မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့
တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို
အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့
ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးဘူးလို့လည်း
ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ယာယီရုပ်သိမ်းပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အင်္ဂါနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ လက်ရှိ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အကောင်းမြင်လွန်းလို့မရဘဲ သတိထားဖို့လိုတဲ့ အကြောင်း ပြောသွားတာပါ။
“အမေရိကန်နိုင်ငံသားတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ကျမအနေနဲ့ ဒါကို မကန့်ကွက်လိုပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြလိုပါတယ်။ လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ်လို့ ကျမအနေနဲ့ တခါတလေ ခံစားမိပါတယ်။ကျမတို့အနေနဲ့ မမေ့အပ်တာ ကတော့ ဒီမိုကရေစီဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်နိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ကျမလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ စစ်တပ်အနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ လေးလေး နက်နက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သံဓိဌာန်ခိုင်မာစွာ မချမှတ်မချင်း ကျမတို့ အနေနဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို နောက်ပြန်ဆုတ်လို့ မရနိုင်ဘူးဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ပါဘူး။”
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရည်မှန်းချက်ကို ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမ ဆုံး ခေါ်ယူတဲ့လွှတ်တော်အတွင်းမှာပဲ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအဆိုကို ပထမဆုံးတင်သွင်း အတည်ပြုခဲ့တာကိုကြည့်ရင် အရေးယူမှုတွေ ထိရောက်ခဲ့တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို အရေးတကြီး ကြိုးပမ်းမှာဖြစ်ပေမယ့် အလျင်စလိုတော့ ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ အလားအလမှာ မရှိဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ကျမတို့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဦးဆုံးလုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်မှာပါ။ ဒီအထဲ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒီတော့ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ စစ်တပ်ရဲ့ ထောက်ခံမှု ပါမှ ရမှာပါ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ ဦးဆုံးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့ အရေးတကြီး အလေးထားလုပ်ဆောင်သွားမယ့်ကိစ္စဖြစ်ပါတယ်။”
နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့လည်း မြန်မာအစိုးရအနေနဲ့ တကယ်တန်း ဒီမိုကရေစီရေး ဖော်ဆောင်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
“ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက နိုင်ငံရေးအကျဉ်းသားအတော်များများ လွတ်လာပါတယ်။ ဒီ လွှတ်လိုက်သူတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ စာရင်းမှာ ပါတဲ့သူတွေလို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒီ စာရင်းအတိုင်းပြောမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား ၂၇၁ ဦး လွတ်ဖို့ ကျန်နေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ပြောဆိုနေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ထပ်ဆွေးနွေးချင်ပါတယ်။ သူတို့ကြေညာသလို ဒီ စာရင်းအတိုင်း လွှတ်ပေးတယ်ဆိုရင်တော့ ကျန်နေတဲ့ ၂၇၁ ဦးကို ဘာကြောင့် လွှတ်မပေးသေးတာလဲဆိုတာ တရားဝင် သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေလုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လုံးလုံးမရှိသင့်ပါဘူး။”
တိုင်းရင်းသားလူနည်းစုအရေးကိစ္စနဲ့ပတ်သက်လို့တော့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအရ အဖြေထုတ်နိုင်မှသာ တိုင်းရင်းသားဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်လိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
“အပစ်အခတ်ရပ်စဲရေး လုပ်ရုံတင် မလုံလောက်ပါဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာ အစ သက်သက်ပါ။ နိုင်ငံရေးအရ အဖြေရှာမှုမျိုး မရှိသေးပါဘူး။ ဒီအခြေအနေနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ အဖြေထုတ်နိုင်ဖို့ လိုအပ်ပါတယ်။”
ဝါရှင်တန်မှာ အင်္ဂါနေ့လုပ်တဲ့ အဲဒီအခမ်းအနားမှာတော့ သမ္မတ ကတော်ဟောင်း လော်ရာ ဘွတ်ရှ် က ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံးက လေးစားရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင် တဦးအဖြစ် မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင် မိုက်ကယ် ဂီယာ ဂါစင်က ပရိသတ်ကိုယ်စားလှယ် မေးမြန်းခဲ့ ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားတာတွေ ဖြစ်ပါတယ်။
By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)

ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း
Reviewed by သစ်ထူးလွင်
on
07:01
Rating:
27 comments:
အမေစုပြောသလိုပဲ သူတို့ကလည်း ပိတ်ဆို့မှုတွေရုပ်သိမ်းတာကို သတိထားဆောင်ရွက်နေတာပါပဲ။ EU ကလုံးဝမရုပ်ပဲ တစ်နှစ် ဆိုင်ငံ့ရုံသာဆိုင်းငံ့တာ၊ (အပြောင်းအလဲကို တားမှာစိုးလို့)နောက်ကြောင်းပြန်လှဲ့နိုင်လို့ တစ်ချို့လူတွေကို ဆက်ပိတ်ထားတာ၊ အပြောင်းအလဲတွေဆက်လုပ်ရင် တူညီတဲ့တုန့်ပြန်မှုပေးမယ်လို့ မက်လုံးပေးမဲဆွယ်တာ တွေလုပ်နေတာပါ။ တစ်ဘက်မှာလည်း ပွင့်လာတဲ့ မြန်မာ့ဈေးကွက်ကို လက်ဦးမှုကလည်းလိုချင်ပါတယ်။ အဲတာကြောင့် မက်ကိန်းနဲ့ စီးပွားရေးသမားတွေက အစိုးရကို ပိတ်ထားတဲ့ SANCTION ဖွင့်ပေးဘို့တောင်းဆိုတာပေါ့။ သူတို့နောက်ကျမှာစိုးတယ်လေ။ ဘာပဲဖြစ်ဖြစ် ဂျပန်က ကြွေးတွေလျော်ပစ်တာ၊ ဒေါ်လာ၃ဘီလျံတောင်မှ (ကြွေးဟောင်းကျေမှ အသစ်ထပ်ယူလို့ရမှာလေ)ပြီးတော့ ADB ကအကြွေးတွေလဲ ဆပ်ဘို့ညှိဘို့လုပ်နေပါပြီ။ နောက်ထပ် DEVELOPMENT AID ပေးလို့ရအောင်ပါ။ တောင်ကိုရီးယားကလည်း ကူမယ်တဲ့။ ဂျပန်နဲ့ကိုရီးယားကို ဖွင့်ပေးလိုက်ပြီး အကူယူလိုက်ရင်၊ သူတို့ဝင်လာရင် အနောက်ကလည်း အပြေးအလွှားလိုက်လာရမှာပါ။ လက်ရှိဦးသိန်းစိန်အစိုးရ ပြဿနာတွေကို ကိုင်တွယ်တာ ဖြေရှင်းတာ အပြောင်းအလဲကိုလုပ်တာ တော်တော်မြန်လို့ ကမ္ဘာကတောင်အံ့သြယူရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲလောက်တော့ မြန်မယ်မထင်ထားပါ။ အခုဆိုတော်တော်အရှိန်ရနေပါပြီ။ ပြီး သမ္မတကြီးနဲ့ ဦးစိုင်းမောက်ခမ်း တလောကပြောတာကိုကြည့်ရင် နောက်တစ်ဆင့်ထပ်တွန်းနေတာ တွေ့နေရပါပြီ။ (ရှေးရိုးစွဲသူများကိုချန်ခဲ့မည်)(ဌာနကူးရင် စာမေးးပွဲဖြေရမည်)စသည်။ အဲသည်အတွက် တွန်းသူများကိုရော၊ မဆန့်ကျင်သူများကိုပါ မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းပြောလိုပါသည်။ အနောက်၏ပိတ်ဆို့မှုများနှင့်ပက်သက်ပြီး စိုးရိမ်စရာမလိုပါ။ ကိုယ့်အလုပ်ကိုယ် မှန်မှန်လုပ်သွားလျှင် စေတနာ အကြိုးပေးပါလိမ့်မည်။
ဒဏ်ခတ်ပိတ်ဆို့မှုကို ဆိုင်းငံ့ရေးမှာ သတိထားသင့်တယ်လို့ပြောကတည်းကို က ဒီမိုကရေစီ အပြည့်အ၀ဖော်ဆောင်ရေးလမ်းစဉ်ဟာ ခုထိ ပြတ်သားရှင်းလင်းမှုမရှိသေးတာကို သွယ်ဝိုက်ပြောလိုက်တာပဲ...ဦးဇာဂနာ ဆန်ဖရန်စစ္ဓကို မှာပြောခဲ့သလိုပေါ့...ဒါပေမဲ့လဲ အန်တီစုက ဘာလို့များ ကိုယ့်နိုင်ငံ့ကိုပိတ်ဆို့မှုတွေဆိုင်းငံ့ရေးမှာ သတိထားရမယ်လို့အမေရိကန်ကိုပြောလိုက်ရတာလဲ.... ဘာပဲဖြစ်ဖြစ်ဒါ သူ့နိုင်ငံပဲလေ...အဲလိုမျိုးတော့ မပြောသင့်ဘူးလို့ထင်တာပဲ....
ဟုတ်လိုက်လေအမေစုရယ်..စစ်အစိုးရတဖြစ်လဲတွေကတကယ်ေ ပြာင်း
လဲချင်တယ်ဆိုရင်..အခုလိုတွန့်ဆုတ်နှေးကွေးနေစရာမလိုဘူး..
အခုတော့အလုပ်ထက်အေ ပြာကများနေတယ်..နိုင်ငံတကာကလဲအ
ကောင်းမြင်လွန်းနေတယ်..လက်ရှိပြည်တွင်းမှာနေထိုင်တဲ့သူတွေအ
တွက်လူ့အခွင့်အရေးချိုးဖေါက်ခံနေရဆဲပါ..အဲဒါတွေကိုထိထိရောက်
ရောက်အရေးယူဆောင်ရွက်တာမျိုးမရှိသေးပါဘူး..ရြွှေပည်တော်က
တော့ခုထိဝေးနေဆဲပါ...။
မှန်ကန်ပြောင်မြောက်တဲ့ပြောပြားချက်တွေပါ.အမေစု...
ဒီမိုကရေစီလမ်းကြောင်း နောက်ကြောင်းပြန်မလှည့်ဘူးလို့ ရတိပြတ်ပြောမရ
အန်တီရေ....
မြန်မာမလေးတွေအားလုံး.. အတန်းမရောက်သေးလို့ လား၊
မြန်မာပြည်သားအားလုံး .... ကျွန်မဖြစ်သေးလို့ အချိန်မရောက်သေးတာလားလို့မေးရင်စိတ်မဆိုးပါနဲ့နော်...
အန်တီ သမတ ဖြစ်မှ ဆို၇င်... အန်တီအဖေပြောခဲ့တဲ့တိုင်းပြည်.... မြန်မာပြည် ဖြစ်သွားလိမ့်မယ်....
Woman's Power သိပ်မပြပါနဲ့.. သူတို့ကြောက်ပါတယ်....
No one above the Law ဆို၊ ပြစ်ဒဏ်ရှိသူအားလုံးကိုလွှတ်ဆိုတော့ ...
ဒီလို သတင်းကို ဖတ်ရတာ တော်တော် စိတ်ပျက်ပါတယ်။
ဒေါ်စုအနေနှင့်၊ တိုင်းပြည်နှင့် သာမန်ပြည်သူတွေကိုပဲ ထိခိုက်နေတဲ့ ပိတ်ဆို့မှုကို လုံးဝဖယ်ရှားဖို့နှင့် လိုအပ်လျှင် အာဏာရူးများကို ဦးတည်ကန်သတ်မဲ့ ပိတ်ဆို့မှုများကိုသာ ကန့်သတ်ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ပါတယ်။
ဒါကိုလည်း အကြိမ်ပေါင်းများစွာ ဆွေးနွေးပီးပါပီ။
အပြစ်မရှိသူကို ထိခိုက်မဲ့ အရေးယူမှုကို ဆောင်ရွက်ရန် တိုက်တွန်းမှု၊ ပွင့်လင်းရန်ဆောင်ရွက်နေမှုကို နှောင့်နှေးစေရန် ရည်ရွယ်မှုတွေကို လုံးဝ ရှုပ်ချပါတယ်။ မကောင်းလျှင် မကောင်းတဲ့ကောင်ကို အရေးယူပါ၊ ဝါးလုံနှင့် သိမ်းပီး လုပ်တာမျိုးဖြစ်တဲ့. တစ်နိုင်ငံလုံး အခက်တွေ့စေတဲ့ ပိတ်ဆို့မှုများကို ကန့်ကွက်ပါတယ်။
တုန်လှုပ်ခြင်း မရှိ....
မော်ကြွားခြင်း မရှိ....
ယစ်မူးသာယာ ဟန်လည်းမတွေ့ရ....
မောက်မာခြင်းလည်း အလျဉ်းမရှိ....
သာမန် ပြည်သူ တစ်ယောက် အနေဖြင့် လွန်စွာ ထူးဆန်း အံသြ မိပါသည်....
ပြည်သူတွေ ကို လည်း ဒီလို ဖြစ်အောင် သွန်သင်ပြသ နည်းလမ်း ပေးပါအုံး ဟု တိုက်တွန်းလိုပါသည်....
DASSK ပန်းကြိုက်တာလား ဒါမှမဟုတ် ပန်းပေးသူကို အသိအမှတ် ပြု လေတာလား လွန်စွာမှ သိလိုလှပါသည်....
သိပ်ကောင်းတဲ့ အဖြေတွေပါပဲ။ အမေစုကျန်းကျန်းမာမာ အသက်ရှည်စွာနဲ့ စိတ်ကူးထားတဲ့အတိုင်း အလုပ်တွေလုပ်နိုင်ပါစေ။
အပြည့်အ၀ကိုထောက်ခံပါတယ် အမေ...သမီးကတော့သူတို့တွေကို လုံးဝကို ယုံကြည်မှုရှိကို မရှိပါ...ရုပ်သိမ်းမှုတိုင်းဟာ သူတို့အတွက် (သို့) သူတို့နဲ့ ပတ်သက်နေသူတွေ အတွက်ပါ ပဲ.....
ပါတီနဲ့မူတွေကိုဦးစားပေးစဉ်းစားရင်ပြည်သူတွေဘာဖြစ်မလဲဆိုတာစဉ်းစားသင့်တယ်..ကနေ့မြန်မာပြည်စူပြည်သားတွေနိုင်ငံတကာမှာမျက်နှာငယ်ရတာဘာကြောင့်လဲ..အစိုးရတစ်ခုတည်းကြောင့်လား၊ပြည်ပရောက်မြန်မာအချို့ရဲ့လူမျိုးနဲ့တိုင်းပြည်အကျိုးမကာကွယ်လို့လား၊စွမ်းနိုင်သူတွေနိုင်ငံတကာမှယုံကြည်မှုခံရသူအချို့ရဲ့မျိုးချစ်စိတ်ကင်းမဲ့ပြီးလက်လွတ်စပါယ်ပြောဆိုမှုတွေကြောင့်လား။သေချာစဉ်းစားသင့်ပါတယ်၊ကိုယ့်ကိုယ်ကိုတာဝန်ရှိတယ်လို့ခံယူကြသူတွေအနေနဲ့
ကိုယ်ပြောတဲ့စကားရဲ့အကျိုးဆက်ကိုသေချာစဉ်းစားပြီးမှပြောစေလိုပါတယ်၊
လူတစုကိုထိခိုက်တာလား။ကိုယ့်လူမျိုးအများစုကိုထိခိုက်တာလားတွေးဆစေချင်ပါတယ်၊ကိုယ့်လူမျိုးတွေနိုင်ငံတကာမှာမျက်နှာမငယ်ဘို့အမျိုးကိုချစ်သူတိုင်း၊စွမ်းဆောင်နိုင်သူတိုင်းကကြိုးပမ်းပေးကြဘို့မေတ္တာရပ်လိုပါကြောင်း
မဖြစ်မနေ ဒီမိုကရေစီနိင်ငံအဖြစ်ထူထောင်မယ်လို့ဆုံးဖြတ်ပြီးပြီး (သူရဦးရွှေမန်း)
Bravo အဘ ဦးရွှေမန်း။
မြန်မာပြည်ကအပြောင်းအလဲက မြန်ဆန်လွန်းလို့ သူများနိုင်ငံတွေကတောင်အံ့သြယူရတယ်တဲ့ဗျ။ ပြီးတော့ လိုအပ်တဲ့အကူအညီများရှိရင်လည်းသူတို့ဘက်ကပေးမယ်ဆိုတဲ့အကြောင်းလည်းပြောလိုက်တယ်ဆိုပဲ။ အောက်ပါလင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။
http://burmese.dvb.no/archives/25473
အမေစုပြောတာ လုံးဝမှန်ကန်တယ်။ လုံးဝထောက်ခံတယ်။ ဒီပုဂ္ဂိုလ် အာဏာရူးအမျိုးချစ်တွေ လုံးဝမယုံရဘူး။ အမေစုကို ၀ိုင်းဝန်းကူညီကြပါ။
သာမန်ပြည်သူတွေကဒီလိုစကားမျိုးနိုင်ငံတကာကိုပြောဖို့ခက်ပါတယ်၊အန်တီစုမမေ့မလျော့ပြောပေးတဲ့အတွက်ကျေးဇူးတင်ဝမ်းသာပါတယ်။ကျေးဇူးပြုပြီးနောက်ကြုံခဲ့ရင်အာဏာရှင်နဲ့ပါတ်သက်သူများ၊သာမန်ပြည်သူတွေကိုမတရားဗိုလ်ကျတာတွေအရင်ထက်ပိုများလာတာတွေကိုပါထည့်ပြောပေးစေချင်ပါတယ်၊(စနစ်တကျဗိုလ်ကျနေသလိုပါ)အရေးယူမှုလည်းမရှိသလောက်ပါ၊NLD ခက်ခက်ခဲခဲကြိုးစားလုပ်နေရတာလည်းနားလည်ပါတယ်၊နာမည်ကျော်သိန်းစိန်ကတော့ပြည်သူတွေအတွက်တိုက်ရိုက်အကျိုးရှိမှာတွေထက်၊လက်ရှိ(စစ်)အစိုးရအရောင်တောက်မှာတွေကိုပဲပြောင်းလဲနေတာပါ။ပြည်သူအတွက်ဆိုပြောတဲ့အတိုင်းလုပ်တယ်ဆိုတာမရှိသလောက်ပါ။ကျေးဇူးတင်လေးစားပါတယ်အန်တီ။
ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားမှုကိုသေချာဝေဖန်ကြည့်မိ တော့ကိုယ်ကိုတိုင်ယုံကြည်မှု့မရှီသူတွေနဲ့ပြည်သူများ၏ဆန္ဒအ၇ လက်တွဲလုပ်ဆောင်မှာဖြစ်ကြောင်းတဖက်ကပြော၊အဖြားတဖက် ကလည်းကမ္ဘာ့ဇာတ်ခုံကသြဇာအာဏာကြီးမားသူတို့ကိုလက်တွဲ လုပ်ဆောင်နေသူတို့အပေါ်မယုံကြည်ရသေးကြောင်းပြောဖြစ်နေတာကိုတွေ့ရတော့တိုင်းပြည်အတွက်ပူပန်စိတ်လေးမအေးသေးဖြစ် ရပါသည်။
တစ်ခုခုတော့မှားနေပြီထင်တယ်...အမေစုကတော့.အဲဒီလိုမပြောလောက်ဘူးထင်တယ်
အမျိုးဘယ်လောက်ချစ်သလဲ ကိုယ့်သွေးကိုဖောက်ကြည့်လိုက်စမ်းပါ
ငါပြောတာမှ မှန်တယ်ဆိုပြီး မျက်စေ့မှိတ်မပြောပါနဲ့၊ကိုယ့်လိုဆုပေါင်းများစွာ
ရနေတဲ့သူ(အထောက်အပံ့တွေရနေသူ)ကတော့ ထိုင်စားနေနိုင်တယ်လေ။
ပြည်သူတွေအတွက် ရနိုင်မဲ့အခွင့်အရေးကို တစ်ရက်၊တစ်လ၊တစ်နှစ်ဘဲဖြစ်ဖြစ် ရခဲ့ရင်မကောင်းဘူးလား၊ အထင်ကြီးနေတဲ့ အနောက်နိုင်ငံတွေကရော ဘယ်လောက် ကတိတည်နိုင်သူတွေလဲ။ အီရတ်ကိုမမြင်ဘူးလား။
ဒီ Comment တွေထဲမှာ သပ်လျိုတွေ တွေ့ရပါသည်.....
မည်သို့ ဆိုစေ အမှား အမှန်ကို တော့ အကုန်သိ ကြပါသည်....
သစ်ထူးလွင် ဆိုဒ်ထဲက သူတွေကို ငတုံးတွေလို့ သတ်မှတ် သူတွေရှိသေးသည်ကို သတိထားမိပါသည်....
တောသူတောင်သား လယ်သမားများပင်လျှင် ပြန်သာ မပြောတတ်တာ အမှားအမှန်ကို အတွေ့အကြုံရ သိကြပါသည်....
အပြောနဲ့ လက်တွေ့ ဘယ်တုံးကမှ မကိုက်ညီခဲ့သည့် အရောင်ပြောင်း အစိုးရများ ဖြစ်လေသည်မဟုတ်လား...
နေပြည်တော်နေ ၀န်ထမ်းတွေ ပိုသိသည်။ သူတို့တွေ ရဲ့ အံ့မခန်း လောဘတွေကို မြင်..တွေ့... ကြားသိ နေတာပဲလေ....
လုံးဝယုံကြည်ဖို့ ဆိုတာ အကောင်းမြင် စောလွန်းပါသေးသည်...
အန်တီစုပြောသွားတာတွေအားလုံးသဘာဝကျတဲ့စကားလုံးတွေချည်းပဲမို့
အပြည့်အ၀ကို ထောက်ခံပါတယ်။အန်တီရဲ့စကားလုံးတွေကို နားမလည်နိုင်သေးတဲ့သူများကို လည်း.နားလည်အောင် ထပ်ခါ2ဖတ်ပါ.အစ-လယ်-ဆုံး.(အရင် နှစ်20-အခုထိ)အန်တီစုလုပ်ခဲ့တာတွေပြောခဲ့တာတွေကို စဉ်းစားပြီးမှ ဝေဖန်ကြပါ.သေသေချာချာမသိပဲဝေဖန်ရင်..ဖတ်ရတာမကောင်းဘူးဖြစ်တယ်.အန်တီလိုအစစအရာရာ ညဏ်ပညာပြည့်ဝတဲ့သူဟာ စကားကို ဘယ်တော့မှ မဖြစ်နိုင်တာမပြောဘူးဆိုတာ..တိကျသေချာတဲ့အဖြေပါပဲ.အန်တီလိုလူဟာ..မြန်မာမှာလဲ ဗိုလ်ချုပ်ပြီးရင် တစ်ဦးထဲရှိသလို့..ကမ္ဘာမှာလဲ တစ်ဦးထဲ ရှိပါတယ်။(အန်တီရဲ့ စကားလုံးတိုင်းဟာ မှတ်သားစရာ ချည်းပါပဲ-)ဝေဖန်မှုတွေမှ ကင်းဝေးကြပါစေ...
မှန်တယ်မှားတယ်ဆိုတာကိုယ်တိုင်တွေးကြစေလိုပါတယ်။ကျမရဲ့အတွေးလေးကိုတင်ပြချင်ပါတယ်။ သမတကြီးအနေနဲ့ ဟိုအရင်အာဏာရှင်လက်ထက်ကတည်းကစီးပွားရေးပိတ်ဆို့တာကိုမမှုခဲ့ဘူးမဟုတ်လား။အခုအချိန်မှာပိုလို့မှုစရာမလိုတော့ဘူးထင်ပါတယ်။ဘာလို့လဲဆိုရင်အခုချိန်မှာသူတို့ဟာပိုလို့စိတ်ဝင်စားလာပါဘီ။ဒါကြောင့်သမတကြီးအနေနဲ့တောင်းဆိုနေမဲ့အစားနိုင်ငံတွင်းပြုပြင်စရာတွေကို ကြိုးစားပြီး ပြုပြင်လိုက်ရင် တောင်းစရာမလိုဘဲအလိုလိုပြေပြီး စီးပွားရေးပွင်းလာပါလိမ့်မယ်။ အဒီအခါကိုကစင်ပေါကနေပြီးကြိုက်ဈေးနဲ့ အခွန်ကောက်ခံလိုက်ရုံပဲလို့ထင်ပါတယ်။ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ တရားဥပဒေ၊လျပ်စစ်မီး၊အင်တာနက်၊ ဆက်သွယ်ရေးဒါတွေကိုပြုပြင်ရမှာပါ။ အခုတစ်ခုမှမပြုပြင်ရသေးပါ။ ပြည်သူတွေအတွက်လည်း ဘာတစ်မှမလုပ် လုပ်မပေးရသေးပါ။ ဒါတွေကိုကြည့်ချင်းအားဖြင့် စီးပွားရေး ပိတ်ဆို့မှုကိုဖွင့်မပေးသင့်ပါ။ ဖွင့်လျင်လည်းပြည်သူတွေ အတွက်မဟုတ်ပါ။ ငွေမဲကိုငွေဖြူဖြစ် ဖို့အတွက် သက်သက်ပါဘဲ။ သူများကိုအကူအညီတောင်းနေမဲ့အစားကိုယ်ဘာသာကြီုးသားသင့်ပါတယ်။ အမေစုကိုပြည်ပအားကိုးပုဆိန်ရိုးလို့ပြောပေမယ့် အမေစုတစ်ခါမှ ပြည်ပကလူတွေကို ဘာကူညီပါလို့တောင်းဆိုတာမတွေ့ပါ။ ကူညီချင်ရင်လည်းပြည်သူကိုတိုက်ရိုက် ကူညီပါလို့ဘဲကြားဘူးပါတယ်။ သမတကြီးအနေနဲ့ အဒီလိုတောင်းဆိုသင့်ပါတယ်။ ဘာလို့လဲဆိုတော့သူတို့ကပြည်သူကိုကူညီတော့သမတကြီးက တခြားအပိုင်းတွေမှာ လုပ်နိုင်တာပေါ့။ ဟုတ်ဖူးလား။ သမတမှာလုပ်စရာတွေအများကြီးပါ။ ငြိမ်းချမ်ရေးအတွက်လည်းလုပ်ရဦးမယ်လေ။ ဒါကိုဘာလို့ အမေစုကိုဘဲလုပ်ခိုင်းနေကြတာလဲ။ ပြီးတော့ နှစ်၂၀လုံးဖျက်စီးချင် တိုင်းဖျက်စီးလို့ ပျက်စီးချင်တိုင်း ပျက်စီးနေတဲ့ နိုင်ငံကို အမေစုက တစ်လလောက်လေးနဲ့ဝုန်းဒိုင်းနဲ့ ပြုပြင်ရအောင် နတ်သမီးမဟုတ်ပါ။ အမေစုမိန့်ခွန်းတွေထဲမှာပါပြီးစားပါ။ ချက်ချင်းကြီးတော့ဖြစ်မလာနိုင်ပါ။ ကြိုးစားမှဖြစ်လာမှာပါ။ ပြည်သူကအာဏာမရှိသမျ ဒီမိုကရေစီမဟုတ်သေးပါ။ သူများနိုင်ငံတွေမှာ ပြည်သူကတောင်းဆိုလျင် အစိုးရကချက်ချင်း ဖြေရှင်းပေးပါတယ်။ လုပ်နိုင်ရင်လုပ်ပေးတယ် မလုပ်ပေးနိုင်ရင်ဘာကြောင့်ဆိုတာဖြေရှင်းပါတယ်။ ကျမတို့နိုင်ငံမှာ မရှိသေးပါ။ အပြစ်ပြောချင်းမဟုတ်ပါ။ ကျမတွေးမိတာလေးပြောတာပါ။ မြန်မာအမျိုးသမီး တွေဖာအားလုံဖြစ်မှ ဖွင့်ဖို့ ပြောမှာလားလို့မေးထားတ့comment လေးဖတ် မိတယ်။ ဖာဖြစ်တာကြာပါပီ။ အာဏာ၇ှင်တွေလက်ထပ်ကတည်းကပါ။ အရင်းတုန်းကတော့ အဒီလူတွေကိုဘာလို့မပြောခဲ့တာလဲ။ လက်နှက်ကြောက်လို့မဟုတ်လာ။ အမေစုမှာဘာလက်နှက်မှမရှိတော့ ပြောချင်တိုင်းပြောနေကြတာပေါ့။ တခါလေတွေးမိတယ်. ဗိုလ်ချုပ်တို့မိသားစုရဲ့ စေတနာမစ်တာတွေက မြန်မာတွေနဲ့တန်ရဲ့လားလို့။
nandar ပြောတာကိုရာခိုင်နှုန်းအပြည့်ထောက်ခံတယ်။အကြောင်းပြချက်ခိုင်
လုံတဲ့comment နဲ့ ဗဟုသုတ၊အကျိုးရှိနိုင်တဲ့comment ၊အကြံပြုချက်comment တွေဆိုအကြိမ်ကြိမ်ပြန်ဖတ်မိတယ်၊သတင်းကိုဖတ်ပြီးရင်တောင်မှ
နောက်တခေါက်များလာတဲ့commentတွေကိုပြန်ပြီးရှာဖတ်လေ့ရှိပါတယ်၊တချို.comment တွေဟာသိပ်တန်ဘိုးရှိတာဘဲ။nandar ပြောတာကိုထပ်ပြီး
ဖြည့်စွက်ချင်တာကအခုအုပ်ချုပ်သူများလုပ်နေတာကအမိုးမပါတဲ့အိမ်ကိုဆောက်နေတာနဲ့အသွင်တူနေပါတယ်၊သတင်းထဲမှာအမြဲတွေ့နေရတဲ့
မြေယာတွေဥပဒေဘောင်မဲ့သိမ်းနေတာ၊အလုပ်၇ှင်အလုပ်သမားပြသနာ၊ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေအကျင့်ပျက်ပြီးကိုယ်တကယ်လုပ်ရမဲ့လုပ်ငန်းတာဝန်ကျေပြွန်မှုမရှိတာတွေ၊လူငယ်တွေအတွင်းအကျင့်ပျက်ပြားနေ
တာတိုက်ပွဲတွေမရပ်နိုင်သေးတာ၊အစရှိသဖြင့်ဖတ်ကြည့်တာနဲ့အခြေအနေကိုခန့်မှန်းလို့ရနေပါပြီ။တရားဥပဒေစိုးမိုးမှုမရှိတာရယ်၊နိုင်ငံတော်ငြိမ်းချမ်းရေးမရယူနိုင်တာရယ်၊ပြည်သူလူထုမှာအာဏာမရှိဘဲနဲ့လူနည်းစုတစုကခေါင်းပုံဖြတ်အနိုင်ကျင့်နေတာတွေမပြုပြင်သမျှကာလပတ်လုံး၊ဘယ်နိုင်ငံပေါင်းထောင်သောင်းမကရင်းနှီးမြှုပ်နှံမှုလာလုပ်နေပါစေ၊အမြတ်ရမှာကဥပဒေပြင်ပမှာရောက်နေတဲ့အာဏာရလူကြီးများနှင့်တောင်မီးလောင်ဘို့စောင့်နေတဲ့တောင်ကြောင်(တရုတ်)တွေအာဏာရှင်တွေကိုကပ်ဖားဖားပြီးဘယ်သူသေသေငတေမာပြီေ၇ာ့ဆိုတဲ့
၊ပွဲလန့်တုံးဖျာခင်းတဲ့အရင်းရှင်ကုပဏီလောက်ကောင်တွေအတွက်ဘဲဖြစ်သွားမယ်ဆိုတာအသိသာချည်းပါပြည်သူတွေထဲကပြည်သူတယောက်အနေနဲ့sanctionပိတ်တာကိုပူပင်နေမဲ့အစားအထက်ကတင်ပြခဲ့တဲ့သတင်းမျိုးတွေကြားနေ၊သိနေရဆဲဘဲလားဆိုတာသတိထားပြီးပြည်သူအတွက်အကျိုး၇ှိစေတဲ့အကြံပြုချက်တွေပေးပြီးအချင်းချင်းကူညီဖေးမနိုင်ကြပါစေ။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန်က ကြေငြာလိုက်ပြီးလို့ဆိုပါတယ်။(သစ်ထူးလွင်)ကောင်းလိုက်တာဗျာ၊ ပြည်သူတွေအတွက်။ အဆင်ပြေရင် မလေးသွားလုပ်စရာမလိုတော့ပဲ မလေးကစက်ရုံမြန်မာပြည်ရွေ့လိုက်ရုံပဲ။ ဒါဆို ပြဿနာတော်တော် ရှင်းသွားမယ်။ သူများနိုင်ငံမှာ မတရားဖိနှပ်ခံရတာတွေ သက်သာသွားမယ်လေ။ ကိုယ့်အိမ်ကိုယ့်ယာမှာ မိသားစုနဲ့လဲ နီးနီးကပ်ကပ် နေနိုင်တော့မယ်။ ပျော်စရာကြီး။ (investement တွေလာဘို့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေတွေရှင်းလင်းအောင် ပြင်ပေးဘို့နဲ့ infrastructure (လျှပ်စစ်မီး၊ လမ်း၊ ဆိပ်ကမ်း၊ ဆက်သွယ်ရေး) စတာတွေ ကောင်းအောင် အရင်လုပ်ပေးဘို့တော့လိုတယ်။ ဒါတွေကို အဘ ဦးသိန်းစိန်နဲ့ လက်ရှိအစိုးရ အမြန်လုပ်ပေးလိုက်ပါ။ ဒါမှ မြန်မာပြည်သူတွေ ပြည်ပသွားကျွန်ခံရတဲ့ ဘ၀က မြန်မြန်လွတ်မှာပါ။
master myanmar မင်းရေးထားထာဟုတ်မလိုလိုနဲ့  ချီးတုပ်ပဲ။
ဒို့ တိုင်းပြည်မှာစစ်တပ်ကအာဏာသိမ်းထားတုံးဆိုတာမင်းသိလား? ဒီဖွတ်ကြားတွေကြောင့်သတိထားဖို့ပြေနေတာ။အခုပဲကြည့်
တင်အောင်မြင့်ဦးနုတ်ထွက်တာစစ်တပ်ကပဲခန့်ခွင့်ရှိတယ်တဲ့။
2008 ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုမှပြင်လို့မလွယ်ဘူး။မင်းက
ဒီကြားတဲငိုပြနေတယ်။ဝါးလုံးနဲ့သိမ်းတာမဟုတ်ဘူး။မကောင်းတဲ့
သူရွေးလို့မရဘူး။မင်းအဖေစစ်တပ်သူခိုးတွေကအကုန်လုံးအနိုင်
ကျင့်အုပ်ချုပ်ထားတယ်။မင်းသိလား?
master myanmar နင့်အဖေက အကောင်ကြီးပုံရတယ်....
Post a Comment