ဦးမြင့်၏ ‘အိတ်ဖွင့်ပေးစာ’ သမ္မတရုံး သဘောထားမဟုတ်ဟု အကြံပေးအဖွဲ့ ရှင်းလင်း

သမ္မတကြီး ဦးသိန်းစိန်၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်၏ “ပြည်သူသို့ အိတ်ဖွင့်ပေးစာ”မှာ သမ္မတရုံး၏ သဘောထားကို ထင်ဟပ်ခြင်း မရှိကြောင်း သမ္မတအကြံပေးဖွဲ့က သတင်းစာ ရှင်းလင်းပွဲတခုလုပ်၍ ကြာသပတေးနေ့ နံနက်ပိုင်းက ပြောဆိုလိုက်သည်။

ဒေါက်တာဦးမြင့်၏ မေလ ၁၉ ရက်နေ့ ရက်စွဲပါ “ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ”နှင့် ပတ်သက်၍ ဖြေရှင်းရန်အတွက် နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက် ညွှန်ကြားချက်အရ သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်၊ စီးပွားရေးအကြံပေး ဒေါက်တာနေဇင်လတ်၊ ဥပဒေ အကြံပေးများ ဖြစ်ကြသော ဦးစစ်မင်းနှင့် ဒေါ်ခင်မျိုးမြင့်တို့က ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ရှင်းလင်း
ပြောပြကြခြင်း ဖြစ်သည်။

အဆိုပါ အိတ်ဖွင့်ပေးစာမှာ ဦးမြင့်၏ ပုဂ္ဂလိက သဘောထားများသာ ဖြစ်ကြောင်း အကြံပေးအဖွဲ့က ရှင်းပြခဲ့သည်ဟု ကိုယ်တိုင် သတင်းတက်ရောက်ယူခဲ့သည့် မဇ္ဈိမ သတင်းထောက်က ပြောသည်။
presidentgroup2
နိုင်ငံတော် သမ္မတအကြံပေးအဖွဲ့ဝင်များနှင့် မီဒီယာသမားများကို ရန်ကုန်မြို့ ချင်းတွင်းလမ်းရှိ နိုင်ငံတော် သမ္မတအကြံပေးအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ)

“ဒီစာဟာ ဦးမြင့်ရဲ့ ပုဂ္ဂလိက ဆန္ဒအရ ရေးတာပါ။ နိုင်ငံတော်သမ္မတ အကြံပေးရုံးအနေနဲ့ ကြိုတင်လည်း မသိဘူး၊ သဘောထားလည်း ထင်ဟပ်ခြင်းမရှိဘူး။ ဒါပေမယ့် ဦးမြင့်သည် သမ္မတအကြံပေး ဖြစ်နေသည့်အတွက် အကြံပေး အဖွဲ့ကို ထိခိုက်နိုင်တဲ့သဘောမျိုး။ ဦးမြင့် အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး နားလည်မှု အယူကောက်လွဲမှာစိုးလို့ပေါ့။ ဒီကိစ္စဟာ မူဝါဒရေးရာပိုင်းမှာ အရေးပါပြီးတော့ Sensitive ဖြစ်တဲ့အတွက် အထင်လွဲမှာစိုးလို့ ပြန်လည် ဖြေရှင်းတာပါ လို့ ပြောသွားပါတယ်” ဟု သတင်းထောက် လင်းဘိုဘို က ပြောသည်။

ရန်ကုန်မြို့“နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံး”တွင် ပြုလုပ်ခဲ့သည့် ထိုရှင်းလင်းပွဲတွင် သမ္မတ၏ နိုင်ငံရေးအကြံပေး  ဦးကိုကိုလှိုင် ကသာ အများဆုံး ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေသည့် ထိုအိတ်ဖွင့်ပေးစာတွင် “ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေးအတွက် အဆိုပြုပါတယ်” ဟု ဦးမြင့်က ရေးသားသည်။

ထိုသို့ ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်သိက္ခာ ပြန်လည်မြင့်မားရေးအတွက် ကျောင်းသားသမဂ္ဂ အဆောက်အဦး
ပြန်လည် တည်ဆောက်ရေးအတွက် ၁၉၈၈ ခုနှစ် မဆလ နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်၏ ပြည်သူအား
ပေးခဲ့သည့် ကတိကိုလည်း ဦးမြင့်က ထောက်ပြထားသည်။

၂၃ ပိုဒ်ရှိ ဦးမြင့်၏ စာပါ ပညာရေးတိုးတက်မြင့်မားရေး အခြားအဆိုပြုချက်များနှင့် ပတ်သက်၍လည်း သမ္မတအကြံပေး အဖွဲ့က ပြန်လည်ရှင်းလင်းသွားခဲ့ကြောင်း မဇ္ဈိမ သတင်းထောက်က ပြောသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်နေတာတွေ ရှင်းပြပါတယ်။ အိန္ဒိယနိုင်ငံကနေ အိုင်တီတက္ကသိုလ်တခု ဖွင့်လှစ်ပေးဖို့ သဘော တူညီထားတယ်။ မန္တလေးကနေ စစ်ကိုင်းကို ပြောင်းထားတဲ့ တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နေရာမှာ အဲဒီတက္ကသိုလ်ကို ဖွင့်မယ်။ ၂ဝ၁၃ မှာ စဖွင့်ဖို့ စီစဉ်နေတယ်။ မြန်မာပြည်က ဆရာတွေ well trained ဖြစ်ပြီးသွားရင်၊ လွှဲပြောင်းပေးမယ်ပေါ့။ တခြားစီမံကိန်းတွေ လည်း ပြောပြပါတယ်။ အားကစားကိစ္စ ဆိုရင်လည်း ဆီးဂိမ်းကိစ္စ ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါတယ်။ စသဖြင့် ပြောသွား ပါတယ်” ဟု လင်းဘိုဘို က ပြောသည်။

ဦးမြင့်က “ရန်ကုန်တက္ကသိုလ်အား ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်” ဧရာဝတီကို ကာကွယ်ရန်အတွက်လည်း စည်းလုံးသည့် ပြည်သူ့အင်အားနှင့် အစိုးရ၏ လူထုဆန္ဒကို လေးစားမှုကြောင့် ကောင်းမွန်သော ရလဒ်များ ရရှိနိုင်ခဲ့ကြောင်း ရေးသားထားသည်။

သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ ဦးမြင့်၏ တုန့်ပြန်ချက်အား သိရှိနိုင်ရန် မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဦးမြင့်မှာ နေပြည်တော်သို့ ခရီးလွန်နေ၍ ဆက်သွယ် မရခဲ့ပေ။

သုံးသပ်သူများ၏ အဆိုအရ ဦးမြင့်မှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သူဖြစ်၍ ယခုကဲ့သို့ အကြံပေးအဖွဲ့တွင်း သဘောကွဲလွဲမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ယူဆကြသည်။

ကိုပေါက်- နယူးဒေလီ (မဇ္ဈိမ) 
ဦးမြင့်၏ ‘အိတ်ဖွင့်ပေးစာ’ သမ္မတရုံး သဘောထားမဟုတ်ဟု အကြံပေးအဖွဲ့ ရှင်းလင်း ဦးမြင့်၏ ‘အိတ်ဖွင့်ပေးစာ’ သမ္မတရုံး သဘောထားမဟုတ်ဟု အကြံပေးအဖွဲ့ ရှင်းလင်း Reviewed by သစ်ထူးလွင် on 04:40 Rating: 5

19 comments:

minkaung said...

အကြံပေးအဖွဲ့သဘောထားကွဲလွဲနေပြီလား ကောင်းတဲ့
လက္ခဏာမဟုတ်ဘူးနော် စည်းစည်းလုံးလုံးနေကြပါ။
ဒေါ်စုဆီကအကြံဥာဏ်တောင်းခံကြပါ။ရှက်စရာမဟုတ်ဘူးနော် တိုင်ပြည်ကောင်းစားဖို့အမှန်တကယ်ဆန္ဒရှိတယ်ဆိုရင်ပေါ့
လူကြီးမင်းများထက်တော်တယ်ဆိုတာလက်ခံလိုက်ပါ။
ကမ္ဘာကတောင်လက်ခံထားတာပဲ။နေရာတကာကိုယ်လက်လှမ်းမမှီတာတွေရှိတယ်။အကြံပေးတချို့နေရာတကာယောင်ဝါးဝါးအကြံရှောက်မပေးပါနဲ့။ကျေးဇူးတင်ပါတယ်။

tharzaw said...

ဒီနေ့မနက် VOA သတင်းမှာ လျှပ်စစ်မီးကိစ္စနဲ့ပတ်သက်လို့ သမ္မတအကြံပေး
အဖွဲ့ဝင်ဦးကိုကိုလှိုင်ကိုမေးတဲ့အခါမှာ ၎င်းက ဂျပန်တို့လိုတိုးတက်ပြီး တခြား
နိုင်ငံတွေနဲ့နှိုင်းယှဉ်ကာ "ဖယောင်းတိုင်မီးထွန်းထားရင်
အကောင်းဆုံးပါပဲ"လို့ ပြောသွားတဲ့အကြောင်း ကြားသိရတယ်။
(စကားပြောတာက အဆင့်အတန်းမရှိသလိုဘဲ။)
ဒီတော့ ကျုပ်က ဦးကိုကိုလှိုင်နဲ့အခြားအစိုးရအရာရှိကြီးများအားလုံးကို
အကြံပြုချင်တယ်၊ "ခင်ဗျားတို့အိမ်တွေမှာ ပြည်သူတွေနဲ့ တပြေးညီ
ဦးစွာ ဖယောင်းတိုင်ထွန်းပါ၊ ဒါဆို ကျုပ်တို့ပြည်သူတွေလည်း
နောက်ကနေလိုက်ထွန်းရုံပေါ့၊ လက်ရေတစ်ပြင်တည်းလေ ရှင်းရှင်းလေးပဲ"။
ဘယ့်နှယ်ဗျာ ...
နိုင်ငံတော်ကြီးတိုးတက်အောင်လုပ်ကိုင်/ကြံဆောင်နေကြတယ်လည်းပြောသေး
ဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးမယ်၊ ဘယ်လိုလုပ်ဆောင်ပေးမယ်၊ ဘယ်လို
အစီအစဉ်တွေချမှတ်ပြီးအမြန်ဆုံးအကောင်အထည်ဖို့ကြိုးစားနေပါတယ်လို့မဆို။
ဒီလိုကလေးကလားစကားပြောထွက်တယ်။ သမ္မတအကြံပေးတဲ့။
ဦးကိုကိုလှိုင်..ဖယောင်းတိုင်နဲ့ စက်မှုနိုင်ငံတည်ထောင်လို့မရဘူးလေ
နောက်ပြီး ..ဖယောင်းတိုင် ဆိုတာကရော ဘယ်ကရတာလည်း။
ဘာနဲ့လုပ်တာလည်း။ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူရတယ်။
ခက်တယ်...ဒီလိုလူမျိုးတွေ သမ္မတအကြံပေးအဖွဲ့ထဲမှာရှိနေတော့
ပြည်သူတွေနဲ့ နိုင်ငံတော်နာတာပေါ့။

Ko Nyo Khant ( Mdy university.) said...

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်...နိုင်ငံတော်အကြံပေး တစ်ယောက်အနေနဲ့အဖွဲ့အစည်းနဲ့လုပ်ရတဲ့ကိစ္စမှာ...သူသဘောထားထင်မြင်ချက်တွေဘယ်လောက်ကောင်းနေပါစေ...ကန့်ကွက်တဲ့သူရှိနေရင်.သဲထဲ ရေသွန်ဖြစ်သွားပါမယ်...ဒီလိုလွတ်လွတ်လပ်လပ်...ထုတ်ဖော်ပြောဆိုနိုင်တဲ့..သတ္တိကိုဂုတ်ယူပါတယ်..ဆရာကြီးဦးမြင့်ခင်ဗျား...နောက်နောင်လည်း..ရဲရဲဝန့်ဝန့် တင်ပြအကြံပြုပေးစေလိုပါသည်ခင်ဗျား။မြန်မာနိုင်ငံဟာ..နိုင်ငံရေးသစ္စာဖောက်တွေကြောင့်...နိုင်ငံတော်ကောင်အောင်..ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုဆောင်ရွက်နေပါတယ်...အပြောကြီးကြပေမဲ့..မိမိကောင်းစားရေး..မိသားစုကောင်းစားရေး...မိမိအောက်ကလက်အောက်ငယ်သားတွေကြတော့(င)သုံးလုံးရှောင်ခိုင်ပြီး..အုပ်ချုပ်သွားတဲ့..နိုင်ငံရေးသစ္စာဖောက်တွေရှိနေသမျှကာလပတ်လုံး...နိုင်ငံတော်...နိုင်ငံသားအားလုံးမတိုးတက်မဖွံ့ဖြိုးနိုင်ပါခင်ဗျား............

myayeethway said...

သမ္မတအကြံပေး ဦးကိုကိုလှိုင် “ ဖယောင်းတိုင်မီးထွန်းထားရင်အကောင်းဆုံးပဲ ” ပြောသွားတာဟာ ဘာသဘောလဲ။ VOA ကကြားလိုက်ရတော့ တော်တော်လေး စိတ်ပျက်မိတယ်။

ထွန်းထွန်း မြန်မာပြည်သား said...

ကိုကိုလှိုင် ဆိုတဲ့ ကောင်ဘာကောင်လဲ ဘယ်ခြံပေါက်လဲ အဲဒီလိုကောင်တွေရှိနေတော့ တိုင်းပြည်ရဲ့ အမှိုက်ပေါ့

ngaba said...

ဦးမြင့်ရဲ့စာတမ်းကို တစ်နိုင်ငံလုံး သဘောကျကြတယ်။
ဦးကိုကိုလှိုင် ဒီလိုအောက်တန်းကျတဲ့ အပြုအမူမျိုး ပြုမူတာကို အံ့သြမိတယ်။
ဒီလူက အပြောသမားသက်သက်ပဲဆိုတာ အခုတော့ အသေအချာသိပြီ..။
သမ္မတရဲ့ အကြံပေးတွေအချင်းချင်း due to respect ရှိသင့်တယ်။
ဒါကို ဦးကိုကိုလှိုင်တို့ ချိုးဖေါက်လိုက်တာပဲ။

zaw said...

ဦးမြင့်ရဲ့စာကိုသေသေချာချာပြန်ဖတ်ပါ။သူရဲ့သဘောထားကိုအိတ်ဖွင်.ပေးစာအနေနဲ့ဖေါ်ပြထားတာပါ။အတိုချုပ်ပြောရရင် ၁။ဒိအချိန်လူတွေရင်ထဲမျှော်လင်.ချက်တွေတိုးပွါးနေတယ် ၂။မျှော်လင်.ချက်ကလက်တွေ.ဖြစ်ဖို.ကြိုးစားကြရမယ် ၃။သမ္မတကလူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့မှာတယ် ၄။ဒါကြောင်.ပညာရေးဖွံ.ဖြိုးအောင်ဆောင်ရွက်ဖို.လိုတယ် ၅။ပညာရေးတိုးတက်ဖို.အာရှဂုဏ်ဆောင်ရန်ကုန်တက္ကသိုလ်ကို ပြန်လည်အသက်သွင်းရမယ်၊အဆောင်မှာကျောင်းသားတွေ ပြန်ထားရမယ်။တက္ကသိုလ်သမဂ္ဂပြန်တည်ဆောက်ရမယ်------ဒီကိစ္စကိုသိမ်သိမ်မွေ.မွေ.နဲ.ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို.နှိုး ဆော်ထားတာပါ။လူငယ်ဘ၀ကိုတက္ကသိုလ်မှာဖြတ်သန်းဖူးသူတိုင်းသဘောပေါက်ပါတယ်။ရန်ကုန်တက္ကသိုလ်ကတချိန်ကအဆင်.အတန်းရောက်မှတက္ကသိုလ်ဘွဲ.ရတွေကကမ္ဘာ.အဆင့်မှီပ ညာတတ်တွေဖြစ်လာမှာ။အရည်အချင်းမီနိုင်ငံခေါင်းဆောင်တွေဒါမှမဟုတ်နိုင်ငံခေါင်းဆောင်တွေကို အကြံကောင်းဥာဏ်ကောင်းပေးနိုင်တဲ့သူတွေဖြစ်လာမှာပေါ.

Top Gun said...

ကိုကိုလှိုင် ဆိုတာစစ်တပ်မှ G-1 တဦးဖြစ်ပြီး မိန်းမအမှုဖြင့်ထောင်ကျကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လွတ်လာသူတဦးပါ။

Captain Win (MN) said...

ဒီလူ သူ့ကိုယ်သူတန်ဖိုးမထားတာ ကိစ္စမရှိပေမဲ့၊
သမ္မတရဲ့အကြံပေးဆိုတဲ့အဆင့်ကိုတော့၊တန်ဖိုးလေး
တစ်ခုထားဖို့လိုတယ်။ ကမ္ဘာမှာပြန့်သွားတဲ့
သူ့စကားက၊သူ့ဆီကအကြံရယူတဲ့၊ နိုင်ငံတော်သမ္မတ
ရဲ့အဆင့်အတန်း ဘယ်နားရောက်သွားပြီလဲ??????

nandar said...

သမတကြီးကိုအကြံပေးချင်တာကတော့ အမေစုကိုသမတအကြံပေးခန့်လိုက်ပါလား။ဒါဆိုဒီမိုကရေစီလမ်းကြောင်းပိုပွင့်ပြီး
ပြည်သူတွေကလည်းပိုယုံကြည်မှုပိုရှိလာမယ်။ နိုင်ငံတကာကလည်းပိုလက်ခံလာမယ်။ပွင့်လင်းမြင်သာမှုရှိလာမယ်။ သမတကြီးလည်းမျက်နှာမပျက်ရတော့ဘူးပေါ့။ အမေစုရဲ့အကြံဥာဏ်ကသမတကြီး ရဲ့ဂုဏ်ကိုပိုပြီး တောက်ပြောင်စေမှာအသေအခြာပါဘဲ။

ngaba said...

သမ္မတကြီးအနေနဲ့ ကိုယ့်အကြံပေးအဖွှဲ့ကို ပြန်ပြီးစိစစ်ဖို့ လိုပါပြီ။
ဦးကိုကိုလှိုင်တို့ လုပ်ပုံသည် ဟာကွက်များစွာရှိနေပါသည်။
ဖြစ်သင့်သည်မှာ ဦးမြင့်မှားနေဦးတော့... ဦးမြင့်ကိုပဲ ပြည်သူထံသို့ ရှင်းလင်းပေးရန် ညှိနှိုင်း တောင်းဆိုသင့်သည်။
ယခုလုပ်ရပ်သည် သမ္မတအကြံပေးအဖွဲ့၏ မရင့်ကျက်မှုနှင့် သဘောထား သေးသိမ်မှုကို ပြသပါသည်။
အမှန်စင်စစ် ဦးမြင့်၏စာတမ်းသည် အစိုးရအဖွဲ့အပေါ် ကျောင်းသားပြည်သူလူထုနှင့် ပညာတတ်လူတန်းစားတို့၏ ထောက်ခံမှုကို များစွာရရှိစေပါသည်။ ၂၀၁၅အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေပါသည်။ မည်သူကမှလည်း ဦးကိုကိုလှိုင်ရှင်းလင်းသကဲသို့ မထင်မြင်ကြပါ။
ပြည်သူများအနေဖြင့် ယခုဖြစ်စဉ်အား သမ္မတအကြံပေးအဖွဲ့အချင်းချင်း အကြားတွင် လုံးဝ(လုံးဝ)မဖြစ်သင့်သော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟုသာ ထင်မြင်ယူဆကြပါသည်။
မည်မျှပင် ပညာတတ်နေစေကာမူ ဘ၀င်မြင့်၊ အတ္တကြီး၊ မာနဒေါသ၊ မနာလိုဝန်တိုခြင်းစသည့် စိတ်စရိုက်ဆိုးများ လွန်ကဲစွာ ဖြစ်တည်လာပါက အမှန်ကို မြင်နိုင်စွမ်းနှင့် ဆင်ချင်တုံတရားသည် သုညအဆင့်သို ကျဆင်းရစမြဲဖြစ်ပါသည်။

ကိုမြိတ်မောင် said...

မြန်မာပြည်မှာကိုကိုလှိုင်ထက်တော်တဲ့လူမရှိဘူးလား ဖြုတ်ဦးနှောက်ကိုကိုလှိုင်ရဲ့နိုင်ငံရေးအမြင်ဆိုတာ စာအုပ်ထဲကလာတဲ့အမြင်ပါ လက်တွေ့နဲ့မကိုက်ညီတာတွေရှိတယ် ဒါကိုလက်တွေ့ဘ၀နဲ့တိုက်ဆိုင်စစ်ဆေးပြီးအတည်ပြုပြီးမှဆောင်ရွက်စရာရှိတာဆောင်ရွက်ရမယ်လို့ထင်ပါတယ် နိုင်ငံရဲ့အကြံပေးဆိုတာအရမ်းအရေးကြီးပါတယ် ဒါကြောင့်စကားကိုလက်လွတ်စပယ်မပြောပါနဲ့ ကိုယ်ပြောတဲ့စကားကိုကိုယ်တာဝန်ယူရတယ် ကိုယ်ဟာကိုယ်တာဝန်ယူတတ်ရင် အမြန်ဆုံးအလုပ်ကထွက်သွားတော့ မင်းကြောင့်တိုင်းပြည်နက်နာတယ် မင်းဟာဒေ၀ဒတ်အလောင်းလျာထင်တယ် ဆရာတင်မှားခဲ့တဲ့အဇာတသတ်လိုသံသရာမှာနက်နာခဲ့သလို ကျွန်တော်တို့ပြည်သူတွေနက်နာမှာစိုးရိမ်တဲ့အတွက် အရှင်ဒေ၀ဒတ်အလျောင်းလျာကြီးခင်ဗျား အမြန်ဆုံးအလုပ်ကထွက်ပေးပါလို့တောင်းဆိုပါတယ်။

WTN said...

I support and agree the expression of ကိုမြိတ်မောင် " ဖြုတ်ဦးနှောက်ကိုကိုလှိုင်...အမြန်ဆုံးအလုပ်ကထွက်ပေးပါ.."

myomin said...

ဗမာပြည်မှာသူ့ထက်တော်တဲ့လူတွေအများကြီးတယ်။ဒီစကားနဲ့ဒီနေရာအဆင်ပြေရဲ့လားလို့တောင်မစဉ်းစားတတ်ရင်ဆရာကြီးတွေဒုက္ခရောက်မယ်နော်။

zzmyoe said...

ဘယ်သူဘာလဲဆိုတာ ရုပ်လုံးပေါ်လာပါပြီ၊ကျွန်တော်ပြောချင်တာက ဆရာဦးမြင့် ပြောတာကိုအခုလိုရှင်းနေဖို့မလိုပါဘူး၊သူတို့ရှင်းလိုက်တော့ မှသဘောထားအမှန်ပေါ်လာတာပါ၊ကျွန်တော်ကတော့ဆရာဦးမြင့်ပြောတာကို အပြည့်ဝ ထောက်ခံပါတယ်။မှန်တာကိုပြောတာ၊အကြံပေးအဖွဲ့ ကကြောက်နေ သလိုပါဘဲ။

Unknown said...

သမ္မတကြီးခင်ဗျား
သမ္မတကြီးဦးဆောင်တဲ့ နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေကို
အကြံပေးကြီး ဦးကိုကိုလှိုင်က ရန်တိုက်ပေးလိုက်ပါပြီ ..
ဗိုလ်ချုပ်ပြောခဲ့သလို့  အနီးဆုံးရန်သူကို အရင်သတ်လိုက်ပါ
နိုင်ငံတော်တိုးတက်အောင် ဆောင်ရွက်နိုင်သူတစ်ဦးဖြစ်ပါစေ
သမိုင်းတွင်တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ပါစေ
တစ်ခေတ်မှာတစ်ယောက် တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်သူ
ဖြစ်ပါစေ .. လို့ ဆန္ဒပြုလိုက်ပါတယ် .. သတိကြီးစွာနဲ့ ဆောင်ရွက်ပါခင်ဗျား ....

Anonymous said...

ရန်ကုန်တက္ကသိုလ်ဆိုတာ
ကျမတို့နိုင်ငံမှောင်မိုက်နေတာကို
မီးမောင်းထိုးအနစ်နာခံပေးဆပ်သူတွေ
ပေါက်ဖွါးရာနေရာဒီနေရာလေးကို
ကျမတို့တန်ဖိုးထားတဲ့သမိုင်းတင်
နေရာလေးမို့ပြန်လည်ပြီးအသက်ဝင်စေချင်တာ
ကျောင်းသားပြည်သူတွေဆန္ဒမှန်ပဲ....
သမ္မတကြီးအကြံပေးဆိုသူက
မိန်းမအမှုနဲ့ပြစ်မှုကျူးလွန်ထားသောထောင်ထွက်တဦး
ကိုမှရွေးချယ်ထားတာသမ္မတဆိုသောရာထူးနဲ့
ဘယ်လိုမှမအပ်စပ်ပါ။
အမြန်ဆုံးနှုတ်ထွက်ခိုင်းပါ။
တိုင်းပြည်နစ်နာတယ်။

values said...

ဦးမြင့် ရဲ့ အိတ်ဖွင့်ပေးစာ ကို ထောက်ခံပါတယ်။
တိုင်းပြည် တပြည်ရဲ့ အထင်ကရဖြစ်တဲ့ ကျောင်းတော်ကြီး၊ လူတော်လူကောင်းတွ အများကြီး မွေးထုတ်ပေးခဲ့တဲ ကျောင်းတော်ကြီးကို အရင့် အရင်ကအတိုင်း ပြန်လည်အသက်သွင်းစေမှသာ နောင်တစ်ချိန်မှာ တိုင်းပြည်ပြန်လည် ကောင်းမွန်လာရေး အတွက်လမ်းစများ ရရှိနိုင်မည် ဖြစ်ပါတယ်။

crusekoole said...

ကဲ ကဲ ဦး ကိုကိုလှိုင်ရေ မနက်ဖြန် ငှက်ပျောသီး အုန်းသီး ကန်တော့ ပွဲလေး နဲ့  အမေစု ဆီ ကို သွားပြီး အကြံဥာဏ်လေး တောင်းပါဟ ခင်ဗျား ဦးနှောက် နဲ့ အတွေ့  အကြုံ စာပေ ဗဟုသု တ က အမေစု လောက် မရှိဘူး နိုင်ငံ တကာ လက်ခံထားတာနော် ယုံလိုက် . စိတ်တော့ မဆိုးကြနဲ့ ဗျာ အမှန်တရား ကို ပြောတာ . သွားဖြစ်အောင် သွားပါဗျာ မရှက်ပါနဲ့ 

Powered by Blogger.