လမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ်

ယမင်း(မြစ်မခ)
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
 
လမ်း၊ တံတား ပြုပြင်ခြင်းလုပ်ငန်းများကြောင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး  မတန်တဆဈေးပေး၍ ဝယ်ယူမှုများရှိနေသည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
 
“ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေဈေးတွေက သင်္ကြန်မတိုင်မီကဈေးတွေအေးပြီး ပြန်ကျသွားသေးတယ်။ ဧပြီလကုန်ပိုင်းလောက်က ပြန်တက်လာတာဗထူးလမ်းမကြီးတစ်လျှောက်က အိမ်ခြံမြေတွေကတော့ လမ်းခင်း လိုက်တာနဲ့
ချက်ခြင်းကြီး ကိုတက်သွားတယ်။ ဈေးပေးဝယ်တဲ့သူကလည်းမူရင်းပေါက်တဲ့ဈေးထက် အများကြီး ကို ပေးဝယ်တာတွေ ရှိတယ်။

တချို့ဆိုငွေပိုပေးဝယ်တာတောင် မရောင်းချင်လို့ အိမ်မရောင်းပါဆိုပြီးဆိုင်းဘုတ်ကပ်ထားတာမျိုးတွေ ရှိတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှအိမ်ခြံမြေအကျိုးတော်ဆောင်မနော်က ပြော သည်။

အဆိုပါ လမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ဗိုလ်မှုးဗထူးလမ်းမကြီးပေါ်ရှိအိမ်ခြံမြေဈေးများမှာ ကျပ်သိန်း တစ်ထောင်ကျော်အထိ မြင့်တက်ခဲ့သည်ဟုသိရသည်။ ယခင်က ထိုနေရာများမှာ ကျပ်သိန်း ငါးရာဝန်းကျင် သာရှိခဲ့ပြီးလမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ယခုကဲ့သို့ မြင့်တက်ခဲ့သည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များ ကဆိုသည်။

“အခုလို အိမ်ခြံမြေဈေးတွေ မြင့်နေတာကို ထိန်းသင့်ပါတယ်။ အခုလိုမတရားမြင့်တက်လာတော့ အခြေခံ လူတန်းစားတွေအဖို့ အိမ်တစ်လုံးခြံတစ်ခုရှိဖို့ဆိုတာ ပိုပိုဝေးလာသလိုပါပဲ။ အိမ်ငှားဘဝနဲ့ ပဲသံသယာလည်နေကြမှာပဲ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၉ ရပ်ကွက်နေ မမိုးမိုးက ပြောသည်။

ငမိုးရိပ်ဘေလီတံတားစီမံကိန်းကြောင့် ဒဂုံမြိှု့သစ်မြောက်ပိုင်း (၃၅)၊(၃၄)၊ (၃၃)ရပ်ကွက်များရှိ အိမ်ခြံမြေ ဈေးများလည်း   မြင့်တက်ခဲ့သည်ဟုသိရသည်။တံတားစီမံကိန်းအနီးရှိ အိမ်ခြံမြေများသည် ပေ ၄၀ ပေ ၆၀တစ်ကွက်လျှင် သိန်းနှစ်ထောင်ကျော် အထိ ရှိနေသည်ဟု သိရသည်။

၎င်းတံတားစီမံကိန်းပြီးစီးပါက ဈေးနှုန်း များ ထပ်မံတက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုး တော်ဆောင်များက ခန့်မှန်းပြောဆိုသည်။ အဆိုပါနေရာများတွင်လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်က ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ခုလျှင် အနည်းဆုံးသိန်း ၂၅၀ မှ အများဆုံး သိန်း ၅၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း များထံမှ သိရသည်။ “စီမံကိန်းတွေကြောင့် ချည်းပဲမဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ဒဂုံမြို့သစ်မြောက်ပိုင်းက နေရာတကာ မှာ ဈေးတွေပြန်တက်နေ ကြတယ်”ဟုဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်မှ ကောင်းသန့် အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ ကိုသက်မိုးခိုင်က ပြောသည်။

 Shwe Myitmakha Media Group
လမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ် လမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ် Reviewed by သစ်ထူးလွင် on 11:36 Rating: 5

8 comments:

thelegendary said...

ကားဈေးတွေ အဆမတန်မြင့်တက်မှုကို အစိုးရကကိုင်တွယ်ဖြေရှင်းသွားတာ မပြည့်စုံရင်တောင်မှ တော်တော်အဆင်ပြေသွားပါတယ်။ လူနည်းစုသာ ကားကောင်းစီးနိုင်တာကနေ၊ လူအများလက်လှမ်းမှီလာပါတယ်။
အပြောင်းအလဲရဲ့သဘာဝအတိုင်း နစ်နာသူတွေလဲရှိမှာပေါ့။ ဒါပေမယ့် အများပြည်သူကို ငဲ့ညှာသွားတာပိုကောင်းပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ရန်ကုန်နှင့် အခြားမြို့ကြီးတွေရဲ့ မတန်တဆ အိမ်ခြံမြေဈေးကွက်ကို ကိုင်တွယ်ထိန်းချုပ်ပေးစေချင်ပါတယ်။

ငွေပိုလျှံနေတဲ့လူနည်းစု ဈေးကစားအမြတ်ထုတ်ရင်းနှီးမြှုပ်နှံမှုတွေကြောင့်၊ ပြည်သူအများစု နေထိုင်စရာအခက်အခဲဖြစ်နေရပါတယ်။
အခုဆိုရင် ရန်ကုန်မြို့ရဲ့နာမည်ကြီးရပ်ကွက်မြေဈေးက စင်ကာပူထက်များတယ်။ ကွန်ဒိုမဖြစ်တဲ့ နာမည်ခံကွန်ဒိုဈေးတွေက မြေဈေးနီးနီးရှိလာပြီ။ တိုက်ခန်းကျဉ်းလေးတွေရဲ့ဈေးကလဲ အဆမတန်ပါ။ သာမန်မိသားတစ်စု အိမ်ပိုင်အခန်းပိုင်ရှိဖို့မဖြစ်နိုင်တော့ဘူး။

ဝယ်ဈေးတက်တော့ ငှားရမ်းခတွေပါတက်လာတာကြောင့် အခုဆိုရင် ရန်ကုန်မြို့မှာ အိမ်ခန်းငှားနေဖို့တောင်ခက်လာပြီ။ ၁၂ပေ x ၅၀ပေ ၈ထပ်အခန်းက လူနေထူတဲ့ရပ်ကွက်မှာ ၆၀၀၀၀ ကနေ ၈၀၀၀၀ လောက်ရှိတယ်။ လစာ တစ်သိန်းအောက်မှာရတဲ့ သာမန်ဝန်ထမ်း ၃ ယောက်ရှိတဲ့ မိသားစုတောင် ငှားမနေနိုင်လောက်ဘူး။

အစိုးရက၀င် မြို့နယ်စုံမှာအိမ်ခန်းတွေဆောက်ပြီး၊ ဈေးရင်းထက်နဲနဲသာပိုတဲ့ဈေးနဲ့ ပြည်သူအများကို မဲစနစ်နဲ့ပေးမလား။
လျှောက်လွှာတင် ဦးရာလူ လက်သိပ်ထိုးပေးမလား၊ ဌာနဆိုင်ရာဝန်ထမ်းများ ဦးစားပေးလုပ်ဦးမှာလား။

Anonymous said...

ကားဘက်မှမဟန်တော့သောကြောင့် ကားလောကမှ လက်တဆုပ်စာအမြတ်ကြီးစားများ အိမ်ခြံမြေလောကသို့ဝင်ရောက်ကစားရန် ကြိုတင်၍ကောလဟာလ လွှင့်နေခြင်း ဖြစ်ပါသည်။ နောက်ဆုံးခံရသူများမှာ သန်းပေါင်းများစွာသော အခြေခံဆင်းရဲသားလူတန်းစား နှင့် လူလတ်တန်းစားများသာ ဖြစ်ပါသည်။ ဤကဲ့သို့ အိမ်ခြံမြေဈေးတက်လျှင် ကိုယ်ပိုင်အိုးအိမ် မရှိသူများမှာ ဒီတသက်ပိုင်ဆိုင်နိုင်ရန်အခွင့်အရေး အလှမ်းဝေးသွားမြည့်အပြင် အိမ်ငှါးခများပါ လိုက်လံ မြင့်တက်သွားနိုင်ပါသောကြောင့် ရှာဖွေရရှိသည့် လစာငွေလေး မှာ အနိုင်နိုင်လုံးပမ်း နေရသော စားဝတ်နေရေး ထဲတွင် မလောက်မငှနှင့် ကုန်ခမ်း သွားမည်သာ ဖြစ်ပြီး ရေရှည်တွင် စိတ်ဓာတ်ရေးရာ၊ လူမှုရေးရာ အဖက်ဖက်တွင် နိမ့်ကျသွားမည်ဖြစ်ပါသည်။ နိုင်ငံတိုင်းတွင် အစိုးရမှ မဖြစ်သင့်သည့်ဈေးနှုန်းမဖြစ်အောင် ဝင်ရောက်ထိန်းသိမ်း ပေးလေ့ရှိသကဲ့သို့ ယခုကိတ်စတွင်လဲ မြန်မာနိုင်ငံအစိုးရမှ သန်းပေါင်းများစွာသော အခြေခံဆင်းရဲသားလူတန်းစား နှင့် လူလတ်တန်းစားများ၏ အကျိုးကိုရှေးရှု၍ ဝင်ရောက်ထိန်းသိမ်း ပေးပါရန် မြစ်တာရပ်ခံအပ်ပါသည်။

naing said...

တစ်နိုင်ငံလုံးမှာအိမ်ခြံမြေဈေးတွေအဆမတန်ထိုးတက်နေတာ တာဝန်ရှိသူတွေအနေနဲ့ဖြေရှင်းချိန်တန်ပါပြီ။ကြာတော့နောက်ထပ်မြေဝယ်နိုင်တဲ့သူဟာချမ်းသာပြီးသားလူတွေသာဖြစ်ပါလိမ့်မယ်။အရင်ကတည်းကဝယ်ပြီးသားမရှိသူလက်လုပ်လက်စားတွေကတော့အခုမှဝယ်ဖို့မစဉ်းစားနဲ့တော့။
ချမ်းသာတဲ့သူတွေဆီမှာအိမ်ငှားနေ ရှာသမျှအိမ်လခပေး မွဲပြီးရင်းမွဲ ဘယ်တော့မှဆင်းရဲချမ်းသာကွာဟမှုက ကျဉ်းမြောင်းသွားမှာမဟုတ်ဘူး။

Zaw Latt said...

အိမ်ခြံမြေဈေးနှုန်း တွေကို အစိုးရ ရဲ့ ပါဝင်ပတ်သက်မှူ့ နဲ့ အိမ်ယာ ဈေးနှုန်းတွေကို ထိန်းသင့်တယ်။အိမ်ယာ စီမံကိန်း တွေ အကောင်အထည် ဖော်သင့်တယ်။
ဒီ အတိုင်း သွားရင် အခြေခံ လူတန်းစား တွေ အိမ်ခြံမြေ ပိုင်ဆိုင် ဖို့ဆိုတာ မလွယ်ကူ နိုင်ဘူး။ငွေကြေး ရဲ့ တန်ဘိုး နဲ့ တဦးချင်း ဝင်ငွေ မြင့်လာအောင် လုပ်ပေးသင့်တယ်။

Zaw Latt said...

အိမ်ခြံမြေဈေးနှုန်း တွေကို အစိုးရ ရဲ့ ပါဝင်ပတ်သက်မှူ့ နဲ့ အိမ်ယာ ဈေးနှုန်းတွေကို ထိန်းသင့်တယ်။အိမ်ယာ စီမံကိန်း တွေ အကောင်အထည် ဖော်သင့်တယ်။
ဒီ အတိုင်း သွားရင် အခြေခံ လူတန်းစား တွေ အိမ်ခြံမြေ ပိုင်ဆိုင် ဖို့ဆိုတာ မလွယ်ကူ နိုင်ဘူး။ငွေကြေး ရဲ့ တန်ဘိုး နဲ့ တဦးချင်း ဝင်ငွေ မြင့်လာအောင် လုပ်ပေးသင့်တယ်။

Anonymous said...

မြို.တော်ဝန် ကြီးသို. ..... စည်ပင်အဆောက်အဦဆောက်လုပ်ရေး များ ၈၀% ကျဆင်းသွားတာ .... ဆောက်လုပ်ေ၇းလုပ်သား များ ၊ အလုပ်လက်မဲ. ၅၀% ခန်.ဖြစ်နေကြရတာ .... သိပါသလား ခင်ဗျား ။

lwannaymie said...

မြန်မာပြည်ရဲ့ ဆူလွယ်နပ်လွယ်အလုပ်ဘဲ။(ရှက်ဖို့ကောင်းတယ်)
မရှိဆင်းရဲသားတွေကိုတော့သနားတယ်။ သေတာတောင်အိမ်မပိုင်နိုင်ဘူး။
(သမ္မတကြီးရေ...ဝန်ကြီးအများအပြားအားမြန်မြန်လဲဖြစ်ပါတော့။ နောက်မှာ တစ်ကယ်လုပ်တတ်သူတွေ ကျွမ်းကျင်သူတွေအများကြီးစောင့်နေတယ်။)

san san said...

တနိုင်ငံလုံးမှာ မြေတွေ ဈေးကစားနေတာ တရုတ်တွေကြောင့်အများဆုံးပါ။မြန်မာ့ဈေးကွက်အားလုံးတရုတ်လက်ဝါးကြီးအုပ်ဘို့ကြိုါ်စားနေတယ်။အစိုးရကဘာတွေလုပ်နေလဲမသိ။တရုတ်ပြည်နယ်ဖြစ်နေဘီ။တရုတ်ကဖိ ကုလားအိ မြန်မာနေစရာမရှိ

Powered by Blogger.