နိုနိုအောင်နှင့် ထူးအောင်
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)
ပြေးဆွဲခွင့် ပိတ်ခံထားရသဖြင့် ကမ်းနားတွင် ဆိုက်ကပ်ထားရသော သမ္ဗန်များကိုတွေ့ရစဉ်။
ဓာတ်ပုံ-နိုနိုအောင်
"တစ်ရွာလုံးမှာ သမ္ဗန် ၁၀၈ စင်းရှိတယ်။ တိုက်မိတဲ့တစ်စင်းကတော့ အချုပ်ထဲမှာ။ ကျန်သမ္ဗန် ၁၀၇ စင်းရှိတယ်။ အားလုံးကို ပိတ်ထားတယ်။ အခုဆို တစ်လနဲ့ ရှစ်ရက်ရှိပြီ"ဟု ရေယာဉ်လုပ်သား ဦးသန်းအောင် ထွေးက ယခုလ ၄ ရက်နေ့ နံနက်ပိုင်းက ပြောသည်။
"မတ်လ ၂၁ ရက်နေ့က စက်ဆန်းကူးတို့ဆိပ်က ကိုလှရွှေမောင်းတဲ့ ခရီးသည်ငါးယောက်ပါတဲ့ စက်လှေက ကျောက်တံတားကူးတို့ဆိပ် (ကြည့်မြင်တိုင်)ကိုအကူး ရေလယ်စပ်မှာ စက်သေပြီး အေးချမ်းမောင် ဆိုတဲ့ သစ်လုံးတင်တဲ့ နှစ်စီးတွဲ သင်္ဘောဆီ ၀င်သွားတယ်။ လှမြင့်ထွန်းဆိုတဲ့ ကောင်လေးက သင်္ဘောအောက်ဝင်ပြီး ပျောက်သွား တယ်။ နောက်သုံးရက်နေမှ အလောင်းကို ကမာရွတ်ဆိပ်ကမ်းမှာ ပြန်တွေ့တယ်။ ကိုလှရွှေရဲ့ သမ္ဗန်ကိုတော့ ၂၈၀/၃၀၄(က)နဲ့ ဆိပ်ကမ်းရဲက အရေး ယူထားတယ်"ဟု ၎င်းက ပြောသည်။
ထို့နောက် မတ်လ ၂၅ ရက်နေ့မှ စတင်ခါ သမ္ဗန်များကြံ့ခိုင်ရေးပြင်ဆင်ရန်အတွက် ခေတ္တနားထားရမည်ဖြစ်ကြောင်း နှုတ်မိန့်ဖြင့် ပြောခဲ့သည်ဟု ၎င်းက ပြောသည်။
"ပထမတုန်းက ဒါ ဂိတ်ပိတ်တာ မဟုတ်ဘူး။ သမ္ဗန်ပြင်ဆင်ဖို့အတွက် ခဏနားပြီး သမ္ဗန်ကိုပြင်ဆင်ပါဆိုပြီး ပြောတာ။ လာပြောတဲ့ အချိန်မှာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စာရေးတစ်ယောက် ပါတယ်။ စက်ဆန်း၊ အောက်ရုံ၊ အလတ်ချောင်း သုံးရွာအုပ်ချုပ်ရေးမှူး ပါတယ်။ မတ်လ ၂၆ ရက်နေ့ကျ တစ်ရွာလုံး သမ္ဗန် ပြေးဆွဲခွင့် ရပ်ဆိုင်းထားဖို့ စာကျလာတယ်"ဟု ဦးသန်းအောင်ထွေးက ပြော သည်။
အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ ရောက် ရှိလာသောစာတွင် "စက်ဆန်း သမ္ဗန် ရေယာဉ်ဂိတ်မှ ယာဉ်မောင်း ဦးလှရွှေ မောင်းနှင်သော သမ္ဗန်ရေယာဉ်သည် ၂၁-၃-၂၀၁၂ နေ့တွင် သစ်လုံးတင် စီဘီတွဲအောက် ရောက်ရှိနစ်မြုပ်ခဲ့ သဖြင့် အဆိုပါစက်ဆန်းရေယာဉ် တစ်ဂိတ်လုံး အား ၂၅-၃-၂၀၁၂ ရက်နေ့မှ ဤ ရေယာဉ်ဂိတ်တစ်ဂိတ်လုံး ပြေးဆွဲခွင့် ရပ်ဆိုင်း ထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားရှိလာခဲ့ပါသည်" ဟူ၍ ပါရှိသည်ကို တွေ့ရသည်။
"ဂိတ်ပိတ်တဲ့အချိန်မှာ ရွာရဲ့သွားရေး လာရေးအတွက် ဘလုပ်ညွန့်က ငါးစင်း၊ စက်ကလေးက အစင်း ၂၀ နဲ့ အောက်ရုံက အစင်း ၂၀ ကို ပြေးဆွဲခွင့်ပေးထားတယ်" ဟု ရေယာဉ်လုပ်သား ကိုဝင်းနိုင်ကပြော သည်။
"တခြားရွာတွေမှာလည်း ဒီကိစ္စမျိုး ဖြစ်တတ်တာပဲ။ ဒါပေမယ့် ဖြစ်တဲ့သမ္ဗန်ကို အရေးယူတာပဲရှိတယ်။ ဒီလို တစ်ရွာ လုံးပိတ်တာ မကြားဖူးဘူး။ အခု လှေသမား ၁၀၇ ယောက် အလုပ်လက်မဲ့ဖြစ်နေတယ်။ သူတို့ကို မှီခိုနေတဲ့ လူပေါင်းက ၆၀၀ ကျော်ရှိတယ်။ မော်တာတွေရော၊ အ၀တ်အစားတွေရော အပေါင်ဆိုင် ရောက်ကုန်ပြီ။ ကျောင်းသားရှိတဲ့ မိသားစုတွေလည်း အများကြီးပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။
"အရင်က တစ်နေ့ကို ၀င်ငွေ ကျပ် ၄,၅၀၀၊ ၅,၀၀၀ လောက်ရတယ်။ အခု ၀င်ငွေမရှိတော့ ကလေးကျောင်းအပ်ဖို့ တောင်မှ အခက် အခဲဖြစ်နေတယ်။ လောလောဆယ် မိုးရွာလို့ အိမ်မိုးဖို့ တောင် မတတ်နိုင်ဘူး။ ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ အခု တစ်လကျော်ပြီ။ သမ္ဗန်တွေကလည်း ကုန်းပေါ်တင်ထားရတော့ ပျက်စီးကုန် ပြီ။ ကျွန်တော်တို့ကလည်း ပြန်ဆွဲရမယ် ဆိုတာသေချာမှ ပြင်နိုင်မှာ။ ကျွန်တော် တို့က အားကိုးရာလည်းမရှိတော့ ဘယ်နေ့ ပြန်ဖွင့်မလဲဆိုတာပဲ နားထောင်နေရတာပဲ"ဟု ရေယာဉ်လုပ်သား တစ်ဦးဖြစ် သူ ဦးသိန်းထွန်းက ပြောသည်။
မေလ ၄ ရက်နေ့ နေ့လယ်အချိန်တွင် စက်ဆန်းရေယာဉ်ဂိတ်မှ တာဝန်ရှိသူတို့ အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အစည်း အဝေး ခေါ်ခဲ့ရာ အစည်းအဝေးပြီးချိန်တွင် စက်ဆန်း ရေယာဉ်ဂိတ်အား လောလောဆယ် နှစ်လပိတ်ထားမည်ဖြစ်ကြောင်းနှင့် နှစ်လ ပြည့်ပါက စာတင်ရ မည်ဖြစ်ကြောင်း ပြောသည်။
"ကျွန်တော်တို့ကိုတော့ စက်လှေမြုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်လပိတ်လိုက်ပြီတဲ့။ နှစ်လပြည့်ရင် မောင်းခွင့်ရဖို့ အတွက် အသနားခံစာ ပြန်တင်ရမယ် လို့ ပြောတယ်။ စာလည်းပြတယ်။ တစ်ရွာလုံးကို ပိတ်ရတဲ့ တခြား အကြောင်းရင်းတော့ မသိရဘူး"ဟု စက်ဆန်းသမ္ဗန် အဖွဲ့ အတွင်းရေးမှူး ကိုသော်ဇင်က မေလ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြောသည်။
တစ်ရွာလုံးရှိ သမ္ဗန်များကို ပြေးဆွဲခွင့် ပိတ်ထားရသည့် အကြောင်းရင်းအား ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေးထံသို့ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာတွင် ၎င်းဖြေဆိုခွင့်မရှိကြောင်း ပြောကြားသည်။
မြန်မာ့တိုင်းမ်
ကြည့်မြင်တိုင် စက်ဆန်းတစ်ရွာလုံးရှိ သမ္ဗန်များအား ပြေးဆွဲခွင့် ပိတ်ထား
Reviewed by သစ်ထူးလွင်
on
09:17
Rating:
8 comments:
စက်လှေ တစင်းမတော်တစမှု့ ကြောင် တခြား စက်လှေကလူတွေ ကို လုပ်ကိုင်ခွင် ပိတ်၇င် ။ ပါ၇ီမီ ယဉ်လိုင်းက ကားတစ်စင်း ၇မ်းကားသွားတာကျတော့ ပါ၇မီ ယဉ်လိုင်း တခု လုံး ပိတ်ပြီးအေ၇းယူတာမျိုးကျမလုပ်ဘူး စက်လှေလည်း ယဉ် ။ပါ၇မီ ကားလည်း ယဉ် ပဲ မဟုတ်လား
အဲဒီလို လူကြီးမျိုးတွေ နဲ့ ဒီတိုင်းပြည်ကြီး ဘယ်တော့မှတိုးတက်မှာ မဟုတ်ဘူး သမ္မတကြီးရေ။ အဲဒီလို လူကြီးတွေကို အမြန်ဆုံးစီစစ်ပြီး ဖယ်ရှားပြစ်ပါတော့။ ဒီအချိန်မှာ အချိန်ဆွဲနေရင် တိုင်းပြည်တိုးတက်ဖို့နှောင့်နှေး နေပါလိမ်မယ်။ သမ္မတကြီး ပြတ်ပြတ်သားသားတာလုပ်ပါတော့။
စက်လှေလုပ်သားပိုင်ရှင်များငြိမ်းခံမနေပါနဲ့သမ္မတအထိရောက်အောင်တိုင်းကြားသင့်ပါတယ်။စားဝတ်နေရေးသုံးပါးပါ.လွှတ်တော်ကိုယ်စာလှယ်ကြီးများကိုအကူအညီတောင်းခံကြပါ။
မိုက်ရိုင်းလိုက်တာကွာ ဘာဆိုင်လို့လဲ တော်တော်စောက်သုံးမကျတဲ့သူတွေ.....ကျန်တဲ့သူတွေကပါ အလုပ်လက်မဲ့တွေဖြစ်ကုန်ကျပြီ။
ဟုတ်တယ်၊ခရီးသည်တွေပါရမီကိုသပိတ်မှောက်၊ မစီးနဲ.။
မြေနိမ့်ရာ လှံစိုက်ဆိုတာ ဒါမျိုးပေါ့ကွ။ ပါရမီယာဉ်လိုင်းလဲ မြောင်းထဲရောက် တော့မှာသေခြာတယ်။ သမ္မတကြီးနဲ့အမေစုတက်လာပြီ၊
အရင်ခေတ်ကုန်သွားပြီ။
youthmedia ကို ထောက်ခံပါတယ်။ သဲကုန်း၊ သပိတ်အိုင်၊ သီတဂူ ဆရာတော်ကြီး ဟောခဲ့တဲ့ မယောင်ရာ ဆီလူးတာ ကျွမ်းကျင်တဲ့ အနတ္ထ ကုသလ တွေရဲ့ မိုက်တကာ့ အမိုက်ဆုံး လုပ်ရပ်ကြီးပါ။
ဒီဖြစ်ရပ်အတွက်.... comment ပေးခဲ့သူ မိတ်ဆွေများသို့.....
ကျွန်ုပ်သည် ထိုဒေသ ထိုနေရာမှ နေ့တစ်ဒူဝ ခရီးသွား ပြည်သူတစ်ယောက် ဖြစ်သည်။ ထိုသို့သော ဖြစ်ရပ်မျိုးသည် ကျွန်ုပ်၏ မိသားစုဝင်ပင် ကိုယ်တိုင် ဖြစ်ခဲ့ဘူးသည်....ထိုတွင်လည်း ပထမတန်းအရွယ် ကျောင်းသား တစ်ဦး သေဆုံးခဲ့ဘူးသည်....(အော်တော်သေးတာပေါ့...ဒါတောင် သူငယ်တန်း အရွယ်လေးတွေ ကံဘေးသီကဲ့လို့).... လူအားလုံး၏ မိသားစု စားဝတ် နေရကိုတော့ စာနာထောက်ထားသော သဘောအရ... အခုလို ဂိတ်တစ်ခုလုံးကို ပိတ်ပစ်သည်ကိုတော့ မလိုလားပေ... ဒါပေမဲ့ တွေးကြည့်မိသည်...
လက်ခတ်မှသည် စက်တပ်အထိ ငယ်စဉ်ဘ၀ ကျောင်းတက်ကတည်းက ရန်ကုန်မြို့သို့ တက်ရောက်ခဲ့ရသည်.... အဆိုးဆုံးကာလက မိုးတွင်းဘက်ပင်.... လှိုင်းကြီးသည် ရေစီးသည်...လေပြင်းကလည်း တိုက်ပြန်သည်... ထိုသူတို့၏ အသက်သည် ထိုသဗ္မာန်သမား၏ လက်အတွင်းတွင်သာ... အခုလုပ်စားနေသော ထိုသူတို့သည်... ဟိုးယခင်က လက်ခတ်ခေတ် လူကြီးများနှင့်တော့ မတူကြတော့ပြီ... စက်ထဲတွင် ဆီကိုလုံလောက်စွာမထည့်ပဲမောင်းသူနှင့်လည်းကြုံရ... ဆီကုန်ကာနီးကျတော့ တိုင်ကီအတွင်းကို မြစ်ရေခတ်ပြီးလောင်းထည့် (ဒါကိုမယုံရင်မေးကြည့်)....စက်ပျက်ပြန်တော့လဲ ခတ်တက်ကမပါ....ခတ်တက်ပါတော့လဲ... ခတ်ကွင်းကမခိုင်... ဒီသဗ္မာန်ကိုကြည့်ပြန်တော့လဲ... တကူကရိုင်နွဲ့နွဲ့.. ၀င်းအတွင်းကိုကြည့်တော့လဲ ရေကတဆိမ့်ဆိမ့်.... အမြင်မတော်တဲ့ ခရီးသည်က ရေပက်လို့လဲခတ်ထုတ်ရပြန်... ညမောင်းပြန်တော့လဲ Signal Light ကမပြည့်စုံ... အရေးကြုံလို့ ခုန်ချမယ်ဆိုပြန်တော့ Light Jacket ကမရှိပြန်ပေါ့... ရှိတော့လဲ တစ်ဂါလံသာသာ ပလစ်စတစ်ပုံးရယ်က....အသက်ကယ်ဖို့ပေါ့... နောက်တဖန် ပန်ကာကျွတ်ကျပြန်တော့ အပိုပန်ကာရယ်ကမရှိ.... ပိုအသိတရား မရှိတာကတော့ မောင်းရင်းနဲ့အိပ်ငိုက်တဲ့သူ... သူတလူငါတမင်း စီပွားရေး သောင်းကျန်ခြင်တိုင်း သောင်းကျန်းရင်း အလုအယက် အပြုင်အဆိုင် မြစ်အတွင်းမှာ လှေပြိုင်ပွဲဝင်နေကြရင်းကလဲ တဖုံပေါ့... အာဏာပိုင်က ဂိတ်တစ်ခုလုံးပိတ်လို့ မိသားစုထမင်းငတ်တော့... ထအော်ကြတာကသူတို့....သူတို့ကိုထမင်းကျွေးသော ဒီလူထုရဲ့ အသက်ကိုလည်း ပြန်လေးစားမှုပေးရဲလားဆိုတော့လည်း..(အဟင်းဟင်း).... မယုံရင် ပုံပြင်လို့ပဲမှတ်... သိချင်ရင် မိုးတွင်းမှာ ဒီဒေသဘက်တွေကို ကိုယ်တိုင် သဗ္မာန်စီးပြီး ကြွရောက်ကြည့်.... မင်း ဘာသိလို့လဲမေးလာရင်တော့ ငါ " ဂျောင်ဝိုင်း(ချောင်းဝိုင်း)သားကွ" လို့ပဲ ဟစ်အော်လိုက်မယ်.... ဒါဆိုရင် သဘောပေါက်သွားပါလိမ့်မယ်....
Post a Comment