နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို

ရန်ကုန် မေ ၁၇

နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့် အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊ မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏ facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

မြန်မာ နိုင်ငံ တွင် ဒီမိုကရေစီ စနစ် ထွန်းကားရေး နှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီးမှာ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကြောင့် အဖျားဝေဒနာ ခံစားနေရာမှ အားနည်း၍ မူးလဲခြင်းသာ ဖြစ်ပြီး အသက် ၆၀ ကျော် အမျိုးသား များတွင် ဖြစ်လေ့ဖြစ်ထ ရှိသော ရောဂါဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း၊ မနက်ဖြန်တွင် သွားရောက်မည့် ငပုတောခရီးစဉ်ကိုလည်း ဖျက်သိမ်းထားကြောင်း နိုင်ငံတော် သမ္မတကျန်းမာရေး စောင့်ရှောင့်မှု အထူးအဖွဲ့ နှင့် နီးစပ်သူ အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ကြီး၏ ကျန်းမားရေးနှင့် ပတ်သက်သော သတင်းများ ဖော်ပြထားသည့် Facebook စာမျက်နှာ များတွင် နိုင်ငံတော်သမ္မတ ကြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာပါစေကြောင်း ရေးသား ခဲ့ကြသည်များကို တွေ့ရှိရသည်။
The Voice Weekly
နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို Reviewed by သစ်ထူးလွင် on 15:40 Rating: 5

37 comments:

ဖိုးသားလေး said...

ကျန်းမာစွာဖြင့်နေထိုင်နိုင်ပါစေ။

နေမကောင်းဘူးဖြစ်နေတယ်ဆိုတာလဲ သတင်းမှားပဲဖြစ်ပါစေ

akabikhu said...

ဦးသိန်းစိန် ကျန်းမာပါစေ။

ကိုသာဓု said...

ယခု အပါတ် ထုတ်ဝေတဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာမောင်ဝံသ က (မနားပါနဲ့ဦးလို့ တားထားရမယ့် ခေါင်းဆောင်တွေ လိုအပ်နေချိန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးထားတာ ဖတ်ရပါတယ်။ ဒီဆောင်းပါးထဲက စာတစ်ပိုဒ်က (သည်လမ်းကြောင်းပေါ် စတင် တက်လှမ်းချိန်က စပြီး ပဲ့ကိုင်လာခဲ့တဲ့ မာလိန်မှူးဟာ ပန်းတိုင်ကို ရောက်ဖို့ စိတ်ချရတဲ့ အချိန်တစ်ခုအထိ ပဲ့စင်ပေါ်မှာ ရှိနေဖို့ လိုတယ်)တဲ့။
ဟုတ်ပါတယ်။ ကျွန်တော်တို့ သမ္မတကြီးဟာ ကျွန်တော်တို့ နိုင်ငံအပြောင်းအလဲအတွက် ပဲ့စင်ပေါ်မှာ ရှိကို ရှိနေရမယ့် မာလိန်မှူးကြီးပါ။ မာလိန်မှူးကြီးသဖွယ်ဖြစ်တဲ့ ကျွန်တော်တို့ သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ။ ကျန်းကျန်းမာမာနဲ့ တာဝန်တွေကို အမြန်ဆုံး ပြန်လည်ထမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဗွီအိုအေ က ထုတ်လွှင့်သွားတဲ့ သတင်းကို နားထောင်ရကတည်းက စိတ်ပူပန်မိလို့ သမ္မတကြီးကို မေတ္တာပို့သနေတာပါ။
ဆရာမောင်ဝံသရဲ့ ဆောင်းပါးထဲမှာ (လူသတင်း လူချင်းဆောင်တယ်ဆိုတာ မယုံမရှိနဲ့ဗျ။ ကောင်းသတင်းထက် မကောင်းသတင်းက ပိုမြန်တတ်တယ်။ မကောင်းသတင်းနဲ့ ကျော်စောသူကိုကျတော့ မြန်မြန်သွားလေ ကောင်းလေ လို့ ပြောကြပြန်ရော။) လို့လဲ ရေးထားပါသေးတယ်။
သမ္မတကြီးက ဒီလို လူစားထဲမှာ လုံးဝ လုံးဝ မပါဝင်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါတယ်။

N2N said...

မြန်မာပြည်သူများ၏ မျော်လင့်ချက်များကို ဖော်ဆောင်ပေးသူ သမတကြီး ကျန်းမာပါစေ... ထိုထက်မက ပူးပေါ်င်းဆောင်ရွက်နိုင်ပြီး သမိုင်းမှတ်ကျောက် တင်နိုင်ပါစေ...

zanlinpaing said...

မြန်မာ နိုင်ငံ တွင် ဒီမိုကရေစီ စနစ် ထွန်းကားရေး နှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ။ ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာပါစေ။

မောင်လေး said...

သမ္မတကြီးကျန်းမာပါစေ။

konayman said...

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အား နိုဗယ်ငြိမ်းချမ်းရေးဆုပေးသင့်သည်။

GuGu said...

သမ္မတကြီး အားတင်ထားပါ..
မြန်မာပြည်အတွက် ကျေးဇူးပြုပြီး.......
ကျန်မာပါစေ...

u maung maung said...

ဒီလိုအချိန်မျိုးမှာသမ္မတကြီးရဲ့ကျန်းမာရေးကောင်းနေဘို့လိုပါတယ်..
ပါတီအကျိုး၊ကိုယ့်အကျိုးထက်ပြည်သူ့အကျိုးကိုဦးစားပေးစဉ်းစားသော..
ဆောင်ရွက်သော..အကောင်းမြင်ပူးပေါင်းဆောင်ရွက်တတ်သော..
ဦးသိန်းစိန်အသက်ရာကျော်ရှည်စေကြောင်းဆုတောင်းလိုက်ပါတယ်

konayman said...

နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ
ဦးသိန်းစိန် အား နိုဗယ်ငြိမ်းချမ်းရေးဆုပေးသင့်သည်။

ngaba said...

မြန်မာ့တပ်မတော် ခေါင်းဆောင်များထဲတွင် ရှာမှရှားသော စိတ်ဓာတ်ရှိသူ..
အာဏာရှင်မဆန်သော သမ္မတကြီး ဦးသိန်းစိန်..
အသက်ရှည်ပါစေ၊ ကျန်းမာပါစေ..
အမျိုး၊ ဘာသာ၊ သာသနာအကျိုး ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း..
ဆန္ဒပြုဆုတောင်းပါတယ်...

phozaw said...

ပြည်သူလူထုအတွက် အားတင်းထားပါအုံး

Unknown said...

မြန်မာနိုင်ငံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီး စိတ်နှလုံးရွှင်လန်းပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပြီးတော့ သက်တော်ရာကျော်ရှည်ပါစေ။

ko ko said...

သမ္မတကြီးကျမ်းမာပါစေ

လင်းလင်း said...

သမ္မတကြီးဦးသိန်းစိန် ကျန်းမာေ၇းအမြန်ကောင်းပါစေ

001komgmg222@gmail.com said...

သမ္မတကြီးကျန်းမာပြီပြည်သူတွေအတွက်ဆတက်တပိုးတိုးပြီလုပ်ကိုင်နိုင်ပါစေ။

66koaungaungtun@gmail.com said...

သမ္မတကြီးကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

linn said...

မြန်မာပြည်အတွက် သမ္မတကြီး ကျန်းကျန်းမာမာနဲ့ အလုပ်ဆက်လုပ်နိုင်ဘို့ အလွန်အရေးကြီးပါတယ်။ အခုမှ အခြေအနေတွေက အကောင်းဘက်ပြောင်းခါစပဲရှိပါသေးတယ်။ EU နဲ့ US ကပိတ်တာဖွင့်ကာစပါ၊ အမေရိကန်က သံအမတ်ခန့်ဘို့ အဆိုပြုနေပါပြီ။ ဂျပန်ကဆို ကြွေး ၃.၇ ဘီလျံတောင် လျော်ပေးထားတာပါ။ ဂျပန်က မြန်မာကိုအမြဲကူခဲ့တာပါ။ အခုဆို ဂျပန်ပြည်မှာ ယန်းငွေတန်ဘိုးမြင့်တာတစ်ကြောင်း၊ နူကလီးယား ဓါတ်အားပေးစက်ရုံတွေပိတ်လိုက်ရလို့ လျှပ်စစ်မီး မလုံလောက်တာကတစ်ကြောင်းနဲ့ စက်ရုံတွေ ပြည်ပထွက်ဘို့လုပ်နေပါပြီ။ အဲသည်ဂျပန်ကရွေ့လာမဲ့စက်ရုံတွေသာ မြန်မာပြည်လာအောင်ခေါ်နိုင်ရင် တိုင်းပြည်အတွက် တော်တော်အကျိုးရှိပါမယ်။ ကျန်းမာရေးကိုဂရုစိုက်ပေးပါ၊ သမ္မတကြီးကို အလိုအပ်ဆုံးအချိန်ပါ။ အမေစုက သမ္မတလုပ်ဖို့ မဖြစ်နိုင်သေးတာမို့ ကျွန်တော်တို့ကို မျက်စိသူငယ်နဲ့မထားခဲ့ပါနဲ့။ အဘ ဦးရွှေမန်းကိုလည်းအားကိုးပါတယ်။ လိုရမယ်ရ ရံထားပေးပါ။

Thetta said...

သမ်မတကြီးနေမကောင်းဘူးဆိုတာမှန်ပါတယ်။ သာမန်အဖျားသက်သက်ပါ။ စိုရိမ်စရာမရှိဟု နီးစပ်သူများမှတဆင့်သိရပါသည်။ သမ်မတကြီးကျန်းမာချမ်သာပါစေခင်ဗျာ။

RAIN said...

သမ္မတကြီးနေမကောင်းဘူးဆိုတဲ့သတင်းကိုကြား၇တာဟာ
ကျွန်တော့မိဘတွေနေမကောင်းဘူးဆိုတဲ့သတင်းကိုကြား၇
သလိုမျိုးဝမ်းနဲစိတ်မကောင်းဖြစ်၇ပါတယ်................
ကျွန်တော်ချစ်သောသမ္မကြီးအမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်......................................

သျှင်ပညာပိ said...

သမ္မတ ကြီးကျန်းမာရေးကောင်းမှ မြန်မာပြည်ကြီးရဲ့ ကျန်းမာရေးလည်းကောင်းလာမှာပါ။လုပ်ခွင့်ရသမျှ
အကောင်းဆုံးစေတနာတွေထားပြီး ပြည်သူတွေအတွက်အပင်ပန်းခံလုပ်ပေး နေတာကြောင့် လေးစာြး့ပီး
ကျေးဇူးလည်း အထူးတင်ပါတယ်ခင်ဗျာ။
သမ္မတ ကြီးကျန်းမာပါစေ။

ko thu said...

သမ္မတကြီးကျန်းမာပါစေခင်ဗျား၊ကျွန်တော်တို့တိုင်းပြည်ကြီးတိုးတက်ကြီးပွားပြီး၊ပြည်သူလူထုတွေအဆင့်တန်းမြင့်မားလာတဲ့အထိဆောင်ရွက်ပေးသွားပါဦး၊သမ္မတကြီးရဲ့လမ်းညွှန်ချက်တွေကလည်း
လူထုအတွက်ကောင်းကျိုးတွေကြီးပါခင်ဗျာ။သက်တော်ရာကျော်ရှည်ပါစေလို့ဆုတောင်းပါတယ်၊အဘနေကောင်းပါစေခင်ဗျာ၊စိတ်ပင်ပန်းနေရင်ခဏအိပ်ယာထဲမှာအနားယူပြီးမှရုံးခန်းကိုသွားပါခင်ဗျာ။

minmin said...

သမ္မတကြီးဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ် ဒီအချိန်မှာတစ်ခုခုဖြစ်ရင် မတွေးဝံ့စရာတွေအများကြီးပဲ သမ္မတကြီးလုပ်ဆောင်ချက်တွေကို အရမ်းချီးကျူးတယ်

minsoeaung said...

စိတ်ပူသွားတယ်သမ္မတကြီးခင်ဗျား။
ပြည်သူများကိုဦးဆောင်မှုပေးနိုင်သောတစ်ဦးတည်းသော
ခေါင်းဆောင်ဖြစ်၍အစားမထိုးနိုင်ပါသောကြောင့်
တာဝန်နှင့်ကျန်းမာရေးကိုမျှတစေရန်လိုအပ်ပါကြောင်းေ
မေတ္တာဖြင့်တိုက်တွန်းအပ်ပါသည်။
အစဉ်ရိုသေလေးစားလျက်

Unknown said...

သမ္မတကြီး အမြန်ဆုံးကျန်းမာပြီး ဘေးမသီရန်မခပဲ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ သက်တော်ရာကျော်ရှည်ပါစေ ........နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ လိုလားတောင့်တနေသော တရားဥပဒေစိုးမိုးသော လူ့အခွင့်အရေးနှင့်ပြည့်ဝသော တမ်းတူညီမျှသော ဒီမိုကရေစီနိုင်ငံတော်ကြီးကို NLD နှင့်တကွပန်းတိုင်ရောက်တဲ့အထိ အတူပူးပေါင်းဆောင်ရွက်သွားနိုင်ပါစေ........

Myo1 said...

သမ္မတကြီးကျန်းမာဖို့ ဆုတောင်းပေးပါတယ်..

Thurein said...

ဦးသိန်းစိန်ကို လူကောင်းတစ်ဦးအနေနဲ့မြင်မိပါတယ်။ အဲဒီအတွက် ပြုပြင်ပြောင်းလဲရေးတွေဆက်လုပ်ပေးနေဖို့ အတွက် ကျန်းကျန်းမာမာရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

www.academicmedicines.blogspot.com

Tun Tun said...

ကျွန်တော်တို့ ပြည်သူ့သမ္မတကြီးအမြန်ဆုံးကျန်းမာပြီးသက်တော်ရာကျော်ရှည်ပါစေဗျာ။
နိုင်ငံအတွက် ဒီလိုခေါင်းဆောင်တွေ ရှိနေသင့်သေးလို့ပါ လိုအပ်နေလို့ပါ။ပြည်သူတွေ
ကိုယ်စားဆုတောင်းပေးနေပါတယ်ခင်ဗျာ။

Thannyunt Aye said...

ကျန်းမာချမ်းသာပြီး တာဝန်များ ပန်းတိုင်ရောက်သည်ထိ ထမ်းဆောင်နိုင်ပါစေ။ မာလိန်မှူးကြီးမရှိရင် လမ်းပျောက်သွားမှာ နောက်ကြောင်းပြန်လှည့်သွားမှာ စိုးရိမ်လို့ပါ။

ုကိုလင်း said...

သမ္မတကြီးကျန်းမာပါစေဗျာ...

Anonymous said...

သမ္မတကြီးကျန်းမာဖို့ ဆုတောင်းပေးပါတယ်..

kiddykid said...

ပွင့်ပွင့်လင်းလင်း ပြောပါရစေ..အမှားပါရင် ခွင့်လွတ်ပါ..စိတ်ထဲမှာကို အခုအချိန်မှာ ရှိကို မရှိတာ...

Anonymous said...

သမတကြီးမှာ ဦးသန်းရွှေလို ရက်စက်ရုပ်မာ၊အောက်တန်းကျတဲ့စိတ်မျိုးမရှိဘူးတိုတာယုံကြည်လို့ပါ်။
ဒါကြောင့် သက်တော်ရှည်ပါစေ လို့ဆုတောင်းပါတယ်။

Myo1 said...

လက်ရှိ မြန်မာနိုင်ငံရေးအတွက်သမ္မတကြီး ကျမ်းမာစွာ ရှိနေဖို့  လိုအပ်ပါတယ်..။ ကျန်းမာဖို့ ဆုတောင်းပေးနေပါတယ်..

Anonymous said...

ဦးသိန်းစိန်ထာဝရကျန်းမာနေမှနိုင်ငံတော်တာဝန်တွေ
ထမ်းဆောင်နိုင်မှာဖြစ်လို့
မကျန်းမာဘူးဆိုရင်လဲမြန်မြန်ကျန်းမာပါစေ။

pyisoe said...

မြန်မာနိုင်ငံသူနိုင်ငံသားများအပေါ်စိတ်စေတနာကောင်းရှိသော သမ္မတကြီး ကျန်းမာချမ်းသာပါစေ။ဒေါ်အောင်ဆန်းစုကြည်နဲ့လက်တွဲလုပ်ဆောင်လျက်ရှိသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအား အောင်မြင်စွာ တည်ဆောက်နိုင်ပါစေ။

Kachin Thar said...

ကိုသာဓု ပြောသလိုပါပဲဗျာ...လေယာဉ်ပျံက Take off လုပ်ဘို့အတွက် ပြေးလမ်းပေါ်မှာပဲ ရှိနေပါသေးတယ် လေဆန် ကိုပျံတက်ရဦးမယ်..သွားလိုတဲ့ ဘက်ကို ဦးတည်ရဦးမယ်...အခု Auto Pilot ချမောင်းလို့ မရသေးခင်မှာ သမ္မတ ကြီး ကျမ္မာရေး အရေးကြီးဆုံးပါ..

Powered by Blogger.