မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးမှ
ငွေအလွဲသုံးစားလုပ်မှုများနှင့် စာကြည့်တိုက်ငွေများ စာရင်းမရှင်းသည့်အတွက်
ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား ၀မ်းတွင်းမြို့နယ်တရားရုံးက
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ အရ အရေးယူခံနေရကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးသည် ကျေးရွာကိစ္စရပ်များတွင် ငွေစာရင်းမရှင်းလင်းသည့် ကိစ္စရပ်များအတွက် ရွာခံ ၁၄ ဦးတို့က ၀မ်းတွင်းမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် မိတ္ထီလာခရိုင်အုပ်ချူပ်ရေးမှူးထံ ၂၀၁၁ ခု၊ ဒီဇင်ဘာလ ကတည်းက အဆင့်ဆင့်တင်ပြတိုင်ကြားခဲ့ကြသည်။
ထိုကဲ့သို့ ကျေးရွာလူထုကိုယ်စား ၁၄ ဦးတို့က ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးငွေကြေးအလွဲသုံးစားလုပ်မှုကို မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ခရိုင်အုပ်ချူပ်ရေးမှူးထံတင်ပြချက်အရ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ခရိုင်အုပ်ချူပ်ရေးမှူးတို့က ကော်မတီများဖွဲ့စည်း၍ သုံးကြိမ်စစ်ဆေးပြီး ယနေ့အထိ အရေးယူအပြစ်ပေးခြင်းမရှိခဲ့သော်လည်း ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား မေလ ၈ ရက်က ၀မ်းတွင်းမြို့နယ်တရားရုံးမှ ပြစ်မှု ၁၈၈၊ ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ ၀မ်းတွင်းမြို့နယ်တရားရုံးသို့ မေလ ၁၄ ရက်တွင် ကြားနာစစ်ဆေး၇န် ဒေါ်မိမိထွေး (တ ၂၅၆၅) တွဲဖက်မြို့နယ်တရားသူကြီး(အထူးရာဇ၀တ်အာဏာရ) ၀မ်းတွင်းမြို့နယ် တရားရုံးက ဆင့်စာထုတ်ထားကြောင်းသိရသည်။
ဒီမိုကရေစီခေတ်ဦးကာလတွင် ကျေးရွာအုပ်ချူပ်ရေးမှူး၏ ငွေအလွဲသုံးစားလုပ်မှုကို ကျေးရွာလူထုက မခံမရပ်နိုင်၍ အ ထက်အဆင့်ဆင့်သို့တိုင်ကြားခဲ့သော်လည်း ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းမရှိုဘဲ တိုင်ကြားသူ ၁၄ ဦးအားတရားစွဲဆိုထားသဖြင့် ကြားရသူအပေါင်းက အံ့သြနေကြပြီး ယခုအမှုအား တရားရုံးက မည်ကဲ့သို့ စီရင်ဆုံးဖြတ်မည်ကို ၀မ်းတွင်းတစ်မြို့နယ်လုံးက စိတ်ပါဝင်စားစွာစောင့်မျှော်လျက်ရှိကြောင်းသိရသည်။
ကိုသန့်စင်(မိတ္ထီလာ)
မြန်မာပို့ စ်

ကျေးရွာအုပ်ချူပ်ရေးမှူး ငွေကြေးအလွဲသုံးစားလုပ်မှုကို တိုင်ကြားသည့်သူများ အရေးယူခံနေရ
Reviewed by သစ်ထူးလွင်
on
16:23
Rating:
12 comments:
သဖန်းညောင်ဇောက်ကျေးရွာဖက်ကအုပ်ချု့ပ်ရေးမူးတွေကိုလည်းစစ်ဆေးဖို့လိုပါ
တယ်
ဟားဟားရီရတယ်ဟေ့ကျွန်တော်တို့မြို့မှာလည်းရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတဲ့အာဏနဲ့လုပ်စားနေပါတယ်၊သူတို့ကိုတော့ဘယ်သူတွေကအကာအကွယ်ပေးထားလည်းဆိုတော့ပုလင်းတုဗူးစို့မြို့နယ်အုပ်ချုပ်ရေးမှူးတွေကပါ။ဒါမှရပ်ကွက်ခွဲတန်းတွေတောင်းလို့ရမှာပါပြည်သူတွေကိုပြန်ကြည့်ပါပြည်သူကိုယ်စားလှယ်တော်ကြီးများခင်ဗျာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုပြန်လယ်စီစစ်ပြီးရွေးချယ်ပြန်ခန့်ထားသင့်ပါပြီ။ပြည်သူတွေကိုဒုက္ခပေးတဲ့သူတွေကြီးဘဲတွေ့နေရပါတယ်ခင်ဗျာ
ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုစနစ်တွေက မပျောက်သေးသ၍ ပြည်သူတွေလည်း
အဖိနှိပ်ခံ ဘ၀က လွတ်မြောက်မှာကို မဟုတ်ပါဘူး...သူခိုးက လူပြန်ဟစ်သလိုဖြစ်နေပြီ...အဲဒီလိုလူတွေကို အကုန်ဖြုတ်ပစ်ပေးပါ..သမ္မတကြီးခင်ဗျာ
မင်းတို့ရွာတွေကကံဆိုးတာပဲ ငါတို့လေးမျက်နှာရွာကတော့အဲဒါနဲ့ပတ်သက်ရင်ကံကောင်းတယ် သူကြီးကအိတ်စိုက်ပဲကျတယ် ဟဟ
ဒါ ဒီမိုကရေစီဟေ့လို့ဘဲ ကြွေးကြော် လိုက်ရမလား ပါဝါ ရှိသူက အာဏာပြတာ ခေါင်းငုံ့ ခံရတာ နိုင်ခံတော် သစ်ဆီချီတက်တာလား
ဦအောင်မြ ပင်းတလဲ အုပ်ချုပ်ရေးမှူး မဖြစ်စဉ် ကာလတွင် တောင်ပုလုဆရာတော် ဘုရားကြီး တပည့်  ကျောက်ဆင် တောရ ပခုက္ကူ ဆရာတော် ကသိုင်းဝန်းကုန်းတွင် ရွေတိဂုံ စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဘဏ္ဏာ ငွေများကို အလွဲသုံးစား လုပ် မှုဖြင့် ဂေါပကအဖွဲ့ မှ ထုတ်ပါယ် ခံရသူ ဖြစ်သည်။
တစ်ရွာလုံးက လက်မှတ်ထိုးတိုင်ကြားသင့်တယ်
၁၈၈ နဲ ၁၈၂ ဆိုတာ ဘာပုဒ်မတွေလည်း သိတဲ့သူပြောပြပေးပါလား
ဘုရားငွေတောင်ခိုးတဲ့သူက စာကြည့်တိုက်ငွေအလွဲသုံးစားလုပ်မှာသေကို သေချာတယ် ဘုရားငွေခိုးတဲ့ကောင်ကို အုပ်ချုပ်ရေးမှုးအဖြစ်ဆက်မထားသင့်တော့ဘူး ပင်းတလဲရွာ မတရားမှုကို မခံမဲ့စိတ်မျိုး ဟိုတုန်းကလိုအကြောက်တရားလွှမ်းတဲ့စိတ်မျိုးတွေဖျောက်ပြီး ညီညွတ်ကြရင် ဒီကိစအဆင်ပြေသွားနိုင်မယ်ထင်တယ်
ဒီလိုအမှုတွေကိုတိုင်ကြားမယ်ဆိုရင် အမှုနဲ့ပက်သက်တဲ့သတ်သေတွေကို အခိုင်အမာစုစည်းပြီးမှ စနစ်တကျတိုင်ကြားသင့်ပါတယ် တစ်ခါတစ်ရံ ကိုယ်ကအခိုင်အမာလို့ယူဆထားတဲ့ သတ်သေတွေက ထိပ်တိုက်တွေ့ပြီဆိုရင် အာဏာ ငွေကြေးတွေနဲ့ ဖျောက်ဖျက်ခံရတတ်ပါတယ်။ အထူးသဖြင့် ဥပဒေကိုနားမလည်တဲ့ တောသူတောင်သားတွေအတွက် ကိုယ်ရူး ကိုယ်ပြန်ပတ်တာတွေ ခံရတတ်ပါတယ်။ အားလုံးကိုသတိချပ်စေချင်လို့ပါ။
ဟုတ်ပါတယ်။ Mandalay က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၂ ၊ 62 လမ်း၊ က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း သေချာစွာ စစ်ဆေးပေး စေချင်ပါတယ်။ ပြီးခဲ့ ၄ လပိုင်းလောက်က ကျွန်တော့် အမေ အိမ်ထောင်စုဇယားမှာ လူတိုး/လျှော့ လုပ်ချင်လို့ ထောက်ခံစာ သုံးခု သွားရောက် တောင်းခံရာ အလှူငွေလေးထည့်ခဲ့ပါဦး ဆိုလို့ ၁၀၀၀ ထည့်ဝင်ရာ ၁၀၀၀ တော့ နည်းပါတယ်ဗျာ။ 3000 တော့ ထည့်ဗျာ ဆိုလို့ 3000 တောင်ထည့်ခဲ့ရသေးဗျာ။ အိမ်ထောင်စုဇယားလုပ်ဖို့ 30000 တောင်းတဲ့ ရပ်ကွက်လူကြီးလည်း ပြုတ်သွားလို့ အသစ်က အားကိုးရမလားမှတ်တယ်။ သူလည်းမထူးပါဘူးဗျာ။
မကြောက်ကြပါနဲ့  ၊ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတိုက်ကြပါ ..။
Post a Comment