မုံရွာမြို့အတွက် အိုးဘိုတောင် ရပ်ကွက် အိန္ဒိယနှင့်ဖက်စပ် လုပ်ကိုင်လျှက် ရှိသည့် သစ်ပါးလွှာစက်ရုံရှိ အလုပ်သမားများသည် မေလ(၁၆)ရက်နေ့ ည မှ စတင်ပြီး လုပ်ခ လစာ တိုးမြှင့်ပေးရန်နှင့် အချိန်ပို အလုပ်ချိန်လျှော့ချပေး ရန် တောင်းဆို ဆန္ဒပြုမှုပြုခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြမှုအား ယနေ့ နေ့လယ်ပိုင်းတွင် ရပ်နားထားခဲ့ပြီး တောင်းဆိုမှုများ အား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရက်သတ္တပတ် တစ်ပတ် အကြာတွင် ဆန္ဒပြမှုကို ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပေါ်ပြူလာဂျာနယ် (Facebook) စာမျက်နှာ်မှာ
ဖော်ပြထားပါသည်။

မုံရွာသစ်ပါးလွှာစက်ရုံ အလုပ်သမားများ ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
06:59
Rating:
2 comments:
အလုပ်သမားတွေအတွက်ရပိုင်ခွင့်ကို ကုန်ဈေးနှုန်းနဲ့ ကိုက်ညီပြီး တရားဝင်ကြေညာသင့်ပါတယ် ....အိမ်နီးချင်းထိုင်းနိုင်ငံဆိုရင် တနေ့ဘတ် ၃၀၀ ပေးနေပါပီ..ဒေါ်လာနဲ့ဆုတနေ့ ၁၀ ဒေါ်လာလောက်ရနေပါပီ...မြန်မာနိုင်ငံမှာဆိုရင်တော့...?????
တကယ်တော့...နိုင်ငံခြားကုမ္ပဏီများနှင့်ဖက်ဆပ်လုပ်ကိုင်နေသောမြန်မာလုပ်ငန်းရှင်များအနေဖြင့်...မိမိကိုယ်ကျိုးစီးပွားအတွက်...အလုပ်သမားများ၏...လုပ်အားခကိုခေါင်းပုံဖြတ်စားသည့်စနစ်တည်ရှိနေသမျှ...ဂုတ်သွေးစုတ်...အရင်းရှင်စီးပွားရေးစနစ်ဖြစ်ပေါ်နေမည်...အလုပ်ရှင်နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှီသူများပေါင်းကာ...ရိုက်စားလုပ်နေမည်ဆိုပါက...
Post a Comment