ်ရှာကြပေါ့ ကိုယ်ကတော့ ကိုယ့်တိုင်းပြည် ဘယ်လို တိုးတက်အောင် လုပ်မလဲမစဉ်းစားပဲ ပြန်ရင် ဘာအခွင့် အရေးရမလဲ ပဲမေးနေကြတယ် မရှက်ကြဘူးလား? ပြည်ပမှာနေတာကြာလို့ သူများပေးတာယူ ကြွေးတာစားပြီ ကျွန် စိတ် အရိုးစွဲနေပြီ ထင်တယ်။ ခင်ဗျားတို့အစားရှက်တယ် ကိုယ်ကိုတိုင် တိုင်းပြည်အတွက် လုပ်မပေးချင်ရင်ပဲနဲ့ အင်တာနက် သီတင်းလေး ပုံမှန်ဖတ် ပြီး ဆရာကြီးတွေ လုပ်မနေပါနဲ့ ။ လုပ်ချင်စိတ်ရှိရင် ဘယ်လိုလုပ်လို့ ရနိုင်လဲ စဉ်းစားပြီး ကြိုးစားကြပေါ့ဗျာ။
သမ္မတကြီးက ဒီလိုဖိတ်ခေါ်တာက ကောင်းပါတယ်
ဆိုးဝါးနေတာက လက်ရှိအချိန် သမ္မတကြီး သတိမထားမိသေးဘူးထင်တယ်
ဘာဖြစ်လို့လဲဆိုတော့ ဒူးနေရာဒူး ခေါင်းနေရာခေါင်း ခန့်အပ်တာဝန်ပေးထား
ထားတာ မဟုတ်တော့ အလွှဲကြီးပဲလေ၊
အဲဒါကို ခေါင်းနေရော ခေါင်း တည့်အောင်ထားပြီးမှ ဆက်လက်လုပ်ကိုင် သင့်
ပါတယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်သူတွေ လူတော်တွေရှိသလို
ပြည်တွင်းမှာလည်း တော်တဲ့သူတွေများကြီးရှိပါတယ်
သူတို့တွေနဲ့ ပြည်တွင်းတော်တဲ့သူတွေကိုလည်း သူ့နေရာနဲ့သူ တည့်အောင်
တာဝန်ထမ်းဆောင်မှသာ တိုးတက်မှာပါ အဲဒါကို စဉ်စားသင့်ပါတယ်
ဥပမာ စစ်ရေးမကျွမ်းတဲ့သူ ပညာရှင်တွေကို စစ်တပ်မှာ ခေါင်းဆောင်
ထားရင် အားလုံး ကျဆုံးကုန်မှာပေါ့ အဲဒီလိုဘဲ အရပ်ပညာရှင်ဌာနတွေမှာ
မှာလည်းဒီအတိုင်းပါဘဲ စစ်တပ်ကလူတွေထားတော့ စစ်တိုက်တာဘဲသိမှာ
ပေါ့ သက်ဆိုင်ရာ နည်းပညာဘယ်သိမှာလည်း သိချင်ယောင်ဆောင်ပြီး
လုပ်ပိုင်ခွင့်အတိုင်းလုပ်နေတာ ဘယ်လိုတိုးတက်မှာလည်း
ဆုတ်ယုတ်သထက်ဆုတ်ယုတ်သာဘဲရှိတယ်
အဲဒါကို အရင်တည့်အောင်ပြုပြင်သင့်ပါတယ်
ခုကွန်မန့် ရေးနေတဲ့ ပြည်ပရောက် ကျွန်တွေသာ ပြန်လာလို့ကတော့ မြန်မာပြည် ကျွန်ဘဝပြန်ရောက်မှာပဲ။ စိတ်ဓာတ်တွေက အောင်တန်းကျလိုက်ကြတာ
လူ ရဲ့ သဘော သဘာဝ ဆိုတာ ဘယ်လိုမှ ဖုန်းကွယ်လို့မရပါဘူး။ ပြည်ပ ကို ဘာကြောင့် ထွက်လဲ ဆိုတာ အရင်မေးကြည့်ပါ။ တချိန်က တရုတ်ပြည် ကပညာရှင်တွေ ကို ပြန်ခေါ်တာ တာလဲ ဘာပေးမယ်မယ်ဆိုပြီး မက်လုံးပေးခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ အတိုင်းအတာနဲ့ သူပဲ တိုးတက်အောင်လုပ်ကြတာပါ။ တချိန်ကျရင်တော့ ပြန်မှာပါ။ ဘာပေးမှ ဆိုတာထက် တိုင်းပြည်မှာ ပါဝင်ခွင့် ရမဲ့ နေရာကနေ နောင် အနာဂတ် မြန်မာနိုင်ငံ သားတွေ ကိုယ်တွေ လို မခံစားရအောင်ဆိုတဲ့ စာနာစိတ်ကလေးနဲ့ပါ။။။
လူ ရဲ့ သဘော သဘာဝ ဆိုတာ ဘယ်လိုမှ ဖုန်းကွယ်လို့မရပါဘူး။ ပြည်ပ ကို ဘာကြောင့် ထွက်လဲ ဆိုတာ အရင်မေးကြည့်ပါ။ တချိန်က တရုတ်ပြည် ကပညာရှင်တွေ ကို ပြန်ခေါ်တာ တာလဲ ဘာပေးမယ်မယ်ဆိုပြီး မက်လုံးပေးခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ အတိုင်းအတာနဲ့ သူပဲ တိုးတက်အောင်လုပ်ကြတာပါ။ တချိန်ကျရင်တော့ ပြန်မှာပါ။ ဘာပေးမှ ဆိုတာထက် တိုင်းပြည်မှာ ပါဝင်ခွင့် ရမဲ့ နေရာကနေ နောင် အနာဂတ် မြန်မာနိုင်ငံ သားတွေ ကိုယ်တွေ လို မခံစားရအောင်ဆိုတဲ့ စာနာစိတ်ကလေးနဲ့ပါ။။။
ပေါ်ရောက်ပြီးတာ လူတွေ တွင်းနက် ကြီးထဲကို မဆင်းကြပါနဲ့ တွင်းနက်ကြီးထဲမှာ စိန်၊ရွှေ ရှိတယ်ဆိုရင်တောင်မှ မပိုင်မဆိုင်ရတဲ့ဘ၀ တွေပါ။တကယ်တမ်းလက်တွေ့ ဘ၀ ကြတော့ အနှိမ့်စက်ခံ နေရပါတယ်။ ဘာအခွင့်အရေးမှမရှိဘူး။ ဘာ အာမခံချက်မှ မရှိဘူး။
ကျွန်တော် ရန်ကုန်လေဆိပ် အပေါက်မှာ မျိုးကြီးရဲ့ သီချင်းကို နေတိုင်းအော်ဆိုနေမယ် ဖမ်းချင်လဲဖမ်း ပစေတော့။
---------------------မလာပါနဲ့--------------------ငါလျှောက်မယ် ဘ၀ခရီးကြမ်းထဲ--------ကြုံတွေ့မယ် အခက်အခဲ ဒုက္ခ ကျောက်ဆောင် ---မင်းရင်ဆိုင်ဖို့ခက်မယ်------------------
Linn နဲ့ ခင်မျိုးချစ် ရေးထားတာကို သဘောကျမိပါတယ်။ ဒါပေမယ့် သူတို့ တွေပြောတာဟာ နိုင်ငံခြားကို နှစ်လရှည်ရောက်နေတဲ့ ပစ္စည်းဥစ္စာ စုဆောင်းမိထားတဲ့ ပညာတတ်တွေအတွက် မှန်ပေမယ့် အိမ်ပေါင်မြေပေါင် ပြီး နိုင်ငံခြားသွားလုပ် ကြွေးဆပ်နေရတဲ့ လူတွေအတွက်ကတော့ သူတို့ အပြင်မှာရနေတဲ့ လုပ်ခကြေး လောက်ရအောင် နိုင်ငံအတွင်းမှာ ဖန်တီးမပေးနိုင်ရင် မလာနိင်ပါဖူး။ နိုင်ငံကို ချစ်ပေမယ့်လည်း ကိုယ့်မိသားစုနေထိုင်စားနိုင်အောင် ရှာရမှာက ပထမပါ။ အဓိက ကတော့ နိုင်ငံခြားသွားလုပ်နေရတဲ့ လူတွေ ဝင်လာချင်အောင် ရေခံမြေခံ ဖန်တီးပေးထားနိုင်ဖို့ လိုပါတယ်။ Pull factor ကောင်းလို့ကတော့ လာပါ လာပါ နဲ့ ခေါ်စရာ မလို ပါဖူး။ သူ့အလိုလိုကို ဝင်လာကြမှာပါ။
COMMENT ရေးသူတိုင်းတွင်မိမိ၏ထင်မြင်မှုကိုလွတ်လပ်စွာရေးသားခွင့်ရှီသည်ဆိုငြားလည်းမိမိရေးလိုက်သည့်စာစုအတွက်တန်ဘိုးတခုဖြစ်လာစေလိုသောအရင်းခံစိတ်ဖြင့်ရေးသားကြမည်ဆိုပါကပိုမိုတောက်ပသောအနာဂတ်နိုင်ငံတော်ကိုဝိုင်းဝန်းတည်ဆောက်သူတစ်ယောက်အဖြစ်ဂုဏ်ယူရေးသားနိုင်စေရန်တိုက်တွန်းလိုပါသည်။
ဖြစ်သင့်တာပြန်ချင်သူတွေကိုသက်ဆိုင်ရာသံရုံးတွေမှာစာရင်းကောက်(လက်ရှိအလုပ်အကိုင်နဲ့ကျွမ်းကျင်မှု့)မြန်မာပြည်သက်ဆိုင်ရာလုပ်ငန်းခွင်တနေရာပေး၊ဒါဆို ကြိုက်တဲ့သူပြန်၊ဒီလိုဖြစ်သင့်တာ။သံရုံးမှာစာရင်းကောက်ရင်တောင်သံရုံးကိုအ ဆက်အသွယ်အမျိုးမျိုးနဲ့ရောက်လာကြတဲ့(ပြည်သူ့လစာစားပြီးပြည်သူတွေကိုရစရာမရှိအောင်ရိုင်းနေတဲ့)တချို့သောသံရုံးဝန်ထမ်းတွေကိုအရင်ထိန်းပေးပါအုံးသမ္မတကြီး။
ူlinn.. ရဲ့ ကွန်မန့်ကိုကြိုက်တယ်.. အပြည့်အ၀ သဘောတူပါတယ်.. တကယ့် အမှန်တရား၊ အရှိတရားတွေ ရေးထားတာ..
ကျွန်တော်လည်း "linn"ရဲ့ ကွန်မန့်ကိုကြိုက်တယ်။
linn နဲ့ ခင်မျိုးချစ် တို့ရဲ့ comment တွေကိုထောက်ခံပါတယ်။ မြန်မာနိုင်ငံကအခုမှပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတုန်းပဲရှိပါသေးတယ်။ ပြည်သူတွေဖက်က ရပ်တည်ပြီး လုပ်ပေးခဲ့လို့ မတရားလိုက်ဖမ်းလို့ မလွှဲမရှောင်သာထွက်သွားရတဲ့သူတွေရှိပါတယ်။
အဓိကပြောချင်တာကတော့ဒီမိုကရေစီအရေးအခင်း၊ ကုန်ဈေးနှုန်းနှင့်လောင်စာဆီဈေးနှုန်းလျော့ကျရေး နှင့် ရွှေဝါရောင်တော်လှန်ရေး တုန်းကပြေးခဲ့ရတဲ့သူတွေ ပြန်လာစေချင်ပါတယ်။အဲဒီထဲမှာ နိုင်ငံခြား အတွေ့အကြုံ နည်းပညာတွေတော်တော်ရှိနေတဲ့သူတွေရှိပါတယ်။ အားလုံးကိုပြန်လာစေချင်ပါတယ်။ ဒီမှာမပြေးဘဲအဖမ်းခံပြီး ဆက်လှုပ်ရှားတဲ့သူတွေနဲ့ ပြန်တွဲပြီးလုပ်စေချင်ပါတယ်။ တောင်းမယ့်သူထက် ပေးဆပ်နိုင်မယ့်သူတွေကိုလိုအပ်နေပါတယ်။
ဖိတ်ခေါ်တယ်ဆိုပေမဲ့ တစ်ကယ်တော့ အကူအညီတောင်းတယ်လို့ခံစားမိပါတယ်။ (Linn's Comment)
Comments တွေက မိမိထင်မြင်ချက်တွေကိုဖော်ပြသလို သူများ တွေက ကိုယ့်ကိုမြင်တဲ့တန်ဘိုးလည်းဖြစ်ပါတယ်။ (ခင်မျိုးချစ် comment)
linn နဲ့ ခင်မျိုးချစ် တို့ရဲ့ comment တွေကိုကြိုက်လွန်းလို့ပါ။ ဟုတ်ပါတယ် comment ကိုဖတ်ပြီးသွားရင် အဲဒီလူရဲ့သဘောထား ခံယူချက် ကိုသိလိုက်ရသလိုပါပဲ။ စကားထဲကဇာတိပြ ဆိုတဲ့စကားလေးကိုသတိရမိပါတယ်။
သမ္မတကြီး ဖိတ်ခေါ်နေတာလည်း ကမ္ဘာအနှံ့မှာရောက်ရှိနေကြ တဲ့ တတ်သိပညာရှင်များကို ဆိုလိုတယ်လို့ နားလည်မိပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံ အတွက်ကော နိုင်ငံသားများအတွက် ပါ တကယ့် အလှည့်အပြောင်း အချိုးအကွေ့ ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အိမ်ရောင်း မြေရောင်း ရှိသမျှရင်းနှီးပြီး အပြင်ထွက် ပြီး အခြေခံ အလုပ်တွေ လုပ်ကြရတဲ့ ဘ၀တွေကိုမြှင့်တင်ပေးကြ ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ပညာတတ်လူငယ်များအားလုံး ကမ္ဘာ့ အပြင်ကိုထွက် ကြည့်ကြရပါမယ်။ ထွက်ကြည့်သင့်ပါတယ်။ သူများနိုင်ငံတွေ ဘယ်လိုအလုပ်လုပ်နေလဲ စာတွေဘယ်လိုကြိုးစားသင် ယူနေကြလဲ သူများနိုင်ငံတွေက စနစ်တွေက ဘယ်လိုကောင်း သလဲ စသည်ဖြင့်အတုယူ လေ့လာ။ သူများနဲ့ယှဉ်ပြိုင်ပြီး စာတွေသင်ကြ သူများတွေလို လစာမြင့် အလုပ်တွေကို ကမ္ဘာမှာ ရေရှည်မှာ ယှဉ်ပြိုင်လုပ်နိုင်ကြဖို့ ယခု လက်ရှိ မျိုးဆက်များက အနစ်နာခံပေး ကြဖို့ဖြစ်ပါတယ်။ ရေရှည် မှာ မြန်မာ့ကလေးတွေ ကမ္ဘာမှာ ထွက်စာသင်ကြ ကမ္ဘာမှာ ရင်ဘောင်တန်းပြီး အလုပ်လုပ်ကြ အတွေ့အကြုံ ငွေကြေး စတာတွေစုဆောင်းမိပြီး အချိန်အတိုင်းအတာ တစ်ခု ကြာသွားပြီးရင် ကိုယ့်အမိနိုင်ငံကိုပြန်လုပ်ကြွေးကြဆိုတာမျိုး မျှော်လင့်တာပါ။ Globalization လို့ခေါ်တဲ့ ကမ္ဘာ့ရွာ ခေတ်ကြီးမှာ နိုင်ငံခြားတွေ မသွားရဘူး ကိုယ့်တိုင်းပြည်မှာပဲ နေရမယ် လို့မဆိုလို ပါဘူး။ အခုက နှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေကြောင့် အစစအရာရာ နောက်ကျနေခဲ့တဲ့ တိုင်းပြည်ကြီး ပြန်တည်ထောင်ရမယ့် ကာလဖြစ်နေလို့ ကိုယ့်တိုင်းသူပြည်သားတွေ လုပ်နိုင်ကိုင်နိုင်အရည် အချင်းရှိသူတွေကမှ မသိချင်ယောင် ဆောင်နေရင် ဆင်းရဲတဲ့မိဘကိုပြစ်ထားတဲ့ သားသမီးတွေနဲ့ အလားသဏ္ဍာန်တူနေပါလိမ့်မယ်။ နိုင်ငံရေးသမားတွေက နိုင်ငံရေးလုပ်ကြ နိုင်ငံရေးလုပ်ဖို့ ၀ါသနာမပါသူတွေက ဖွံ့ဖြိုးရေးတွေလုပ်ကြ သနားစရာ မြန်မာပြည်သူလူထုကို တတ်နိုင်သလောက် ဖြည့်ဆည်း လုပ်ကြွေးကြ ဆိုရင် အခုလောလော ဆယ် ဆင်းရဲနေတဲ့ အိမ်တစ်အိမ်မှာ မောင်နှမတွေ တက်ညီလက်ညီ ကျရာအခန်းက အလုပ်လုပ်ကြမယ်ဆိုရင် အနာဂါတ်မျိုးဆက်တွေအတွက် တောက်ပြောင်တဲ့ ကြွယ်ဝချမ်းသာတဲ့ ဂုဏ်သိက္ခာရှိတဲ့ ထည်ထည်ဝါ၀ါ မိသားစုတစ်စု ကိုတည်ဆောက်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။
အင်း..ပြည်ပရောက် ရွှေမြန်မာအများစုက ပြည်တွင်းမှာ အလုပ်တွေမရှိဆိုပဲ။မကြီးစန်းတို့ လောက်တောင် အဖြစ်မရှိကြပါလား။ ဘယ်သူနဲ့ မှ မပါတ်သက်ပဲ ချမ်းသာနေတဲ့ လုပ်ငန်းရှင်တွေ ပြည်တွင်းမှာ အများကြီးပါ။ ကိုယ့်ဟာကို အဖြစ်မရှိတာကို တိုင်းပြည်ကို လွှဲချချင်နေကြတယ်။ than ပြောသလိုပါပဲ...ကျေးဇူးပြုပြီးတော့ ပြန်မလာကြပါနဲ့ ။
comment တွေဖတ်ရတာတကယ်ဗဟုသုတရပါတယ်။ ကျွန်တော်တခုလောက်ဆွေးနွေးပါရစေခင်ဗျာ။ ကျွန်တော်က မိဘနှစ်ပါးနိုင်ငံခြားမှာ အလုပ်လုပ်ပြီးစုဆောင်းထားတဲ့ငွေ နဲ့ နိုင်ငံခြားတက္ကသိုလ်တခုမှမဟာဘွဲ့ရရှိပြီး လက်ရှိထိုနိုင်ငံမှာပဲ တတ်ထားတဲ့ပညာနဲ့ လျော်ညီတဲ့ အလုပ်တခုဆက်လုပ်ရင်း မိဘကျေးဇူးကိုပြန်လည် ဆပ်နေတဲ့သူ ဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာပြည် ကိုလဲ အရမ်းချစ်ပြီး အရမ်းပြန်လာချင်တဲ့သူ တယောက်လဲ ဖြစ်ပါ တယ်။ ခုဆိုရင်သမ္မတကြီးကလဲပြန်လည်ခေါ်ယူနေပြီဖြစ်လို့ တကယ့်ကိုပြန်လာချင်စိတ်ပြင်းပြနေပါတယ်။ ကျွန်တော် လခကိုလဲ ဒီနိုင်ငံလောက်မတောင်းဆိုပါဘူး။ ကျွန်တော်တို့ နိုင်ငံကဆင်းရဲတယ်ဆိုတာနားလည်ထား ပါတယ်။ ကျွန်တော့်တကိုယ်စာ စားလောက်ရုံဆို ကျေနပ် ပါတယ်။ မိဘကျေးဇူးကိုနောက်ထားလို့ နိုင်ငံတော်ကို လုပ်ကျွေးပါ့မယ်။ ဘယ်သူဘယ်ဝါတွေအလုပ်မရသေးလို့ ဘယ်သူတွေပြန်မလာသေးလို့ ဘာ Facilities/ benefit တွေ မရှိသေးလို့ဆိုတာမျိုးလဲ မစဉ်းစားပါဘူးခင်ဗျာ။ တစ်ခုတော့ရှိပါတယ်။ ကျွန်တော့် အရည်အချင်း နဲ့ မကိုက်ညီတဲ့အလုပ်မျိုး၊ ကပ်ဖား စီးပွါးရေးသမားရဲ့ ၀န်ထမ်းမျိုး၊ ၁၀တန်းတောင်မအောင်တဲ့ စစ်သားနဲ့ အပေါင်းအပါများရဲ့ လက်အောက်မှာမျိုးတော့ မလုပ်ချင်ပါဘူး။ နောက်တခုက ကျွန်တော်ခုပြန်လာရင် ဘယ်သူ့ဆီမှာများ ဖော်ပြပါအချက်များ နဲ့ သွေဖီတဲ့အလုပ်ကိုလျှောက်ထားရမှာပါလဲ? ပြန်ခေါ်တဲ့ သမ္မတကြီးဆီမှာ Application သွားတင်ရမှာပါလား? အလုပ်မရခင်စပ်ကြား နေထိုင်စားသောက်ဖို့ကို ကိုယ့်တာဝန် ကိုယ်ယူပါတယ်။ ဘယ်သူ့ဆီကိုမှ တောင်းဆိုမှာမဟုတ်ပါဘူး။ အဲဒီအချိန်တွင်းမှာ ကျွန်တော်တတ်ထားတဲ့ ပညာရပ် များကို ပြန်လည်ဖြန့်ဖြူးချင်လို့ လုပ်အားပေးဆရာ အဖြစ်သော်လည်းကောင်း၊ Seminar/workshop များလုပ်ပေး၍သော်လည်းကောင်း ငွေကြေးတစုံတရာ ရယူခြင်းမရှိဘဲ လူငယ်များအတွက် အကျိုးပြုဖို့စဉ်းစား ထားပါတယ်။ အဲဒီအတွက်ရော ဘယ်သူ့ကိုဘယ်ကျောင်း ကိုများလျှောက်ထားပြီးကူညီရပါမလဲခင်ဗျာ။ သိရှိသူများကျေးဇူးပြုပြီး ကူညီဖြေပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်။
လေးစားစွာဖြင့်
အထက်က ကိုထက်ကိုအတိုင်းပါဘဲခင်ဗျား။ NTU တွင် signal processing ဖြင့် M.E ဘွဲ့ရခဲ့ပါသည်။AMD တွင် software
test engineer ဖြင့်အလုပ်ရပါသည်။မြန်မာနိုင်ငံပြန်လာပါက
ဘယ်နေရာတွင်ထားသုံးပါမည်လဲခင်ဗျား။ကိုက်ညီမှု့ရှိသော အလုပ်ရှိပါက
မြန်မာနိုင်ငံတွင်းသာနေထိုင်လိုပါသည်။လခထက် အလုပ်အကိုင်အခွင့်အလမ်း
များသာဖန်တီးပေးပါက မြန်မာနိုင်ငံတွင်းတွင်သာ လုပ်ကိုင်လိုသောဆန္ဒ အပြည့်
ရှိသော မြန်မာများနိုင်ငံသား အများအပြားရှိကြောင်းပါ သမ္မတကြီးခင်ဗျား။
Post a Comment