ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီအမတ်များ လွှတ်တော် တက်မယ့်အပေါ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သဘောထား အမြင်များ။
ဒီဗွီဘီမှ မေးမြန်း ရိုက်ကူးတင်ဆက်ထားတာပါ။
အန်အယ်ဒီအမတ်များ လွှတ်တော် တက်မယ့်အပေါ် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သဘောထား အမြင်များ (ရုပ်/သံ)
Reviewed by
သစ်ထူးလွင်
on
05:00
Rating:
5
5 comments:
သတင်းဦး သတင်းထူးတွေအတွက် ကိုသစ်ထူးကို ကျေးဇူး ဆိုတဲ့စကားနဲ့ မလုံလောက်တော့ပါဘူး........
ကိုသစ်ထူးခင်ဗျား။သတင်းတွေအတွက်ကျေးဇူးတင်ပါတယ်။အခုလိုပြည်သူတွေအတွက်သတင်းဦးသတင်းထူးတွေကိုအချိန်ပိုင်းအလိုက်တင်ပေးနေတဲ့အတွက်ပြည်သူတရပ်လုံးနဲ့စာနယ်ဇင်းလောကတခုလုံးကိုဟောက်စား
ခြောက်စားလုပ်နေတဲ့ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းထက်အဆပေါင်းများစွာ
သာလွန်မွန်မြတ်တယ်လို့သာချီးကျူးပရစေ။ဘ၀တလျှောက်လုံးအောင်မြင်တဲ့စာ
နယ်ဇင်းသမားတယောက်ဖြစ်ပါစေ။
ကောင်းပါတယ်ဗျာ။တစ်ခုဘဲစိတ်ထဲမှာအားမလိုအားမရဖြစ်မိ
တယ် ။ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကျမ်းမကျိန် နိုင်ပါဘူး
လို့ ပြောထားပီးသားကြီးကို အဲလိုကျမ်းကျိန်ရတော့မယ် ။
အဲဒီမှာ နည်းနည်းလေး ပျော့ကွက်ရှိသွားတယ် ။ တစ်ချိန်မှာ
အရေးကြီးတဲ့ ဥပဒေ ပြင်ဆင်ရေးတွေကို လုပ်ကြကိုင်ကြတော့
မယ်ဆိုရင် အန်အယ်ဒီ မလိုလားသူတွေ ၊ တိုင်းပြည်တိုးတက်ဖို့
မလိုလားသူတွေ (အထူးသဖြင့် ကြံ့ဖွတ်ပါတီဝင်တွေ) က လက်ရှိနေရာအများဆုံး ယူထားကြတာဆိုတော့ ဒီပျော့ကွက် ကို ထောက်ကြလိမ့်မယ် လို့ စိတ်ထဲမှာ ခံစားနေရတယ် ။
အပြောင်းအလဲကို မသွားချင်တဲ့ လူတွေ လွှတ်တော်ထဲမှာ
အများအပြားရှိနေတာကိုတော့ သတိကြီးကြီး ထားစေချင်တယ်
ဗျာ ။ တိုင်းရင်းသားပါတီတွေ လိုမျိုး ၊ ဒီမိုကရက်တစ်ပါတီဝင်
တွေလိုမျိုးကတော့ ကြိုဆိုကြမှာပါ ။ ဒါပေမဲ့ အဲဒီကိုယ်စားလှယ်
တွေအကုန်လုံးပေါင်းရင်တောင်မှ ၂၅ ရာခိုင်နှုန်းသော တပ်မ
တော် သားတွေ အရေအတွက်ကို မမှီသေးပါဘူး ။အများကြီး
အလုပ်လုပ်ကြရအုံးမှာပါဗျာ ။၂၀၁၅ မှာ အားလုံးရိုးသားစေချင်
တယ်။ အဓိက ကြံ့ဖွတ်ပါတီဝင်များ အမြန်မှန်ရဖို့လိုပါတယ်။
အမေစုမှာ ထူးခြားတဲ့ ခေါင်းဆောင်တွေမှာမှ ရှိတတ်တဲ့ သံလိုက်ဓါတ်တစ်မျိုးရှိတယ်..။ ပင်ကိုယ် ရိုးသားမှုနဲ့ပေါင်းလိုက်တဲ့အခါ စည်းရုံးတဲ့စကားလုံးတိုင်းဟာ နားထောင်ရသူရဲ့ နှလုံးသားထဲကို တည့်တည့်ထိမှန်ပြီး နက်ရှိုင်းစွာ စိမ့်ဝင်သွားတတ်ကြတယ်..။
ပင်ကိုယ်ဖြူစင်တဲ့ ဓာတ်ခံက အရောင်အမျိုးမျိုးနဲ့ ပေါင်းစပ်လို့ ရနိုင်ပါတယ်။
အားလုံးဟာ အမေစုရဲ့ ထူးခြားတဲ့ အရည်အချင်းနဲအတူ တွဲလက်ညီစွာ တစ်သားတည်း ဖြစ်သွားကြလိမ့်မယ်လို့ ယုံမိတယ်။
မေတ္တာသည်သာ အကြွင်းမဲ့ အောင်နိုင်စွမ်းပါတယ်....
rosefloralove, ပြောတာလက်ခံပါတယ်။ အမေစုရေ...ထပ်မမှားပါနဲ့တော့။ ဖွတ်တွေက ဥာဏ်များပါတယ်။ နိုင်ငံတကာအကူအညီတွေဝင်လာပြီဆိုပေမဲ့ ပြည်သူတွေခံစားခွင့်အပြည့်ဝ ရမှ အဓိပ္ပါယ်ရှိတာပါ။ လက်ရှိလုပ်ကွက်နဲ့ အနေထားအားလုံးဟာ ဖွတ်တွေလက်ထဲမှာအားလုံးရှိပါတယ်။ သမ္မတကြီးနဲ့ အမေစုကို အပြည့်အဝယုံပါတယ်။ ဒါပေမဲ့ လက်ရှိစစ်တပ်နဲ့အာဏာရအဖွဲ့ ဟာ သူတို့စားဂွင်တွေ၊လုပ်ကွက်တွေမရှိရင်၊ (နောက်ကြောင်းပြန်လှည့်မယ် လို့၊အပြည့်အဝ၊သိနေတယ်။) သမ္မတကြီးနဲ့အမေစု အကြံဥာဏ် ကြိုထုတ် ထားကြပါ။ အောင်မြင်ပါစေ။
Post a Comment