အီတာလျှံ
ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ မီးရထား ဒုတိယ၀န်ကြီး
ဦးသောင်းလွင်အပါအ၀င်ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်း တွင်ပါဝင်ကြသည့်
စီးပွားရေး လုပ်ငန်းရှင်အချို့သည် မေလ ၁၀ ရက်နေ့တွင် ထားဝယ်မြို့
ကြက်မင်းစေတီတွင် ကန်တော့ပွဲ ၁၀၈ ပွဲကို လာရောက် ပူဇော်ခဲ့ကြောင်း
မျက်မြင်တွေ့ရှိသူများနှင့် ကြက်မင်းဂေါပက အဖွဲ့ဝင်တစ်ဦးကဆိုသည်။
ယင်းသို့ ကန်တော့ပွဲပေးသည်ကို နံနက်ခြောက်နာရီခန့်မှ စတင်ခဲ့ကာ ကြာမြင့်ချိန် သုံးနာရီကျော်ခန့်ရှိပြီး ၊ ဘုရားကိုးဆူ ဆရာ ၊ ကန်တော့ပွဲကိုင်သူအပါအ၀င် အားလုံးဆယ်ဦးခန့်တက်ရောက်ခဲ့ကြောင်း အထက်ပါ ကြက်မင်းဂေါပက အဖွဲ့ဝင်က ဆိုသည်။
စေတီတော် အထက်ပစ္စယံတွင် တင်လှုခဲ့သော ကန်တော့ပွဲများတွင် ထိုင်းနိုင်ငံ
မင်းဆက် များ အားလည်းကောင်း၊ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်မှ မင်းအပေါင်းနှင့်
ခုနှစ်ရက်သားသမီးများအားလည်းကောင်း၊ လက်ရှိအစိုးရအဖွဲ့၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်စောင့်နတ်မင်းကြီးကိုပါ ရည်ညွှန်းစာဖြင့် ကန်တော့ပွဲများပါဝင်သည်။
The Voice Weekly (Facebook)
အီတာလျှံ ထိုင်း ကုမ္ပဏီနှင့် မီးရထား ဒုတိယ၀န်ကြီး ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲပေး
Reviewed by
သစ်ထူးလွင်
on
06:53
Rating:
5
9 comments:
နိုင်ငံခြားသားတွေလည်းရိုးရာကိုမပြစ်ပယ်ရဲဘူးနော်
အဲဒါတွေကနတ်တင်မကဘူး မြန်မာနိုင်ငံသားတွေလည်း
ပိုင်တယ်
နိုင်ငံခြားသားတွေလည်းရိုးရာကိုမပယ်ရဲဘူးနော်
အဲဒါတွေကနတ်တင်မကဘူး မြန်မာနိုင်ငံသားတွေလည်း
ပိုင်တယ်
သိပ်ကြောက်နေကြလားကွ
"ဟိတ် မင်းတို.ကန်တော.ပွဲပြန်ယူသွား၊ ဘာလဲခြောက်တီးခြောက်ကပ်နဲ.၊
သပြေပန်း၊ကွမ်းဆေးလက်ဘက်၊အမွှေးတိုင်ဖယောင်းတိုင်
မပါနဲ.၊ ဟင် မရိုမသေမလေးမစား ကလေးကစားသလိုလာလုပ်
တာလား။ ဆေးလိပ်ဗူးပိတ်ပြီးမီးခြစ်ကမပါတော.ဘယ်လိုလုပ်
သောက်ရမှာလဲ...။
အေးငါတို.ကိုဒီလိုလုပ်သလိုတိုင်းပြည်နဲ.ဒေသခံပြည်သူတွေကို
လုပ်ရင်တော.နင်တို.တစ်ဖွဲ.လုံး.......ဖြစ်သွားမယ်"
ဟုသက်ဆိုင်ရာပုဂ္ဂိုလ်များကမကျေမနပ်မိန်.သွားကြောင်း
သိရပါသည်။
ပြည်သူအတွက် အကျိုးမပြုခဲ့ ၇င်တော့  မြန်မာပြည်မှာ ၇ှိတဲ့  နတ်တွေ တင်မကဘူး အီတလီက နတ်တွေေ၇ာ ထိုင်းက နတ်တွေ က ပါ မင်းတို့ ကို ၀ိုင်းကိုင်မှာ သူတို့ က လူအခွင့်ေ၇းကို သိလို့  သေပြီး ဖြစ်တဲ့  နတ်တွေ လေ
နင် မတတ်လို့ နတ်တင်ရတာပါ
နင်တတ်ရင် နတ်တင်စရာမလိုပါဘူး
အားလုံးအရူးတွေဘဲရှိတယ်
ဗုဒ္ဓဘာသာမှာ ရတနာမြတ်သုံးပါးဘဲရှိတယ်
ဘုရား တရား သံဃာ ဒါဘဲရှိတယ်
ဟေ့ဟေ့
ငါက ကိုကြီးကျော်ကွ
အရက်နဲ့ ကြက်ကြော်ဘဲ စားတာကွ
မင်းတို့ ဆက်တဲ့ ငှက်ပျောသီးနဲ့ အုန်းသီးက
သူငယ်စာတွေကွ
ဒါနောက်ဆုံးဖြစ်ပစေ
မဟုတ်ရင် ကိုင်လိုက်ရမလား
Red နဲ့ Black ကလွဲရင် ငါမသောက်ဘူး
ငါ ကိုကြီးကျော် ပြန်ပြီ အေ့.......အေ့......
ဘိုးတော်ကတော့လုပ်ချလိုက်ပြန်ပြီ။
လူလိုမှနတ်လို
နတ်လိုမှဂြိုလ်မ
ဆိုထားတာရှိပါတယ်။
ငောင်းတာလုပ်တာမင်္ဂလာပါ။မယုံမရှိပါနှင့်။ယုံယုံကြည်
ကြည်လုပ်ပါ။
အောင်မြင်ကြပါစေ။ပြည်သူ့အတွက်ဖြစ်ပါစေ။
Post a Comment