ရွှေနံ့သာ လယ်မြေနေရာတွင် နှစ်ဖက်စလုံးအား လုပ်ကိုင်ခွင့် ရက်အကန့်အသတ်မရှိ တားမြစ်ထား

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ ရှိ လယ်မြေများတွင် လုပ်ပိုင်ခွင့်ရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်သော အငြင်းပွားမှု များကြောင့် သက်ဆိုင်ရာမှ သီးစားချ မပေးခင်အချိန်အထိ လယ်မြေများပေါ် တွင် မည်သူမျှ လုပ်ကိုင်ခြင်းမပြုကြရန် ရန်ကုန်တိုင်းဒေသကြီး ခရိုင်အုပ်ချုပ် ရေးမှူးက ရက်အကန့်အသတ်မရှိ တားမြစ်ခဲ့ကြောင်း သိရသည်။
"ဇေကမ္ဘာက လုပ်နေတာတွေကို မေလ ၁၁ ရက်နေ့က မြို့ရွာအုပ်ချုပ်ရေး မှူးရုံးက ထပ်လာတားတယ်။ ဒါပေမယ့် လုံးဝမရပ်ပေးဘူး။ နောက် ၁၅ မိနစ် လောက်ကြာတော့ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးကပါ ရောက်လာပြီး တားတော့မှ ရပ် လိုက်တယ်။ "ညနေပိုင်းကျတော့ စာထွက်လာ တယ်။ စာအရတော့ ဇေကမ္ဘာကလည်း ဒီမြေပေါ်မှာ သီးစားခွင့်လျှောက်ထား တယ်။ ရွှေနံ့သာလယ်သမားတွေက သူတို့ထက် ၂၁ ရက်စောပြီး လျှောက်ထား တာ။ အခု သီးစားမရခင်အချိန်မှာ ဘယ် သူမှ ဘာမှမလုပ်ဖို့ ရပ်ဆိုင်းထားခိုင်း တယ်။ ရက်အတိအကျမသိဘူး" ဟု လယ်သမားများအတွက် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးနေသော မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ယခုလ ၁၄ ရက်နေ့က မြန်မာတိုင်း(မ်)ကိုပြောသည်။
ယခုလ အစောပိုင်းတွင် လယ်သမား များက အဆိုပါလယ်မြေများပေါ်၌ မိုးစပါးစိုက်ပျိုးမည်ဟု ကြေညာခဲ့ပြီး မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက လယ်ထွန် ယက်ရန် ပြင်ဆင်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ တားဆီးမှုကြောင့် လယ်ထွန်ခြင်းကို ရပ်နား ခဲ့သည်။
သို့ရာတွင် ဇေကမ္ဘာကုမ္ပဏီမှ လယ် ကန်သင်းရိုးများ ဖျက်ခြင်းကို မေလ ၁၀ ရက်နေ့ ညနေပိုင်းမှ ပြန်လည် စတင် လုပ်ဆောင်လျက် ရှိကြောင်း၊ လုံခြုံရေး ၀န်ထမ်းဦးရေကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။
"ကျွန်တော့မှာ သူတို့ကို တားဆီးဖို့ လုံလောက်တဲ့ အာဏာမရှိပါဘူး။ ဒါပေ မယ့် သွားတော့ကြည့်ရမှာပဲ။ ကုမ္ပဏီ ဘက်ကိုလည်း လယ်တွေကို ဘာမှမလုပ် ဖို့ စာထုတ်ထားတာ နှစ်ခါရှိပြီ။ သူတို့ နား မထောင်ဘူး။ ဒီကိစ္စကို အထက်ကို တင်ပြ ထားပါတယ်။ လောလောဆယ်တော့ အုပ်ချုပ်ရေးမှူးကလည်း နေပြည်တော် သွားနေတော့ စောင့်ကြည့်ရမှာပဲ" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး က မေလ ၁၁ ရက်နေ့က ပြောသည်။
"ဒီလယ်က ရွှေနံ့သာ လယ်သမား တစ်ယောက်ဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ လယ် ပါ။ ဦးကျော်မြင့်က ၂၀၁၂-၁၃ ခုနှစ် အတွက် သီးစားချ ထားခွင့်မရှိသေးပါ ဘူး။ သီးစားချထားခွင့်ကို စောင့်ပါ။ ရတာ နဲ့ တစ်ပြိုင်နက် လယ်ထွန်ပါ။ ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ သီးစား ချထားခွင့်မရသေးလို့ ထွန်ယက်နေတာကို ခဏရပ်ထားပေးပါ" ဟု မင်္ဂလာဒုံမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ယခု လ ၁၀ ရက် မနက်ပိုင်းက ပြောသည်။
"ကုမ္ပဏီဘက်ကိုလည်း ရပ်ဖို့ ကျွန်တော် တို့ ပြောပေးပါမယ်။ အခုဒီလယ်မြေတွေဟာ အငြင်းပွားဆဲလယ်မြေတွေဖြစ်တာကြောင့် ကျွန်တော့ဘက်ကလည်း ဇေကမ္ဘာကုမ္ပဏီဘက်က ပြုလုပ်နေတာ တွေကို တားဆီးဖို့ တာဝန်ရှိပါတယ်" ဟု ဦးငြိမ်းထွေးက သတင်းထောက်များကို ပြောသည်။
ရွှေနံ့သာစံပြကျေးရွာမှ လယ်သမား ၂၀၀ ကျော် စုရုံး၍ လယ်သမားတစ်ဦးဖြစ် သူ ဦးကျော်မြင့် သီးစားလုပ်ကိုင်လေ့ရှိ သော လယ်မြေပေါ်တွင် လယ်ထွန်ရန် ဆောင်ရွက်နေကြစဉ်အတွင်း ဇေကမ္ဘာ ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ဇော်ဟု ဆိုသူ ဦးဆောင်သော အဖွဲ့သည် ဦးကျော်မြင့် ၏ အခြားလယ်ကွက်တွင် စက်ယန္တရား ကြီးဖြင့် လယ်ကန်သင်းများဖြိုဖျက်ခြင်း များပြုလုပ်ခဲ့သည်။
"လွန်ခဲ့တဲ့သုံးပတ်က ကျွန်တော်တို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို ဇေကမ္ဘာကုမ္ပဏီဟာ ရွှေနံ့သာလယ်မြေ တွေပေါ်မှာ စက်မှုဇုန်လုပ်ခွင့်ရရှိထား သလားဆိုတာနဲ့ ပတ်သက်ပြီးတော့ မေး မြန်းတဲ့ စာတစ်စောင် ပို့ခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ်က လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးက အိုးအိမ်ဌာနအနေနဲ့ ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုန်အနေနဲ့ လုပ်ဖို့ပေးထားခြင်း မရှိဘူးလို့ အကြောင်းပြန်လာပါတယ်။ ကုမ္ပဏီအနေနဲ့ လန ၃၉ (လယ်မြေကို တခြားအသုံးပြုခွင့်)ကို အိုးအိမ်က ဦးစီး ပြီး တစ်ချိန် တစ်ခါက တင်ခဲ့ဖူးပေမယ့် ခုထိပြန်မကျသေးဘူးလို့ သိထားပါ တယ်"ဟု ဦးနေမျိုးဝေကပြောသည်။
နိုနိုအောင်  (မြန်မာ့တိုင်း)
ရွှေနံ့သာ လယ်မြေနေရာတွင် နှစ်ဖက်စလုံးအား လုပ်ကိုင်ခွင့် ရက်အကန့်အသတ်မရှိ တားမြစ်ထား ရွှေနံ့သာ လယ်မြေနေရာတွင် နှစ်ဖက်စလုံးအား လုပ်ကိုင်ခွင့် ရက်အကန့်အသတ်မရှိ တားမြစ်ထား Reviewed by သစ်ထူးလွင် on 12:57 Rating: 5

14 comments:

Thurein said...

ဘာတားဆီးဖို့လိုလဲဗျာ။ ဒါလယ်သမားတွေရဲ့လယ်ပဲကို။ အခုသူတို့မစိုက်ရတော့ သူတို့ ဒုက္ခရောက်တာပေါ့။ ဇေကမ္ဘာဘက်ကတော့ ဘယ်သိသာမလဲ။ လယ်သမားတွေကတော့ ဒီလယ်မြေမှာ မလုပ်ရတော့ ဘယ်မှာသွားပြီး လုပ်ကိုင်စားရမှာလဲ။

www.academicmedicines.blogspot.com

Unknown said...

နှစ်ဘက်စလုံးကို လုပ်ပိုင်လွင့်ပိတ်တာဟာ နိုင်တော်အတွက် ပြည်သူအတွက်အကျိုးယုတ်စေတယ်..

001komgmg222@gmail.com said...

ဘာမှစာမတတ်တဲ့ခရိုနီခင်ရွှေကိုလိမ်ညာမှုနဲ့မောင်းထုပ်ပြစ်ပါ၊နိုင်ငံတော်စစ်အာဏရှင်တစ်ချို့နဲ့ပေါင်းပြီတိုင်ပြည်ရဲ့တယံဇာတတွေထုပ်ရောင်းစားပြီကြီးပွားချမ်းသာနေသူပါ၊ဘာမှတိုင်းပြည်အတွက်နိုင်ငံတော်အတွက်အသုံးမ၀င်ပါဘူးခင်ဗျာ။

nyonyoko said...

သီးစားချထားခွင့်ကိုရက်အကန့်အသန့်မရှိပိတ်ထားတယ်ဆိုတော့
ရက်အကန့်အသန့်မရှိထမင်းမစားနဲ့လို့ပြောတာနဲ့ဘာထူးလည်း
လူလူခြင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ
လူလူခြင်းကိုယ်ခြင်းစာတရားထားနိုင်ကြပါစေ
လိမ်ညာလှည့်စားကိုယ်ခြင်းစာတရားမရှိသောသူလူငနွား
ငရဲပြည်ကို နောင်ဘ၀မကူးဘဲ
အဆင်းဘီးတပ်ခံရပါစေသား

မရဏမင်း said...

ကျန်တဲ့မြေလွတ်မြေရိုင်းတွေမှာသွားမလုပ်ဘဲ ဒီအနိမ့်ကျဆုံးတောင်သူ/လယ်ခုတ်သူတွေကိုမှဒုက္ခပေးနေရတာလဲ...အေးပေါ့အင်အားကြီးသူသာ အနိုင်ရစမြဲဆိုတဲ့ ဓမ္မတာကရှိနေတာကိုး..လုပ်ကြပါစေ..မ၀ရေစာမြိုနေတာကို လာနှိုက်စားရဲတာလေ

shingyi said...

တ၇ားမျှတဘို့လူ့အခွင့်အေ၇းကော်မ၇ှင်ကိုဥပဒေတ၇ပ်ေ၇းဆွဲဖွဲ့သင့်ပြီ။
လူ.အခွင့်အေ၇းကော်မ၇ှင်ကိုဥပဒေနဲ့မလုပ်နိုင်သေး၇င်CID,SB,BSI
ေ၇ှ့နေချုပ်၇ုံးတို့နဲ့ပူးပေါင်းစိစစ်ပေါ့။မ၇ှိလို့တော့မဖြစ်ပါ။ဒေသကြီးဝန်ကြီး
အဇွဲ့ဆုံးဖြတ်၇န်ဥပဒေမ၇ှိတာလား။အာဏာ၇ှင်စနစ်တည်နေ၇င်ဘာ
ဒီမိုကေ၇စီ၇မလဲ။ေ၇ှး၇ိုစွဲ၇င်ထွက်ပါ။

mr naung said...

ငယ်ရွယ်ကလေးဘ၀က မြန်မာပြည်မှာ လယ်သိမ်း ယာသိမ်း လုပ်ရပ်တွေကို ရုပ်ရှင် ထည်းမှာဖက်စစ်ဂျပန်ငပုတွေ နဲ့ ချစ်တိးကုလားတွေ သိမ်းယူသွားတာမြင်ရတယ် အသက်ရွယ်ကြိးလာတော့ မြန်မာပြည်မှာ စစ်တပ် နဲ့ ခင်ရွှေ လယ်မြေသိမ်းနေတာကို မြင်ရတယ် ထမင်းရှင်လယ်သမားတွေ ဒုက္ခရောက်နေတာကို သူတောကောင်းသမ္မတကြိးဦးသိန်းစိန်ကယ်တင်လိုက်တာကိုမြင်ချင်လိုက်တာနော။

yatu said...

လယ်သမားတွေကခုမိုးကျနေပြီ
စိုက်ပျိုးဖို့ပြင်ဆင်ရ့မယ်လေ
လယ်သမားတွေဘဝကို စာနာပေးကြပါ

ဒေးအောင်ဘို said...

မှန်၏

ချစ်ဖူး said...

ဒါတွေဖြစ်နေတာကို လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေက ဘာမှ မပြောတော့ဘူးလား။ ရှက်တတ်သေးရဲ့လားလို့ မေးချင်တယ်။ လယ်သမားဆိုတာ သူများ လယ်စိုက်ချိန်တော့ စိုက်ဖို့လိုတယ်ဗျာ။ သိပ်နောက်ကျရင် ဘယ်လိုလုပ်တော့မလဲ။

အာကာထက် said...

လေးစားရပါသော နိုင်ငံတော်သမတကြီး ဦးသိန်းစိန် ခင်ဗျား တိုင်းပြည်ကို ကမ္ဘာ့အလည်မှာ ထည်ဝါစွာဖြစ်ဖို့အတွက် ပြန်လည်တည်ဆောက်နေတဲ့ သမတတဦးအနေဖြင့် အပြည်ပြည် ဆိုင်ရာရဲ့ စာမျက်နှာများစွာမှာ ကောင်းသောသတင်းများဖြင့်ဝေဆာလျှက်ရှိတာကို တွေ့ရပါ တယ်၊ ကျနော်တို့ နိုင်ငံသားများ ပျော်ရွင်မိပါတယ်၊ သမတကြီး ကျန်းမာ ပါစေ၊ ကျနော် တခုလောက်တင်ပြချင်ပါတယ် နိုင်ငံတော်ကိုအုပ်ချုပ်တဲ့ မင်းကောင်း မင်းမြတ်များ သမတ မင်းများဟာ တိုင်းပြည်သူပြည်သားတွေအပေါ်မှာ ရင်မှသား၊ ကျောမှကဲ့သို့ အုပ်ချုပ် တတ်ပါတယ်၊သမတကြီးမှာလည်း ဒီလိုစိတ်ထားမျိုးအခိုင်အမာရှိမယ်လို့ ယုံကြည်မိ လျှက်ပါ၊တိုင်းပြည်ကို အုပ်ချုပ်ရာမယ် မေတ္တာ ဗြမ္မစိုလ် တရားများဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ၊ဥပေက္ခာ တရားများနဲ့အုပ်ချုပ် တတ်ကြပါတယ်၊သို့သော်လည်း တချို့နေရာတွေမှာ ဥပေက္ခာတရားကို မထားစေလိုပါခင်ဗျာ၊ယနေ့မြန်မာပြည်မှာ နေ့စဉ်နှင့် အမျှကြား နေရသည်မှာ ကျနော်တို့ စိတ်မချမ်းမြေ့စရာသတင်းဆိုးများဖြစ်နေပါတယ် အဲဒါကတော့ ငွေရှိသူ တွေက ဆင်းရဲသားကျောမွဲ လူတန်းစားဖြစ်တဲ့ တောင်သူလယ် သမားများထံမှ လယ်ယာ မြေတွေကို မတရားသိမ်းပိုက်နေတာတွေဖြစ်ပါတယ် ဒီလယ်မြေ တွေဟာ သူတို့ ဘိုးဘွား အဆက်ဆက် လုပ်ကိုင်စားသောက်လာတဲ့ သူတွေပါ၊ စစ်အစိုး ခေတ်မှာ ထင်သလို လုပ်တဲ့ လူတွေနဲ့ပေါင်းပြီး မတရား ရက်စက် ယုတ်မာစွာ သိမ်းပိုက်ခဲ့ကြတာ ဖြစ်ပါတယ်၊ လယ်သမားဆိုတာ တိုင်းပြည်ကို နွားနဲ့ဖက်ပြီး အလုပ် အကြွေး ပြုနေတဲ့ သူတွေဆိုတာ သမတကြီး သိနေပါတယ်၊လယ်သမားတွေရဲ့အောက်မှာ မြေကြီးပဲရှိပါ တော့တယ် မည်သည့် စည်းစိမ်ချမ်းသာမှ မရှိပါ၊အခုတော့ အဲဒီမြေကြီး ကိုတောင်မှ မတရား အလုခံ နေရ တယ်ဆို တော့ သူတို့တွေရဲ့ မိသားစုပေါင်း မြောက်များ စွာရဲ့မျက်ရည်တွေဟာ ဘယ်တော့များ ခမ်း ခြောက် နိုင်ပါ့မလဲ သမတကြီး၊ဒီလိုကျောမွဲ လူတန်းစား တွေရဲ့ မျက်ရည် တွေကို သုတ်ပေး လိုက်ပါ၊ အဲဒီလိုမတရား သိမ်းပိုက်နေတဲ့ လူတန်းစားဟာ လက်တ ဆုပ်စာပဲရှိတယ် သူတို့က အာဏာ ကိုပိုင်ထား ပါတယ်၊ ဒီလူတွေရဲ့လုပ်ရပ်ဟာ ချစ်တီး ကုလားတွေ လွတ်လပ် ရေးမရ ခင်က လုပ်ရပ်မျိုးဖြစ်ပါ လိမ့်မယ်၊ ဆင်းရဲမွဲတေမှုကို ပပျောက် စေချင်ရင် လယ်သမား တွေရဲ့ လယ်တွေ ကိုပြန် ပေးလိုက်ပါ၊ဒီလိုယုတ်မာတဲ့သူတွေကြောင့် ပြသနာဖြစ် တာပါ၊ သူတို့သာ မတရား မသိမ်းရင် ဒီပြသနာ ဖြစ်လာစရာအကြောင်းမရှိပါ၊ လူတဦး ကပြော ထားပါတယ် ကျနော်က ဘာသာရေးအတွက် ကို တနှစ် ဒေါ်လာ ၂ သန်းသုံး တယ် ဆိုပါ တယ်၊ အခုအဲဒီ လူပိုင်တဲ့ကုမ္ပဏီကပဲ လယ်တွေကို မတရားသိမ်းနေတာပါ သူက ကြံ့ခိုင် ရေးအမတ် ဇေကမ္ဘာ ခင်ရွေပါ၊ပြည်သူကိုယ်စား လှယ်ပြီး၊ ပြည်သူ အကျိုးကို မလုပ်ပဲ ဖျက်စီးနေတဲ့သူတွေကို တိုင်းသူပြည် သားတွေရဲ့မျက်နှာကို၊ အခြေခံ လူတန်းစား တွေရဲ့ မျက်နှာကို သနားသော အားဖြင့် ယ္ခုဖြစ်နေသော ပြသနာများကို သမတကြီးအနေဖြင့် ဥပေက္ခာ တရား မထားပဲနှင့် ၀င်ရောက် ဖြေရှင်းပေးပါလို့ လေးစားစွာဖြင့် တင်ပြအပ်ပါတယ်၊ တိုင်းပြည် ကောင်းကျိုး ထမ်းပိုးသူများ အဓွန့်ရှည်ပါစေ။
လေးစားစွာဖြင့် (ထက်အောင် ၈၈)

iban said...

သမ္မတကြီးဦးသိန်းစိန်နှင့် လွှတ်တော်အကြီးအကဲများခင်ဗျား...
ဇေကမ္ဘာဦးခင်ရွှေ၏ လုပ်ရပ်များသည် လွှတ်တော်၏ဂုဏ်သိက္ခာကို များစွာ ကျဆင်းစေပါသည်။ ကိုလိုနီချစ်တီးကုလားထက် ပိုမိုဆိုးသွမ်းသော စရိုက်ပုံစံမျိုး ဖြစ်နေပါသည်။

aungdin said...

ဒီကိစ္စကရှင်းနေတာပါ အိုးအိမ်ရုံးကစက်မှုဇုန်လုပ်ခွင့်မပေးထားဘူးလေ ဒါဆိုလယ်သမားတွေပဲလယ်လုပ်ပိုင်ခွင့်စာရင်းရှိနေစဲပဲပေါ့ ခင်ရွေမတရားဘူးဆိုတာသိနေတာပဲဟာ ဆက်လုပ်ရင်အရေးယူလိုက်ဒါပဲလေ။ လယ်သမားတွေကလယ်လုပ်ချိန်ရောက်နေပြီ အမြန်ဆုံးဆုံးဖြတ်ချက်ပေးမှဖြစ်မှာပေါ့။

myintkoko said...

ခင်ရွေမင်းမှာ တသက်စားမကုန်ဘူးလည်း ပြောသေး
လယ်သမား တွေ၇ဲ့  ပစည်းတွေကိုလည်းဗြောင်ဝင်နိုက်တယ်
မင်းလယ်ထဲမသွားနဲ့ မိုးကြိုးပစ်လိမ်မယ်

Powered by Blogger.