![]() |
ပြည်မြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ (ဓါတ်ပုံ-ကိုကိုမောင်) |
ပြည်မြို့၊ မြို့နယ် လျှပ် စစ်ရုံးအရှေ့တွင်၂၂.၅.၂၀၁၂ ယနေ့ ည ၉း၀၀ နာရီ
အချိန်တွင် စတင်ပြုလုပ်ခဲ့ပါတယ်။
အဆိုပါဆန္ဒထုတ်ဖော်မှုမှာ အချိန် ၁၅ မိနစ်တိတိ ကြာမြင့် ခဲ့၍ ဆန္ဒပြထုတ်
ဖော်မှုပြုလုပ်ပြီး နောက် ပြည်မြို့တစ်မြို့လုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်
နေခဲ့ ရာမှ မြို့တစ်ဝက်ခန့်ကို ချက်ချင်း လျှပ်စစ်မီး ပြန်လည်ပေးအပ်ခဲ့ ကြောင်း
ပြည်မြို့ ခံတွေ ပြောပြချက်အရသိရပါတယ်။
Myanmar News Now
ပြည်မြို့ မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပြီ
Reviewed by သစ်ထူးလွင်
on
14:32
Rating:

8 comments:
၈၈၈၈ လို့  ၂၀၀၇ ရွှေဝါေ၇ာင်တို့ လို ထပ်မဖြစ်အောင် တာဝန်ရှိသူများထိန်ပေးကျပါဗျာ.....အမေစုေ၇ကယ်ပါ
ုမြို့တွေတော်တော်များများက လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်မီးလေးတွေနဲ့ ဆန္ဒပြနေကြတာကို အားရမိပါတယ်။
မီတာခ တစ်ယူနစ်ကို ၅၀-ကျပ်ပေးနေရတဲ့မြိုတွေမှာတောင် ဒီလုပ်နေရင်၊ တစ်ယူနစ်ကို ၁၆၀-ကျပ်ပေးနေရတဲ့၊ ပေးခြင်တဲ့အချိန်မှပေးနေတဲ့ မြစ်ကြီးနားမြို့ရဲ့ ဘူးခါး မီးပေးဝေရေးကို ဖယောင်းတိုင်မီးလောက်နဲ့ မလုံလောက်ဖူးထင်တယ်။ ဘာနဲ့ ဆန္ဒပြရမလဲ။ ပြောကြပါဦး။
comment ရေးနေတုံးမှာပဲ ရတဲ့သတင်းက၊ အိမ်တွေသုံးရင် ၁၆၀-ကျပ်နဲ့၊ လုပ်ငန်းသုံးမယ်ဆိုရင် ၃၀၀-ကျပ်ပါတဲ့ခင်ဗျား။
မြစ်ဆုံစီမံကိန်းလုပ်မယ်ဆိုတုန်းကတော့ တားကြတယ်...
အခု လျှစ်စစ်မီးအဆင်မပြေတော့ ဖယောင်းတိုင်နဲ့ ဆန္ဒပြတယ်
ဦးနှောက်မရှိတဲ့အဖွဲ့ တွေ၊ ဘယ်သူ့ အတွက်လုပ်တာလဲဆိုတာသိကြပါ၊ ဘာမှနားမလည်၊ ဘာမှမသိပဲ သူများလုပ်တိုင်းလိုက်လုပ် လိုက်အော်လုပ်မနေကြပါနဲ့ ခင်ဗျား။
numega ရေ မီးသာရှို့ လိုက်တော့ပျို့ အားပေးတယ်..တိုင်းရင်းသားတွေနေတဲ့နေရာတွေပိုဆိုးတယ် ခုထိရေနံဆီမီးခွက်ထွန်းနေရသေးတယ်ဗျကျုပ်တို့ ရွာမှာ
ဒီနေ့ မနက် ၉ နာရီခန့်က ထပ်မံ ဆန္ဒပြခဲ့ကြပါတယ် ...
ယနေ့ မနက် 9 နာရီခန့်က ထပ်မံဆန္ဒပြ ခဲ့ကြကြောင်း သိရပါတယ် .... ကိုသစ်ထူးလွင် ဆိုက်တွင် right ကလစ်မရသဖြင့် ဖတ်ချင်သော သတင်းများကို right click နှိပ်ပြီး tab တစ်ခုပြီးတစ်ခုခေါ်ထားလို့ ရလျှင် လွန်စွာအဆင်ပြေမည်ဖြစ်ကြောင်း ကွန်နရှင်ကို ရှေ့တန်းတင် တောင်းဆိုလိုက်ရပါတယ် ခင်ဗျား ....
အားပေးပါသည်။ လုပ်သင့်တာကြာနေပါပြီ။
ဘာကြောင့်လျှပ်စစ်မီးမလာတာကိုဆန္ဒပြနေကြတာပါလဲ။ ဘယ်တုန်းကများ
မြန်မာနိုင်ငံမှာလျှပ်စစ်မီးလုံလောက်ခဲ့ဘူးလို့လဲ။ ဒီလိုလုပ်နေလို့လဲမိုးကျ
ရွှေကိုလို မီးလင်းလာမှာမဟုတ်ပါဘူး။ခေတ်အဆက်ဆက်မှာလုံလောက်
အောင်မှမလုပ်ခဲ့တာ ကိုယ်ကျိုးအတွက်ချည်းဘဲလုပ်ခဲ့ကျတာ။ တကယ်
ဆိုရင် အခုရခိုင် က သဘာဝဓာတ်ငွေ့ကိုတရုပ်ကိုေ၇ာင်းတာကိုကန့်ကွက်
ဆန္ဒပြသင့်တယ.် ဒါမှထွက်ပြီးသားသဘာဝဓာတ်ငွေ့က ပြည်သူကိုချက်
ချင်းအကျိုးပြုနိုင်မယ်။ ဒါကကျ နော်အမြင် လွတ်လပ်စွာသဘောကွဲလွဲနိုင်ပါ
သည်။
Post a Comment