သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည်

သမ္မတနှင့် ပတ်သက်သည့် သတင်းများကို သမ္မတရုံး အင်တာနက် စာမျက်နှာတခု ဖွင့်လှစ်၍ တင်ဆက်သွားမည်ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face Book လူမှုကွန်ယက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဖေါ်ပြ ထားသည်။

“သတင်းထုတ်ပြန်ရေးအတွက် သမ္မတရုံး ဝက်ဘ်ဆိုက် စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ မကြာခင် နိုင်ငံတော် သမ္မတ၏ Update သတင်းများကို ယင်းဝက်ဘ်ဆိုက်မှ တရားဝင် လွှင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါ သည်” ဟု သူ၏ Face Book စာမျက်နှာတွင် ရေးသားထားသည်။

ဗုဒ္ဓဟူးနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာ၏ စမ်းသပ် တင်ဆက်မှုတွင် ပိုလန် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ တို့၏ တွေ့ဆုံမှုကို ဖော်ပြထားပြီး ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ အပြီးတိုင် ရုပ်သိမ်းပေးရေးလည်း
ဆွေးနွေးကြသည်ဟု အဆိုပါ စမ်းသပ် စာမျက်နှာတွင် ဖေါ်ပြထားသည်။
president
အဆိုပါ စာမျက်နှာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖေါ်ပြထားသည်ကို တွေ့ရပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်၊ ပြည်ထောင်စုလွှတ်တော်တို့၏ အခန်းကဏ္ဍများလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ တိုင်းရင်းသား၊ နိုင်ငံခြားရေးမူဝါဒ စသည့် အခန်းကဏ္ဍများလည်းပါဝင် ဖွဲ့စည်းထားသည်။

သမ္မတ၏ နေ့စဉ်သတင်းများအပြင် ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်များကိုလည်း ထည့်သွင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

စမ်းသပ်ဆဲ ကာလဖြစ်၍ အင်တာနက် ဝက်ဘ်ဆိုက်အမည် မရှိသေးဘဲ IP Address ဖြင့်သာ လွှင့်တင်ထားသေးသည်။ “စမ်းသပ်ဆဲကာလ ဖြစ်ပါတယ်ခင်ဗျား။ ဒိုမိန်းနိမ်းဖြင့် လွှင့်ပါမည်။ ဥပမာ - www.president.gov.mm ကဲ့သို့ ဖြစ်ပါ မည်” ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face book စာမျက်နှာတွင် ရေးသားထသည်။

ယခု လောလောဆယ်တွင် http://203.81.81.136/e-President/ လိပ်စာကို အသုံးပြုထားသည်။
 မျိုးသန့် - ချင်းမိုင် (မဇ္ဈိမ) 
သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည် သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည် Reviewed by သစ်ထူးလွင် on 04:21 Rating: 5

9 comments:

ဖိုးသားလေး said...

ညီအစ်ကိုတို့
မြစ်ဆုံစီမံကိန်းကိုလည်းရပ်ပြီးပြီနော်
ဗုံးတွေခွဲလို့ ရထားမစီရဲကြတော့ဘူးနော်

အလျော့ပေးတားတွေ တော်တော်များနေပြီနော်
သူတို့ဘာကြောင့် တိုက်ပွဲတွေကိုစိန်ခေါ်နေတာလဲနော်
အစိုးရဘက်ကလည်း ဘာကြောင့်စစ်တပ်တွေနောက်မဆုတ်သေးတာလဲနော်
ကေအိုင်ကေ က ကချင်လူမျိုးတွေကို မသနားဘူးလားနော်
စားဝတ်နေရေးတွေခက်နေကြပြီနော်
သူတို့လူမျိုးတွေပျက်စီး ဆင်းရဲနေတာ မသနားဘူးလားနော်
...
အဲ့ ကျွန်တော်တို့ကဗမာလူမျိုးတွေဗျ
ရှေးလူကြီးတွေကတော့
တရုတ်ကဖိ ရှမ်းကအိ ဗမာတွေပျောက်တော့မယ်တဲ့
အခု ကချင်က ဘယ်လို ဗမာတွေကိုလုပ်ဦးမလဲ
သည်းခံပါတယ်။
သမ္မတက အပြစ်အခတ်ရပ်ဖို့ညွန်ထားတယ်တဲ့
သူတို့စပြစ်မှ ပြစ်တဲ့
သူတို့ဗုံးကျဲရင် ဗမာစစ်သားတွေ ဘယ်လောက်သေမလဲနော်
စစ်တပ်နောက်ဆုတ်ခဲ့ရင် အဂ်လိပ်တွေလို မြန်မာပြည်ကို အထက်ပိုင်းက စသိမ်းလိမ့်မယ်တဲ့ အချို့က ပြောကြတယ်။

ကေအန်ယူနဲ့တောင် ငြိမ်းချမ်းရေးအဆင်ပြေလို့ စစ်ကားတွေ အစီး100 လောက် နေပြည်တောကို ပြန်လာတာ ကိုယ်တိုင်တွေ့ပြီးပါပြီ

သို့ ကချင်တို့
ကျွန်တော်က အစိုးရဘက်လဲမပါဘူး၊ ခင်းဗျားတို့ဘက်လဲမပါဘူး
ဒါပေ့မယ် ဗမာလူမျိုးဗျ။
စဉ်းစားပါဦး
ခင်းဗျားတို့ ကိုယ်လွတ်ရုန်းနိုင်ပြီလား
ဒါဆို ကချင်ကို တိုင်းပြည်သစ်အနေနဲ့ထောင်နိုင်ပြီလား
ကချင်လူမျိုးတွေ ဘယ်နားနေလို့ ဘာစားပြီး ဘာအလုပ်လုပ်မလဲ
ကျွန်တော်တို့ချော့နေတာနော်.....
ဗမာတွေမျိုးတုံးတော့မယ်
ကချင်တွေ ကျုပ်တို့ခေါင်းပေါ်တက်တော့မယ်
ဗမာတွေရယ် သိကြပါတော့
တဘက်တည်းကိုတွေးပြီး တဘက်သက်မဆန်တော့ပါနဲ့တော့
သမ္မတလဲချော့ရလို့မောလောက်ပါပြီး
လူသားချင်းစာနာလွန်းလို့ပြောရတာပါ
ကိုယ့်လူမျိုးအချင်းချင်းကို မသနားဘဲဆက်ပြီး တိုက်ခိုက် စိန်ခေါ်ကြတယ်

ထလော့ဗမာ ထတော့
အမျိုခံရတော့မယ်

minsoeaung said...

ဖြစ်သင့်ပါသည်။ပြည်သူ့အသံနားဆင်ရန် ဟစ်တိုင်
သဘောဖြစ်ါပသဖြင့်အားပေးပါသည်။သမ္မတကြီး
ဦးသိန်စိန်ရဲ့ စေတနာ တွေကိုမြန်မာ့သမိုင်းမှာထည့်ရေး
ပေးကြပါ။ ကြံ့ တွေအတွက်မပါ ပါနှင့်။ နံမည်ပျက်ပါမည်။
တိုင်းပြည်နဲ့လူမျိုးအတွက်ဘကြုးစားပေးပါရန်တင်ပြပါသည်။

ဓါတ်ပုံဆရာတစ်ယောက်ရဲ့မြင်ကွင်းများ said...

ဘာပဲပြောပြော ကောင်းပါတယ်..။ သိရတာပေါ့ဗျာ..။သတင်းခေတ်ထဲမှာ မှန်တာတွေများပါစေလို့ ဆုတောင်းရတာပါပဲ..။ ယုံကြည်ချင်ပါတယ်..ဘာပဲပြောပြောလေ..။ မရျိတာထက်စာရင် ရှိနေတာပိုကောင်းပါတယ်..။ ကျနော်တို့နိုင်ငံကိုအများက လေးစားအားကျတာမျိုး ပြန်လိုချင်ပါပြီဗျာ..။

u kyawkyaw said...

နိုင်ငံတကာနှင့်ပွင့်လင်းမြင်သာမှုရှိရန်နှင့်အမှန်တကယ်ပြည်သူလူထုကိုအလေးထားပြီးဆက်ဆံလိုသဖြင့်
ဖွင့်ရင်တော့အထူးကောင်းပါသည်။ပြည်သူမှတင်ပြသော၊အကြံ
ဥာဏ်ပြုချက်များကိုလည်းon line မှလက်ခံပြန်ကြားပေးရန်အဖွဲ့ဖွဲ့ပြီးဆောင်ရွက်ပေးစေလိုပါသည်။

Pyae Phyo said...

ကဲဗျာ။ အရေးတော့မပါဘူးနော်။ ဆိုဒ်လုပ်ပြီး အသုံးမ၀င်မှာတော့သေချာတယ်။ ကိုယ့်လူရေ။ (Harry)

mon-optimistic said...

သမ္မတ ဝက်ဆိုက်မှာ ကွန်မန်းပေးစရာ၊ C BOX တို့လိုမျိုး ထားပေးပါလို့။ ဝက်မစ္စတာကို ပြောပေးပါ။

ကဝေမင်းသား said...

mon-optimistic ရေ စီဘောက်လုပ်မလို့ပဲ အဆဲခံ ရတာတွေပဲ ရေးကြမှာသိလို့နဲ့တူတယ် .. မလုပ်တော့ဘူးတဲ့ ဘာမှ ၀င်ရေးလို့ မရအောင်လုပ်ထားမှာတဲ့ ဟိဟိ ( ဖြစ်တတ်တာပြောပါတယ် )

minsoeaung said...

ကျွန်တော်၏ ဟမ်းဆက်မှာ ဟွားဝေ အမျိုးအးစားဖြစ်ပါ
သည်။ သစ်ထူးလွင်တွင်သုံးနေတာကြာပါဘီခင်ဗျာ။
ယခုသမ္မတကြီး ဝက်ဆိုဒ် တွင်ရှိသောမြန်မာစာများကိုဖတ်
မရဖြစ်နေပါသည်။ ထို့ကြောင့် မြန်မာဖေါင့် ပြောင်းလဲ ထုတ်
လွင့်စမ်းသပ်ပေးပါရန်ဂါရဝ တရားဖြင့်တင်ပြအပ်ပါသည်။

mgoarpekyal said...

နွေးထွေးစွာကြိုဆိုပါတယ်။ ကောင်းမွန်ပါတယ်သမ္မတကြီးခင်ဗျာ

Powered by Blogger.