မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဆန္ဒပြ

မုံရွာမြို့  တိုင်းလျှပ်စစ်ရုံးရှေ့ မှာ ဆန္ဒပြနေစဉ်
၂၀၁၂ မေလ ၂၁ ရက်နေ့ ည က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တော်တွင်
လျှပ်စစ်မီး အချိန်မှန်ရရှိရေး စီတန်းလှည့်လည်၍ ငြိမ်းချမ်းစွာ  ဖယောင်းတိုင်
မီးထွန်း ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် တိုင်းလျှပ်စစ်ရုံးရှေ့ တွင် ည ၉ နာရီ ကျော်
သည်အထိပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ ခံများထံမှသိရသည်။
Myanmar News Now

မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဆန္ဒပြ မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဆန္ဒပြ Reviewed by သစ်ထူးလွင် on 07:42 Rating: 5

16 comments:

aungdin said...

နေအိမ်သုံးဖို့တောင်မပြည်စုံလို့ဒီလိုတွေဖြစ်နေရင် နိုင်ငံတကာရင်းနှီးမြုတ်နှံမှု့တွေဖိတ်ခေါ်တာတွေ ရောက်လာကြရင်ဘယ်လိုများ ဆက်လုပ်ကြမှာလဲဗျာ ။

Free Thinker said...

ဆန္ဒဖော်ထုတ်နေသူများအား တစ်ခုတော့သတိပေးစေလိုပါသည်
ငြိမ်းချမ်းစွာမှသည် အမှောင့်ပယောဂများပါလာပြီး အကြမ်းဖက်မှုများဖြစ်လာနိုင်ပါသည်။နောက်ပြန်ဆွဲချင်သူများကအီအခွင့်အရေးကိုစောင့်ဆိုင်းနေကြပါသည်။တာဝါတိုင်ဖျက်ဆီးခံရခြင်း၊နွေရာသီဖြစ်သဖြင့်ဆည်များတွင်ရေနည်းနေခြင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှာBOTစနစ်ဖြင့်တည်ဆောက်ထားသ
ဖြင့်ဓာတ်အားအကုန်ပြန်မရနိုင်ခြင်း စသည်တို့ကြောင့်မီးလာချိန်နည်းနေသည်ကို နားလည်ပေးစေ
ချင်ပါသည်။

nyimoon said...

ပွင့်ပွင့်လင်းလင်းပြည်သူဆန္ဒကိုထုတ်ဖော် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတာကို လိုလားပါတယ်..

အောင်မြင် said...

လျှစ်မီးဆိုတာပြည်သူအားလုံးအတွက်အရေးကြီးဆုံးဘဲ။သောင်းကျန်းသူတွေဖျက်စီးတဲ့တာဝါတိုင်တွေကနေပြည်တော်ကလွဲရင်ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကဖျက်စီးတာလားဟင်။

Anonymous said...

ကိုသစ်ထူးလွင်ခင်ဗျား ပုံမှာ တပ်ထားတဲ့ အညွှန်းစာလေးမှားနေတာ ပြင်ဆင်ပေးပါရစေ။ ပထမပုံက လျှပ်စစ် ရုံးရှေ့မှာပါ။ ဒုတိယရုံးက မြို့လယ်ခေါင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လှည့်ပတ်နေကြတာပါ။
ကျွန်တော့်ဆိုက်မှာ ဖော်ပြနိုင်ဖို့ ပုံတွေ ကူးသွားပါတယ်ခင်ဗျာ။

မြောက်ကျွန်းသူ said...

လျှပ်စစ်ဓာတ်အားမရရှိခြင်းနှင့်ပတ်သက်၍
(၁)ယခုအချိန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုနည်းပါးခြင်းသည်..နွေကာလမိုးခေါင်ခြင်းကြောင့် ရေအားလျှပ်စစ်သဘာဝအရ နည်းပါးခြင်းဖြစ်ပါသည်။ နွေကာလကြာသည်နှင့်အမျှ ရေအားထုတ်လုပ်မှုပိုမိုလျော့နည်းလာခြင်းဖြစ်သဖြင့် မိုးကျမှသာ ပြေလည်မည်ဖြစ်ပါသည်။လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆန္ဒပြတောင်းဆိုမှုများလုပ်၍ ထူးလာမည်မဟုတ်ပါ။ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအတိုင်း ပရိတ်များရွတ်ဖတ်ခြင်း၊ ရိုးရာလွန်ဆွဲပွဲများပြုလုပ်ခြင်းကို ရပ်ကွက်၊ မြို့နယ်များတွင် ဆောင်ရွက်ပါက ပိုမိုသင့်လျှော်မည်ဖြစ်ပါသည်။
(၂)သောင်းကြမ်းသူများမှ အခွင့်ကောင်းယူ၍ တာဝါတိုင်များ မိုးခွဲခြင်းများ ဆောင်ရွက်လျက်ရှိပါသဖြင့်..သောင်းကြမ်းသူများကိုရှုံချသင့်ပါသည်။
မီးမရရှိသော အခြားပြည်နယ်/တိုင်းများကို ကိုယ်ချင်းစာစိတ်ထားသင့်ပါသည်။
၇ခိုင်သား××××

MG HLAING said...

မှောင်အတိကျနေသော မြို့ရွာများအားလုံး ဒီလှိုဆန္ဒဖော်ထုတ်သင့်ပါတယ်။
ဒီကနေ့ လျှပ်စစ်၂ ရဲ့ ကြေညာချက်က ပြည်သူတွေကို မထီမဲ့မြင်ပြုရာရောက်ပါတယ်။ တကယ်တော့ နေပြည်တော်မှာ လူမရှိတဲ့ လမ်းတွေပေါ်က မီးတိုင်တွေကို မီးဖြတ်ထားသင့်ပါတယ်။ ပြည်သူတွေချွေတာဖို့ပြောတဲ့ ပုဂ္ဂိုလ်များ မိမိကိုယ်ကို မေးခွန်းအရင်ထုတ်သင့်ပါတယ်။

KENNETH said...

သတိထားကြစေချင်ပါသည်။ တပ်မတော်ကတိုင်းပြည်မတည်ငြိမ်ရင်အာဏာပြန်သိမ်နိုင်ပါသည်။
နောက်ကြောင်ပြန်လိုသူများအခွင့်ကောင်းကိုစောင့်နေကြပြီ....။

Anonymous said...

ဒီရက်ပိုင်းမှာ ထူးထူးခြားခြား ဖယောင်းတိုင်ကမ်ပိန်းဆိုလား (၂၄)နာရီ မီးလင်းရေး ဆိုလား အချို့အချို့သောပုဂဂိုလ်များ ဆန္ဒပြုကြတာကို ကြားသိရပါတယ်၊
(၂၄)နာရီမီးလင်းဘို့ တာဝန်ရှိသူတွေအနေနဲ့ အမျိုးမျိုးကြိုးစားခဲ့ကြသလို မြန်မာ့သမိုင်းတလျောက်
အလိုလားဆုံး တောင့်တမှုတစ်ခုပါ၊ မီးရဘို့အတွှက် ရေအားလျှပ်စစ်တွေ Gas တာဘိုင်တွေ ဒါမှမဟုတ် ကျောက်မီးသွေးနဲ့မောင်းတဲံ့ မီးစက်ကြီးတွေနဲ့ လုပ်ခဲ့ကြပါတယ်၊
ဥုံဖွှနဲ့တော့ မီးကမရလာပါဘူး ဖယောင်းတိုင်ထွှန်းဆန္ဒ ပြနေယုံနဲ့ မီးကလင်းမလာပါဘူး အဆင်မသင့်ရင် လက်ကိုမီးဟပ် တာတောင်ခံရနိုင်ပါတယ်။
တကယ်ဆိုရင် မီးဘယ်ကရသလဲဆိုတာ ဆန်းစစ်ဖို့လိုသလို မီးရနိုင်တဲ့ အရင်းအမြစ်တွေပေါ်မှာလည်း ဝေဖန်ဆန်းစစ်တတ်ဖို့လိုပါတယ် အကျိုးအမြတ်တွေကို
ဝေဖန်ပိုင်းခြား တတ်ဖို့လိုပါတယ်။
အလျံအပယ်ရနိုင်တယ်ဆိုတဲ့ ဧရာဝတီရေအားလျှပ်စစ်လုပ်တော့ ချစ်ရပါသည် ဧရာဝတီ ဆိုပြီး တစ်တီတီကမ်ပိန်းတို့၊ ကျောက်မီးသွေးနဲ့လုပ်မယ်ဆိုပြန်တော့
မီးခိုးမှိုင်းတွေကြောင့်‌ သဘာဝပတ်ဝန်းကျင်ပျက်စီးနိုင်တယ်ဆိုတဲ့ ပတ်ပတ်ကမ်ပိန်းတို့ Gas ကို ဘယ်လိုအကျိုးရှိအောင် သုံးရမယ်ဆိုတဲ့ (အများအတွှက်မကြည့်‌ဘဲ
မိမိဒေသလေးတစ်ခုဘဲ ကွှက်ကြည့်‌တဲ့) ရွှေရွှေ ကမ်ပိန်းတို့ ဆိုတာတွေကလည်း များလှပါတယ်၊ ပြောလို့မကုန်နိုင်ပါဘူး။ ခုရက်ပိုင်းဆိုရင် လုပ်မယ်လို့စိတ်ကူးယုံဘဲရှိပြီး
သုတေသနကွှင်းဆင်းနေတဲ့ လေးမြို့မြစ်ရေအားကို ခြိမ်ြးေ‌ခာက်နေတဲ့ြေ ခာက်ြေ‌ခာက်ကမ်ပိန်းဆိုတာ ပေါ်လာပြန်ပါတယ်။ မီးမလင်းတော့လည်း ပြောတတ်လိုက်ကြတာ-
မီးလင်းအောင်လုပ်ပါမယ်ဆိုတော့လည်း ရှိနေတုံးက မြစ်ထဲက အမှိုက်ကလေးတစ်ခုတောင် မကောက်ခဲ့ဘူးတဲ့သူတွေက ချစ်ရပါသည် ဧရာဝတီတဲ့ လွန်ရော လွန်ရောဘဲ။
အစစတာဝန်ယူနေရတဲ့ ကျွှန်တော်တို့လူကြီးတွေကတော့ ဘယ်လို ရင်ထဲမှာရှိမယ် မသိပေမဲ့ ဒီလိုသာ
ဖယောင်းတိုင်ကမ်ပိန်းတွေ၊ တီတီ ပတ်ပတ်ကမ်ပိန်းတွေ ဟိုလူပြော ဟုတ်နိုးနိုး - ဒီလူပြော ဟုတ်နိုးနိုးနဲ့ ယောင်ယောင်ကမ်ပိန်းတွေ ရှုပ်ရှုပ်ယှက်ယှက်
လုပ်နေကြမယ်ဆိုရင် ကျွှန်တော့ရင်ထဲမှာတော့ သိကြားမင်းဆင်းပြီး ဖန်ဆင်းပေးရင်တောင် သိကြားမင်း အလိုမရှိဆိုပြီး သိကြားမင်းကမ်ပိန်းတွေ ပေါ်လာနိုင်တာမို့
အမျိုးမျိုးပြောတတ်ဆိုတတ် ဝေဖန်တတ်တဲ့ ပုဂိုလ်ကြီးများကို ''ဆလံကမ်ပိန်း''ပါလို့ ပြောလိုက်ပါရစေ။

ko oo said...

အင်း..........ဒါဆို အိမ်နီးချင်း နိုင်ငံတွေမှာ ၂၄ နာရီ မီးရနေတာက ၁၂ရာသီ မိုးရွာနေလို့လား??????? ဓားလုပ်တဲ့ ပန်းပဲသမား ဓားကောင်းမကိုင်ရအောင် ဘယ်အမျိုးဖျက် တွေက လုပ်တာပါလိမ့်??????????

ko ko mg said...

မီးကိစ္စနဲ့ ပတ်သက်လို့ပါ....အခုဖြစ်နေတဲ့
အကြောင်းအရာတွေရဲ့ ဇစ်မြစ်ကို သိတန်သလောက်လေး..
ဆွေးနွေးကြည့်ချင်တာပါ...

ကျွန်တော်တို့တစ်တွေ..
လျှပ်စစ်စွမ်းအင်ပြည့်ပြည့်၀၀ ရရှိ အသုံးချဖို့ဆိုတာ..

နိုင်ငံတော်မှာ Project တွေအများကြီးလိုအပ်နေပါတယ်...

ပထမ..
ဓါတ်အားထုတ်လွှတ်ပေးနိုင်မယ့် Source ရှိရပါမယ်..

ဒုတိယ..
ဓါတ်အားဖြန့်ဖြူးနိုင်မယ်... Line ကြိုးတွေရှိရပါမယ်...
ဒါတွေဟာ တည်ဆောက်ရေး Project တွေပါ...

ဝန်ကြီး ဦးဇော်မင်းကပြောဘူးပါတယ်...
(ဓါတ်အားတွေ ပိုနေလိုက်တာ..မလိုဘူး...ဆိုတဲ့ သဘော)
ဒါကို သူလက်အောက်မှာ နေဖူးတဲ့..
ဒုတိယ၀န်ကြီးဟောင်း ဦးမျိုးမြင့် ကအကောင်အထည်ဖော်တဲ့ အနေနဲ့...
အဲဒီ တည်ဆောက်ရေး Project တွေကို
လွှတ်တော်မှာ နိုင်ငံတော်ဘဏ္ဍာ ဖြုန်းတီးရာရောက်တယ်..
အခုမလိုအပ်ဘူး...ဆိုပြီး...

Project တွေကို ဖျက်ပစ်ပါတယ်..
(သူ့ ၀န်ကြီးဟောင်းကို ကာကွယ်တဲ့ သဘောဖြစ်နေပါတယ်....)

လျှပ်စစ်မီး မရှိတဲ့နေရာ မလုံလောက်တဲ့နေရာ...တွေမှာ
မီး ကောင်းစွာ သုံးနိုင်ဖို့က...
ထုတ်လုပ်ရေး Project တွေ...Line Project တွေက မဖြစ်မနေ
အကောင်အထည်ဖော်ရမှာပါ...

ဒါကို လိုက်ပြီးကန့်ကွက်တယ်ဆိုတော့...
လွှတ်တော်မှာ ယခင်အစိုးရလက်ထက် က ဗြူယိုကရက် အကြွင်းအကျန်တွေရဲ့...သေးသိမ်တဲ့...ပြည်သူလူထုရဲ့
အကျိုးကို လစ်လျူရူ့ တဲ့...ပုဂ္ဂိုလ်တွေ လွှမ်းမိုးနေတုန်းပဲလားလို့တောင်
မှတ်ယူုရမလိုဖြစ်နေပါတယ်...

ကျွန်တော်ပြောချင်တာကတော့..
အခု မီးလင်းရေးကိစ္စတွေက...ဆုတောင်းလို့ဖြစ်လာမယ် အထဲမပါနိုင်ပါဘူး...
လိုအပ်တဲ့ project တွေ အကောင်အထည်ဖော်တည်ဆောက်မှသာ...
ဖြစ်လာနိုင်မယ်လို့..ထင်မြင်မိပါကြောင်း...

Kachin Thar said...

နေပြည်တော် ကို ညဘက်လာကြည့်စေချင်ပါသည်. ဆိုဒီယမ် မီးတိုင်ကြီးများ မျက်စေ့တဆုံး လင်းထိန်နေသည်မှာ ကောင်းကင်ယံ သို့တိုင်ပါသည်...ဘုရားကြီးပေါ်မှ ကြည့်လျှင် သောင်းဂဏန်းမျှသော မီးတိုင်ကြီးများ လူသွားလူလာ ကင်းမဲ့လျှက်ရှိသော လမ်းမကြီးများ မှာ တညလုံး ထိန်လင်းနေပါသည်...ထိုဓါတ်အားများ ဖြင့် မြို့ပေါင်းများစွာ ပေးဝေနိုင်ပါသော်လည်း...အာဏာရှိဆဲ ဦးသန်းရွှေကို ပူဇော်ထားပါသဖြင့် ခွဲဝေ မပေးနိုင်ပါကြောင်း တင်ပြအပ်ပါသည် ခင်ဗျား....(ပုံ..ချီးဘရိန်း ဇော်မင်း)

ကိုကို said...

လုပ်ပေးမှရမှာ ပြည်သူလူထုကလည်းမျက်စိပွင့်နားပွင့်ချိန် နှိင်ငံတကာကလည်းစောင့်ကြည့်ချိန်လုပ်ပေးမှဖြစ်မယ် လို့ထင်တယ်..။ပြည်ပ ကုပဏီတစ်ခုခုက်ု ပေးလိုက်ရင် အဆင်ပြေနှိင်တယ်.. မီတာခကတော့များမှာပေါ့လေ.......ဥပမာ မြစ်ကြီးနားမှာဆို ဘူးဂါးကုပဏီပေါ့လေ......

Naypyitawnews said...

နေပြည်တော်မှာ လူမနေတဲ့အိမ်တွေကြားထဲ လူမသွားတဲ့ လမ်းကျယ်ကြီးဘေး မီးတွေထိန်ထိန်ညီးလို့၊ မြင်စမ်းစေချင်ပါဘိ၊
နွေရာသီရေဘယ်လောက်ခမ်းခမ်း နေပြည်တော် မီးမပျက်တမ်း.ပါဗျား
မီးပေးဖို့ ဓါတ်အားမလုံလောက်လို့ မြို့တွေမှာ မီးမလင်းဘူးဆိုရင်
နေပြည်တော်က ဘာလို့လုံလောက်ပါလိမ့်လို့ မေးမိရင် လူအ ဖြစ်သွားမလားမသိဘူး

မရဏမင်း said...

ကိုယ့်ဘက်ကမှားမှား..ဘယ်ကမှားမှား(အော်စားကိုင်စားကလေးဘ၀အကြွေစေ့လှည့်တမ်းလိုပေါ့)ခေါင်းအေးအေးထားစဉ်းစားပေါ့..လူတွေအများကြီးဘဲ..လူမှား-ပွဲစ=မစည်၊လူများ--ျီးများမဖြစ်စေချင်ဘူး...ဒါမျိုးတွေစောင့်နေတဲ့လူမျိုးစုံရှိနေတာမမေ့နဲ့ပေါ့..

lcd said...

ု၈က်စ်ရောင်းလို့တိုင်းပြည်ကရတာ၁၅ရာနှုန်း.ပွဲစားက၂၀ ရာနှုန်း။တိုင်းပြည်ချောက်ထဲတွန်းချခဲ့တာဘယ်သူတွေလဲ။

Powered by Blogger.