ကျောက်ဆည်မှာ ဆန္ဒပြဖို့ ပြင်ဆင်တဲ့အတွက် အာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့

လျှပ်စစ်မီးပုံမှန်မရတဲ့ကိစ္စဆန္ဒထုတ်ဖေါ်ပြသမယ်လို့သက်ဆိုင်ရာကိုစာနဲ့အကြောင်းကြားခဲ့တာကြောင့် မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြောင်း သိရပါတယ်။

မေလ(၂၇)ရက် တနင်္ဂနွေနေ့မှာ ဆန္ဒပြမယ်လို့ သက်ဆိုင်ရာ မယက အုပ်ချုပ်ရေးမှူးရုံး၊ရဲတပ်ဖွဲ့နဲ့လျှပ်စစ်ရုံးတွေကို ကျောက်ဆည်မြို့ခံတွေက မနေ့ကစာရေးသားအကြောင်းကြားခဲ့တာပါ။

အဲဒီနောက် ဆန္ဒပြမယ်ဆိုတဲ့ သူတွေထဲက စာရေးဆရာ ဒိုးလေး (ကျောက်ဆည်)ကို စ-သုံးလုံး၊ SBတို့က ခေါ်ယူစစ် ဆေးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတာဝန်ရှိသူတွေ ကျောက်ဆည်မြို့ကိုလာရောက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြောင်း အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ပန်းချီကိုမိုးမခက RFAကို ပြောပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ကတိပေးသွားပေမယ့် လက်တွေ့ဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်မှာဖြစ်ကြောင်း၊လျှပ်စစ်မီးပုံမှန်ပြန်မရဘူးဆိုရင်တော့လာမယ့်ဇွန်လ(၁)ရက်နေ့ နောက်ပိုင်းဆန္ဒထုတ်ဖေါ်သွားကြမှာ ဖြစ်ကြောင်း ကျောက်ဆည်မြို့ခံတွေက ပြောပါတယ်။
RFA-Burmese

ကျောက်ဆည်မှာ ဆန္ဒပြဖို့ ပြင်ဆင်တဲ့အတွက် အာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ကျောက်ဆည်မှာ ဆန္ဒပြဖို့ ပြင်ဆင်တဲ့အတွက် အာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ Reviewed by သစ်ထူးလွင် on 07:17 Rating: 5

8 comments:

toekyi said...

တကယ်လားဟ...ပြောထားတဲ့အတိုင်းလုပ်နိုင်ပါ့မလား

Speedcomputer said...

အလကား သတင်းစာရှင်းလင်းပွဲဆိုပေမဲ့ သူတို့လူ သူတို့ဘဲခေါ်ပီး
ုလုပ်သွားတာပါ။ ဌာနဆိုင်အကြီးကဲတွေခေါ်ပီးလုပ်သွားတာ
အဲဒီကောင်တွေကလဲသူတို့လူတွေဘဲ

MYO MYINT said...

တိုင်းပြည်မှာပြသနာတစ်ခုရှိပြီဆိုရင်လက်ရှိအစိုးရအသုံးမကျလို့၊ငါတို့သာဆိုရင်ဒါမျိုးဘယ်ဖြစ်မလဲဆိုတဲ့ကိုယ့်ကိုကိုယ်ထင်တစ်လုံးနဲ့ဖြစ်နေတဲ့နိုင်ငံရေးသမားယောင်ယောင်၊တောမီးလောင်ရင်လက်ခမောင်းခတ်ခြင်တဲ့တောကြောင်တွေကိုကျွန်တော်တော့စိတ်ပျက်မိတာအမှန်ဘဲ၊တိုင်းပြည်ဆင်းရဲလို့သိမ်ငယ်နေရတဲ့အထဲမှာညီညွတ်မှုမရှိလို့ဆိုအထင်အမြင်အသေးခံရမှာကိုမလိုချင်တော့ပါဘူး၊မီးမလာတာယပ်ခတ်နေနိုင်ပေမဲ့တိုင်းပြည်ဆူပူမှုတွေဖြစ်လာရင်လူတွေအားလုံးဒုက္ခရောက်ရမှာပါ၊အခုမီးမလာလို့ဆန္ဒပြဘို့လှုံ့ဆော်ဦးဆောင်နေတဲ့သူတွေကိုကြည့်လိုက်ရင်အရင်ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့်သဘာဝပတ်ဝန်းကျင်တွေပျက်စီးကုန်ပါပြီလို့ကုန်းအော်ခဲ့ကြတဲ့လူတွေအများစုဆိုတာကြည့်တတ်ရင်မြင်မှာပါ၊ဒါဆိုဒီလူတွေတစ်ကယ်ဘဲတိုင်းပြည်မီးလင်းစေချင်တာလားအခွင့်အရေးရရင်ရသလိုလက်ရှိအုပ်စိုးသူတွေကိုအတိုက်အခံလုပ်ချင်တာလားဆိုတာရှင်းပါတယ်။တစ်ကယ်စေတနာရှိတယ်ဆိုရင်ဖြစ်နိုင်တဲ့အစီအစဉ်တွေ၊အစိုးရနဲ့ပြည်သူလက်တွဲပြီးဒီပြသနာကဘယ်လိုကျော်လွှားနိုင်မယ်ဆိုတဲ့အကြံဥာဏ်တွေပေးကြပါလား၊တစ်ဆိတ်ရှိတိုင်းပြည်ရော၊အစိုးရရော၊ပြည်သူရောသိက္ခာကျအောင်၊သူများနိုင်ငံသားတွေအထင်အမြင်သေးခံရအောင်အိမ်တွင်းရေးလူသိအောင်ရပ်ကွက်လည်အတင်းပြောသလိုလုပ်နေတာတွေကတော့ကြာလေအော့နှလုံးနာလေပါဘဲ၊ဟိုလိုလုပ်ပါလားဒီလိုလုပ်ပါလည်း၊ငါလည်းမလုပ်တတ်ဘူးဆိုတဲ့လူရွှင်တော်ပြက်လုံးလိုပြည်သူတွေအတွက်ဘဲစာနာသနားလိုလုပ်ပြီးကိုယ့်ကိုကိုယ်အမွှန်းတင်ချင်နေကြတာတွေဟာတိုင်းပြည်အတွက်ရောသူတို့အတွက်ပါဘာမှအကျိုးဖြစ်ထွန်းမလာနိုင်ပါဘူး၊အမှိုက်ကစပြသဒ်မီးလောင်မှာစိုးလို့သတိပေးတာပါ၊ပြည်သူတွေစဉ်းစားစေချင်ပါတယ်၊ဒီလောက်ဆိုတာဝန်ရှိသူတွေဘက်ကလည်းလုပ်သင့်လုပ်ထိုက်တာကိုစဉ်းစားပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးလိမ့်မယ်လို့ယုံကြည်ပြီးအေးအေး ချမ်းချမ်းစောင့်ကြည့်တာပိုငြိမ်းချမ်းမလားလို့ပါ။

Anonymous said...

အာလူးတွေသအားများနေပြီသိန်းစိန်အစိုးရရေ

မောင်မောင် said...

ဗမာပြည်ကလူတွေ အလုပ်မရှိကြဘူးလား....ဆန္ဒပြတယ် ဖက်ရှင်တစ်ခုမဟုတ်ဘူး.....တိုင်းပြည်က ခုမှ စတုန်းရှိသေးတယ်..ဟိုဟာဆိုလည်း ပြချင်....ဒီဟာဆိုလည်းပြချင်....ကိုယ့်အိမ်မှာ အဆင်မပြေလည်း..တိုင်းပြည်ခေါင်းဆောင်တဲ့သူကို အပြစ်တင်...ကိုယ့်အသုံးမကျတာလည်း တိုင်းပြည်ခေါင်းဆောင်ကိုပဲ အပြစ်ဖို.....ဒါကြောင့်အဂ်လန်က ပရော်ဖက်ဆာကြီးက ပြောတာ...မင်းတို.ဗမာတွေက negative side မှာတော့ အံမခန်းစွမ်းဆိုပဲ...

For Truth said...

သက်ဆိုင်ရာ လူကြီးတွေ သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတာ ဘာအကြောင်းရာကိုလဲ ရှင်းရှင်းလင်းလင်း သိချင်ပါတယ် ... ဆန္ဒပြခဲ့ရင် ပြည်မြို့ မှာလို ရဲအင်အားနှိမ်နင်းမယ်လို့ သတိပေးတာလား ဒါမှမဟုတ် မီးပုံမှန်ရရပါစေမယ်လို့ ကတိပေးသွားသလား သိချင်ပါတယ်... ဓါတ်အားလိုင်း ဗုံးခွဲခံရလို့ ဆုံးရှုံးသွားတဲ့ ဓါတ်အားက နိုင်ငံအတွင်းထုတ်လုပ်နေတဲ့ ပမာဏ နဲ့ ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး ကိုယ့်နိုင်ငံအတွက် လုံလောက်အောင် မပေးဘဲ ပြည်ပကို ရောင်စားနေတဲ့ ပမာဏကို လျှော့ချသင့်ပါတယ်... ပြည်တွင်းထုပ်လုပ်မှုရဲ့ ၈၀% ကို ပြည်ပရောင်းစားနေတယ်ဆိုတော့ ရေနံထွက်နေပါရဲ့ ရေနံဆီ မီးခွက်ကို သုံးစွဲခွင့်မရလို့ သပိတ်မှောက်ကျတဲ့ သမိုင်းထဲက ရေနံမြေသပိတ်ကြီးကို သတိရတယ်

soeshweoo said...

ကောင်းတယ်ကွာ ကျောက်ဆည်သားတွေ ရာဇ၀င်ကို ပြလိုက်ရအောင် သန်းရွှေလို မကောင်းတဲ့ ရာဇ၀င် မဟုတ်ဘူးနော် ပြည်သူ့ဘက်ကနေ ကောင်းကျိုးအတွက် ကျောက်ဆည်သားတွေ လုပ်မယ် ကျွန်တော်လည်း ကျောက်ဆည်သားပါ အမှတ် (၂) လျှပ်စစ် ၀ံကြီးဌာနကနေ ထွက်လာတာပါ နာမည်ကိုပါပြောပါရစေ စိုးရွှေဦးတဲ့ ၀ံကြီးဌာနက လူတွေသိမှာပါ

mamamay said...

အမှန်တော...ပြည်သူတွေလိုချင်တာလည်းဟုတ်ပါတယ်..
.လျှပ်စစ်ဝန်ကြီးအပြောနဲ.အလုပ်လွဲသွားလို.

ထောက်ပြတာလည်းမှန်ပါတယ်၊ဒါပေမဲ...စိတ်ရှည်ရှည်ထား
သင့်ပါတယ်..မလိုအပ်တဲ.ပယောဂါတွေဝင်လာရင်

မျော်လင့်ထားတဲ.ပန်းတိုင်နဲ.ဝေးနိုင်ပါတယ်.ကျမတို
.ပြည်သူတွေဟာအမှောင်ထဲနေလာတာကြာပါပြီ.
၊ရောင်နီပျို.ချိန်မှာ

နေမင်းကြီးအထွက်ကိုခဏလောက်တော.သီးခံစောင့်ကြရပါမည်၊စိတ်ရှည်ကြရပါမည်.၊ကိုယ်လိုချင်သောအရာမှန်သမျှ

ကိုစိတ်ရှည်သီးခံဇွဲသန်သန်ဖြင့်ခဏလောက်ညှိနှိုင်းစောင်.ဆိုင်းကြပါလို.ဘဲ.အကြံပေးခြင်ပါတော့တယ်...

Powered by Blogger.