သစ်ထူးလွင်မှ သတင်းတပုဒ်ဖြစ်သော မန္တလေးမြို့ စည်ပင်သာယာမှတဖက်သက်
လုပ်ဆောင်နေခြင်း သတင်းကို ဖတ်လိုက်ရလို့  ကိုယ်တွေကြုံယနေ့ ဖြစ်ပေါ်
နေခြင်းကို ရေးပို့လိုက်ရပါသည် ။
အင်တာနက်မှရပ်ကွက်သတင်းပါလာတယ်လို့ လူတိုင်းလည်းပြောလို့ ရှာဖတ်မိပါသည်
သတင်းမပါချိန်အထိ ကျွှန်တော်တို့ မြောင်း မြောက်ဖက်ခြင်းအပိုင်းပါဝင်ခြင်းမရှိခဲ့ပါဘူး
အခုဖျတ်ရမယ်လို့ စာပို ပြောဆိုသွားကြပါသည် အခုလို့ ရေးသားရခြင်းသည်
မိမိအဖျတ်ခံရလို့မဟုတ်ဖြစ်စဉ် အမှန်တိုင်း ရေးသားခြင်းဖြစ်ပါသည် ။
ဖြစ်စဉ်နေရာမှာ မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် သိရီမာလာအရှေ့ကွက်ရပ်တွင်
မန္တလေးမြို့စည်ပင်သာယာနှင့်အာဏာပိုင်အဖွဲအစည်းတွေပုးပေါင်းပြီး ကွက်ကြားနေရာ
များ ကိုသာ ခြိမ်းခြောက်ဖယ်ရှားရှင်းလင်း လုပ်ဆောင်နေခြင်းသာဖြစ်နေပါသည်။
မလိုအပ်တာကို ကွက်၍တဖက်သက် လုပ်ဆောင်နေသည် အခုမြောင်းသည် ၂၅ လမ်းနှုင့်
၈၅ လမ်းဒေါင့် ရွှေတချောင်းနေရာမှစတင်ခွဲထွက်စီးဆင်းလာသော ရေကြည်မြောင်း
ဖြစ်ပါသည် မြောင်းစီးဆင်းရာ ၈၅ လမ်းမှ အခုလုပ်ဆောင်နေသော ၈၉ လမ်းတံတား
အရှေ့နေရာထိ အလွန်ပင်ကျဉ်းမြောင်းပြီး အမှိုက်ပိတ်ဆို့စီးဆင်းနေခြင်းသာဖြစ်နေပါသည်။
မြောင်းဘေးဝဲယာ ၏ ဘောင်ပေါ်တွင်ဆောက်လုပ်ထားသည့်ကိုလည်း တွေ့ ဖြင်နိုင်ပါသည်
တံတားအရှေ့ ဖက်တောင်မြောက်နေရာနှင့် အရှေ့ထိပ် ၈၅လမ်းထိပအ်ထိမြောင်းဘေး
ဝဲယာနေရာများကို စည်ပင်နှင့်ရပ်ကွက်အာဏာပိုင်တို့ မှလည်းတစုံတရာအရေး
ယူဆောင်၇ွက်ခြင်းမရှိကြောင်းကို ဖြစ်ပေါ်နေသည်။
(ဓါတ်ပုံကိုကြည့်သိနိုင်ပါသည် ပုံများမှာ ၈၅ လမ်းနှင့် ၂၅
လမ်းမြောင်းစတင်နေရာ မြောင်းကျဉ်းပုံနှင့် ၈၉လမ်းတံတားအရှေ့ဖက်ဝဲယာနေရာ)
၈၉လမ်းမြောင်းကျော်တံတားအနောက်ဖက်တောင်မြောက်ကွက်ကြားနေရာများကို
စည်ပင်သာယာနှင့် ရပ်ကွက်အာဏာပိုင်တို့မှ ခြိမ်းခြောက်ဖျတ်ခိုင်းခြင်းခံနေရပါသည်
ထိုနေရာမြောင်းအကျယ်မှာ ၈၅ လမ်းစတင်စီဆင်းရာထက်အများကြီးကျယ်ခြင်း
ရေစီအားကောင်းခြင်းနေရာဖြစ်ပါသည်ကျဉ်းမြောင်းသောနေရာများကိုလုပ်ဆောင်ချက်
မရှိဘဲ ကောင်းမွန်သောနေရာကိုသာကွက်ကြားနိုင်ထက်စီးနှင်းလုပ်ဆောင်ခြင်းခံနေ၇ပါသည်။
ကိုယ်တွေ့ ကြားသိရခြင်း မေလ ၁၁ ရက် နေ့ လည်တွင် တံတားနားက
လက်ဖက်ရည်သောက်နေစဉ် လူကြီးဟောင်း ကိုလှထွန်းသင် နှင့် အသက် ၃၀
ကျော်ရပ်ကွက်ကလူတဦးထင်ရသူသည် တို့ က စည်ပင်လူကြီးများကို
မြောင်းအကြောင်းရှင်းပြနေကြပါသည် မြေပုံစာ၇ွက်များကို ပြသပြီးလူကြီးဟောင်းမှ
မြေပုံလည်း မှန်ကန်မှု့ မရှိကျုးကျော်နေရာတွေကမြေပုံပါအတိုင်းလုံးဝမဟုတ်ကြောင်း
သူအကုန်သိကြောင်း လဒီရပ်ကွက်မှာ တောင်မြောက် လမ်းကဘော်လုံးကွင်းအထိပေါက်သော
လမ်းနှစ်လမ်းရှိတယ် အခုပိတ်ဆိုပြီး စည်ပင်သာယာမှ ရောင်းချထားကြောင်းကို
ပြောဆိုသိလိုက်ရလို့  ရပ်ကွက်လူကြီးများကိုသေချာစုံစမ်းမေးမြန်းမိသည့်အခါ
မှန်ကန်ကြောင်း တောင်မြောက်လမ်း နှစ်လမ်းရှိတယ် တံတားလည်းရှိတယ်ဟိုတုန်းကတော့
သုံးတယ် အခုတော့ စည်ပင်သာယာကရောင်းလိုက်လို့ နှစ်နေရာစလုံး တံတားမရှိ
လမ်းလည်းမရှိတော့ကြောင်းကို ဝမ်းနည်းစွာပြောဆိုမိကြပါသည်။
(ထိုဖြစ်စဉ်နေရာများကို သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများ
မှစုံစမ်းစိစစ်ဖော်ထုတ်ပြီး မှုလနေရာလမ်းတံတားအတိုင်း
ရပ်ကွက်ပြည်သူများမှပြန်လည် ဖောက်လုပ်ပေးစေလို့ ပါသည် )
အထက်ပါဖြစ်စဉ်ဖြစ်သော ၂၅လမ်းနှုင့် ၈၄လမ်းစတင်စီးဆင်းသော ရေကြည်မြောင်းအစ
ထိပ်ပိုင်းမှ စတင်ဆောင်ရွက်ခြင်းမရှိဘဲ ၈၉ လမ်းတံတားအနောက်ဖက်တောင်မြောက်
ကွက်ကြားနေရာများကို အာဏာဖြင့်အတင်းဓမ္မဆောင်ရွက်လုပ်ကိုင်နေခြင်း အဖြစ်မှန်ကို
သိရှိစေလိုပါသည်)
ဆရာလှ (ဝန်ထမ်းဟောင်း)
ကြည်…တည်းခိုခန်း
သီရီမန္တလာ ကားကြီးကွင်းတောင်ဖက်လမ်းကြား
သီရိမာလာအရှေ့
အောင်မြေသာစံမြို့နယ် မန္တလေးမြို့ 

မန္တလေးစည်ပင်မှကွက်ကြားဆောင်ရွက်ခြင်းနှင့် လမ်းနှစ်လမ်းပိတ်ဆို့ ရောင်းချခြင်း အဖြစ်မှန်
Reviewed by သစ်ထူးလွင်
on
06:57
Rating:
7 comments:
ဝိသမလောဘသားတွေ။ သေရင် မြေပြိတ္တာဖြစ်မယ်
ဒီလို လုပ်ချင်ရာလုပ်လို့လည်းရတယ်လား။ တစ်ခြားနယ်မြို့ တောမြို့လည်းမပာုတ်။ မန္တလေးလို မြို့ကြီးမှာတောင် လုပ်ချင်ရာလုပ်နိုင်တယ်ဆိုတော့ တစ်ခြားနေရာတွေမှာ ဆိုရင်တော့ ဘယ်လိုနေမလဲ မသိဘူး။
ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com
သတင်းတွေအမြဲတမ်း update ဖြစ်တာကိုတင်ပေးထားသည့် သစ်ထူးအင်ကို အမြဲကျေးဇူးတင်ရှိနေရပါသည် အခုလည်းကြည့်လိုက် မန္တလေးစည်ပင် သတင်းတွေဖတ်လိုက်၇တာ နှလုံးတောင်နာတယ် ပိတ်တဲ့လမ်းတော့ အမြန် ဆုံးဖြစ်သင့်ပတယ် နောက်တပုဒ်က အဖေ အားကိုး နဲ့ လုပ်တဲကောင်းလည်း Go to jay.
စည်ပင်ကတော.ဒီအတိုင်းဘဲ
၃၅လမ်းနဲ.၃၂လမ်းကြားမှာလွန်ခဲ.နှစ်ပေါင်းများစွာကဂရန်ချပေးထားတာအခု၆၆
လမ်းဖေါက်ဖို.ဖျက်ခိုင်တယ် ဒါပေမဲ.၆၄လမ်း၂၉x၃၀လမ်းကြားမြောင်းအရှေ.ဖက်ကမ်းမှာစည်ပင်ဝန်ထမ်း
အိမ်တွေကြူးထားကြာပြီ။လမ်း၇၀၂၇x၂၈လမ်းကြားမှာလမ်းပိတ်ပြီးဝန်ထမ်း
အိမ်တွေဆောက်တယ်။၃၆လမ်း၆၉x၇၀လမ်းသုသာန်အဟောင်းထဲမှာဝန်ထမ်းယာဆောက်ပြီးခြံခတ်ထားတယ်၃၆လမ်းအတွက်အပေါက်သေးသေးတပေါက်
ဖေါက်ထားတာ။ဥပဒေအမျိုးမျိုးထုတ်ပြီးငွေတောင်းနေတာဘဲ
ညဆိုရင်၃၅လမ်း၆၂လမ်းဒေါင်.စည်ပင်ဝန်ထမ်းတွေဝတ်စုံပြည်.နဲ.ကားကြီး
တွေကိုငွေတောင်းနေတယ်။ရေးထားတာက ၃ တန်အထက်မ၀င်ရ။
ကိုသစ်ရေ
comment တွေရေး တစ်လကိုနှစ်သောင်းကုန်တယ်ဗျာ။
အိမ်ကအဖွားကြီးကပြောတယ် ပိုက်ဆံအလကားဖြူန်းနေ
တာမကြိုက်ဘူးတဲ့။ ကျွန်တော်တို့အတွက်အကျိုးရှိအောင်
ဝိုင်းကူပါအုံး။ သမ္မတကြီးကို ဦးပြောင်ရှင်း လို့ခေါ်တာ
သဘောကျတယ်ဗျာ။ ဘာလို့လဲဆိုတော့ မကောင်းသူတွေ
အားလုံးကို ပြောင်အောင်ရှင်မဲ့ဖြစ်နေလို့ သဘောကျမိတာ
ပါ။
စာရေးတဲ့သူပြောတာတွေက မပြည့်စုံပါဘူး။ ရေကြည်မြောင်းအစက ၈၅လမ်းမဟုတ်ဘူး၊ ၈၆လမ်း။ မြောင်းနှုတ်ခမ်းပေါ် ၀ဲယာ အိမ်တွေကို အကုန်စာပို့ ထားပါတယ်။ အခုသူပြောတဲ့ နေရာတွေက အရင်မီးမလောင်ခင်က အိမ်တွေပြွတ်ကျပ်ညပ်နေတဲ့ ရပ်ကွက်အဟောင်းပါ။ ၁၉၉၅မီးလောင်ပြီး အခုကားဝင်းနေရာက ကုလားသုသာန်ပါရွှေ့ ပြီး အကွက်တွေပြန်ရိုက်ထားတာတွေပါ။ တကယ့်ပြသနာက အဲဒီရေကြည်မြောင်းထဲ ၈၆လမ်းပေါ်က ဈေးအမှိုက်စပြီး မြောင်းတလျှောက်လုံး အိမ်တွေက အိမ်အမှိုက်မှန်သမျှ အမှိုက်ပုံမပို့ ပဲ မြောင်းထဲပစ်နေလို့ မြောင်းကောတာပါ။ မြောင်းက ပြည့်လွန်းလို့ ဟိုအရင်က ၆ပေနက်တဲ့မြောင်းက မူရင်းနှုတ်ခမ်းကနေတိုင်းရင် အနက်၆လက်မပဲ ရှိတော့မယ်။ စည်ပင်က မြောင်းဆည်တာလည်း ဆည်မှ၊ အမှိုက်ထပ်မပြစ်ကြအောင် ရပ်ကွက်က ရပ်မိရပ်ဖတွေ ဆယ်အိမ်ခေါင်းတွေနဲ့ ပေါင်းပြီး ပညာပေး ဒဏ်ပေးလုပ်မှ အဲဒီမြောင်း ရေမလျှံမှာ။ လူတွေ စည်းမရှိကမ်းမရှိ အမှိုက်ပစ်တာက အဆိုးဆုံးပါ...
မှန်ပါတယ်ဗျာ.............စာရေးသူပြောတာမှန်နိုင်ပါတယ်
ထောက်ခံပါတယ်...........ရေမြောင်းတွေကောင်းဖို့ရာကလမ်းတံတားတင်မကပါဘုးစည်ပင်သာယာကစနစ်ကျကျဆောင်ရွက်ဖို့ တာဝန်ပါ...........လုပ်နေတာတွေမှားနေတာခက်တယ်............
Post a Comment