ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ရုပ်/သံ)


၂၂ မေ ၂၀၁၂။ ဒဂုံမြို့သစ် အရှေ့ပိုင်း အန်အယ်ဒီရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ဒီဗွီဘီိ)



ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ရုပ်/သံ) ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 17:54 Rating: 5

29 comments:

pheasant said...

ကောင်းလိုက်တဲ့ အမေစုမိန့်ခွန်း ခေါင်းဆောင်ဆိုတာ ဒီလိုပဲ ရှိရမယ်၊

Anonymous said...

မြောက်ဥက္ကလာစက်မူ့ဇုံမှာမတရားလာဘ်စားပြီးတရားမဝင်မီးပေးထားတာတွေရှိပါတယ် စီစစ်ပေးပါ။

Anonymous said...

မြောက်ဥက္ကလာစက်မူ့ဇုံမှာလာဘ်စားပြီး မီးခိုးပေးနေပါတယ် စီစစ်ပေးပါ။

ဒီမိုကရေစီလိုလားသူ said...

ဒီမိုကရေစီနောက်မှ ဆိုတဲ့စကားက အန္တရာယ်အလွန်ရှိတဲ့ စကားပဲ။
အားလုံးသော ပြည်သူတွေ သတိထားကြပါ။ ဒီစကားက ဒီမိုကရေစီလမ်းကြောင်းကနေ ထွက်ခွာဖို့ နောက်ပြန်ဖို့ အေးချမ်းစွာ ဆန္ဒပြတဲ့ လူတွေကြားထဲကို အဖျက်အမှောင့် ၀င်လာတာလို့ ထင်ပါတယ်

ပုသိမ်သား...ဆင်မ said...

လုပ်ပါ အမေရယ် နဲနဲဝင်ထိန်းပေးပါ ၈၈၈၈ လိုရွှေဝါရောင်တို့လိုဖြစ်သွားမှာစိုးတယ် ကျနော်တိုနိုင်ငံကခုမှလည်းနေ ရာကနေကုန်းထနေရတာ နောက်တကြိမ် နွံမနစ်ပါရစေနဲ့ အမေဝင်ပြီးပြောရင် ရလေ့မယ်

ချစ်ဖူး said...

အရမ်းကို ကောင်းပါတယ်။ မှတ်သားစရာပါ

nandar said...

အမေ ရှင်းလင်းပြတ်သားနေတာပါပဲ။ အဒါတွေကြောင့် အမေ့ကိုသဘောကျတာ။

minkaung said...

ပိုက်ဆံသာယူချင်ပြီး တာဝန်မယူချင်သောအစိုးရလူကြီးမင်းများအနားယူပါတော့။

Aung Hein Khant said...

ခေတ်မှီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဖယောင်းတိုင်ဖြင့် သွားကြစို့

မန်းလေးသား said...

အမေစုပြောသလိုသာ..... လျှပ်စစ်ဝန်ကြီးတို့ ရဲ အက်စ်ဘီတို့ အပိုင်းလိုက်ပြောခဲ့ရင် ကျွန်တော်တို့ တွေဒေါသထွက်စရာမလိုပါဘူး....... အမေစုပြောတာကို မျက်ကန်းမှိတ်ယုံတာမဟုတ်ပဲ ကိုယ်ပိုင်စဉ်းစားညာဏ်နဲ့ စဉ်းစားကြည့်ပြီးမှ လက်ခံတာပါ..... ပိုပိုပြီးတော့ အမေစုကို ဆထက်တန်ဖိုး ယုံကြည်ပြီး လေးစားချစ်ခင်လျှက်ပါပဲအမေ...... အမေအသက်ရာကျော်ရှည်ပြီး ကျမ်းကျမ်းမာမာပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ.....

Anonymous said...

တီဗီက တစ်ပိုင်းတစနဲ့ ရပ်နေပါတယ် ခင်ဗျာ နည်းနည်းလောက် ပြန်စစ်ပေးပါလား ကျနော် ဝိုင်ဖိုင်နဲ့ ကြည့်နေတာပါ အခြားဟာတွေတော့ ကြည့်လို့ ရပါတယ် ဒီဟာကို မရတာပါ ဒေါ်စု ပြောသွားတာ မှန်ပါတယ် ခင်ဗျာ သူပြောတာက ဒီမိုကရေစီရှိမှာသာ လျှပ်စစ်မီးရော အခြား လိုအပ်ချက်တွေပါ နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းပေးနိုင်ပါလိမ့်မယ် အဲဒါကိုညလ်း ပြည်သူတွေ သိအောင်လုပ်ပေးရမှာပါ အခုတော့ ကျနော် ဖေ့စ်ကို ရှယ်ချင်ပေမယ့် မလုပ်သေးပါဘူး ဗွီဒီယိုက တစ်ပိုင်းတစနဲ့ ဖြစ်နေလို့ပါ ကျေးဇူးတင်ပါတယ်

Anonymous said...

ဗျို့ အကိုရေ ဘာဖြစ်လို့ လဲတော့ မသိဘူးဗျ ဒေါင်းပီး ကြည့်လိုက်တာတော့ ရပါတယ် မှာသွားတဲ့အတွက်လည်း တောင်းပန်ပါတယ် ခင်ဗျာ

နေခြည်ဖြာ said...

ပြည်သူလူထုအများစု ကိုလည်းနိုင်ငံရေး အတွေး အသိပညာ တွေကို အမှောင်ချထားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ အမေရေ ၊ဒါတွေကို မြင်လာအောင်သိလာအောင် အမေ အလှု၇ှင်နိုင်ငံ/အဖွဲ့အစည်းတွေရှာပြီး လက်ကမ်းစာစောင်တွေ ကြော်ငြာတွေ သတင်းတွေ စာအုပ်တွေ
ဂျာနယ်တွေ ထုတ်ပြီးအခမဲ့ ဖြန့်ဝေရမယ် ၊နိုင်ငံရေးလုပ်ရင် ထောင်ကျတယ်ဆိုတဲ့ လူတော်တော်များများရဲ့ အတွေးအခေါ်တွေကို ပျောက်အောင်လုပ်ဘို့ စီစဉ်ပေးပါ အမေ။

zaw hlaing oo said...

အမေစုပြောသွားတာအရမ်ကောင်းပြီးအရမ်းကိုမှန်ပါတယ် ဒီမိန့်ခွန်းသာဦးသိန်းစိန်အစိုးရနားထောင်ရရင် တဖွဲ့လုံးရှက်ပြီးကိုယ့်ကိုကိုယ်သက်သေလို့ရတယ် အေးလေ အရှက်မရှိလို့လည်းဒီလူတွေဒီအချိန်ထိဒီနေရာမှာရှိနေတာပေါ့

myayeethway said...

“ကျွန်မတို့ နိုင်ငံကမဆင်းရဲဘူး ။ ပြည်သူတွေသာ ဆင်းရဲနေတာ။
လျှပ်စစ်မီးရဖို့ပဲဖြစ်ဖြစ် ရေရဖို့ပဲ ဖြစ်ဖြစ် ၊ အင်မတန်မှ အရေးကြီးတဲ့အလုပ်ရဖို့ ပဲ ဖြစ်ဖြစ် တကယ်ပြင်ဆင်ရမှာကိုတော့ စနစ်ဖြစ်တယ်ဆိုတာကတော့ ကျွန်မရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။”
“ အစိုးရလုပ်တဲ့သူတွေရဲ့ တာဝန်ဟာ ဘာလဲဆိုတော့ ပြည်သူလူထုအားလုံးဟာ တတ်နိုင်သမျှ မိမိတို့ ဘ၀တွေ မိမိတို့ ပိုင်ဆိုင်နိုင်အောင်လို့ အစိုးရများဟာ အဲဒီလိုအခြေအနေတွေကို ဖန်တီးပေးရမယ်။အစိးရလုပ်တဲ့သူတွေရဲ့ တာဝန်ပဲ။ ဒီတာဝန်တွေမယူချင်လို့
ရှိရင် အစိုးရမလုပ်ဖို့ ပဲရှိတယ်။ အစိုးရလုပ်တဲ့သူတွေသိအောင်လို့ လုပ်ပေးရမှာက ပြည်သူတွေပဲဖြစ်တယ်။”
အမေ့ စကားတွေအရမ်းမှန်ကန်ပါတယ်။ ထောက်ခံပါတယ် အမေ..။

redlight said...

ကျွန်တော့်ကို ကန့်လန့်လို့မြင်မယ်... အစိုးရမှာ လုံးဝတာဝန်ရှိတာမှန်တယ်။ တာဝန်လုံးဝယူသင့်တယ်။ စနစ်ကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံက မဆင်းရဲဘူးဆိုတာ လက်မခံပါဘူး ... နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာမှုဟာ လူတစ်ဦးချင်းရဲ့ဝင်ငွေ၊ တိုင်းပြည် ပို့ကုန်/သွင်းကုန် GDP နဲ့ နှိုင်းပြီး ကြည့်တာပါ။ ဒါတွေ တစ်ခုမှမတိုးတက်တဲ့အပြင် ပို့ကုန် ဆိုတာတောင် ... ။ အတိတ်ဆိုတာ အပြစ်တင်ဖို့မဟုတ်ဘူး သင်ခန်းစာယူဖို့၊ အနာဂတ်ကတော့ အခု ပစ္စပန်ရဲ့ အကျိုးသက်ရောက်မှုပဲ။ ဒါဟာ သူကြောင့် သူကြောင့် တစ်ယောက်နဲ့တစ်ယောက်လက်ညှိုးအပြန်အလှန်ထိုးနေရင်တော့ ... မှားတာရှိရင်ခွင့်လွှတ်စေချင်ပါတယ်။ သင်ပြစေချင်ပါတယ်။ ကိစ္စကြီး တစ်ခုခုဖြစ်တဲ့အချိန်မှာ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးညီညွှတ်စေချင်သူ ... အမေစု ကျန်းမာပါစေ ...

hello to all my friends ! said...

မြန်မာပြည်မှာ မီတာ စောင့်ရှောက်ထိန်းသိမ်းခ အနေနဲ့ တစ်လကို မီတာတစ်လုံးကို ကျပ်တစ်ထောင် နဲ့ မီတာအလုံးပေါင်းဘယ်နှစ်သန်းရှိလဲ မြှောက်ကြည့်ပေါ့ဗျာ..
ဥပမာ... ၁၀၀၀ ကျပ် x ၂ သန်း ဆိုဘယ်လောက်လဲ တစ်လကို...
အဲဒီလောက်ပမာဏတွေ ကို သူတို့ဘယ်လိုအသုံးချနေပါလဲ..
ဒါတောင် မီတာခတွေ မပါဘူးနော်..စောင့်ရှောက်ခဘဲပြောတာပါ..
ဘယ်မှာ သုံးနေတယ်ထင်ပါသလဲ....စဉ်းစားကြပါ ..စဉ်းစား .စဉ်းစား.........

yelay said...

ဗွီဒီယိုတို့ ရုပ်သံလိုင်းတင်ထားတာတို့ကို download လုပ်ရန်ဆိုတာလေး ထည့်ပေးရင် ပိုကောင်းမယ်ဗျာ။ သိမ်းထားလို့ရတာပေါ့။ ကျေးဇူးပြုပြီး ထည့်ပေးစေချင်ပါတယ် ဗျာ။

COBRA said...

INTERNET မြန်နှုန်းမြှင်.ရေး ဒေါ်အောင်ဆန်းစုကြည်မှ west country များသို.အကူအညီတောင်း စေလိုပါသည် ၊ ............. တိုးတက်လိုသောလူငယ်များ ...။

konamazu said...

ကောင်းလိုက်တဲ့ မိန့်ခွန်းဗျာ...ခေါင်းဆောင်ကောင်းဆိုတာ ပြည်သူတွေကို အခုလိုရှင်းလင်းတဲ့ အဖြေထုတ်ပေးနိုင်ရပါတယ်။နိုင်ငံတော်မှာလဲ ခေါင်းဆောင်ကောင်းတွေရှိပါတယ်။အခုသမ္မတကြီး ဦးသိန်းစိန်တို့လို အမေစုတို့လို ခေါင်းဆောင်ကောင်းတွေသာရှိမယ်ဆိုရင် နိုင်ငံတော်ကြီး အရမ်းလှပသွားမှာသေချာပါတယ်။

youthmedia said...

မီးမ၇တာ လောက အမှောင်ကျတာ ဒီမိုကေ၇စီမ၇တာ ဘ၀ အမှောင်ကျနေ၇တာပါ မီးမ၇တဲ့ ကိစ္စ ဖယောင်းတိုင်နဲ့  ဖြေ၇ှင်း၇နိုင်ပေမယ့် ဘ၀အမှောင်ကျတဲ့ မြန်မာပြည်သားတွေ အ၇င်လိုတာ ဒီမိုကေ၇စီမီးပါ နေပြည်တော်က အဘ တို့ မီးမှန်မှန်၇နေပေမဲ့  ဘ၀အမှောင်ကျနေလို့  ပြည်သူတွေ ၇ဲ့ ဒုက္ခ ကို မြင်နိုင် ဖြစ်နေကြတာ တွေ့ နိုင်ပါတယ်

Myosetthit said...

မှန်ပါတယ်၊ နိုင်ငံရေးစံနစ်နဲ့ဆိုင်ပါသည်၊ လောလောဆယ် ပြည်သူများသက်သာချောင်ချိမှုရအောင် အန်တီအနေနဲ့ GE ကို အကူအညီတောင်းပြီး ဂက်စ်တာဘိုင် တစ်လုံး (၆) လအတွင်း တည်ဆောက်နိုင်ဖို့ ကူညီပေးပါခင်ဗျား၊

ကိုမျိုး said...

ဦးသိန်းစိန်ကိုလည်းအဲလိုမပြောသင့်ဘူး အရင်လူတွေထက်စာရင်အများကြီးသာတယ် သူကလဲတပ်ပျက် ကိုဗိုလ်တက်လုပ်ရတာလေ နားလည်ပေးသင့်ပါတယ် သူငယ်ချင်းဇော်လှိုင်ဦး

Anonymous said...

အရမ်းကောင်းတယ် အမေစုရေ...။

redlight said...

လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ မီးရဖို့ အမေရိကန်ကို အကူအညီတောင်းစေချင်ပါတယ် ... ပြီးတော့ လူထုငြိမ်းချမ်းစွာဆန္ဒပြနေတဲ့အချိန်မှာ နိုင်ငံရေးကြာကူလီတွေမ၀င်အောင်တားပေးပါခင်ဗျာ ... ဒီကောင်တွေက လက်သီးလက်မောင်းတန်းဒို့အရေးအော်ပြီး ပြည်သူလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်.. . အစိုးရကို မီးလာနိုင်အောင် တောင်းဆိုသင့်၊ အကြံပေး စေချင်ပါတယ်။ လွှတ်တော်အမြန်ခေါ်ပြီး ဖြေရှင်းစေချင်ပါတယ်။ မေးခွန်းမေးပြီး ဒုက္ခရောက်အောင်လုပ်တတ်တာကတော့ နွားကျောင်းသားတောင်ရပါတယ်ခင်ဗျာ... အစိုးရအဖွဲ့ကလည်း အမြန်ဆုံး အဖြေရှာပြီး အဖြေကို ပြည်သူလူထုအသိပေးသင့်ပါတယ်။ ပြီးတော့ ဆန္ဒပြတာကို အကြမ်းဖက်ပြီး ဖြိုခွင်းတာဟာ သောက်ရူးနည်းလမ်းပါ။ ငြိမ်းချမ်းစွာ ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာသင့်ပါပြီ။ KIO ကလည်း ပြည်သူ့ပိုင်ကိုမဖျက်ဆီးပါနဲ့တော့။ အကျိုးမရှိလို့ပါ။ သောက်ရူးအလုပ်မို့ပါ။ အတိုက်အခံကလည်း တစ်ခုခုဖြစ်တိုင်း ပြည်သူချစ်လာအောင် လျှောက်လျှောက်အော်ပြမယ့်အစား၊နိုင်ငံရေး အမြတ်ယူမယ့်အစား ငြိမ်းချမ်းစွာဆန္ဒပြတတ်အောင်၊ နားလည်အောင် လုပ်စေချင်ပါတယ်။ နောင်ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိအောင်လုပ်စေချင်တယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ အကြမ်းဖက်ဆန္ဒပြမှုဖြစ်ပြီး အားလုံးအခုထိလုပ်လာသမျှ အရှုံးဖြစ်သွားမယ်။ နောက်ဆုံး ဆင်းရဲတဲ့ ပြည်သူတွေကကျွန်တော်တို့တွေကတော့ အော်သံတွေ ကြွေးကြော်သံတွေရဲ့ နိုင်ငံတကာရဲ့ မြေဇာပင်က မြေဇာပင်ပါပဲဗျာ .... လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ ....

meerket said...

နိုင်ငံက မဆင်းရဲဘူးဆိုတာ လက်မခံပါဘူး ဆိုသော redlight သို့

အမေစု ပြောတာ ကို သေချာ သဘောပေါက်အောင် ဖတ်ပါ သဘာဝ သယံဇာတ ပုံကြီးပေါ် တက်ပီး တည်ထားတဲ့ ဒို့နိုင်ငံ ဆင်းရဲပါသလား
ကိုယ်ကျိုးရှာသွားသူ တစ်စုကြောင့်သာ ပြည်သူတွေ ဆင်းရဲကျန်ခဲ့တာကို မြင်ပါသလား

Anonymous said...

အမေကို တကယ် ချစ်ကြတယ်ဆိုရင် ၊ စုဝေးတောင်းဆိုမှု တွေ ကြောင့် အ ကြိမ်ကြိမ်စတေးရတဲ့ အမေ ထပ်စတေးရမှ ရပ်တန်းကရပ်ကြမှာလားဟင်

ပုသိမ်သား...ဆင်မ ပြောတဲ့အတိုင်းတောင်းဆိုပရစေအမေစု

လုပ်ပါ အမေရယ် နဲနဲဝင်ထိန်းပေးပါ ၈၈၈၈ လိုရွှေဝါရောင်တို့လိုဖြစ်သွားမှာစိုးတယ် ကျနော်တိုနိုင်ငံကခုမှလဲနေ ရာကနေကုန်းထနေရတာ နောက်တကြိမ် နွံမနစ်ပါရစေနဲ့ အမေရပ်ဖို့ တိုက်တွန်း ပေးပါ အမေ

redlight said...

meerket အကို့ စကားကို လက်ခံပါသည်။ သို့သော် ရွှေတွင်း ဖင်ခုထိုင်ပြီး ငပိရည်စားတာကို ချမ်းသာတယ်လို့ ခေါ်ပါသလား။ နွားများစွာပိုင်ပြီး သရက်သီးသေနတ်လေးနဲ့ထမင်းတို့စားနေရတာကို ချမ်းသာတယ်လို့ ခေါ်ပါသလား ။ မှန်တယ် ကျွန်တော်တို့မှာ မြေပေါ် မြေအောက် သယံဇာတ ပေါကြွယ်ဝတယ် ။ ဒါပေမယ့် အဓိက သယံဇာတဟာ နိုင်ငံချမ်းသာအောင်လုပ်ဖို့လား .... ထုတ်ကုန်ဟာ ပို့ကုန်ဟာ နိုင်ငံချမ်းသာအောင်လုပ်ဖို့လား .... သယံဇာတဟာ ဘယ်အချိန်ထိ မကုန်နိုင်မခမ်းနိုင်တည်မှာလဲ ... ကျွန်တော်အတွေးပါ။ ကိုယ်ကျိုးရှာသူကြောင့်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ် ကျွန်တော်တို့ ကုန်းအော်နေယုံနဲ့ သူတို့ဟာ ဆင်းရဲသွားမှာမဟုတ်သလို ကျွန်တော်တို့ လူဆင်းရဲဟာလည်း ချမ်းသာသွားမှာမဟုတ်ပါဘူး။ အခွင့်အလမ်းရှိဖို့ပဲလိုတာပါ။ အတိတ်ဟာ အနာဂတ်မဟုတ်ဘူး။ လက်ရှိပစ္စုပန်ကသာ အနာဂတ်ပါ။ ဆိုင်းငံတာဟာ ဖွင့်တာမဟုတ်ဘဲ ပိတ်ဆို့တာပါပဲ ၊ ကိုယ်ကျိုးရှာတစ်စုကြောင့်လို့ပြောတယ်။ အရင်တုန်းကမှန်တယ် အခုမမှန်တော့ဘူး၊ ဘယ်သူမှ လာရင်းနှီးမမြှပ်နှံတဲ့ နိုင်ငံမှာ ဘယ်သူကပဲ အခွင့်အရေးရနေလဲ စဉ်းစားဖို့လိုတယ်လေ.... တစ်ခုခုကို အကျပ်အတည်းလုပ်ပြီးမှ၊ အခွင့်အရေးယူပြီးမှ ယှဉ်ပြိုင်တယ်ဆိုရင်တော့ ခရိုနီတွေ၊ အာဏာရှင်တွေနဲ့အတူတူပါပဲဗျာ ... ကျွန်တော်အမြင်ပါ ။ ကြားလူတစ်ယောက်ရဲ့အမြင်ပေါ့ ... ကျွန်တော်ပြောတာ အကိုနားလည်မယ်ဆိုရင်ပေါ့ဗျာ ... အမေစုရဲ့ ယခုမိန့်ခွန်းကို မထောက်ခံတာမဟုတ်ဘူး။ ထောက်ခံတယ်။ ဒါပေမယ့် မျက်စိစုံမှိတ်ပြီးအကုန်လုံးမထောက်ခံနိုင်ဘူး။ ဘယ်ပါတီဝင်မှမဟုတ်ဘဲ သာမန်ပြည်သူဖြစ်နေလို့ပဲ ...

Unknown said...

မြန်မာပြည်က ဓာတ်ငွေ့ကိုဝယ်သုံးနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတခုလုံး မီးလုံလုံလောက်လောက်ရပြီး မြန်မာပြည်ကဘာလို့မီးမရတာလည်း
မြန်မာပြည်ကဓာတ်ငွေ့လိုချင်တဲ့နိုင်ငံတွေကို လျှပ်စစ်စက်ရုံပြည်တွင်းမှာ ဘဲဆောက်ခိုင်းပြီးလျှပ်စစ်ဓာတ်ကိုဘဲရောင်းချပးရမယ်။ ရောင်းလို့ရတဲ့
အမြတ်ငွေထဲက ကိုယ်ပိုင်ပြည်တွင်းသုံးလျှပ်စစ် စက်ရုံတွေကိုအများပြည်သူတွေအတွက်လုပ်ပေးရမယ်။ မြန်မာပြည်ကနေကုန်ကြမ်းသက်သက်ရောင်းစားနေတဲ့အလုပ်ကိုရပ်ပြီးကုန်ချောတင်ပို့တဲ့
တိုင်းပြည်ဖြစ်အောင်လုပ်ရမယ်။
တိုင်းပြည်က အဖက်ဖက်က ပျက်စီးနေတော့ အဟောင်းတွေကိုဖားထေးပြုပြင်သုံးစွဲနေတာ အကျိုးမရှိနိုင်တဲ့အတွက် အသစ်ကိုတည်ဆောက်ပြီးလုပ်သင့်တယ်။ အလုပ်အကိုင်ပေါများလာဖို့ဆိုတာ စက်ရုံအလုပ်ရုံတွေအတွက်လိုအပ်နေတဲ့ လျှပ်စစ်၊ဓာတ်ငွေ့၊ ရေနွေးငွေ့၊ရေသန့်။ နိုက်ထရိုဂျင်၊ စတာတွေကိုထုပ်လုပ်ပေးနိုင်တဲ့ Utilities factories ကိုအမြန်လုပ်ပေးရမယ်။

Powered by Blogger.