ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ

လာမည့် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် အနားယူဖွယ်ရှိကြောင်း ပြည်ပသတင်းများက ရေးသားဖော်ပြနေချိန် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်ဆိုသော ကောလာဟလ သတင်းများ ရန်ကုန်မြို့ရှိ ပြည်သူများကြားနှင့် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ နေသည်။
၂၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP/straitstimes.com)
သမ္မတ၏ နိုင်ငံရေးရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အမေရိကန်အခြေစိုက် စီးပွားရေး သတင်းစာ Bloomberg အား ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် နိုင်ငံရေးမှ အနားယူဖွယ်ရှိကြောင်း ပြောဆိုသည့် တချိန်တည်းမှာပင် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သည်လည်း ရာထူးမှ နုတ်ထွက်သွားကြောင်း ကောလာဟလ သတင်းများ ရန်ကုန်တွင်
ပျံ့နှံ့လျက် ရှိသည်။
ဧရာဝတီမှ စုံစမ်းကြည့်ရာတွင် ဦးတင်အောင်မြင့်ဦး နုတ်ထွက်သည့် သတင်းအပေါ် အစိုးရနှင့် နီးစပ်သည့် သတင်း ရပ်ကွက်များက အတည်ပြုခြင်း မရှိပေ။ သိုသော် ဦးတင်အောင်မြင့်ဦးမှာ မကြာသေးမီက စင်ကာပူတွင် ဆေးကုသမှုခံယူပြီး ယခုအခါ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုမူ နီးစပ်သူများက ပြောဆိုလိုခြင်းမရှိပေ။
အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး သည် ဦးသိန်းစိန် အပါအ၀င် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း အမြင်တူညီခြင်းမရှိကြောင်း အစိုးရနှင့် နီးစပ်သူများက ဆို သည်။
ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အစိုးရသစ်လက်ထက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ဒု သမ္မတဖြစ်လာသူတဦးဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်တို့နှင့် ရင်းနှီးသူ တဦးလည်း ဖြစ်သည်။
ဦးတင်အောင်မြင့်ဦးနှင့်ဇနီး သင်္ကြန် ရေကစားနေသည့် ဓာတ်ပုံများ ဧပြီလ ၁၇ ရက်ထုတ် အစိုးရသတင်းစာများတွင် နောက်ဆုံး ဖော်ပြ ခဲ့သည်။
မကြာသေးခင်းကလည်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတားဖြစ်နေသော အစိုးရအဖွဲ့ဝင်များကို ဖယ်ရှားပြီး အစိုးရ အဖွဲ့သစ် ပြောင်းလဲဖွဲ့စည်းတော့မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
အစိုးရအဖွဲ့သစ်ပြောင်းလဲရာတွင် ထုတ်ပယ်ခံရမည်ဟု လူအများ ထင်ကြေးပေးပြောဆိုနေသူများ စာရင်းတွင် သီဟသူရ  ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် (၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်းတို့ပါဝင်သည်။
ယမန်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)ကိုမှ ကြီးမှုကျင်းပသည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်
ခွင့်နေ့ အခမ်းအနားတွင် ပုံမှန်တက်ရောက်နေကြ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မလာရောက်ခဲ့သဖြင့် လေ့လာစောင့်ကြည့် သူများက ဦးကျော်ဆန်း၏ အနေအထားကိုလည်း မေးခွန်းထုတ်နေကြသည်။
 ရန်ပိုင် (ဧရာဝတီ)
ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ Reviewed by သစ်ထူးလွင် on 17:11 Rating: 5

36 comments:

နားမလည် ပါးမလည် said...

အသံနဲတင့် ပြည်သူ ဒုတ်ခရောက်မဲ့သဘော တင်အောင်မြင့်ဦးဆိုနဲ့ကောင် ရာထူးကထွက် ပြည်ပထွက်ဖို့ပြင် မပြင်ရင်တော့ မင်းရဲ့ အလောင်းပြည်သူမကြည်တဲ့ မြန်မာ့မြေမှာ အလောင်းမထိစေချင် မင်းရဲ့အလောင်း ရေကိုထိ ရေတောင်ပုတ်လောက်ရဲ့ ကဲ ခင်ဗျားတို့ သချိုင်း ဘယ်သွားထားကြမလဲ ဟဲဟဲဟဲ

မောင်ဇော် said...

မြန်မြန်အကောင်ထည်ဖေါ်လေ တိုင်းပြည်အတွက်ကောင်းလေပဲ

ko min said...

ဒို့ရဲ့ဇတ်လို့်ကြီး ကိုဇာဂနာကောဘယ်ရောက်နေပါသလဲ၊

တောင်ဇလပ်ပန်း said...

ကောင်းလိုက်တဲ့သတင်းကွ .. အဲသုံးကောင်စလုံး မောင်းသာ ထုတ်ပစ်လိုက် .. အင်းစိန်မှာ ၃နှစ်လောက်နေခိုင်းလိုက်ပေါ..

linn said...

အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ( ဦးသိန်းစိန်) တွင် ဒုတိယသမ္မတ (ဦးတင်အောင်မြင့်ဦး) ကို ဖြုတ်ချခွင့်မရှိပါ။ ( သူခန့်ရွေးချယ်ခန့် ထားသော cabinet အဖွဲ့ဝင်မဟုတ်သဖြင့်။) ကျန်းမာရေးအရ အနားယူလျှင်တော့ ရပါသည်။ ထိုအခါမှာလည်း တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးကသာ ဒုသမ္မတ အသစ်ကို ပြန်ရွေးမှာဖြစ်ပါတယ်။

Anonymous said...

အခုကတည်းက ကြိုရှောင်တဲ့သဘောပေါ့ မရှောင်ရင်
သောက်ရှက်ကွဲမှာလေ ၂၀၁၅ ရဲ့အခြေအနေက
ကြိုပြီးသုံးသပ်လို့ရနေပါပြီ သီဟသူရဘွဲ့ကြီးနဲ့
တယုတ်ခြေသလုံးပြေးဖက်ပြီး မော့ကြည့်နေတာ
ရှက်လှသကွာ တိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်ဆိုတာ
မင်းတို့စည်းစိမ်တွေကြည့်တာနဲ့ သိပါတယ်
ကျော်ဆန်းကတော့ လိပ်ပြာမလုံလို့
လူတောမတိုးရဲတဲ့ ဘဝရောက်သွားပြီ
မသေခင် လေဖြတ်အုံးမယ် စောင့်ကြည့်
ပါးစပ်ကစဖြတ်မှာ မဟုတ်တာတွေပြောလွန်းလို့

တောသား said...

စလုံးမှာ လေးလုံး ကုလို့ မရဘူးလေ

ranongfishermans said...

သူဒို့တွေအချင်းချင်းလုနေကြပီထင်တယ်...ကောင်းလိုက်တာ

အမေစုကို ချစ်တဲ့သား said...

အမြန်ဆုံးသေလဲ ၀မ်းမနည်းဘူး ဟားတိုက်လို့ရယ်လိုက်ချင်ရဲ့
မသေသေးတော့လဲ မရယ်နိုင်သေးဘူး
အမြန်သေအောင်တော့ပြောလိုက်ချင်ရဲ့
ဒင်းသေရင် လောက်တောင်မစွဲဘူး
လောက်ကသနာ့လို့ထင်ပါရဲ့
ယင်ကောင်းကလည်ပြောလိုက်မယ် ဘယ်အပုပ်သိုးကိုစားရစားရ
အဲသလို ပြည်သူ့ထမင်းကိုလုစားတဲ့သူရဲံ့ အလောင်းကိုတော့ဘယ်တော့မှ
မနားဘူးမစားဘူး အတင်းငြင်းလိုက်မယ်
အဲဒါကမြေပေါ်ကပြောတဲ့သတÅ၀ါကပြောတာ
မြေအောက်က လည်ပြောတော့မယ်
ဒင်းတို့သေတဲ့နေက သူတို့အတွက်သက်သက်လွက်စားလိမ့်မယ်
ဒင်းတို့အလောင်းမြေအောက်ရောက်ရင် ဘယ်အကောင်းမှမစားဘူး
သူတို့ကတဖန် ဒင်းတို့ကို ရွံလို့တဲ့
မီးရှို့ရင်တောင် မီးမစွဲဘူး
မီးကပြောလိမ့်မယ် ဒင်းရဲ့ဝမ်းထဲမှာပြည်သူတွေရဲ့ စည်းစိမ်တွေပါလို့တဲ့
ဘယ်နေရာမှ ထားလို့မကောင်းတဲ့ အလောင်းတွေပါ.....

Tawthargyi said...

မင်းတို့ ဗမာ တွေအချင်းချင်း ဖြစ်ချင်ရာ ဖြစ်ပြီးနေခဲ့ကြ ကွာ၊၊ ငါတို့ တိုင်းရင်းသားတွေကို ကိုယ့်ပြည် ကိုယ်၊သီးခြား လွတ်လပ်တဲ့ တိုင်းပြည် တခု အဖြစ် ကိုယ်ပိုင်အုပ်ချူပ်ခွင့် ပေးလိုက်ပါတော့၊၊ မင်းတို့ ဗမာတွေနဲ့  အတူတူ နေလာတာ ငါတို့ တိုင်းရင်းသားဒေသ တွေ စုတ်ပြတ်သတ်သွားပြီ၊၊ ယုတ်မာ ပက်စက်တဲ့ ခွေးသတောင်းစား စစ်ဝါဒီ တွေ၊ မဟာဗမာ ၀ါဒီတွေနဲ့  ဘယ်တိုင်းရင်းသားမှ အတူတူ မနေချင်ဘူးဆိုဒါကိုလေ့ မင်းတို့ ဗမာတွေ ခုလောက်ဆို နားလည်လောက်ပြီ၊၊

ဆုလာဘ် said...

မြန်မြန်ထွက်လေကောင်းလေ

minsoeaung said...

မိတ်ဆွေတို့
ဘယ်မှမသွားရဲပါဘူးဗျာ။
လူ့ရွာကိုစိတ်ကုန်လို့ဆံပယ်ပြီးတောထွက်သွားပါဘီ။
လိုက်မရှာပါနဲ့။ကံမကုန်ရင်ပြန်ဆုံကြမယ်။

ကိုလေး said...

သူတို့ကို မပူနဲ့ စားမကုန်ချမ်းသာပြီး စလုံးမှာ အိမ်တွေတောင် ဝယ်ပြီးတာကြာရောပေါ့
ဒေါ်စုနဲ့ဆွေးနွေးတဲ့ ဦးအောင်ကြည်တောင် စလုံးမှာ ကွန်ဒို အလုံးလိုက် ဝယ်ပြီးငှားစားထားတာကြာပြီး သူ့မိန်မလဲ အဲမှာ မကြာမကြာသွားနေတယ်
တင်အောင်မြင့်ဦးဆို အဲထက် အဆ ၁၀၀ လောက် ပိုချမ်းသာမှာ
အရေးကြီးတာ တိုင်းပြည်ကို တကယ်ကြီးပွားအောင်လုပ်မယ့်လူတွေ အစိုးရအဖွဲ့ထဲ ရောက်ဖို့ပါ

Tenissary said...

တိမ်တောင်သဖွယ်၊ မင်းရေး ကြွယ်တဲ့၊
အတိအကျ ခန့် မှန်း ဘို့ ခက်ပေမယ့်၊ မြန်မာပြည်သားတွေရဲ့ လေးစာချစ်ခင်အားကိုးမှု၊ နိုင်ငံတကာ က ခေါင်းဆောင်တွေ ရဲ့  ဒေါ်စုကို လေးစားမျက်နာသာပေးမှု့ တွေကိုသဘောပေါက်လာလို့ ၊
သူ့ နေရာမှာ ဒေါ်စုကို ခန့် ထားချင်လို့ ဖြစ်မှာပါ။

ဆုလာဘ် said...

ရာထူးတော့ယူချင်တယ် တာဝန်မယူနိုင်ဘူးမလုပ်ပေးနိုင်ဘူးဆိုရင်ထွက်တာကောင်းပါလိမ့်မယ် ကိုယ်လဲမလုပ်နိုင် သူများလုပ်တာလည်းမကြိုက်မလုပ်ပါနဲ့ဒီလောက်ဆိုရင်သဘောတောပေါက်သင့်ပါတယ်

ကိုယ်တော်ချော said...

ရွှေမေတ္တာ ပို့ကြ ထာဝစဉ်.............................မေတ္တာ ထားကြတယ်လား..?

ကိုသစ်ရဲ့ ပရိတ်သတ် said...

သမ္မတကြီးခင်ဗျာ...ရွာထဲကနွားတွေ ရွာပြင်လွှတ်ထားသင့်ပါပြီ။
မလုပ်နိုင်ဘဲ အရာရှိတွေ ဖြစ်နေတာတွေက တိုင်းပြည်ကို ဆိုးရွားစေပါတယ်။
လုပ်တတ်ကိုင်တတ်တဲ့ ပြည်သူတွေထဲက အတော်ဆုံးတွေကို လဘ်ပေးလဘ်ယူ မလုပ်စေဘဲ လုပ်ကိုင်ခွင့်ပေးစေလိုပါတယ်။
တိုင်းပြည်ကိုချစ်ရင် စစ်တိုက်နေရုံနဲ့ မပြီးပါဘူး။
ကချင်ပြည်နယ်က စစ်ပွဲတွေကို အမြန်ဆုံး ရပ်ဆိုင်းသင့်ပါပြီ။
ပြောတာတခြား၊လုပ်တာ တခြားဖြစ်နေတာထက် အလုပ်နဲ့ သက်သေပြသင့်နေပါပြီ။

oaksoe said...

တိုင်းပြည်ကောင်းဖို့ အလင်းရောင်လေးတွေဒီသတင်းဖတ်ရမှဘဲမြင်တော့တယ်
ဒါပေမယ့်အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီနော်....ဦးသိန်းစိန်....

ကိုသစ်ရဲ့ ပရိတ်သတ် said...

မြန်မြန်ချောင်လေ တိုင်းပြည်တိုးတက်လေပဲ။

Anonymous said...

ခုတလော သတင်းကောင်းတွေ ကြား..ကြား..နေရတယ်..

မောင်မောင် said...

မကြိုက်တာကတော့ မကြိုက်တဲ့သဘောထားတွေကို ပြောနိုင်သည်ဆိုသော်လည်း ယဉ်ကျေးထိရောက်သာ စကာလုံးများကိုသာ သုံးစွဲစေချင်ပါသည်။။။ တင်အောင်မြင့်ဦးဆိုတဲ့..ကောင်. အဒါမျိုးတွေတော့ ရှောင်ရှားစေချင်ပါသည်..ပြီးတော့ မင့်ရဲ့အလောင်း တဲ့..အဒီလိုစကားလုံးတွေတော့ မသုံးသင့်ဘူးလို. ကျနော်ထင်ပါတယ်..ကျနော်အမြင်မှားတယ်ဆိုရင်လည်း နားလည်ပေးစေချင်ပါသည်း..မောင်မောင် (ကိုရီးယား)

aung naing said...

မြန်မာပြည်နိင်ငံရေးမှာWin Winနှစ်ဖက်ဖြစ်သွားရင်တော့အကောင်းဆုံးပါဘဲ၊ခွှင်လွှတ်သည်းခံခြင်းဟာလည်းကောင်းသောရလာဒ်တွေရနိင်ပါတယ်။ပြည်သူတွေဆင်းရဲတွင်းကလွှတ်ဖို့အားလုံးဝိုင်းဆောင်ရွက်ရမှာပါ၊စည်းလုံးညီညွတ်ခြင်းသည်အင်အားပါ။

mad dog said...

ကဲကဲ ဒါဆို လည်း ယဉ်ကျေးထိရောက်သာ စကာလုံးများကိုသာ
သုံးပါ့မယ်။ "ကို" တင်အောင်မြင့်ဦး ဆိုတဲ့ ကောင်....
"ဦး"၇ဲ့အလောင်း ......
သူတို့ဘယ်မှမပြောက်ပါဘူး...ဖွတ်တွေအတွက် ယမမင်းနဲ့ ငြိမ်းချမ်းေ၇းသွားဆွေးနွေးနေတာ။ "ဦး" ကျော်ဆန်းက မျက်၇ည်ခံလေးထိုးပြီး တောင်းပန်ပေးတာ...

Anonymous said...

ဦးရှစ်လုံး နားပါတော့  လူထု၇ဲ့ ယုံကြည်မှုကိုမ၇မဲ့ အတူတူ အေးအေးဘဲနေပါ

သူ၇ိယ said...

မြို့မေတ္တာခံယူမဲ့သားပေမို့.....

redlight said...

သောက်ရူးတွေဘဲ။ ဒီလိုဦးနှောက်မရှိ ကြလို့ သူတို့သမီးတွေကို အမေရိကန်၊ တရုတ်တွေ တက်လုပ်တော့မှာမသိဘူး၊ မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ခဲ့တဲ့လူကို ဒီလိုပြောကြတာ တစ်နေ့တော့ မင်းတို့တွေလည်း သိလာမှာပါ။ လူတစ်ယောက်အကြောင်း မသိဘဲရမ်းပြောနေကြ။ ဒီလို ဦးနှောက်မရှိကြလို့လည်း အနော်ရထာမတိုင်ခင် အရည်းကြီးတွေကို သမီးလွှတ်ပြီး ပန်းဦးဆက်ကြတယ်နဲ့တူတယ်။ သောက်သုံးမကြ၊ သောက်ရူးတွေဘဲ လို့ပြောချင်တယ်။ ဒီလိုသောက်သုံးမကျတဲ့လူတွေများနေတဲ့နိုင်ငံမှာ အေးဆေးလေးအနားယူပြီး ဘုရားတရားအလုပ်ပဲလုပ်ပါတော့ အဘ သီဟသူရဦးတင်အောင်မြင့်ဦး။

Unknown said...

သူတို့သုံးယောက်တင်မကဘူး.တဖွဲ့လုံးနှုတ်ထွက်သွားရင်ပိုကောင်းတာပေါ့.ဒါမှဒို့ပြည်သူတွေထမင်းဝအောင်ရှာစားလို့ရမှာ.

redlight said...

ဆောက်လုပ်မလုပ်ရင်တော့ ဘယ်အစိုးရတက်တက် ငတ်မှာပဲ။ မိန်းမထမီခိုစားပြီး bbc လေးနားထောင်၊ အင်တာနက်လေးမတတ်တခေါက်နဲ့ လျှောက်ဝင်ပြော၊ မင်းတို့လိုကောင်တွေရှိနေရင် အမေစု သမ္မတဖြစ်လည်း ကယ်နိုင်မယ်မထင်ပါဘူး။

redlight said...

နားမလည် ပါးမလည်ဆိုတဲ့ကောင် ပေးထားတဲ့နာမည်ကိုက နားမလည်ပါးမလည်တဲ့ ဟတ်ဟတ်၊ မင်း သူများကို မခြိမ်းခြောက်နဲ့ကောင်ကလေး မင်းရဲ့အခြေအနေ မင်းမိသားစု ပိုပြီး ဒုက္ခရောက်သွားမယ်ဆိုတာ မှတ်ထားပါဦးကွ။ တောသား ဆိုတဲ့ကောင်ကိုပြောရဦးမယ် မင်းအမေကိုသွားလုပ်လို့ ၄ လုံးမက ဘူး ၈လုံးဖြစ်သွားတာ ဟဲဟဲ။

FighterFight said...

မြန်မာနိုင်ငံမှာနေထိုင်တဲ့တိုင်းရင်းသား၊ လူမျိုးစု တွေထဲမှာ ဗမာဆိုတာလည်းတိုင်းရင်းသားလူမျိုးတစ်စုပါပဲ။ မဟာဗမာဝါဒီဆိုတာဘာကိုဆိုလိုချင်တာလဲ? မြန်မာနိုင်ငံမှာနေမယ်ဆိုရင်တိုင်းရင်းသားများအားလုံးနေရမှာပါ။ နိုင်ငံခေါင်းဆောင်တွေထဲမှာလည်းဗမာလူမျိုးမဟုတ်တဲ့သူတွေရှိပါတယ်။ ကောင်းရာကောင်းကြောင်းနေတဲ့ဗမာပြည်သူတွေကတိုင်းရင်းသားဒေသတွေစုတ်ပြတ်သွားအောင်ဘယ်လိုများလုပ်နေလို့ပါလဲ? ဘယ်လူမျိုးဘယ်တိုင်းရင်းသားမှာမဆို ကောင်းတဲ့သူလည်းရှိသလို ယုတ်မာတဲ့သူတွေလည်းရှိပါတယ်။ ပြောကြကြေးဆို မင်းလည်းမကောင်းဘူး ငါလည်းမကောင်းဘူး ဆိုပြီး အချင်းချင်း ထ သတ်ကြရုံဘဲရှိမယ်။ စစ်အစိုးရမကောင်းဘူဆို စစ်အစိုးရကိုဘဲပြောပါ။ လူမျိုးရေးမပါပါနဲ့။ လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်လာရင် အချောင်သမားတွေဘဲအသားစီးရမှာ။ ကိုယ်ပြောတဲ့စကားကိုကိုယ်တာဝန်ယူတတ်ရပါမယ်။ ငါပြောချင်တာပြောရရင်ပြီးရောပြောတဲ့သူကဘယ်တော့မှကောင်းတဲ့သူဖြစ်မှာမဟုတ်ပါဘူး။ သူများကိုပြောချင်ဇောနဲ့ ကိုယ့်လည်ပင်းကိုကြိုးကွင်းမစွပ်ပါနဲ့။

vamsanurakkhita said...

Tawthargyi ရေ
Internet မှာ မိမိဆန္ဒကို လွတ်လပ်စွာ
ဖော်ထုတ်ရေးနိုင်တယ်ဆိုပြီး လူမျိုးရေးပဋိပက္ခကို ဖြစ်ပေါ်စေနိုင်တဲ့ အသုံးအနှုန်းမျိုးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ် မြန်မာပြည်မှာ နေထိုင်သူတွေအားလုံးဟာ တိုင်းရင်းသားညီအကို မောင်နှမတွေပါ ရှမ်း၊ဗမာ၊ကရင်၊ကယား စတဲ့ တိုင်းရင်းသား အားလုံးဟာ မြန်မာ့မြေပေါ်မှာဘဲ မွေးဖွား ကြီးပြင်းလာကြတာပါ ဗမာလဲ တိုင်းရင်းသားပါဘဲ မဟာဗမာဝါဒ ကျင့်သုံးတဲ့သူ မြန်မာ့မြေပေါ်မှာ မရှိပါဘူး လူမျိုးရေးခွဲခြားတယ်ဆိုတာ အသိဉာဏ်နည်းသူတွေရဲ့လုပ်ရပ်ပါ ကျဉ်းမြောင်းသောအမြင်၊အတွေးတွေကို အမြန်စွန့်လွှတ်လိုက်ပါ

nandarllay said...

redlight ဆိုတဲ့သူတောင်စား ဘယ်လူပါဝနေတာလဲနင်ကရော ဘယ်လောက်တတ်နေလို့လဲ ဧကန်တနင်က နင်ပထွေးကိုထိလို့နာနေတာလားနင်သိပ်သနားနေရင် နင်အမေနဲ့ပေးစားလိုက်လေ ခွေးရဲ့။နင်ကိုနင်လူတတ်ကြီးလာလုပ်မနေနဲ့။အဘလို့ခေါ်မနေပါနဲ့ ။ဖေဖေလေးလို့သာတခါတည်းခေါ်ပြီးနင်အမေခြင်ထောင်ထဲတခါတည်းထည့်လိုက်တော့ နင်ပြောတဲ့လူတွေကထမီနားသာခိုစားတာ.နင်ကမှ မိန်းမအောက်ခံဘောင်းဘီနားခိုစားတဲ့အကောင် ။နင်အဆင့်နင်သိ ။ထပ်ပြော မနေနဲ့ ။စောက်ကျက်သရေမ၇ှိတဲ့ အဘအဘနဲ့ ။နင်အမေလင်ငယ်မို့လို့လား။စောက်သံက။ရတယ်ငါတို့ကို အမေရိကန်လုပ်လုပ် ဂျပန်လုပ်လုပ်ရတယ် ။နင်ပထွေးအနွယ်ဝင်နင်တို့လို ခွေးတွေ လာပီးလျှာနဲ့မတို့ရင်ပီးတာပဲ။

crusekoole said...

ကိုတောသားကြီး ( tawthargyi )

ခင်ဗျား က ဘာလူမျိုး လဲ ဗျ
ဘယ်မှာနေတာလဲ ဗျ
ဗမာနိုင်ငံထဲ မှာ နေတာမဟုတ်လား
UN အကူအညီ နဲ့  ခင်ဗျား တခြားနိင်ငံ ရောက်သွား ရင် တော့  မပြောတတ်ဘူး ပေါ့ ဗျာ
ခင် ဗျားကို ခင် ဗျား ဘာထင်နေလို့ လဲ
ကျွန်တော် တို့  ကော ခင် ဗျား တို့ ကော အားလုံး က
ဗမာ နိုင် ငံ ထဲ မှာ ပဲ မွေး လာ ကြီးပြင်းလာတာပါ
ဗမာ နိုင်ငံ သား ပဲ ပေါ့ 
ခင်ဗျား အမေစု လို မိန်းကလေး တစ်ယောက် ကတောင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် လုပ်ဆောင်နေတာ
ခင်ဗျား က ယောက်ကျား ဖြစ်ပြီး ဘာ xီး စကားတွေ လာပြောနေတာလဲ
ခင်ဗျား ကျေးဇူးပြု ပြီး ခု ပြောင်းလဲလာတဲ့  အခြေအနေတွေ ကို ပြန်ပြီး တော့  တိုင်းရင်းသားသွေးခွဲ စကားတွေ နဲ့ မပြောပါနဲ့ 
ခင်ဗျား ဒိုးလိုက်တော့  ဘဲကြီး

Anonymous said...

FighterFight ပြောတဲ့ Comment ကို လက်ခံပါတယ်.... တကယ်တော့ မတူသောဝါဒ မတူသောအမြင်နဲ့ မတူသော အရောင် အဆင်းတွေကြောင့်သာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်နေကြတာပါ.. Tawthargyi ဆိုတဲ့ မိတ်ဆွေက ဘယ်တိုင်းရင်းသားလဲ မသိဘူးဗျနော်.. ကျွန်တော် ၁၉၉၄ လောက်မှာ ၀န်ထမ်းဘ၀နဲ့ တောင်တန်းပေါ်မှာပဲ နေခဲ့ဖူးပါတယ်.... အဲဒီတုန်းကတော့ ဒုတိယမြောက် ငြိမ်းချမ်းရေးယူခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့နဲ့ ကြုံခဲ့၇တာလေး တစ်ခုကို နမူနာထား ပြောပြ ချင်တာပါ ည ၁၂ နာရီအချိန်လောက်မှာ လမ်းဘေးမှာမီးလှုံလို့ အိပ်ပျော် နေရင်း လားနှိုးလို့ ထကြည့်မိတော့ ယူနီဖောင်း အပြည့်အစုံ ၀တ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလူတွေပါ အင်းအား ၂၀ ကျော်လောက်ရှိပါတယ်.... မနက်ဖြန်ဆို ခရစ္စမတ်ရာက်ပြီ အဲဒါ လမ်းကြုံလို့ ဒီကနေဖြတ်လာတာနဲ့ ဆရာ့ကို လက်စောင်နှိုးပေးတာပါတဲ့.... ကျန်တဲ့သူတွေကိုလဲ နှိုးပေးပါဗျာတဲ့လေ.... ဒါဆိုရင် အဖြေသိပါပြီ...
ဖြစ်ပျက်ခဲ့မှုမြန်မာ့သမိုင်းတွေကို သုံးသပ်သာကြည့်ပေါ့..... ဒီနိုင်ငံမှာ ကိုပြောချင်သာပြောပြီး ကိုဖြစ်ချင်တာသာ လိုက်ဖြစ်ချင်နေတဲ့ ၀ိဝါဒစွဲ ကောင်တွေကြောင့် ပြည်ထောင်စုက အက်ကြောင်းဖြစ်နေတာ... ပိုပြီး စဉ်းစားကြည့်လို့ရတာကတော့ ဆရာသမားက ပြန်လည်ပြောပြခဲ့တဲ့အဖြစ်အပျက်တစ်ခု..... သူတာဝန်ကျတဲ့ဒေသက ရွာလေးတစ်ခု .... အဲဒီကမိတ်ဆွေ အိမ်လေးမှာ ညနေဆို ထမင်းသွားစား..... အရက်သွားလို့ သောက်ပါတယ်တဲ့.... အဲဒီလို အတူသွားစား အတူသွားသောက်တဲ့အိမ်က လူက ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့ကလူတစ်ယောက်..... စားသောက်ပြီးလို့ ပြန်တဲ့အခါတိုင်း နှုတ်ဆက်ပြီးပြောလေ့ရှိတဲ့စကားကတော့...... ညီလေး ဘယ်ကိုပဲသွားသွား သတိနဲ့ပဲသွားပါ..... အကိုနဲ့ ညီလေး တစ်နေ့နေ့ တစ်နေရာရာမှာ အခုလိုပဲ ကောင်းခြင်းနဲ့ ဆုံတွေ့ချင်တယ်ကွာ... တကယ်လို့များ အဲလိုမျိုး ဆုံစည်းဖို့ အကြောင်း ရှိခဲ့ရင် ကြိုသိခဲ့ရင် ညီလေးကို အသိပေးဖို့... အိမ်ကဇနီးကို ငါမှားထားခဲ့မယ်..... ဒီစကားလေးပါပဲ အဲဒီတော့ အသုံးမကျတဲ့ကောင်းတွေပြောနေသလို ပြည်ထောင်စုက ခွဲထွက်ရေး ကို့တိုင်းရင်းသား ကို့အစိုးရ ကိုယ်ပိုင်စစ်တပ်နဲ့ ရပ်တည်ရေးဆိုတာတွေက အဲဒါ တိုင်းပြည်ဖျက်နေတဲ့အကောင်တွေပဲကွလို့ ပြောလိုက်ချင်ပါတယ်...

ရာရာ said...

redlight ဆိုတဲ့တစ်ယောက်ဟာရှစ်လုံးရဲ့ နံပါတ်ဘယ်လောက်မယားငယ်ကမွေးတဲ့တစ်ယောက်လည်းမသိဘူးဗျ..
သူ့အဖေထိလို့ဆတ်ဆတ်ခါနာပြီး ငါးစိမ်းသည်လိုရန်တွေ့နေတယ်။

ရာရာ said...

မင်းအဖေက ဘုရားတရားရောသိရဲ့လား ရက်ဒ်လိုက်ရယ်....

Powered by Blogger.