ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။
စာထဲတွင် လျှပ်စစ်မီးပျက်သည့်ကိစ္စကို နိုင်ငံပိုင်သတင်းစာများမှတဆင့် ပြည်သူလူထုထံ တရားဝင် သတိပေးထားပြီးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူ ၅ ဦးထက်ပိုသည့် လူစုဝေးခြင်းကို ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ စာဖတ်ပြပြီးနောက်တွင် ကိုဟန်ဝင်းအောင်က ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ရပါမယ်ဟု ဆိုကာ ဖယောင်းတိုင်များ ထွန်းညှိ၍ ဆန္ဒထုတ်ဖေါ်ပွဲ ဒုတိယနေ့ကို စတင်လိုက်ကြသည်။
ယင်းနောက် ဆန္ဒထုတ်ဖေါ်သူများက ဆူးလေဘုရားလမ်းအတိုင်း အနော်ရထာလမ်းဘက်သို့ လျှောက်လာပြီး ဂုံးကျော်တံတားကို ဖြတ်ကျော်ကာ ဆူးလေစေတီဘက်သို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် ဂုံးကျော်တံတား မတက်မီ ရဲတပ်ဖွဲ့ဝင်များက ဒုတိယအကြိမ် တားမြစ်သော်လည်း ကိုဟန်ဝင်းအောင်တို့က မိမိတို့သွားမည့် လမ်းကြောင်းကိုရှင်းပြသည့်နောက် ရဲများက ဂုံးကျော်တံတားအဆင်းဘက်မှ စောင့်၍ လမ်းရှင်းပေးကာ ဆန္ဒထုတ်ဖေါ်သူများကို ထပ်မံတားမြစ်ခြင်း မရှိတော့သည်ကို တွေ့ရှိရသည်။
ယနေ့ ဆန္ဒထုတ်ဖေါ်သူ အရေအတွက်မှာ ယမန်နေ့ထက် ၃ ဆခန့်များပြားကာ စုစုပေါင်း လူ ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြသည်။ ။
Yangon Press International

ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့
Reviewed by သစ်ထူးလွင်
on
05:12
Rating:
8 comments:
ဆန္ဒထုတ်ဖော်သူတွေ အားလုံးကို အားပေးပါတယ်။အများအတွက် ကိုယ်ကျိုးမဖက်ဘဲ အန္တရာယ်ကင်းရှင်းကြပါစေ။
သို့ ရဲမှူးကြီး မျိုးအောင်...
ခင်ဗျားတို့ ဘယ်နေရာရာမှာပဲ ရဲတယ်ဆိုတာ ခင်ဗျားတို့ အသိဆုံးပါပဲ...
၅ဦးထက် ပိုစုခွင့်မရှိဆိုတာ... ပြည်သူတွေက အားအားယားယား စုချင်လို့စုနေတာမဟုတ်ဘူး... ခင်ဗျားတို့လို သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ပြီး သူတစ်ပါးမသထာရေစာနဲ့ ဘ၀ကိုရပ်တည်နေတဲ့သူတွေမဟုတ်ဘူးဆိုတာ ခင်ဗျားသဘောပေါက်ထားပါ။ ခင်ဗျားလည်း မီးပုံမှန်မလာတဲ့ ဒုက္ခကို အနည်းအကျဉ်းတော့ ခံစားဖူးမှာပဲ။
ဒါ ကိုယ့်အခွင့်အရေး... မင်းတိုလို အခွင့်ထူး မဟုတ်ဘူး... အခြေခံ လိုအပ်ချက်ဖြစ်တဲ့ အနိမ့်ဆုံး အခွင့်အရေးတောင် ပုံမှန်မရတဲ့ ဘ၀တွေကို စတေးပြီး ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုနေကြတာ ခင်ဗျားထမင်းစားတဲ့သူဆိုရင် သဘောပေါက်မှာပဲ။
အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင် ကဘာအရူးထတာတုန်း
၅ ယောက်ထက်ပိုစုဝေးရင် အရေးယူနိုင်တယ်ေူပာရအောင် ဒီကောင်အခုမှအိပ်ယာနိုးလာတယ်ထင်တယ်။
၅ ယောက်ထက်ပိုစုဝေးစေချင်ရင် မင်းတိုအားလုံး ကောင်အောင်လုပ်လေကွာ၊
လျှပ်စစ်ဝန်ကြီးေူပာူပီးသာဘဲ ပိုနေလိုရောင်းတာပါဆို...
ရဲမှူးကြီးခင်ဗျာ၊အိမ်မှာကောမီးလင်ရဲ့လားကိုယ်ချင်စာနိုင်ပါစေ
မသိလို့မေးပါရစေ လူ၅ယောက်ထက်ပိုမစုရဆိုတာ စစ်အုပ်ချုပ်ရေးဥပဒေ မဟုတ်လား၊ အခုအခြေခံဥပဒေ(ပြီးခဲ့တဲ့အစိုးရ တဖက်သတ် အတင်းရေးဆွဲထားတဲ့) က ဘယ်လိုပြောထားပါသလဲ သိချင်ပါသည်။ လူ၅ယောက်ထက်ပိုမစုရဆိုတာကတော့ မဟုတ်လောက်ပါဘူးနော်။
မီးမီးေ၇ာင်းပြီး မပေးနိုင်တော့ ဒုခဖြစ်
လူ ၅ ဦးထက် ပိုပြီးစုဝေးခြင်းမပြုလုပ်ရ ဆိုတဲ့ ကန့်သတ်မှုက မျိုးအောင် လေးဘက်သွား နေတဲ့အချိန်ကထဲက မရှိတော့ဘူးဆိုတာမသိဘူးလား။ မသိရင်အဲဒီရဲမှူးဆိုတဲ့ကောင်ကို လေးဘက်ပြန်သွားခိုင်းလိုက်..
ရဲမှူးကြီးမဟုတ်ပါဘူး..ဦးမျိုးအောင်က အနောက်ပိုင်းခရိုင်မှူး ဒုရဲမှူးကြီးပါ..
တပ်ကပြောင်းလာတာသိပ်မကြာသေးပါဘူး..သဘောထားတော့သိပ်မဆိုးတဲ့သူပါ..ုကုံတုန်းပြောလိုက်ရရင်တော့.သူ့မိန်းမကတော့ ခင်ပွန်းအရှိန်နဲ့မောက်မာနေတဲ့သူပါ
Post a Comment