လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည်

မေလ(၂၁)ရက်နေ့ ည က ရန်ကုန်မြို့ မီးပွိုင့်တွေမှာ မီးပျက်နေလို့ 
ကားတွေ ပြည့်ကျပ်နေစဉ် (ဓါတ်ပုံ-Myanmar News Now)

မေလ(၂၁)ရက်နေ့ ည က ရန်ကုန်မြို့ မီးပွိုင့်တွေမှာ မီးပျက်နေလို့ 
ကားတွေ ပြည့်ကျပ်နေစဉ် (ဓါတ်ပုံ-Myanmar News Now)
မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်၊ ဟံသာ (YPI )

ယနေ့ညနေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့တွင် လျှပ်စစ်မီး မှန်မှန်ရရှိရေး တောင်းဆိုမည့် ပြည်သူများ စုဝေးကာ ဖယောင်းမီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။

ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအ၀င် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။

“ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေ အပါအ၀င် လျှပ်စစ်မီးရရှိဖို့ အတွက်လိုလား တဲ့ပြည်သူတွေအပါ စုစုပေါင်း လူအယောက် ၈၀ နဲ့ ၁၀၀ လောက်ရရင်စလှုပ်ရှားမယ်။ အင်အား ၁၀၀ ကျော်ချင်လည်း ကျော်သွားနိုင်တယ်” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

အစီအစဉ်မှာ ယနေ့ညနေ ၆နာရီခွဲအချိန် ဆူးလေဘုရားရှေ့တွင်လူစုကြမည်ဖြစ်ပြီး ၇ နာရီတွင်ဖယောင်း တိုင်မီးထွန်းညှိ၍ အသံတိတ် ငြိမ်းချမ်းစွာဆန္ဒပြကြပြီး နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းပြီး လူစုခွဲကြမည် ဖြစ်သည်။

“အခုလှုပ်ရှားမှုက ကျွန်တော်တို့ ဒီမိုကရက်တစ် အင်အားစုတွေ ပါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှု အနေနဲ့လုပ်တာ မဟုတ်ပါဘူး ဒါကိုလည်း အဖွဲ့ဝင်အားလုံး သဘောတူထားတယ် အဓိကက လူထုလိုအပ်ချက် အတွက်လုပ်တဲ့ လှုပ်ရှားမှုပဲ”ဟု ကိုဟန်ဝင်းအောင်ကဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေး၊ မုံရွာ စသည့် မြို့များတွင်လည်း လျှပ်စစ်မီး ရရှိရန်အတွက် ဖယောင်းတိုင်မီးထွန်း၍ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းဖြန့်ဝေခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်လူထုသို့မေတ္တာ ရပ်ခံပန်ကြားခြင်း ဆိုသည့် ခေါင်းစဉ်ဖြင့် ပန်ကြားချက် တရပ်ဖေါ်ပြထားရာတွင်

“ မြန်မာနိုင်ငံမှာ ရေအား၊ကျော်မီးသွေးနှင့်စက်ရုံပေါင်း၍ နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏမှာ ၁၃၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သုံးစွဲမှုပမာဏမှာ ၁၈၅၀ မဂ္ဂါဝပ်ရှိသဖြင့် အများပြည်သူနှင့် စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းများအား ဓာတ်အားလုံလောက်စွာဖြန့်ဖြူးပးနိုင်ခြင်းမရှိတော့၍ သုံးအုပ်စုခွဲကာ အုပ်စုလိုက် အလှည့်ကျဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့ရပါသည်။
ထိုသို့ဆောင်ရွက်နေစဉ် ယခုလ ၁၉ ရက်နေ့တွင် ရွှေလီ-မန်စံ ၂၃၀ ကေဗွီဓာတ်အားလိုင်းဧ။်တိုင်အမှတ် (၇၃၊၂၀၆၊၂၀၇နှင့် ၂၀၈) တိုင်လေးတိုင်တို့မှာ မိုင်ခွဲအချိုးခံရသောကြောင့်ဓာတ်အားပမာဏ ၂၀၀မဂ္ဂါဝပ် မှာလျော့နည်းဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ယခုနွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စု သုံးစုခွဲ၍ အလှည့်ကျ ဓာတ်အား မျှပေးနေရသော အခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား ချှေတာသုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် အထူးမေတ္တာ ရပ်ခံပန်ကြားအပ်ပါသည် ” ဟု ဖေါ်ပြပါရှိသည်။

ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက “ မီးက ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ်ဆိုတာ တွက်မရတာ ခက်တယ်၊ နာရီဝက်တခါ တနာရီတခါ လာလိုက်ပျက်လိုက် ဖြစ်နေတာက ခက်နေတာ” ဟု လက်ရှိရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။ ။

 Yangon Press International
လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည် လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည် Reviewed by သစ်ထူးလွင် on 16:40 Rating: 5

26 comments:

chitthu said...

နိုင်ငံခေါင်းဆောင်တစ်ဦးလုပ်နေပြီးတော့ ဘယ်လိုစီမံခန့်ခွဲရမည်ဆိုသည်ကို သိသင့်သည်ဟုထင်ပါသည်။ ပြည်သူများအနေဖြင့် မီးအားကို အလကား သုံးစွဲနေခြင်းမဟုတ်ပါ။ ကျသင့်သော မီတာခပေးဆောင်ကာ သုံးစွဲနေခြင်းဖြစ်သည်။ လုံလောက်အောင်ပေးရန်မှာ အစိုးရတာဝန်ဖြစ်ပြီး ကျသင့်သလောက် ပေးဆောင်ရန်မှာ ပြည်သူတို့၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် မဆောင်ရွက်ပေးနိုင်ပါက ယူထားသည့် တာဝန်များအား ပြန်လည်အပ်နှင်းလိုက်စေခြင်ပါသည်။

zmt said...

ရန်ကုန်ကားတွေကြပ် ကားတွေကြပ် ရန်ကုန်မီးတွေပျက် မီးတွေပျက် ရန်ကုန် ...ရိုးရို့

66koaungaungtun@gmail.com said...

လျှပ်စစ်ဝန်ကြီးအရုးလားခင်ဗျာမီးကဘယ်အချိန်လာလို့(၃)ပိုင်းခွဲပေးတယ်ပြောတာလည်းကိုယ်အပိုင်းလာအလှည့်မှာမီးပျက်သွားရင်ခင်ဗျာကအစားပြန်ပေးမှာမို့လို့လားပြောပါ။

thet paing said...

ဖယောင်းတိုင်ဖိုး က ဘယ်သူပေးမှာလဲ ဟင်....?

MYO MYINT said...

ကျွန်တော့်သဘောကတော့ဒီလိုတို့တိတို့တိဆန္ဒပြမနေဘဲအစိုးရကိုလက်နက်စွဲကိုင်တော်လှန်ပြီးကြိုက်တဲ့အစိုးရကိုတင်ကြစေချင်တယ်ဗျာ၊ခင်ဗျားတို့ကောင်းမယ်ထင်လို့တင်တဲ့အစိုးရကြဘာလုပ်လုပ်ကောင်းတယ်ပြောကြပေါ့ဗျာ၊ဒါမှပြည်တွင်းစစ်ဆိုတာလည်းဒီခေတ်လူငယ်တွေတွေ့ဘူးကြုံဘူးသွားတော့ပိုပြီးဗဟုသုတစုံတာပေါ့၊တရုပ်နဲ့အမေရိကန်အတွက်မြန်မာနိုင်ငံမှာစစ်တလင်းပြိုင်ပွဲလုပ်ပေးလိုက်ရင်မြန်မာပြည်ကြီးအမြန်တိုးတက်စည်ပင်စေချင်လို့ပါ။

MYO MYINT said...

ကျွန်တော့်သဘောကတော့ဒီလိုတို့တိတို့တိဆန္ဒပြမနေဘဲအစိုးရကိုလက်နက်စွဲကိုင်တော်လှန်ပြီးကြိုက်တဲ့အစိုးရကိုတင်ကြစေချင်တယ်ဗျာ၊ခင်ဗျားတို့ကောင်းမယ်ထင်လို့တင်တဲ့အစိုးရကြဘာလုပ်လုပ်ကောင်းတယ်ပြောကြပေါ့ဗျာ၊ဒါမှပြည်တွင်းစစ်ဆိုတာလည်းဒီခေတ်လူငယ်တွေတွေ့ဘူးကြုံဘူးသွားတော့ပိုပြီးဗဟုသုတစုံတာပေါ့၊တရုပ်နဲ့အမေရိကန်အတွက်မြန်မာနိုင်ငံမှာစစ်တလင်းပြိုင်ပွဲလုပ်ပေးလိုက်ရင်မြန်မာပြည်ကြီးအမြန်တိုးတက်စည်ပင်စေချင်လို့ပါ။

U Chit said...

ဆန္ဒပြတာ ဘုန်းကြီးတွေ ပါမှာ လား အဲဒါမှ ပိုပြီး အင်အား ၇ှိမှာ တမြို့ လုံး တနိုင် ငံလုံး ဆန္ဒပြ၇င် ပို အဆင်ပြေတယ် လက်နက်ကိုင်တွေ လည်း ပစ်ကြ ခွဲ ဖောက်ကြပေါ့ ၈၈ တုန်းက မြန်မာပြည်ကို ချောက်ထဲ ကျမယ့် အေ၇း ဗိုလ်စောမောင်က သူကယ်တင်တယ်ဆိုပြီးနာမည်ကောင်းလေးယူ ပြီးတော့ အာဏာလေး သိမ်းလိုက်တယ် ၂၀၁၂ မှာ ဗိုလ်မင်းအောင်လှိုင်ကလည်း ထပ်ပြီး ထိုနည်းလည်းကောင်း အကွက်တွေ ချောင်း ၇င်း အာဏာ သိမ်းဖို့  စောင့် နေပါတယ် တိုင်းပြည် မငြိမ်သက်လို့  မင်းမဲ့  စ၇ိုက်တွေ ဖြစ်လာလို့ေ၇ာင်စုံ သူပုန်တွေ ထ လို ဆိုပြီး ဦးသိန်းစိန်ကိုဖယ်ဦးမှာ အကွက်တွေက လှတယ်နော် မန်းယူလိုပဲ ပွဲ သိမ်းကွက်လေးတွေ ၂၀၁၅မတိုင်မီကပ်ပြီးေ၇ွှ့ သွားမှာ

myowin said...

ငါအိုတီဆင်း၇မယ်တဲ. ဒီနေ.မှ ဟွန်. ။ ငါလည်းလာချင်တယ်။ :(

GuGu said...

တကယ်လား

minsoeaung said...

ဒါမှရန်ကုန်လည်းခေတ်မှီမှာ
လုပ်လိုကကြစို့။
ကိုဖြစ်ကိုယ်ခံနော်။
ဘယ်သူမှလာခံမှာမဟုတ်ဘူး။
ဘေးကရပ်နေတာကကိုယ့်လူလို့မထင်နဲ့။
ကြည့်ကောင်းလို့ကြည့်နေကြတာ။

hasi said...

ဒီခေတ်မှဘဲမီးမလာတာအစမ်းလုပ်နေကြတယ်၊
တောသားမြို့ရောက်မီးကပျောက်၊
ပျောက်တဲ့မီးကိုဖယောင်းတိုင်မီးထွန်းပြီးရှာကြအုံးမည်။
ဧရာဝတီရှင်သန်ရေးမြစ်ဆုံကိုပိတ်ထားပေး
သဘာဝပတ်ဝန်းကျင်သန့်ရှင်းဖို့ကျောက်မီးသွေးဓါတ်အားစက်ရုံပိတ်ကြစို့
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးတာကော်အက်ကိုဖျက်လို့ပေး

gandalarichtatekaphyit said...

အဆင့်အတန်းရှိတဲ့ comment မရေးနိုင်ရင် မရေးပါနဲ့ ...

Anonymous said...

နေပြည်တော်မှာရောမီးပျက်လားဟင်!

ဖိုးဖိုးကြီး said...

ရန်ကုန်ကမီးပျက်တာမီးပွိုင့်တွေပါအားလုံးပျက်တော့ကားတွေအားလုံးပိတ်ပြီး
သွား/လာရခက်ကုန်ပြီး။ ရေခဲချောင်းမီးကိုင်နေကြတဲ့ မော်တော်ယာဉ်ထိန်းရဲဘော်တွေ-ဘယ်ဂျောင်မှာအလေလိုက်နေကြတာလဲ။ ရေခဲချောင်းလမ်းပြမီး
တွေနဲ့ယာဉ်ကြောရှင်းအောင် ဘာကြောင့်မလုပ်ကြတာလဲ။ဘာလဲအထက်က
လူကြီးတွေက မင်းတို့ကိုအရေးယူရအောင် စောင့်နေတာလား။ နဂိုကမီးပျက်လို့ ပြည်သူတွေက ဟိုနေရာဆူချင်/ဒီနေရာဆူချင်-ဖြစ်နေတာကို မင်းတို့ကမိမိတာဝန်-မိမိမသိဘူးလား။
ယာဉ်ကြောရှင်းအောင်

Latha Mobile 0945 000 1727 said...

မီးပျက်နေတော့ အရှင်လတ်လတ် ငရဲခံနေရသလိုဘဲ တိုက်ထဲမှာ လောင်ပိတ်ပြီးတော့ ၀တ်ကြွေးရှိရင် ကျေပါစေ

မကြေနပ်သူ said...

ကျုပ်တို့က ပိုဆိုးသေးတယ်
ကွန်ပျူတာတွေနဲ့အလုပ်လုပ်နေတာ အခုလာ အခုပျက်နဲ့ ခဏခဏ
ပျက်နေတာ ကွန်ပျူတာ ၂ လုံးက ဟတ်ဒစ်တွေပျက်ကုန်ပြီ
မီတာခက ၂ ဆဖဆာင်ထားတာ
ခုစက်ပျက်လို့ဆိုင် ပိတ်ထားရတယ်
ရွှေလီပျက်တာက ၂၀၀ မက်ဂါဝပ် - ပိတ်တာက ၅၀၀ မက်ဂါဝပ်တဲ့
တစ်ခြားစီဘဲ လူသတ်ခြင်တယ်

Anonymous said...

မီးလာနေတဲ.ဆီက လူတွေလဲ ရေတင်ပါ။ Aircon လဲဖွင်.ချင်ဖွင်.ပါ Out side temperature ထက် 2-3 deg. C လောက် လျော.ဖွင်.လဲ နေသာပါတယ်။ ဖြစ်နိုင်ရင် ပန်ကာဖွင်.ပေါ.။ LED မီးလုံးတွေလဲ အလွယ်တကူဝယ်လို.ရတယ်။ မီတာခ လဲသက်သာမယ်။ တခြားသူတွေလဲ အစဉ်ပြေမယ်။ဖြစ်နိုင်ရင်ပေါ.။

than said...

တဆိတ် ရှိ ဆန္ဒပြမယ် ဆိုတာကြီးပဲ။ ဒီမိုခရေစီ ဆိုတာရောနားလည်ကြလို့လား?? ကြံ့ဖွတ် ကကောင်တွေ အကွက်ရှာပြီး တိုင်းပြည်ဆူအောင် လုပ်တာထင်တယ်

saunghnin said...

အပေါ်က MYOMYINT ဆိုတဲ့ကောင်စောက်ခြောက်လို ပြည်ပကနေ အွန်
လိုင်းတက်ပြီးအော်မနေနဲ့ မင်းတစ်ကယ်လုပ်ရဲလို့လား။မင်းတို့ပြည်ပရောက်နိုင်
ငံရေးလိုလိုဟိုလိုလိုတွေ စောက်ခြောက်လိုအော်မနေနဲ့ ငါတို့ပြည်သူဘဲ
နစ်နာတာ။

ngaba said...

လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက.. မြန်မာနိုင်ငံမှာ မဂ္ဂါဝပ်၁၅၀၀ကိုတောင် ကုန်အောင်မသုံးနိုင်မှတော့ ပြည်ပကို ထုတ်ရောင်းစားရမှာပေါ့..လို့ တိုင်းပြည်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဒီနေ့သတင်းစာမှာတော့ သုံးစွဲမှု ၁၈၅၀ မဂ္ဂါဝပ်လို့ တရားဝင်ပြောလာတယ်။
ကိုယ့်နိုင်ငံမှာ လျှပ်စစ်သုံးစွဲမှု ပမာဏကိုတောင် အသေအချာမသိဘဲ၊ သူ့လောက်သိသူမရှိဘူးလို့ တရားဝင်ထုတ်ပြောခဲ့သူက လျှပ်စစ်ဝန်ကြီး တက်လုပ်နေမှတော့ ... ဘာပြောရမှန်းတောင် မသိတော့လောက် အောင်ပါပဲ။ ကျွန်တော်တို့ ကံကိုက ဆိုးလွန်းပါတယ်။
သမ္မတကြီးခင်ဗျား.. အရည်အချင်းမရှိတဲ့..နေရာနဲ့ မထိုက်တန်တဲ့ ၀န်ကြီးတွေကို အလျှင်မြန်ဆုံး အစားထိုးသင့်ပါပြီ။ အချိန်တွေ ခဏလေး ကုန်သွားမှာပါ။ ဒီအတိုင်းဆက်သွားနေရင် နောင်၅နှစ်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

tintaye10 said...

ဆန္ဒပြတာမှဟုတ်ဘူး ဆန္ဒဖော်ပြတာ

mimi said...

ဒီလိုအသုံးမကျတဲ.၀န်ကြီးကိုဘာမျက်နှာတွေထောက်ထားပြီးမဖြုတ်သေးတာလဲဦးသိန်းစိန်၊ဒီလိုလူတွေနဲ.လုပ်နေလို.ကတော.နောက်ဆယ်နှစ်လည်းတိုးတက်မှာမဟုတ်ဘူး။ပါးစပ်ကနေကြီးဘဲပြောင်းလဲရမယ်လို.ပြောနေလို.အလကားဘဲ။ထိထိရောက်ရောက်လက်တွေ.မလုပ်ဘဲနဲ.တော.ဘာပြောင်းလဲလာမှာလဲ။သူတယောက်ထဲမဟုတ်ဘူး။အများကြီးရှိသေးတယ်။ဥပမာ...ဦးမြင်.လှိုင်။စကားတခွန်းလောက်ပြောလိုက်တာနဲ.အရည်အချင်းဘယ်လောက်ရှိလဲသိသာတယ်။

goldentiger.mhs said...

မှန်ပါတယ်
တာဝန်မကျေရင်
တာဝန်မယူနိုင်ရင်
ထွက်ပေးသင့်ပါတယ်

P ,P said...

လျှပ်စစ်ဝန်ကြီး ဇော်မင်းကို လားပင်စင်ပေးသင့်နေပြီ။

axe said...

ပြောတော့ပိုတယ်ဆို အခုဘယ်လိုဖြစ်တာလည်း ရောင်းမစားတော့ဘူးလား
နေပြည်တော်မှာ ဘာလို့ မီးမပျက်တာလည်း သူတို့ မှလူမဟုတ်ပါဘူး
ကျန်တဲ့မြို့ ကလည်းလူတွေပါပဲ ဇော်မင်းဆိုတဲ့ကောင်က ဘာမှမတတ်ဘဲနဲ့ တောင်သူ့ လောက်တတ်တဲ့လူမရှိဘူးတဲ့တော်တော်အရှက်မရှိတဲ့ကောင် မြန်မြန်ထွက်ကွာ ဇော်မင်းလို့ မခေါ်နဲ့ ဇော်ဖျင်းလို့ ခေါ် မီးမြန်မြန်လာအောင်လုပ်ပေးဒါပဲ။

phyothant said...

မီး မရှိရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှု ဆိုတာမရှိနိုင်ပါဘူး ဒါကြောင့် မီးကို 24 နာရီလာစေချင်တယ် ကျွှန်တော်ကတော့ မီး ပျက်လို့ စိတ်ပျက်မိတယ် ဆန္ဒပြတဲ့ သူတွေကို လည်းအားပေးတယ် တချို့ချို့ကပြောကြပါတယ် ဆန္ဒပြရင် ကိုယ်ဖြစ်ကိုယ်ခံတဲ့ အဲလို့ပြောတဲ့ သူတွေကိုအံသြမိတယ် ဆန္ဒုပြတဲ့သူတွေက သူ ကိုယ်ရေးအတွက်ပြတာ မဟုတ်ဘူး အများပြည်သူအတွက်ဗျာ ဒါကို သိထားကြပါ... ဒီလို့ သာပြောကြေးဆိုရင် နေပြည်တော်မှာ ဘာလို့ မီးမပျက်တာလဲ နေပြည်တော်က ဘာလဲ နတ်ပြည်မို့လား နင်ဘိုအေ့ တွေနေနေလို့လား ..ဘာဘဲဖြစ်ဖြစ်သာယာတဲ့နိုင်ငံဖြစ်စေချင်ရင် မီး မှန်ဖို့လိုတယ်

Powered by Blogger.