လေးမြို့ မြစ်ကို ကယ်တင်ကြပါ
ရခိုင်ပြည်မှာ မြစ်ကြီးလေးသွယ်ရှိတဲ့ အထဲမှ အဉ္စနနဒီ (ခ) လေးမြို.မြစ်အားပိတ်ဆို.ပြီး
 ရေအားလျှပ်စစ်စံမံကိန်းပြုလုပ်နေပါတယ်။
လေးမြို.မြစ် ပတ်ဝန်ကျင်မှာနေထိုင်ကြတဲ့ သူတွေဟာ လေးမြို့ မြစ်ရေ နဲ့ သုံးစွဲချက်ပြုတ်
ကြရပြီး ၊ မြစ်ပတ်ဝန်းကျင်မှာလည်း လယ်မြေ ၊ ယာမြေ ၊ ကိုင်းအစရှိသည်တို.ကိုပြုလုပ်ပြီး
အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေကြရတာဖြစ်ပါတယ်။
မြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်းတစ်ခါးအတွက် ၀မ်းစာဖူလုံရန်ရှာဖွေရောင်းချ
စားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေပါတယ်။
အခုအချိန်မှာ နိုင်ငံတော်မှ လေးမြို.မြစ် ရေအားလျှပ်စစ်စီမံကိန်းကို မြစ်၏အထက်ပိုင်း
တွင်စက်ကြီးများဖြင်.တူးဆွခြင်း ။ အလုပ်လုပ်ခြင်းများကြောင်.မြစ်ရေများ ညစ်ညမ်းခြင်း ၊
 သုံးစွဲမရခြင်း ၊ မြစ်ထဲမှာရှိတဲ. ငါးများမြစ်ရေညစ်ညမ်းမှုဖြင်.အလိုအလျောက်သေခြင်း
များဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါတယ်။
 ဒါ့အပြင် မြစ်ကမ်းနဘေးမှရွာများမှာလဲ လေးမြို.မြစ်ေ၇ကို သုံးစွဲမိကြသဖြင်. ကျန်းမာရေး
များလည်းထိခိုက်လျက်ရှိနေကြပါတယ်။ လေးမြို့ မြစ်ရေကို အမှီပြုပြီး လုပ်ကိုင်စားသောက်
လျှက်ရှိနေကြတဲ့ ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။
အကယ်၍ လေးမြို.မြစ်စီမံကိန်းဖြစ်ပေါ်လာခဲ.ရင်လည်း ရခိုင်ပြည်ရှိ လေးမြို.မြစ်ပတ်ဝန်း
ကျင်မှာ နေထိုင်လုပ်ကိုင်စားသောက်လျှက်ရှိကြတဲ့  ပြည်သူများမှာလဲ အလုပ်လက်မဲ.
ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲကျပ်တည်းမှုများစွာနဲ.ရင်ဆိုင်ရမည်.အရေးနဲ.ကြုံကြိုက်
နေရကြောင်း ဒေသခံတွေက Myanmar News Now ကို ပြောပြပါတယ်။
15 comments:
မန်းလေးသား said...
အာ ....... လုပ်ပြန်ပြီ... ကျွန်တော်တို့နိုင်ငံမှာ စီမံကိန်းလုပ်တယ်ဆိုရင် အရင်ဆုံးအစီစဉ်ဆွဲ ပြီးရင်အကောင်ထည်ဖော်... ပြီးခါနီးမှ တစ်ဝက်လောက်ရောက်မှ ပြည်သူကိုအသိပေးတာလား..... တရုတ်က ဧရာဝတီကို မရလို့ လေးမြို့မြစ်ကို အစားထိုးနေတာလား....... ကျွန်တော်ဆိုလိုချင်တာက ဒီလိုပါ... အဲဒီလို ရေအားလျှပ်စစ်စီမံကိန်းလုပ်မယ်... ရေနံတွေ သဘာဝဓာတ်ငွေ့တွေ တူးမယ် စီမံကိန်းတွေလုပ်မယ်ဆိုရင်... လုပ်ချင်သလိုလုပ် လုပ်ငန်းတစ်ဝက်လောက်ရောက်မှ ရှေ့တိုးမရ နောက်ဆုတ်ဖို့မဖြစ် ဆိုတဲ့အချိန်ရောက်မှ လူထုကိုပြောတာ သဘာဝကျရဲ့လား... စီမံကိန်း မလုပ်ခင်ကတည်းက အစီစဉ်တွေဆွဲပါပြီဆိုကတည်းက ပြည်သူကို အသိပေး သဘာဝပါတ်ဝန်းကျင် ထိခိုက်မှူ့ရှိမရှိ အနည်းဆုံးသောထိခိုက်မှူ့ ဖြစ်အောင်ဘယ်လိုပြင်ဆင်ထားလဲ.... စီမံကိန်းလုပ်မယ့်နေရာဒေသမှာရှိတဲ့ ဒေသခံတွေအတွက် နစ်နာမှူ့မရှိအောင် ဘယ်လိုလုပ်ပေးမလဲ... ပြည်သူတွေကရော သဘောတူလား အဲဒီစီမံကိန်းအတွက် ဘယ်လောက်အာမခံနိုင်မလဲ.. ဘယ်သူတွေကအာမခံမလဲ ဆိုတာတွေ မလုပ်ကြဘူးလားဗျာ... ကျွန်တော်ပြောနေတာက သာမာန်လူငယ်တစ်ယောက်ရဲ့ အတွေးလေးပါ... ပညာရှင်အတွေးမျိုးမဟုတ်သေးပါဘူး.... အသစ်အသစ်စီမံကိန်းတွေ လုပ်တာကို ကြိုဆိုပါတယ် ထောက်ခံပါတယ်... ဒါပေမယ့် စံနစ်တကျလေးတော့ ဖြစ်စေချင်တယ်... အရင်းနှီးများပြီး အကျိုးမြတ် မသေချာတဲ့ အလုပ်တွေကို လုပ်တာထက် လုပ်ပြီးသားစီမံကိန်းတွေကို သေသေချာချာစံနစ်တကျ ပြုပြင်သင့်တာ ပြုပြင်ပြီး တိုးချဲ့လို့ရရင်တိုးချဲ့ အဲဒါသဘာဝပိုကျတယ်လို့ ကျွန်တော်ကသာမာန် ပြည်သူတစ်ယောက်ရဲ့ အတွေးနဲ့ တွေးမိပါတယ်.... အခုလက်ရှိကျွန်တော်တို့နိုင်ငံမှာ ရေအားလျှပ်စစ် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ကျောက်မီးသွေးသုံးလျှပ်စစ် စက်ရုံတွေအားလုံးပေါင်း ဘယ်လောက်ရှိပါသလဲ... အဲဒီထဲကနေ တကယ်လည်ပါတ်နေတာ ဘယ်လောက်.... ပျက်စီးလို့ပြုပြင်နေတာဘယ်လောက်... စီမကိန်းလုပ်ပြီး မလည်ရသေးတာဘယ်လောက်... စီမံကိန်းလုပ်နေဆဲ ကဘယ်လောက်ဆိုပြီး ကျွန်တော်တို့ပြည်သူတွေကို ရှင်းတမ်းထုတ်ပြရင်ကောင်းမယ်ဗျာ..... ဖြုတ်ဦးနှောက်နဲ့ အကြံပေးဆိုတဲ့ ဦးကိုကိုလှိုင်ကို တစ်ခုပြောပါရစေ.... ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်ခဲ့တုန်းက နူကလီးယားစက်ရုံတွေပျက်စီးတုန်းက ဂျပန်ဝန်ကြီးတွေက ( သက်ဆိုင်ရာဝန်ကြီးတွေ )ပြည်သူကို အားပေးစကားပြောတယ် ပြီးတော့ ဘယ်နှစ်ရက်မီးဖြတ်မယ်ဆိုပြီး အကြောင်းကြားတယ် အသိပေးတယ်ဗျ....
minsoeaung said...
ခက်နေဘီ။
မီးမရတော့လည်း အော်ကြတယ်။
မီးရအောင်လုပ်တော့လည်းအော်ကြတယ်။
ကဲ ဖယောင်းတိုင်ဘဲ ငဆက်ထွန်းကြမှာလား။
အဆိုးနဲ့အကောင်းယှဉ်လို့ အကောင်းကများရင် အကောင်းလို့ယူဆရမယ်ဗျာ။ခေါင်းသုံးကြပါ။
ခေတ်သစ် စနစ်သစ် စိတ်သစ် လူသစ်နဲ့ သမ္မတအသစ်
ကြှီးနဲ့အတူယုံကြည်မှုများနဲ့ လက်တွဲချီတက်ကြပါစို့။
Ag Thu said...
ဘယ်လိုအစိုးရလဲကွ၊ မြစ်ဆုံကိစ္စ ကျေအေးသွားတာတောင်မကြာ သေးဘူး၊လာပြီနောက်တစ်ခု ဒီကရတဲ့ လျှပ်စစ်တွေကိုရော ခင်ဗျားတို့  ပထွေးတရုတ်အတွက်ပဲလား?
National said...
ရေအားလျှပ်စစ်တစ်မျိုးတည်းဘဲလုပ်တတ်လို့လားကွာ၊ မြစ်ချောင်းနည်းတဲ့ တိုင်းပြည်တွေမှာရော
ဘယ်လိုနည်းနဲ့ လျှပ်စစ်ကိုရယူနေကြလည်း တွေးကြည်ကြပါဦး၊ တဆိတ်ရှိ ဒီမြစ်တွေ၊ ဒီချောင်းတွေကိုဘဲ ပိတ်ချင်နေတာဘဲ၊
သဘာဝတွေပျက်စီးတတ်တယ်ပြောလဲ မရတဲ့ လူ့ငမိုက်သားတွေပါလား
National said...
ရေအားလျှပ်စစ်တစ်မျိုးတည်းဘဲလုပ်တတ်လို့လားကွာ၊ မြစ်ချောင်းနည်းတဲ့ တိုင်းပြည်တွေမှာရော
ဘယ်လိုနည်းနဲ့ လျှပ်စစ်ကိုရယူနေကြလည်း တွေးကြည်ကြပါဦး၊ တဆိတ်ရှိ ဒီမြစ်တွေ၊ ဒီချောင်းတွေကိုဘဲ ပိတ်ချင်နေတာဘဲ၊
သဘာဝတွေပျက်စီးတတ်တယ်ပြောလဲ မရတဲ့ လူ့ငမိုက်သားတွေပါလား
-crat said...
မင်းတို့ဘဲ အမျိုးမျိုးကွ... ဟိုဟာလုပ်တော့လည်း မလုပ်ရ ဒီဟာလုပ်တော့လည်း မလုပ်ရနဲ့။
တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်ဆိုတဲ့ သဘောကိုမသိဘူးလား
အတွေးအခေါ်အဟောင်းတွေနဲ့ မင်းတို့ရှင်သန်နေရစ်တော့.. ကြားလား....
Myo Aung said...
၂၁ရာစုမှာ လျှက်စစ်ပစ္စည်း သုံးစွဲမှု့ များလာတာရယ်၊ ရေနံဈေးမြင့်တက်လာတာရယ်ကြောင့် နိုင်ငံတိုင်းက တခါအရင်းအနှီးလုပ်လိုက်တာနဲ့ ရေရှည်အသုံးပြုလို့ရတဲ့၊ လောင်စာဆီအမြဲမလိုအပ်တဲ့ ရေအားလျှက်စစ်လို စီမံကိန်းကို လုပ်လာကြပါတယ်။ တကယ်တော့ ရေကာတာ ဆောက်လို့ရနိုင်တဲ့ အနေအထားဆိုတာ တန်ဖိုးမဖြစ်နိုင်တဲ့ အရာပါ။ အကျိုးရှိရှိအသုံးချနိုင်ရင် ကောင်းပါတယ်။ အဆိုးဘက်ကကြည့်ရင် သဘာဝအတိုင်း ရေစီးမသန်နိုင်တော့နိုင်တာကြောင့် မြစ်တိမ်ကောလာနိုင်တယ်။ အကောင်းဘက်ကကြည့်ရင် မိုးရာသီမှာ မိုးကြီးပြီး ရေကြီးတာ၊ ရေတိုက်စားတာ လျော့သွားနိုင်ပါတယ်။ အဓိကအကျဆုံးက အစိုးရရဲ့ပေါ်လစီကြောင့်ပါ။ ရန်ကုန်စစ်တွေလမ်းဖေါက်တုန်းက လူတွေအစိုးရကို ကျေးဇူးတင်ကြပါတယ်။ အဆိုးပြောတဲ့လူ နည်းနည်းပါးပါးသာရှိပါတယ်။ ကောင်းတာလုပ်ပေးရင် ကျေးဇူးတင်ပါတယ်။ရထားလမ်းဖေါက်တော့ မြောက်ဦးအနီးအနားက ရှေးဟောင်းဘုရားတွေ ပျက်စီးမှာစိုးလို့ကန့်ကွက်ကြပါတယ်။ အခုလည်း လေးမြို့ရေကာတာကို ကန့်ကွက်ရတဲ့အကြောင်းက ရေကာတာပြီးလို့ ထွက်လာမည့် လျှပ်စစ်ဓါတ်အား အားလုံးလိုလိုကို ဘင်္ဂလားဒေ့ကို ရောင်းမှာမို့လို့ပါ။ ကန်ထရိုက်ကိုလုပ်မှာက တရုတ်ကုမ္ပဏီ။ မယုံမရှိကြပါနဲ့ မြန်မာနဲ့ ဘင်္ဂလာဒေ့ရေနံလုပ်ကွက်အငြင်းပွားတုန်းက ဗမာအစိုးရက တရုတ်အားကိုးနဲ့ စစ်သင်္ဘောလွှတ်တော့ ဘင်္ဂလာဒေ့က သူတို့သင်္ဘောကို ပြန်လွှတ်တယ်။ တရုတ်က သူမပါဘူးလို့လုပ်တာ လူတိုင်းသိလိုက်ကြမှာပါ။ တရုတ်ကဗမာကိုပေါက်ဖေါ်သလို ဘင်္ဂလီနဲ့လည်းပေါက်ဖေါ်ပါဘ။ စီမံကိန်းကို တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်းစနစ်နဲ့အကောင်အထည်ဖော်မှာပါ။ မေးခွန်းက တရုတ်က တာတမံကို ခိုင်အောင်လုပ်ပေးမှာလား၊ နှစ် ၃၀ နောက်ပိုင်းမှာ ထပ်ပြီးလည်ပတ်အောင်လုပ်ပေးမှာလားဆိုတာပါ။ စိုင်းတင်မှာ ရေတံခွန်ရှိလျှက်နဲ့ ဘာကြောင့် လေးမြို့မြစ်ကို ရွေးရတာလည်း။ ရေးလက်စနဲ့ ဆက်ရေးပါမယ်။ ဝေသာလီခေတ်၊ လေးမြို့ခေတ်တွေမှာ ရွှေဒင်္ဂါးတွေသုံးနေပါတယ်။ ဒီရွှေတွေကို ဘယ်ကရခဲ့လည်း။ လေးမြို့မြစ်ဖျားမှာ ရွှေတွင်းရှိတယ်လို့ ပါးစပ်ရာဇ၀င်ရှိခဲ့ပါတယ်။ တရုတ်ဘူမိဗေဒပညာရှင်တွေ တခုခုများတွေ့ထားလားလို့ သံသယ၀င်စရာဖြစ်လာပါတယ်။ ကချင်ပြည်နယ်မှာ ဆည်ဆောက်တာကို အကြောင်းပြပြီး တရုတ်က မြေကြီးတွေကို သယ်ယူတယ်လို့ကြားပါတယ်။ ကြားမိတာကိုပြောတာပါ။ နိဂုံးချုပ်ရရင် တရုတ်မို့လို့ယုံတာပါ။ တရုတ်လူမျိုးတိုင်းကိုမဆိုလိုပါ။ တရုတ်အစိုးရရဲ့လုပ်ရပ်တွေကို ဗမာပြည်သူတွေလက်ခံလာစေချင်တယ်ဆိုရင် ရွှေဂတ်စ်ကထွက်တဲ့ ဂတ်စ်ကို ဗမာပြည်သူတွေသုံးစွဲခွင့်ရရေး စာချုပ်ကို ပြင်ဆင်ချုပ်ဆိုရပါမယ်။ စီမံကိန်းတိုင်းလိုလိုမှာ ဗမာပြည်သူတွေရဲ့ သုံးစွဲပိုင်ခွင့်ကို ပိုပေးနိုင်ရေးအတွက် စာချုပ်ကို ပြင်ဆင်ချုပ်ဆိုရပါမယ်။ ဒီလိုကိစ္စရပ်တွေကို ဗမာပြည်မှာဖြစ်တဲ့ကိစ္စ၊ရခိုင်ပြည်မှာဖြစ်တဲ့ကိစ္စ၊ ကချင်ပြည်မှာဖြစ်တဲ့ကိစ္စရေလို့ သဘောမထားဘဲ မြန်မာပြည်ရဲ့ဘယ်နေရာမှာမဆိုဖြစ်တဲ့ကိစ္စ ဗမာပြည်သူပြည်သား တိုင်းရင်းသားအားလုံးနဲ့ဆိုင်တယ်လို့ခံယူပြီးတော့ အုပ်ချုပ်သူအစိုးရကို ပွင့်ပွင့်လင်းလင်း ရှိဖို့နဲ့ သယံဇာတကို မျှယူခံစားခွင့်ပေးဖို့ တောင်းဆိုသင့်ပါတယ်။
king said...
နေစမ်းပါအုံးလား....နေရာတကာအထိမခံ ရွှေပန်းကန်ဖြစ်နေကြတာ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သူတွေချည်းပဲလား လမ်းပေါ်သာ စပါးတက်လှန်းလိုက်ကြတော့ ဟေ့
MI 35 said...
ဒီအစိုးရလုပ်တဲ့ Project မှန်သမျှ ကန့်ကွက်ကြ )))))
လျှပ်စစ်တာဝါတိုင် ဗုံးခွဲတဲ့လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်ကြ ))))
ဖယောင်းတိုင်ထွန်းပြီး ဆန်ဒ ပြကြ ))))))))
နောက် အစိုးရသစ်တက်လာမှ Project မှန်သမျှထောက်ခံကြ )))))
၃ မိနစ်ပဲစောင့်ပါ.. (အဲလေယောင်လို့) ၃ နှစ်ပဲစောင့်ပါ :D
min khine said...
ကဲ လာပြန်ပီနောက်တမျိုး မြန်မာနိုင်ငံမှာ သဘာဝ သယံဇာတ မြစ်ကြီး မြစ်ငယ်ပေါ်များပါတယ် မီးလေးပေးမှာကို အဲဒါတွေက ပေးစရာမှမလိုတာ အဲမြစ်တွေကို ပိုင်းဆည်လိုက်တော့ပြည်သူတွေဒုက္ခရောက်ပီပေါ့ မီးပေးချင်ရင် ဂစ်တွေအများကြီးပေးလို.တောင်မကုန် ကိုယ့်ပြည်မှာမီးမလာပဲံ တရုတ်ပြည်ကို သဘာဝသယံဇာတ ပေါများလွန်းအားကြီးလို. ရောင်းစားတာတဲ့ ပီးရင် ကိုကိုလိုင်ဆိုတဲ့လူက ဖယောင်းတိုင်ထွန်းပီးနေရင် အားလုံးအဆင်ပြေသွားမှာပါတဲ့ ကဲ ဘယ်လောက်ချစ်စရာကောင်းလဲ။
TT said...
မင်းစိုးအောင် ... မင်းအဖေတရုတ်က လေးမြိုမြစ်စီမံကိန်းက ထွက်မဲ့ ရေအားလျှပ်စစ်ကို ဘင်ဂလားဒေ့(ရှ်) ကို ရောင်းဖို့ သွားစပ်တာ မင်းမသိဘူးလား၊ မင်းပထွေးဇော်မင်းက လေးမြို့မြစ် ရဲ့ လျှပ်စစ်ကို တရုပ်ကို အောက်ဈေးနဲ့ရောင်း၊ အဲဒီအထဲက အိတ်ထဲထည့်တာပါသေးတယ်၊ သောက်ရှက်မရှိတဲ့စီမံခန့်ခွဲမှုတွေကြောင့် အခုလိုဖြစ်နေတာ
Shin Myochit said...
Myo Aung ရေ ကျေးဇူးတင်လိုက်တာ။သက်ဆိုင်ရာလူကြီးမင်းများတကယ်ကို
ဗဟုသုတမရှိတာလား၊သိပ်တကိုယ်ကောင်းဆန်နေတာလား။မြန်မာပြည်သူတော်တော်များများမသိကြဘူးနော်၊သိတဲ့သူများရှိရင်ပြောကြပါအုံး၊မြစ်ဆုံတုံးကလည်းသံသယရှိခဲ့တာထင်တဲ့အတိုင်းဘဲ။မြေကြီးတွေကိုတရုတ်တွေဘယ်လောက်များယူသွားကြပြီလဲ၊အခုလေးမြို.မြစ်လဲဒီအတိုင်းဆိုရင်ပြည်သူတွေတခုခုတော့လုပ်ရတော့မယ်၊ဒို့နိုင်ငံမှာရှိတဲ့သယံဇာတတွေတရုတ်သူခိုးတွေကြောင့်အားလုံးပြောင်တော့မယ်။
သမတ ကြီးရေမကယ်နိုင်တော့ဘူးလား၊ဦးနှောက်မရှိအရည်အချင်းမရှိသူတွေ
ရာထူးကနှုတ်ထွက်ပေးပါ။ရရှိထားတဲ့အချိန်တိုနှစ်၂၀၁၅တိုင်အောင်ရသမျှအကုန်သိမ်းကျုံးယူဘို့ကြံစည်နေတဲ့သူခိုးတွေကိုဖြုတ်ချပေးပါ။တိုင်းပြည်အတွက်ဆူးညောင့်ခလုတ်တွေပါ။တော်တော်စိုးရိမ်စရာကောင်းနေပါပြီ၊ဘင်္ဂလားနဲ့တရုတ်ပေါင်းချပြီးမြန်မာပြည်ကိုဖဲ့ကြတော့မယ်၊ကဲ ဘာလုပ်ကြမလဲ။
pyaponthu said...
မြန်မာပြည်မှာလုပ်တဲ့စီမံကိန်းမှန်သမျှမြန်မာပြည်သူတွေခံစားထိုက်ပါတယ်။လုပ်လိုက်ရတဲ့ရေအားလျှပ်စစ် ဘယ်မလဲမြန်မာပြည်သူတွေအတွက်။တရုတ်လုပ်လို့မြန်မာပြည်ဘယ်တော့မှမချမ်းသာဘူး။ဘာကြောင်တရုတ်ကိုပေးရတာလဲတရုတ်ကမသာရင်ဘာမှမလုပ်ဘူး။မြန်မာပြည်ကိုသူတို့စိတ်ကြိုက်လုပ်နေပြီး။မြန်မာပြည်သူများကိုသနားလှတယ်။
Unknown said...
မြန်မာရဲ့ ရတနာကို နိုင်ငံသားတွေအတွက်ဆိုရင် အရမ်းကောင်းမှာပါ မိမိအကျိုး အတွက် သုံးစွဲ ဖို့ဆို ဆော့ရီ လိုပြောရမှာဘဲ့ဗျာ အများအတွက် ပြည်သူတွေအတွက် ငဲကွက်တဲ့စိတ်မျိုးရှိရင် ဒီလို စီမံကိန်း ပေါ်လာစရာမရှိပါဘူး မြန်မာပြည်က ဆန်စားရင် မြန်မာသွေရှိဖို့ကောင်းတာပေါ့ အခုလုပ်ပုံကတော နိုင်ငံအတွက်နစ်နာသလို ပြည်သူတွေအတွက်လည်း အရမ်းဝမ်းနည်းဖို့ကောင်းတယ်ဗျာ
zay said...
မီးမလာတော့လဲ ကယ်ကြပါ မီးလာအောင်လုပ်တော့လဲ ကယ်ကြပါ တားတားလဲမကယ်တက်တော့ဂူးဂျာ ။
Powered by Blogger.