မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင်များ ဆက်ကြေးမကောက်ခံရန် ညွှန်ကြား

ဓါတ်ပုံ (Google Images)
မေလ ၁၈ ရက်၊ ၂၀၁၂ ခုနှစ် -

ကျော်သူရမျိုး ( YPI )

မန္တလေးတိုင်းအတွင်းရှိ မြို့တွင်း၊ မြို့ပြင်လမ်း၊ တံတားနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်များက ဆက်ကြေး (ငွေကြေး) ကောက်ခံပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ရဲအရာရှိတဦးက ပြောသည်။

“တိုင်းဒေသကြီး (မန္တလေး) ၀န်ကြီးချုပ်က တိုင်းရဲတပ်ဖွဲ့မှူးကို ခေါ်ယူတွေ့ဆုံပြီး ညွန်ကြားခဲ့တာပါဟု” ၎င်း ရဲအရာရှိက ပြောသည်။

ယခုညွှန်ကြားချက်တွင် အောက်ခြေအဆင့်ဆင့်ရှိ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဆက်ကြေးကောက်ခံခြင်း မပြုရန်သာမက ရဲအရေးပိုင်အမှုများတိုင်ကြားပါက ပညာပြခြင်း၊ ညစ်ပတ်ပြီး ဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုနှင့်ဆက်ဆံပါက မချေမငံဆက်ဆံခြင်း မပြုရန်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူ ဆင့်ဆင့်ကကြပ်မတ် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ရဲအရာရှိများထံမှ သိရသည်။

“မနှစ်က  public (အများနှင့်ဆိုင်သည့်) ဧရိယာမှာ သတင်းဓါတ်ပုံရိုက်တာကို ရဲတွေက လိုက်ဖမ်းတယ်။ အချုပ်ကားနှင့် ရဲစခန်းကိုပို့ပြီး စခန်းရောက်တော့ အရာရှိတစ်ယောက်က ထောင်ချလို့ရတယ်ဆိုပြီး ရင့်ရင့်သီးသီးနဲ့ ခြိမ်းခြောက်တာခံခဲ့ရဖူးတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် မြနန္ဒာဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုမင်းဒင်ကပြောသည်။

မန္တလေးမြို့ဝင်ထွက်ပေါက်များရှိ စစ်ဆေးရေးဂိတ်များဖြစ်သည့်  (၁၆) မိုင် စစ်ဆေးရေးဂိတ်၊ ရွေကျင်စစ်ဆေးရေးဂိတ်၊ မြစ်ငယ် ပူးပေါင်း စစ်ဆေးရေးဂိတ်၊ ရတနာပုံတံတားနှင့် စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ် များတွင်ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြည်သူများကို မချေမငံဆက်ဆံခြင်းနှင့် ငွေကြေးတစုံတရာ တောင်းခံခြင်း ပြုလုပ်ပါက ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်ဆိုင်းဘုတ်များကို ချိတ်ဆွဲဖို့ ညွှန်ကြားထားကြောင်းလည်း မြို့နယ်ရဲတပ်ဖွဲ့ ရုံးမှ ပြောဆိုချက်အရ သိရသည်။

 အဆိုပါစစ်ဆေးရေးဂိတ်များတွင်သာမက မန္တလေးတိုင်းအတွင်းရှိ မြို့အသီးသီးများ၏ မြို့ဝင်၊ ထွက် စစ်ဆေးရေးဂိတ်များတွင်လည်း ဆက်ကြေး(ငွေကြေး) ကောက်ခံပါကတိုင်ကြားနိုင်မည့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ်ဆိုင်းဘုတ်များ ချိတ်ဆွဲသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းစစ်ဆေးရေးဂိတ်များတွင် ရိုင်းပြစွာဆက်ဆံခြင်း၊ ငွေတောင်းခံခြင်းတို့ ရှိပါက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၀၂-၃၆၉၈၂ ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၀၂-၃၆၇၇၈၊ အမရပူရ ရဲတပ်ဖွဲ့မှူးရုံး ၀၂-၇၀၅၈၈၊ ပုသိမ်ကြီးရဲတပ်ဖွဲ့မှူးရုံး ၀၂-၅၇၉၀၅ တို့ ဖြစ်သည်ဟု သိရသည်။

“ရဲတွေကို တိုင်ကြားနိုင်မဲ့ ဖုန်းနံပါတ် ဆိုင်းဘုတ် ချိတ်ဆွဲမယ်ဆိုတာ ရှားပါးဖြစ်စဉ်ပါ။ မတရားခံရတဲ့ ပြည်သူတွေအနေနဲ့ တိုင်ကြားချိန်မှာ နံမည်၊ ရာထူး၊ ဖြစ်စဉ်အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုမိုထိရောက် ပါတယ်”ဟု အငြိမ်းစားရဲအရာရှိတစ်ဦးကပြောသည်။       ။

Yangon Press International
မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင်များ ဆက်ကြေးမကောက်ခံရန် ညွှန်ကြား မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင်များ ဆက်ကြေးမကောက်ခံရန် ညွှန်ကြား Reviewed by သစ်ထူးလွင် on 06:22 Rating: 5

16 comments:

ဇာမဏီ said...

သာ ဓု ။ စောင့်ကြည့်လိုက်အုံးမယ် ဘယ်လောက်ခံမလဲလို့ ။

zay said...

အောက်ခြေမှရဲဝန်ထန်းများစက်ကြေးမကာက်ရ အထက်ကရဲတွေပဲစက်ကြေးကောက်ရမည်။ .......ပုံ/ ရဲချုပ်

sai said...

ဘာပြုလို့ ရဲတပ်ဖွဲ့ ဝင်တစ်မျိုးထဲ ကို ဘဲ ညွန်းတာလဲ.....ကိတ်တွေမှာ ရဲတပ်ဖွဲ့ အပြင် တစ်ခြားသော အဖွဲ့အစည်းတွေလည်းရှိသလား လို့ပါ.....သည့်ပြင်အဖွဲ့ အစည်းတွေက တော့ ဆက်ကြေးကောက်ယင် ရသေးတယ် ဆိုတဲ့ သဘောလား.........??????

မောင်ဆင်ကြီး said...

တကယ်လုပ်ရင် အဟုတ်ဖြစ်လာမှာပါ ...တိုင်တဲ့သူကမှန်နေရင် ဘယ်လို အကာအကွယ် ပေးမှာလဲ ဒါလေးလဲ ထည့်ပြောသင့်တယ် ...တိုင်တဲ့သူကို ဆုတွေပါပေးသင့်တယ် အမှန်တရားဖော်ထုတ်သူဆုတို့ မဟုတ်မခံသူဆုတို့ အဲဒီထက်တိုးတက်လာရင် ဘွဲ့ပါပေးသင့်တယ် ..မဟုတ်တန်းတရား အသရေဖျက်ချင်လို့ တိုင်တဲ့သူတွေကို လဲ ကြပ်ကြပ်မတ်မတ် အရေးယူသင့်တယ် ..ဒါမှ တကယ်အလုပ်ဖြစ်ကြမှာ...ရှေ့ဆက်လို့လဲ ရမယ်လေ...ဒါမှလဲ မြန်မာနိုင်ငံမှာ အဂတိတရားကင်းရှင်းမှာလေ....

Anonymous said...

ဟိုးအရင်တုန်းက ဘာယူနီဖေါင်းဝတ်ဖြစ်ဖြစ် ဘယ်နေရာတွေ့တွေ့
ပြည်သူလူထုက ရိုသေလေးစား အထင်ကြီး အားကိုးကြတာ
အခုများတော့ ရပ်ထဲရွာထဲတွေ့ရင် ကျတ်သရေတုန်းတယ်ဆိုပြီး
ဘယ်သူကမှ မဆက်ဆံချင်ကြတော့ဘူး လုပ်နေကြပုံတွေက
သူခိုးအလုပ် ဓါးပြအလုပ် ရိုင်းပြအနိုင်ကျင့် ကလိန်ကကျစ်
အကုန်လုပ်ကြတာကိုး တန်ရာတန်ရာ ဆက်ဆံခံရတာပေါ့

66koaungaungtun@gmail.com said...

မှန်ပါတယ်အပေါ်ကလူပြောသလိုပါခင်ဗျာ။ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သင့်နေပါပြီ။

ko yeဲ said...

အစီအစဉ်လေးကတော့ ကောင်းပါတယ်၊ တော်ကြာ တိုင်တဲ့သူ ထောင်ကျနေဦးမယ်၊ ကြည့်လည်းလုပ်နော်၊ ဒို့စီမှာ ရာဇဝန်ရှိတယ်၊၊ တိုင်ရင်တကယ်အရေးယူမှာလား၊ ငွေယူတဲ့သူက မယူပါဘူးလို့ ခံငြင်းနေရင်ဘယ်လိုလုပ်မလဲ၊ ပေးခဲ့ရတဲ့ပိုက်ဆံမှာလဲ ဘာအမှတ်အသားမှာမပါဘူးလေ၊ ရှင်းရှင်းပြောရရင် ရဲဆိုတဲ့သူက သာမာန်လူထက်အပုံကြီး လယ်ပီးသားနော်

zayzay said...

သူးခိုးကြီးများအတွက် သူခိုးလေးတွေအမုန်းခံကြရတာပါ

KMW said...

ဖြစ်သင့်တာကြာပါပြီ မန္တလေးတိုင်း တတိုင်းထဲတင်မဟုတ်ဘဲ တနိုင်ငံလုံးကိုဒီလိုအမိန့်မိျုး ရဲချုပ်ကထုတ်ရမှာပါ ဒါမှပြည်သူကိုကာကွယ်သောပြည်သူ့ရဲဖြစ်ပါလိမ့်မည် အဲ့ဒီလိုမှမဟုတ်လျှင်ပုလိတ် ပဲဖြစ်နေပါလိမ့်မည်

yethwin said...

အော်.....မြန်မာနိုင်ငံရဲ....ပြောတော့လဲပြောတာပဲလေ....

skyworld said...

ဟဲဟဲ သားသားပြောပြမယ် ....အဲဒီဖုံးနံပါတ်ပိုင်ရှင်ရုံးတွေက ကျူးလွန်တဲ့ 
ရဲပေါက်စလေးတွေ ကို အရေးယူဘို့ ပေးထားတဲ့ ဖုံးနံပါတ်တွေ မဟုတ်ဘုး..
အကာ အကွယ် သူများထက်ဦးအောင် ပေးလို့ ရအောင် ရေးပေးထားတဲ့ 
ဖုံးနံပါတ်တွေပါ ......ဟုတ်တယ် ဟုတ်...

big cat said...

ဒတောင်းဇားတွေချည်းပဲမယုံရင် မူဆယ်-mdy လမ်းကြောလာကြည်.

minsoeaung said...

ဆက်ကျေးကောက်တာမဟုတ်ဘူးကွ။
ကျောင်းအပ်ဘို့ရယ် ကျူရှင်ခရယ် မီးငယ်အတွက်ရယ်
အရက်ဘိုးရယ် ဒါကေတော့ကောက်သင့်တာပေါ့
ဟေ ဟော့ ဟော့

မိုးချစ်သူ said...

စက်ကြေးတောင်းတာလား၊ သူတောင်းစားတောင်းနည်း တောင်းသလားဆိုတာတော့ မသိဘူး။ အမှတ်(၁၀)ရဲစခန်းကလား မြို့နယ်တပ်ဖွဲ့ရုံးကလား ဘယ်ကမှန်းမသိတဲ့ ကျော်ဦးဆိုတဲ့ ရဲဖွတ်ကျား သူတောင်းစားကတော့ တော်တော့် ကို အငတ်ကြမ်းနေပါတယ်။ နေ့ရောညပါ ကြိုးစားပမ်းစားကို ရှာဖွေနေပါတော့တာပဲ။ ရှမ်းလေးကျွန်းနယ်တ၀ိုက်မှာတော့ သူ့အတွက် သူတောင်းစားဘုံပေါ့။ နယ်မြေထဲမှာရှိတဲ့ ပုလင်းထောင်ရောင်းတဲ့ ဆီဆိုင်တွေက ဆီ တစ်စက်ရရ နှစ်စက်ရရ လိုက်တောင်းတယ်၊ ပြီးတော့ မိန်းမကို တောင်းလို့ရသမျှဆီကို ရောင်းခိုင်းတယ်။ အတောင်းလဲကောင်း အရောင်းလဲကောင်းတော့ ရွှေတွေကိုသီးလို့။ကားမှန်သမျှ အကုန်တား အကုန်တောင်း။ နောက်ဆုံး အိမ်စီးကားတောင်မချန်ဘူး။ ခရီးသွားသူတွေ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ သက်ဆိုင်ရာဌာနတွေကလဲ ဘယ်လောက်တောင် ဖာသာပေးထားလဲတော့ မသိဘူး။ အရေးမယူဘဲ မျက်နှာလွဲထားတာ အခုထိပဲ။

ရတနာပုံ မန္တလေး (သွေးမကြောင်ကြေး) said...

ဆက်ကြေး ကောက်မကောက်တော့ မသိဘူး အလုပ်လျောက်ဖို့ ထောက်ခံစာ သွားတောင်းတာ တစ်ထောင်ပေးခဲ့ရတယ်... အလှူငွေ သဒ္ဒါသလောက်လို့တော့ ပြောတာပေါ့လေ.... ဦးအောင်နိုင်သူရေ...ဟဲ..ဟဲ..အမှန်အတိုင်းပြောရရင်တော့ ကျော်ရဲအောင်လိုကို မပေးချင်တာပါဗျာ...

ဖိုးဖိုးကြီး said...

ပြည်ထောင်စုပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ခင်ဗျား--ကြားပါတယ်နော်။ အောက်ခြေရဲဝန်ထမ်းတွေကအပေါ်မှာရှိနေတဲ့လူကြီးတွေကိုအရေးမစိုက်တဲ့ပုံစံမျိုးဖြစ်နေပါလား။အပြစ်ကျူးလွန်ကြတဲ့ဝန်ထမ်းတွေကို သေချာစစ်ဆေးပြီး၊အပြစ်ပေးသင့်သူကိုအပြစ်ပေးပြီး၊ရာထူးမှထုတ်ပယ်သင့်
သူကိုထုတ်ပယ်ပါ။ ပြည်သူ့ရဲ ဖြစ်အောင်ပြုပြင်သင့်ပါတယ်။ ပြည်သူကအားကိုးလောက်တဲ့ပြည်သူ့ရဲတွေ ဖြစ်အောင်ကြိုးစားကြပါ။ အထက်လူကြီးတွေအလုပ်များနေတာကို အခွင့်ကောင်းယူပြီး၊အောက်ခြေမှာ
လုပ်ချင်းတာတွေကို အရမ်းမလုပ်ကြပါနဲ့။

Powered by Blogger.