စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ

အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။
RFA
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမများ မေလ ၁၆ ရက်နေ့က ဆန္ဒပြနေစဉ်။
အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။
"ပုလဲအထည်ချုပ်စက်ရုံရယ်၊ စပယ်ပွင့် အထည်ချုပ်စက်ရုံရယ် အဲဒီ စက်ရုံ နှစ်ရုံကို ပိုင်တာက တရုတ် သူဌေးမတယောက်ထဲပဲ။ သူပိုင်တဲ့ စက်ရုံ ၂ ရုံစလုံးကို အရင်ရက်က ကလေးမလေးတွေက ပိုက်ဆံတိုးပေးဖို့ တောင်းဆိုချက်ကို သူက ပြေလည်အောင်ညှိနှိုင်းပေးလိုက်ပြီ။ အခြေခံလစာက မတူဘူး။ အနိမ့်ဆုံးက ၈ ထောင်။ အများဆုံးက တသောင်း နှစ်ထောင်။ အခု ၂သောင်းစီပေါ့နော်။ ၈ ထောင်သမားကိုလည်း တိုးပေးတယ်။ တသောင်း၂ ထောင်သမားကိုလည်း တိုးပေးလိုက်တယ်။"
ပုလဲနဲ့စပယ်ပွင့်အထည်ချုပ်စက်ရုံအလုပ်သမားတွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ စလို့ တောင်းဆိုနေ ခဲ့ပြီး အခုပြေလည်သွားတာပါ။ ဒါပေမယ့် အခြားစက်ရုံတွေမှာတော့ ဒီနေ့အထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် နေမင်းအောင်စက်ရုံ အလုပ်သမားတွေ အတွက်ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအောင်သူက စက်ရုံတာဝန်ရှိသူတွေနဲ့ ဒီနေ့ သွားရောက် ညှိနှိုင်းနေတယ်လို့ မမာမာဦးက ပြောပါတယ်။
အလုပ်သမား ၂၅ ဦး အစာငတ်ခံ ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Crown သံမဏိစက်ရုံမှာ ပြေလည်မှု မရသေးဘူးလို့ ကြားရတဲ့အပြင် အဲဒီစက်ရုံကို သွားရာလမ်းက ဆိုက်ကယ်ကယ်ရီတွေ၊ အငှားယဉ်တွေကို ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။
RFA-Burmese
စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ Reviewed by သစ်ထူးလွင် on 06:36 Rating: 5

7 comments:

COBRA said...

သမ္မတကြီး ....... အကြီးအကဲဆိုတာ ....
(၁) အင်အား ရှိရမယ် ၊
(၂) နူးညံ.သိမ်မွေ.ရမယ် ၊
(၃) သနားကြင်နာ တတ်ရမယ် ၊ .....
... ဆို တဲ. မြတ်စွာဘုရား မိန်.ခဲ.တာကို သမ္မတကြီး လည်းသိမှာပါ။
ယခုဆန္ဒပြ လုပ်သားတွေ ကသက်သက်ဆူနေတာလား ၊ တကယ် မလောက်ငှ လို.လား ၊ ... သမ္မတကြီး ဆုံးဖြတ်ပါ ၊
... ပြီးရင် အကြီးအကဲတယောက်ရဲ. သနားကြင်နာမှုကို ... ကျန်တဲ.စက်ရုံလုပ်သားတွေ အတွက် .......
....... ပြသပါလို. အကြံ ပြုပါတယ် ။

မိုးကြိုး မုန်တိုင်း said...

အလားအလာကောင်းလေးတွေပါ… ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခုလိုမျိုး မိမိရသင့်ရထိုက်တဲ့ အခြေခံလစာကို ခေတ်နဲ့အညီ တိုးပေးရမှာပေါ့….

U-Click said...

အခုပြေလည်မူ့ရသွားတဲ့ ၂၀၀၀၀ ကျပ်ဆိုတာ အခြေခံလစာ လို့ နိုင်ငံတော် က စံအဖြစ် လက္ခံ သွားလို့ရလား၊ သူ့တို့ကပြေလည်ကြပြီးတခြားစက်ရုံတွေကဘာ့ကြောင့် အဲဒီ ၂၀၀၀၀ နဲ့မပြေလည်ကြတာလဲ။ အခြေခံလစာ လုံလောက်မူရှိမရှိ ဆိုတာ ဥပဒေ
ပြဋ္ဌာန်းဖို့အတော်ခက်ပါတယ်။ ဟောင်ကောင်လိုနေရာမျိုးမှာတောင် အနိမ့်ဆုံးလစာ သတ်မှတ်ဖို့ ဥပဒေကိုခုထိပြေလည်မူရအောင်ညှိနိုင်းလို့မရကြသေးပါဘူး၊ ကုန်ဈေးနူန်းမတည်ငြိမ်ရင် အခြေခံလစာ သတ်မှတ်ရတာလဲ မလွယ်ကူပါဘူး။ အခြေခံလစာ ဆိုတာ နေရာဒေသ၊ လူမူဝန်းကျင်၊နေထိုင်မူစရိုက်၊စိုက်ပျိုးထုတ်လုပ်နိုင်မူ အစအစ ရှိသောအချက်ပေါင်းများစွာပေါ်မှာမူတည်နေတဲ့အတွက်စံကိုဘယ်လိုထားမလဲ။
၃၀၀၀၀ ဟာရန်ကုန်မှာမလောက်တာမှန်ပေမဲ့တောတွေမှာတော့လဲလောက်ပါသေးတယ်၊ ၃၀၀၀၀ မပေးသင့်ဘူးလို့ပြောတာမဟုတ်ပါ။ ဥပဒေ ပြဋ္ဌာန်းဖို့မလွယ်ကူတဲ့အကြောင်းတရားလေးတခုအကြောင်းပြောပြချင်တာလေးဘဲ ဖြစ်ပါသည်။

ဆုလာဘ် said...

ကြား၇တာဝမ်သာပါတယ် အလုပ်သမားတွေကိုစိတ်ချမ်သာစေချင်တယ်

Anonymous said...

ဒါတွေပြေလည်ဘို. အလုပ်ရုံစက်ရုံတွေမှာ အလုပ်သမားတွေတွက် စည်းမျည်းစဉ်းကမ်းတွေကို အလုပ်ဝင်တော.ရှင်းပြရမှာ၊ အလုပ်သမားတွေကလဲ သိရှိလိုက်နာရမယ်။ Social security system လဲ ထားရှိရပါမယ်။အလုပ်ရှင်မှလည်း cost of living indexation
ကို watch လုပ်ပြီး ထိန်းညှိပေးရပါမယ်။ ဒါတွေအရေးကြီးသလို ဇါတ်လိုက်လိုက်ကြီး ( လျှပ်စစ် ) ကလဲ မှန်မှပေါ.။ ဒီလိုမဖြစ်ရင်တော. မုန်.လုံးစက္ကူကပ်ဖြစ်မှာပဲ။ အိမ်တွေမှာလျှပ်စစ်မီးသုံးမှုလျှော.ကျအောင် ပြည်တွင်းမှာ LPG ကို အလွယ်တကူ သက်သာတဲ.နှုန်းထားနဲ.ရောင်းပေးရင် ချက်ပြုတ်တဲနေရာမှာ သုံးတဲ.လျှပ်စစ် အပိုထွက်မယ်။ သစ်တောပြုံးတီးမှုသက်သာမယ်။ စက်ရုံအလုပ်ရုံ သို.မဟုတ် တခြားနေရာမှာ သုံးစွဲနိုင်မယ်။

minsoeaung said...

အခုလိုကြားရတာဝမ်းသာပါတယ်။
နှစ်သောင်းရတယ်ဆိုတော့နည်းနည်းတော့အဆင်ပြေ
သွားတာပေါ့။ ဖြစ်သင့်ပါတယ် သူဋ္ဌေးရယ်။
လှူတယ်လို့သထေားလိုက်ပါ သင်ကျေနပ်သွားမှာပါ။
ဒါဆိုသင့်လုပ်ငန်းဒီထက်တိုးတက်သွားပါလိမ့်မယ်။တူသောအကျိုးပေးပါတယ်နော်။

bango said...

ပြေလည်မှူ့တိုင်းအတွက် ၀မ်းမြောက်စွာ သာဓု ၂ ကြိမ် ခေါ်လိုက်ပါတယ်။ ညှိနှိုင်းဆောင်ရွက်ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း အလုပ်သမားတွေကိုယ်စား ပြောပါရစေ။ အခြေခံလစာဆိုတာ အချိန်အခါနဲ့ အခြေအနေကိုလိုက်၍ ပြုပြင်ပြောင်းလဲပေးသင့်ပါတယ်။တပြေးညီ သတ်မှတ်ပေးနိုင်တဲ့ အနိမ့်ဆုံးလစာ တရားဝင်သတ်မှတ်တဲ့ မူ တခုရှိလာမဲ့နေ့ကို .........။မလေးရှားနိုင်ငံမှာတော့ အခြေခံလစာဟာ ရင်းကစ် ၅၀၀ ဖြစ်ပြီး အစိုးရ၀န်ထမ်းမဟုတ်လို့ ပင်စင်လစာမခံစားရပေမဲ့ အသက်ကြီး အလုပ်နားချိန် ဘ၀မျိုးမှာ ငွေကြေးသောက ကင်းဝေးရစေဘို့ အလုပ်ရှင် အလုပ်သမား၂ ဘက် သတ်မှတ်ထားတဲ့ ရာခိုင်နှုံးအလိုက် အလုပ်သမားရ ရှိတဲ့လစာပေါ်မူတည်ပြီး စုစောင်းပေးတဲ့မူလေးရှိပါတယ်။ဒါမျိုးဟာ ဆင်းရဲတွင်းနက်နေတဲ့ အလုပ်သမားလူတန်းစားတွေအတွက် ဘ၀အမောဖေါက်ချိန်မှာ စိတ်အေးချမ်းမြေ့စေဘို့ အသင့်တော်ဆုံး ဘ၀မြှင့်တင်နည်းတမျိုးလို့ပြောရင် မှားပါ့မလား......။လိုအင်ဆန္ဒ ၂ဘက်မျှ ပြည့်ဝကြေနပ်ကြပြီဆိုရင် ကျွန်တော့်ကိုယ်စား ချန်ထားခဲ့တဲ့ သာဓု တခွန်း ဖြည့်ပေးပါ။

Powered by Blogger.