ပြည်တွင်းရှိ ရွှေသတ္တုကုမ္ပဏီ(၃၁၀)အား သတ်မှတ်ရက်အတွင်း ပေးသွင်းရန် သတိပေး

ပေးသွင်းရန်ကျန်ရှိနေ ရွှေသတ္တုများကို  ကုမ္ပဏီများအနေဖြင့် သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်း(Black List)အဖြစ်  ကြေညာသွားမည်ဖြစ်ကြောင်း အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ  အသိပေးထုတ်ပြန်ထားသည်။

“သတ်မှတ်ရက်အတွင်း လာမသွင်းနိုင်တဲ့ ကုမ္ပဏီတွေကို သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်တွေထဲမှာ ပါတဲ့အတိုင်း အရေးယူဆောင်ရွက်သွားမှာပါ။ ပြီတော့ လူရော ကုမ္ပဏီရောကို နာမည်ပျက်စာရင်းသွင်းမှာပါ”ဟု (၂)သတ္တုတွင်း လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရွှေသတ္တုကုမ္ပဏီများအား (၂၄.၅.၂၀၁၂)မှ (၃၀.၅.၂၀၁၂)ထိ အပြီး ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ပေးသွင်း ခြင်းမရှိပါက တည်ဆဲဥပဒေများ၊ လုပ်ငန်းစာချုပ်တွင်ပါရှိသည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း အရေးယူဆောင် ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်း(Black List) အဖြစ်ကြေငြာသွားမည်ဟု နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြထားသည်။

“အကိုတို့ကုမ္ပဏီက သတ်မှတ်ထားတဲ့အတိုင်း ပေးသွင်းပါတယ်။ ပျက်ကွက်တာမျိုးမရှိပါဘူး”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ တင်မြင့်အောင်(ရွှေသတ္တုတူးဖော်ရေးလုပ်ငန်း)မှ ဥက္ကဌဖြစ်သူ ဦးတင်မြင့်ကပြောသည်။

ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများမှာ ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာရေးနှစ်များအတွက် နိုင်ငံတော်သို့ပေးသွင်းရမည့် (၁၄)ပဲ ရည်နှင့်အထက် ရွှေသတ္တုများအား သတ်မှတ်ထားသည်ထက်လျော့နည်း၍ပေးသွင်းခြင်း၊ လုံးဝပေးသွင်းခြင်း မရှိကြောင်း ထို့ပြင် ၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်တွင်လည်း   နိုင်ငံတော်သို့ပေးသွင်းရမည့် (၁၆)ပဲရည် ရွှေစင် သတ္တုများကို ပေးသွင်းရန်ကျန်ရှိနေသေးကြောင်းကိုလည်း သိရှိရသည်။

ရွှေသတ္တုပေးသွင်းရန်ကျန်ရှိနေသော ကုမ္ပဏီအရေအတွက်မှာ ကချင်ပြည်နယ်တွင်(၁၀၄)ခု၊ ကရင်ပြည်နယ်တွင်(၉)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်(၁၁၅)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၂)ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၇)ခု၊ မန္တလေးတိုင်း ဒေသကြီး(စဥ့်ကူးမြို့နယ်)တွင်(၁၅)ခု၊ (ရမည်းသင်းမြို့နယ်)တွင်(၂၀)ခု၊ (သပိတ်ကျင်မြို့နယ်)တွင်(၁၄)ခု၊ (သာစည်မြို့ နယ်)တွင်(၁)ခု၊ မွန်ပြည်နယ်တွင်(၄)ခုနှင့် ရှမ်းပြည်နယ်တွင်(၉)ခု စုစုပေါင်းပေးသွင်းရန် ကျန်ရှိသောကုမ္ပဏီ(၃၁၀)ခန့် ရှိကြောင်း နိုင်ငံပိုင်သတင်းစာများ၏ဖော်ပြချက်အရသိရသည်။

ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup
ပြည်တွင်းရှိ ရွှေသတ္တုကုမ္ပဏီ(၃၁၀)အား သတ်မှတ်ရက်အတွင်း ပေးသွင်းရန် သတိပေး ပြည်တွင်းရှိ ရွှေသတ္တုကုမ္ပဏီ(၃၁၀)အား သတ်မှတ်ရက်အတွင်း ပေးသွင်းရန် သတိပေး Reviewed by သစ်ထူးလွင် on 17:15 Rating: 5

5 comments:

shingyi said...

နိုင်ငံတော်သာမ၇တာ။၇ထားတဲ့သူထွက်ပြေးပြီး။ဘယ်လို၇အောင်ထွက်ခွင့်တောင်းတာလဲ။ဘယ်က၇တဲ့ငွေတွေလဲ။

National said...

ရွှေတူးတဲ့ ကုမ္ပဏီက Back-hoeတွေ မြို့ထဲမှာမောင်းလို့ ပျက်သွားတဲ့လမ်းတွေ၊ ရွှေကျင်လို့ ကောသွာတဲ့ ချောင်းတွေ၊ မြောင်းတွေ၊ လယ်တွေ၊ ဥယျာဉ်ခြံတွေကို
အခုရတဲ့ရွှေတွေနဲ့ ပြန်ပြင်ပေးနိုင်မလား၊ ဘယ်သူမှ မတူးရင် ဘယ်သူမှ မရတဲ့ရွှေကို တူးလဲတူးရော အရင်းမဆိုက်ဘဲ မပေး ပေးပေး ငါ့ရွှေတစ်ဝက်ပေး ဖြစ်လာရော။

Anonymous said...

အမည်ပျက်စာရင်းကြေညာရင်လဲ အမည်ခံပေးထားတဲ့အလုပ်သမားပဲထိမှာပါ ဒါကိုလဲဝန်ကြီးဌာနကသိပါတယ် မန်းလေးကကောင်မလေးတစ်ယောက်ဆိုရင် sweety homeရဲ့နာမည်ခံပေးပြီးထိသွားတာ

bango said...

အရမ်းကောင်းတယ်၊ သူတို့တွေက လွတ်လပ်ရေးရနေကြတာကြပြီ၊ ဒီလိုလုပ်သင့်တာလဲကြာပြီ၊ BLACK LIST လောက်ကတော့သူတို့ကရီတာပေါ့
တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူသင့်ပါတယ်၊

pyaponthu said...

ရွေတူးတာအားလုံး၇ပ်လိုက်တာအကောင်းဆုံးဘဲ။မြန်မာနိုင်ငံသားအမည်သုံးပြီးတရုတ်တွေဘဲလုပ်နေတာ။နိုင်ငံတော်ကလည်းကောင်းကောင်းအောက်ခြေအထိမစစ်ဘူး။အော်ကခြေမှာတရုတ်တွေမြန်မာပြည်ကိုထင်သလိုလုပ်နေတာမသိတာ စသုံးလုံးကဘာလုပ်နေတာလဲ။တရုတ်ပြည်ချမ်းသာတာ မြန်မာပြည်အုပ်ချုပ်သူအသုံးမကျလို့မြန်မာပြည်ကအဖိုးတန်အားလုံးတရုတ်ပြည်ရောက်ကုန်ဘီး။

Powered by Blogger.