လယ်မြေများ ပျက်စီးဆုံးရှုံးနေခြင်းကြောင့် ရွှေညောင်ဖူး-ကျောက်ဆည် လမ်းဖောက်လုပ်နေမှုအား ပြန်လည်စီစစ်ပေးပါရန် တင်ပြထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။Myanmar News Now
5 comments:
ဆက်သွယ်ရေး ၊ ကုန်သွယ်မှု ၊ ကျန်းမာရေး အတွက် လမ်းကြောင်းတွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ကောင်းမွန်ဖို့လည်းလိုအပ်ပါတယ်။လမ်းဖောက်တာကတော့ ကျေးဇူးတင်ပါတယ်။သို့သော် လမ်းဖောက်မှုကြောင့် ဆုံးရှုံးနစ်နာသူတွေကို ဘဝပြန်လည်ထူထောင်ပေးဖို့တော့လိုပါတယ်။လမ်းကြောင်းရဲ့ အကျိုးရလဒ်တွေကိုနဲ့ဆုံးရှုံးသွားသော မြေယာတို့ရဲ့ အကျိုးရလဒ်ကို ပြည်သူကိုချပြသင့်ပါတယ်။စက်မှုနီုင်ငံ တည်ဆောက်မယ်ဆိုရင်တော့ လယ်မြေ၊ယာမြေတွေဟာ စက်ရုံမြေတွေဖြစ်ရတော့မှာပါ။စက်မှုထုတ်ကုန်အကျိုးအမြတ်နဲ့ လယ်ယာထွက်ကုန် အကျိုးအမြတ်ကလဲ မနှိုင်းသာအောင်ကွာခြားတာကို ပြည်သူကို အသိပေးဖို့လိုပါတယ်။၅ ဧက လောက်ရှိတဲ့လယ်ယာမြေဟာ မိသားစု နှစ်စုလောက်သာ တစ်ရာသီ ၅ လ ဝန်းကျင်ခန့်လုပ်နိုင်ပြီး အဲဒီက ရလာတဲ့ အကျိုးအမြတ်ဟာ အဲဒီက မိသားစု တစ်စုကိုတောင် မလုံလောက်ပါဘူး။အဲဒီမြေကွက် ပေါ်မှာ ကုန်ထုတ်စက်ရုံတည်မယ်ဆိုရင် ရာနဲ့ချီတဲ့ လူတွေကို တစ်နှစ်ပတ်လုံး အလုပ်ပေးနှိုင်ပါတယ်။ဥပမာ ယခုဆိုရင် စင်္ကာပူက အသစ်တည်ဆောက်နေတဲ့ ပေ ၁၀၀၀ ၊ ပေ ၁၈၀ ၊ ၆ ထပ်တိုက်လောက်မြင့်တဲ့ သင်္ဘောတည်ဆောက်မှု အလုပ်သစ်မှာ လူ ၃၀၀၀ လောက် နေ့ရောညပါ အလုပ်ပေးထားနှိုင်တယ်။အဲဒီလူတွေဟာလည်း ဟန်းဖုန်း ၊ ဘီယာ ၊ ပင်လယ်စာ အဝစား တို့ကို သုံးနှိုင်စားနှိုင်ကြတယ်။ဒါကြောင့် စက်မှုပြောင်းမယ်ဆိုရင်တော့ ဒီလယ်မြေတွေပေါ်မှာ စက်ရုံတွေဆောက်ရမှာပေါ့။ဒီမြေပေါ်မှာ မှီခိုနေရသူတွေကို ဒီစက်ရုံမလည်ပတ်ခင်တော့ အရင် ဒီမြေက ရတဲ့နှုံးထက်မနည်း ထောက်ပံ့ပေးထားပြီး ၊ စက်ရုံအတွက်လိုအပ်တဲ့ သင်တန်းတွေ ပေးထားသင့်ပါတယ်။ နောက်ဒီစက်ရုံတွေမှာ အလုပ်ပြန်ခန့်အပ်ထားတာတွေလုပ်ပေးနှိုင်ရင် ကန့်ကွက်မှုတွေဟာ အသိဥာဏ်အောက်မှာ ပျောက်ကွယ်သွားမှာပါ။
(ပြောချင်တာ လျှောက်ပြောတာပါ ခွင့်လွှတ်ကြပါနော)
လမ်းဖောက်တာကောင်းပေမဲ့ဒေသခံတွေကိုဒီလမ်းအကျိုးကျေးဇူးကိုပြောပြသင့်ပါတယ်၊ဒါမှဒေသခံတွေကဒီလမ်းကိုကောင်း
အောင်ထိန်းသိမ်းမှာပါ။ဒေသခံတွေနဲ့အဆင်မပြေရင်ရေရှည်
တည်တံမှာမဟုတ်ပါဘူး၊ပြည်သူကိုလေးစားရပါတော့မယ်။
ကြံ့ဖွတ်ကလည်းလမ်းဖောက်၊တံတားဆောက်တိုင်းအလံလိုက်မ ထောင်ပါနဲ့၊လမ်းဖောက်တံတားဆောက်တာပိုက်ဆံသုံးတဲ့အ လုပ်ပါ၊လူတိုင်းပိုက်ဆံသုံးတတ်ပါတယ်၊ပိုက်ဆံရှာတတ်ဘို့ကအရေးကြီးပါတယ်၊ပြည်သူတွေအကျိုးရှိအောင်သုံးတတ်ဘို့ ပိုပြီးပိုပြီးအရေးကြီးပါတယ်၊ကြံ့ဖွတ်ကလုပ်တာဆိုရင်ဒီကုန်ကျစရိတ်ပိုက်ဆံတွေဘယ်ကရသလဲ၊ကြံ့ဖွတ်ရဲ့ရုံးတွေ၊ရံပုံငွေတွေ
ဘယ်ကရသလဲ၊ဘယ်လိုနည်းနဲ့ရသလဲဆိုတာသိတဲ့လူတွေသိပါတယ်၊လူလည်လုပ်တဲ့ခေတ်ကုန်သွားပါပြီ။
စကားတစ်ခု ကြားဖူးမှာပါ တဖက်မှာက စက်မှုနိုင်ငံ တဲ့ တဖက်မှာက စပါးအထွက် လျော့ကြချင်းသည်းတဲ့ ကောက်စိုက်မ များတာဝန်တဲ့ ဖြစ်နိုင်မလား စက်မှု....။
လမ်းတွေဖောက် တံတားတွေဆောက်တာကတော့ ဘယ်အစိုးရပဲတက်တက် ဘယ်သူပဲခေါင်းဆောင်ဆောင် လုပ်နေမြဲ စီမံကိန်းတွေပါပဲ..... အရေးကြီးဆုံးအချက်ကသာ ဆုံးရှုံးနစ်နာသူတွေအတွက် ထိုက်သင့်တဲ့ဘ၀ အားမခံချက်ကို ပြန်လည်ပေးဆပ်ရဖို့ပဲလိုပါတယ်..... အတင်းသိမ်းယူပြီး မျက်ကွယ်ပြုထားတဲ့ လူရမ်းကားအလုပ်မျိုးကို မခံရဘူးဆိုရင်ပေါ့.......
ဒါတွေပြီးရင် ဒီတောသူတောင်သားတွေကပဲ ဒီလမ်းပေါ်ကိုတက်နေကြမှာပဲ..... ကျွန်တော်လဲတောသားပဲ ကို့ဒေသမှာလဲ ဒီလိုပဲလမ်းဖောက်လုပ်လို့ လယ်တွေသိမ်းခံရတာပဲ..... ဒါပေမဲ့ နစ်နာမှုအတွက် ထိုက်သင့်တဲ့အရာတွေ ပြန်ရတော့ ကျေနပ်ကြတာပေါ့...... ကားလမ်းဖောက်ပြီးတော့ လမ်းလဲပြီးရော...... ကိုရွှေချော တောသားတို့က ထုံးစမ်းအတိုင်းပေါ့ ကားလမ်းပေါ် လှည်းခိုးမောင်းတော့တာပဲ...... ဘယ်သူတွေပါလဲလို့ကြည့်ရင် အဲလိုလမ်းဖောက်လို့ အသိမ်းခံရရင် မကျေနပ်ချင်တဲ့သူတွေက ရှေ့ဆုံးက...... ဘယ်ကျေးလက်တောရွာမှာပဲကြည့်ကြည့် ဖောက်ထားတဲ့ကားလမ်းပေါ်မှာ လှည်းလမ်းရာမရှိဘူးဆိုရင် အတည်ပြုနိုင်တဲ့သူကို ကျုပ် ကျွန်ုလုပ်ပြီးတော့တောင် ကြွေးအုံးမယ်..... အဲဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ် ပြည်သူနဲ့အစိုးရ ကိုတင်ပြချင်တာ တိုင်တန်းချင်တာရှိရင်လဲ မျှတသောအတွေးနဲ့သာ စဉ်းစားချင့်ချိန်ကြည့်ကြ.... ဘယ်ဒေသမှာမှ ပို့ဆောင်ရေး ဆက်သွယ်ရေးမရှိရင် မကောင်းဘူးဆိုရင် ကို့ကိုင်းထဲကစိုက်တဲ့ ခရမ်းချဉ် မြို့မရောက်ခင် ပုတ်မယ်သာမှတ်...... အားပေးပါတယ် ပို့ဆောင်ဆက်သွယ်ရေးအတွက် လုပ်တာ ဘယ်အစိုးရပဲဖြစ်ဖြစ်ပါ...... စက်မှုလက်မှုဖွံ့ ဖြိုးအောင်လုပ်ကြတာ လုပ်ပါ အားပေးပါတယ်.... လယ်ယာမြေကြီးဆုံးရှုံးတာကို ကြည့်မနေကြပါနဲ့..... တစ်ခုတော့ ရှိတယ်ပေါ့ အိမ်က သားတွေမယားတွေကို ၀အောင်ကျွေးဖို့ လှအောင်သေဖို့ရည်ရွယ်ပြီး အိမ်ယာလိုလို မြို့သစ်လိုလို လုပ်တာတွေတော့ အယုံအကြည့် အမဲ့ဆုံးပဲဗျ.....ဒါကလဲ လက်ရှိအခြေအနေအရ မလိုအပ်လို့ဖြစ်တယ်..... မဟာရန်ကုန်မြို့ ရန်ကုန်မြို့ထဲအတွင်းမှာတောင်မှ ပျဉ်ထောင်အိမ်တွေ တဲသာသာပဲရှိတဲ့အိမ်တွေ ဒုနဲ့ဒေးရှိသေးတယ် ဒီလိုနေရာတွေမှာကိုတောင်မှ အဆင့်မြင့်မြို့ပြသရုပ်ကို ပီပြင်အောင် မလုပ်နိုင်သေးဘူး.... ဒီလိုအခြေအနေမျိုးမှာ လယ်တွေသိမ်းပြီး မြို့သစ်ဆိုတာမျိုးတော့ မဖြစ်စေချင်းဘူးပေါ့...... နေစရာနေရာ တိုက်သစ်ဆောက်စရာမရှိတော့လို့ တိုးချဲ့တဲ့ခေတ်ရောက်ရင်တော့ လက်ခံပါတယ်....ဖြစ်သင့်တယ်.... ဟော အခုတော့လဲကြည့် ကားလမ်းလဲဖောက်ပြီးရော..... ကိုရွှေတောသားလယ်သမား ကြီးပွားနေလိုက်တာ.... တစ်သက်လုံး နွားနဲ့ရုန်းပြီး ဖင်ထဲရွှံ့တစ်ပိသာ ၀င်မှ ထမင်းစားရတဲ့ ကျုပ်တို့မိဘ လယ်သမားတွေဘ၀..... မေးမြန်းကြည့်တော့ စက်ရုံတွေ ကားလမ်းဘေးမှာ ဆောက်မယ်လို့ရည်ရွယ်ပြီး လယ်ဧက ၂၀ ကို သိန်း ၃ ရာ ၅၀၀ လောက်အထိပေးပြီး ၀ယ်သွားပါသတဲ့လေ..... ဟော နောက်တစ်ယောက်ကို မေးပြန်တော့ လမ်းဘေးကကျန်တဲ့လယ် ဆိုင်းခန်း အိမ်ခန်းတွေဆောက်ဖို့ရယ်ဆိုပြီး ပေ ၄၀x၂၀ တစ်ကွက်ကို သိန်း ၃၀ ကျော်ကျော်နဲ့ လာဝယ်သွားကြပါသတဲ့လေ.... ကဲအော်ကြပါအုံးလား ကားလမ်းဖောက်လို့ လယ်မြေပျောက်ကြရင်...........
ခင်ဗျားပြောတာလည်းမှန်ပါတယ်..
မြန်မာပြည်မှာ မဆလခေတ်ကတည်းက သိမ်းလာတာဒီနေ့ထိပါပဲ..
ဒါပေမယ့်ဘာတစ်ခုမှ အဲဒီဟာတွေအတွက်အကျိုးခံစားခွင့်အရကြပါဘူး...
အဆိုးဆုံးက အသိမ်းခံရသူတွေမှန်သမျှ တန်ဖိုးနဲ့ညီမျှတဲ့လျော်ကြေးငွေတစ်ခု
မှမရခဲ့ကြခြင်းပါပဲ..
နိုင်ငံတော်နဲ့ကုမ္ပဏီတွေက နိုင်ငံတော် ဖွံ့ဖြိုးရေးအကြောင်းပြသိမ်းတယ်..
လျော်ကြေးမပေးဘူးပေးလည်းမဆိုစလောက်..လုပ်လိုက်တဲ့စီမံကိန်းတွေက
လည်း ဘာမှထိရောက်မှုမရှိဘူး..အဲဒီတော့ အစိုးရက နောက်ထပ် ဘယ်စီမံ
ကိန်းလုပ်မယ် ဘယ်လောက်တိုးတက်မယ် ဘာညာပြောပြီး လုပ်ပေမယ့်
ရှေ့ကဖြစ်ခဲ့တဲ့သင်ခန်းစာတွေကြောင့် အစိုးရကိုမယုံကြည်ကြတော့ပါဘူး..
နောက်ထပ် အသိမ်းမခံရဖို့နဲ့ ပုံမှန်အနေအထားမယိမ်းယိုင်ဖို့ကိုပဲလူတွေ
ကအာရုံစိုက်လာကြတာပါ..ဒါကြောင့်အစိုးရရဲ့ လုပ်ရပ်မှန်သမျှ ဆန့်ကျင်လာ
ကြပြီး မကောင်းမြင်လာတာသဘာဝပါ..အစိုးရအဆက်ဆက်ကလည်း
ပြည်သူတွေကိုလိမ်လည်ပြီး ဘာမှကောင်းအောင်မှမလုပ်ခဲ့ကြပဲ..
ပြည်နယ်တွေမှာလည်းအဲလိုပဲ..တိုင်းရင်းသားဒေတွေပိုဆိုးတယ်..
လမ်းဖေါက်ဖို့သိမ်းတယ်.ဂစ်လိုင်းအတွက်သိမ်းတယ်.ရထားလမ်းအတွက်
သိမ်းတယ်ဖြိုတယ်..ဘာလျော်ကြေးမှမရကြဘူး..ဟောလုပ်ထားတဲ့
ကားလမ်းရထားလမ်းက သွားလာလို့မရ အစုတ်အပြတ်..
လုပ်တဲ့လူက ရသလောက်အိတ်ထဲထည့်သွားတယ်..
နေရာတကာ ဒီလိုတွေဖြစ်နေတာ.အဲဒါတွေကိုကြပ်ကြပ်မတ်မတ် လုပ်ပေး
ဖို့လိုပါမယ်..ဒါတွေကိုတစ်ခုနဲ့တစ်ခုဟန်ချက်ညီညီလုပ်ရင်ဘာပြသနာမှ
မဖြစ်နိုင်ဘူး..
Post a Comment