ရန်ကုန်၊ မေ ၁၁
ကျပ်နှစ်သိန်းဖြင့် ရောင်းချနေသော GSM ဖုန်းများ၊နှစ်သိန်းခွဲတန် WCDM ဖုန်းများကို အာမခံပေးသူ မလိုပဲ
မေလ ဒုတိယပါတ်မှ စတင်ကာ အရစ်ကျ ရောင်းချ ပေးမည်ဖြစ်ကြောင်း
၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက် နေသည့် ထူးကုမ္ပဏီပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်
မှ တာဝန်ခံ ဒေါ်သီတာလွင်က ပြောကြားသည်။
ယခင်က အရစ်ကျ စနစ်ဖြင့် ရောင်းရာတွင် ဘဏ်စာရင်း ရှိသူက အာမခံပေးမှသာ
ဝယ်ယူနိုင်သော်လည်း ယခု လူတိုင်း ဖုန်းကိုင် စေချင်သည့် ရည်ရွယ်ချက်ဖြင့် ပုလဲကွန်ဒိုရှိ E-liteရုံးချုပ်၊ ကမာရွတ်နှင့်လမ်းမတော်ဘဏ်ခွဲ တို့တွင် လူတစ်ဦးလျှင် ဖုန်းတစ်ကတ်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း
၎င်းကရှင်းပြသည်။
ယင်းဘဏ်တွင် အရစ်ကျစနစ်ဖြင့် ၀ယ်ယူရာ၌ လူတစ်ဦးချင်းဆိုပါက ''မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ တို့လိုအပ်ပြီး အဖွဲ့အစည်းဆိုပါက အရေအတွက် ပေါ်မူတည်ပြီး ဘဏ်တွင် ညှိနှိုင်းနိုင်ပြီး E-lite ဖုန်းဆိုင်မှာ ဓါတ်ပုံ၂ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင် စာရင်း မိတ္တူနှင့် ကနဦး ပေးသွင်းငွေများ လိုအပ်ကြောင်း E-lite ကုမ္ပဏီမှ အရစ်ကျစနစ်အတွက်တာဝန်ရှိသူ ဒေါ်နွေးနွေးလဲ့ထွန်း က ပြောကြားသည်။
ကျပ်နှစ်သိန်း GSM ဖုန်းများကို ခြောက်လ (သို့မဟုတ်) တစ်နှစ်အတွင်းအကြေဆပ်နိုင်ပြီး ခြောက်လအတွင်းဆပ်မည်ဆိုလျှင် နှစ်သိန်း ကိုးထောင်ကျပ် ကျသင့်ပြီး ကနဦးငွေ ၄၉၀၀၀ကျပ် ပေးသွင်းရမည် ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း ဆပ်လျှင်
နှစ်သိန်း တစ်သောင်း ခြောက်ထောင်ကျပ် ကျသင့်ပြီး ကနဦးငွေ ၅၆ ၀၀၀ ကျပ်နှင့် ကျန်ငွေကိုလစဉ်ပေးသွင်း ရမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။
ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ခြောက်လ(သို့) တစ်နှစ် အတွင်း အကြေ ဆပ်နိုင်ပြီး ခြောက်လအတွင်း ဆပ်လျှင် နှစ်သိန်း ခြောက်သောင်း တစ်ထောင်ကျော် ကျသင့်ပြီး ကနဦး ပေးသွင်းငွေ ၆၁၂၅၀ ကျပ်ပေးသွင်းရပြီး တစ်နှစ်အတွင်းဆပ်လျှင် နှစ်သိန်းခု နှစ်သောင်း ကျသင့်ပြီး ကနဦးပေးသွင်းငွေ ၇၀၀၀၀ နှင့် ကျန်ငွေကို လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
"အရစ်ကျစနစ်နဲ့ နည်းနည်းချင်း ပေးရမယ် ဆိုတာတော့ ကောင်းတယ်လေ၊ လစာပုံမှန်ရတဲ့ သာမန် လူတန်းစား အတွက် ကောင်းတာပေါ့၊ ဖုန်းဈေးနှုန်းတွေကိုတော့ ဒါထပ် ပိုပြီးကျလာစေချင်တယ် " ဟု အရစ်ကျစနစ်ဖြင့် ဖုန်းဝယ်ယူရန် စုံစမ်းနေသည့် အသက် ၂၈နှစ်အရွယ် အမျိုးသမီး ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ယခင်ကဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချရာတွင် ရန်ကုန်မြို့တော်တွင်းရှိ နာမည်ကြီး ဖုန်းအရောင်းဆိုင် များက ပုဂ္ဂလိက ဘဏ်များနှင့် ချိတ်ဆက်ကာ ဈေးနှုန်းများ အပြိုင်အဆိုင်ဖြင့် လုပ်ဆောင် ကြသော်လည်း ယခု E-lite နှင့် ရတနာပုံ ကုမ္ပဏီတို့ကိုသာ ရောင်းချခွင့် ပေးထားသဖြင့် အခြားဆိုင်များမှာ အရစ်ကျ စနစ်ရောင်းချ
နိုင်ခြင်း မရှိကြောင်း ရန်ကုန်မြို့တော်တွင်းရှိ ဖုန်းအရောင်းဆိုင်များမှ တာဝန်ရှိသူများက ပြောကြားသည်။
ယခင်က ယူနိုက်တက် အမရာဘဏ်နှင့် ချိတ်ဆက်ကာ ဖုန်းအရစ်ကျ ရောင်းသည့်လူကြီးမင်းဖုန်းဆိုင် များ မှ တာဝန်ရှိသူ ဦးကိုကိုက “လောလောဆယ် ရောင်းဖို့ ကတ်လဲ မရှိပါဘူး၊ ဖုန်းက စာချုပ်ရှိတယ်လေ
ဟန်းဆက် သီးသန့်တော့ အရစ်ကျ ရောင်းလို့မရဘူးလေ” ဟုပြောကြားသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တွင် အခြား ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အင်တာနက်လိုင်းများ၊ အိမ်ယာများ၊ ကားများ ကိုလည်း အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးနေကြောင်း ၎င်းတို့ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယခင်က ယူနိုက်တက် အမရာဘဏ်နှင့် ချိတ်ဆက်ကာ ဖုန်းအရစ်ကျ ရောင်းသည့်လူကြီးမင်းဖုန်းဆိုင်
ဟန်းဆက် သီးသန့်တော့ အရစ်ကျ ရောင်းလို့မရဘူးလေ” ဟုပြောကြားသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တွင် အခြား ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အင်တာနက်လိုင်းများ၊ အိမ်ယာများ၊ ကားများ ကိုလည်း အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးနေကြောင်း ၎င်းတို့ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
The Voice Weekly
နှစ်သိန်းဖုန်းများ အာမခံမလိုဘဲ အကြွေးဝယ်နိုင်
Reviewed by သစ်ထူးလွင်
on
04:56
Rating:

22 comments:
တဦးတည်းကဲ့သို့ရောင်းချခွင့်ယူလိုက်ပြီးမှပြည်သူကိုစေတနာထားသလိုမလုပ်ပါနဲ့၊AGDနဲ့Eliteကအာဏာရှင်ကမွေးထုတ်ပေးခဲ့တာပါ၊စေတနာမှန်ရင်ဖုန်းဆိုင်တိုင်းကိုကဒ်ဝယ်သလောက်ချက်ချင်းရောင်းပေးခဲ့ရမယ်၊အခုလိုချုပ်ကိုင်ပြီးမှလုပ်ပြနေတာတော့မကောင်းပါဘူး၊တေဇ- မင်းလဲအာဏာရှင်မိသားစုနဲ့သူတို့ရောက်မည့်နေရာကိုလိုက်သွားပါ။
ကဒ်အကျွေးပေးတော့ပေးတော့
ဖုန်းေ၇ာင်း၇တာပေါ့။ကောင်းတယ်။
အားလုံး ရိုးရိုးလေးပဲ စဉ်းစားကြပါ။ဘာကြောင့် ဒီလို အပြိုင်အဆိုင် လျော့ဈေးတွေ.အကြွေးစနစ်တွေနဲ့ရောင်းနေရတာလဲဆိုတာ။မကြာတော့သော အချိန်မှာ နိုင်ငံတကာလို ဖုန်းလိုင်းဝန်ဆောင်မှု့တွေ တန်ဖိုးနည်းဖုန်းတွေ ဥပမာ 5000ဖုန်းလိုင်းလိုမျိုးပေါ့ ဖြစ်လာတော့မှာပါ။သမ္မတ ဦးသိန်းစိန်ကလဲ မိန့်ခွန်းထဲမှာ တရားဝင်ပြောခဲ့ပြီးပါပြီ။နိုင်ငံတကာမှာ ဖုန်းလိုင်းကို အလကားပေးနေတာပါ။ ကြိုတင်ငွေဖြည့်ရတဲ့ဖုန်းရော billနဲ့ဆောင်ရတဲ့ဖုန်းရော ဆင်းကဒ် ကိုအလကားပေးနေတာပါ။အားလုံး မလောကြပါနဲ့အုံးခင်ဗျာ။၂သိန်းကျော်ဆိုတာ ဟိုအရင်ဈေးနှုန်းနဲ့စာရင်ဈေးသက်သာတယ်ထင်ရပေမဲ့ SIM Card တစ်ခုတည်းတင်ရှိသေးတာ ။ဟန်းဆက်ကလဲဝယ်ရအုံးမယ်လေ။ဒါကြောင့်ခု ၂သိန်းကျော်နဲ့ ရောင်းချပေးနေသောဖုန်း ဆင်းကဒ်များကို မဝယ်ကြပါနဲ့အုံးခင်ဗျာ။ လပိုင်းပဲ စောင့်ကြပါ။အားလုံး လိမ်လည်လှည့်ပတ်ခြင်းမှ ကင်းဝေးကြပါစေ။ ။
ကမ္ဘာကြီးက လက်မခံတဲ့ ဈေးနှုန်းဖြစ်အောင် ကားနဲ့ ဖုန်းကို ဖန်တီးထားတာ ဘယ်သူတွေ မြတ်နေတယ် ထင်သလဲ၊ ၂-သိန်းဖုန်း ဆိုတာကို သပိတ်မှောက်ကြပါ။ ဒါတွေ ကုန်သွားယင် တသိန်းဖုန်းတို့ ငါးသောင်းဖုန်းတို့ ဖန်တီးလာ ကြအုံးမယ်။ ၅၀၀၀-ဖုန်း ကျမှ အားပေးကြဖို့ ကမ်ပိန်းတွေ လုပ်ကြပါ။ သီဟ ကျော်
ချမ်းသာတယ့် လူတန်းစားထက် အလယ်အလတ်၊၀င်ငွေနဲသူတွေပေါ် လုပ်ပေးတဲ့ အစီအစဉ်တွေများစွာဖြစ်ဖို့လိုပါတယ်။ကားတွေအစား အိမ်ခန်း၊တိုက်ခန်းတွေဆိုရင်ကော ပိုမကောင်းလား၊အမြင်ကျယ်သော ဆုံးဖြတ်ခွင့်ရှိသူတွေ အများကြီးလိုပါတယ်။
မ၀ယ်ဘူးကွာ... ၅၀၀၀ထောင်မဖြစ်မချင်းစောင်.မယ်။ ဒေါက်တာ မြတ်ဥာဏစိုး လွှတ်တော်မှာ ဒီကိစ္စကို ၇အောင် တင်သွင်းမှာ။ သမ္မတကြီးက လည်း ပေးချင်တာ မှစက်စက်ကိုယိုလို့ ဟို ကောင်တွေခံနေလို့။
အရမ်းကောင်းပါတယ်... လူတိုင်းဖုန်းကိုင်နိင်ပြီ...
ဟာဟ ရီစရာတွေ.....အားလုံးမ၀ယ်ကျပါနဲ့ ....မတန်သေးပါဘူး....
မ၀ယ်ကျနဲ့ ဦး- တော်ကြာဝယ်ပြီးမှ- လိုင်းကြပ်လို့ ခေါ်မရဘဲဖြစ်နေမယ်။
လူတိုင်း ဖုန်းကိုင်စေချင်လို့ မဟုတ်ဘူး။ အမြတ်ရအောင် ထုတ်ရောင်းနေတာ။။ တော်ကြာ နိုင်ငံခြားရင်နှီးမြှပ်နှံမှူတွေ ၀င်လာရင် - ဒိထက် ဈေးကြမယ်။ မထူးဘူး- စောင့်လက်စနဲ့ ဆက်စောင့်လိုက်ကြ။
ရှင်းရှင်းလေးပါ။ ဖုံးကဒ်တွေကို ၅၀၀၀ိ/-နဲ့ရောင်းနိုင်တဲ့သူက ရောင်းပေးမယ်လို့ပြောတာတောင် ခွင့်မပြုပေးသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင် ၁၅သိန်းတန်ဖုံးတွေမကုန်သေးလို့ပါ။ အဲ့ဒါတွေကို Cover ဖြစ်အောင်အလုံးရေများများထုတ် လျှော့ရောင်းနေရတယ်။ ပြည်သူတွေကိုဘဲကြည့်ပါ လူတဦးတယောက်ရဲ့စီးပွါးရေးကို Cover ပေးနေရတဲ့အစိုးရမဖြစ်ပါစေနဲ့လို့ဆုတောင်းရုံမှတပါး။
တယ်လီဖုန်းလိုင်းတွေတာရောင်းဖုန်းဆိုင်အကုန်လုးံ handset မှောင်ခိုနဲ.
တင်သွင်းတာချီးပါပဲ
၅၀၀၀ ထောင်တန်ကိုစောင့်ကြပါအုံး။
ဘာတွေအရေးကြီနေကြတာလဲ။
မကြာမီလာပါမည်။
ဥပဒေရေးနေသည်။
ပြည်သူကကအရေအတွက်များတယ်။ဒါကြောင့်ဥပဒေက
ရေးရင်ကြာတယ်။
လူနည်းစုအတွက်ဆိုရင်လွှတ်တော်တင်ဘို့မလို့ဘူး။ဝန်
ကြီးချုပ်ကလက်မှတ်ထိုးထုတ်လိုက်ရင်ပြီးနေတယ်။
ဘယ်လိုလုပ်နေကြလည်းပြန်လည်စိစစ်ပေးကြပါဗျို့။
ခုလောလောဆယ် 2 သိန်းတန်က 250000 နီးနေပြီ လိုင်းတွေက အကုန်မပွင့်သေးဘူး
တေဇ တိုင်းပြည်ရဲ့ အညွန့်အဖူးတွေအကုန်လုံး သန်းရွေနဲ့ပေါင်း လုပ်စားပြီး
အခုမှ သူတော်ကောင်းလိုလိုနဲ့ အယောင်ဆောင်နေတာ
အခုလဲ ပြည်သူကိုတကယ် သနားရင် သူ ဖွန်ကြောင်နေတဲ့ ငွေတွေ ကာစီနိုရိုက်နေတဲ့ငွေတွေ အလကားသုံးဖြုန်းနှစ်တိုင်း သူကြည်ဖြူတဲ့ သူကို မကောင်းတာရှာပေး လုပ်ပေးတဲ့ တပည်တွေကို နိုင်ငံခြားအပျော်ခရီးတွေလွတ်နေမယ့် အစား အဲဒီငွေတွေ တကယ့်ဆင်းရဲနေတဲ့ ပြည်သူတွေကို လှုပါလား။
ပညာရေးတွေမှာတိုးတက်အောင် လုပ်ပေးပါလား
ဆေးရုံတွေမှာ လိုအပ်တာတွေလှုပါလား။
ဒီလောက် တိုင်းပြည်က ထွက်သမျှ သစ်တွေ၊
ရွေတွင်းတွေ၊ ရှိသမျှ တိုင်းပြည်ရဲ့ အညွန်အဖူးတွေ ခူးစားခဲ့တာ ဘာကောင်လဲကွတေဇဆိုတာ
SIM cards တွေ စွတ် ထုတ်ပြီး ph line မကောင်းတော့ ph သာ ရှိ ပြီး အလကားပါပဲ ။ ph line တွေကောင်းအောင်လဲ လုပ်ပေးဘို့ လိုပါတယ် ။
တို့ကတော့မ၀ယ်ဘူးဟေ့။အမေစုနဲ့အတူတူအနှစ်(20)ကျော်စောင့်ခဲ့ပြီးပြီ။
5ထောင်တန်ကဒ်မပေါ်မချင်းစောင့်မယ်။5ထောင်တန်ကဒ်အတွက် ပြည်သူချစ်တဲ့NLDကအဆိုတင်သွင်းမယ်ဆိုတာယုံကြည်တယ်။
အမယ်လေးကွာမဟုတ်တာလုပ်တဲ.လူတွေလှူတာတန်းတာကိုဆင်းရဲသား
ပေမည်.မသဒီလောက်ဘူးကွ။
အဲဒီဖုန်းကိုလုံးဝမ၀ယ်ပါ။ Holiday တုန်းကပင်းတယမြို.ရောက်တော.
ဒေသခံတွေမသုံးလို.မေးကြည်.ရာ၊ဆက်လို.မရ၍ဘယ်သူမှမ၀ယ်ပါတဲ.။
တောင်ကြားမြို.တွေမှာမရပါတဲ.။
ဖုန်း နဲ့ ကား နဲ့ ကတော့ဦးသူခံပဲဗျို့
ဟိုက်.......၂သိန်းနဲ့ ကို အရစ်ကျ အကြွးစနစ်နဲ့ ရောင်းပေးမယ်ဆိုပေမဲ့လည်း မတန်သေးဘူးကွ....သူများနိုင်ငံတွေမှာဆို ဖုန်းဟန်းဆက် ၀ယ်ရင် sim card free တောင်ပေးသေးတာ..ခုဟာက ၂သိန်းတောင်ဆိုတော့ ဟဲဟဲ များနေသလိုပဲဗျ................အရင်ကထက်စာရင်တော့ တော်ပါသေးတယ်....ကျေးဇူးလည်းတင်ပါတယ်....ဒါပေမဲ့ ၃၀၀၀နဲ့ ရလောက်မယ်ဆိုရင်တော့ ပိုပြီး ကျေးဇူးအများကြီးတင်နေမှာပါ.................................
အော် ရှုပ်နေတာပဲဗျာ ကနေဦးတွေရော ဘာတွေရော နိုင်ငံခြားတွေမှာ အလကားနီးနီးရနေတာ ဒါတောင် အခုဝယ်အခုဆက်ပဲ ဘာမှတောင်မလိုဘူး တိုးတက်ပါတယ်ဗျာ။ကျွတ်ကျွတ်ကျွတ်
၅၀၀၀/ တန် အဆိုပြုတဲ.ကြားက ၂ သိန်းတန် ကိုပြည်သူတွေကိုမညှာတာဘဲ .. ဇွတ်ေ၇ာင်းတဲ.ကိစ္စ ... တချိန်ကျ ... လွှတ်တော်မှာ စစ်ဆေးရေးကော်မ၇ှင်အဖွဲ. .. ဖွဲ.စစ်၇င် ......... ဘယ်သူကတာဝန်ခံမှာပါလဲ ၊ ခုထဲက ပေးရကမ်း၇တာ ..... များပြားကြောင်း ကုပ္မဏီတွေ စပြောနေကြပြီ။
အကြွေးရရမရရနယ်ကထောင်ထားတဲ့ဖုန်းတိုင်တွေကိုမြန်မြန်ကောင်းကောင်းနဲ့အမြဲးဆက်နိုင်ရင်ရပြီကွာ.........
Post a Comment