မေ(၅)ရက်၊၂၀၁၂ခုနှစ်။
ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားသော ပညာရေးနှင့်ကျန်းမာရေးဖွံ့ဖြိုးတိုးတတ်မှု အစီအစဉ် များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မရမ်းကုန်းမြို့နယ်အတွင်းတွင် စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။
မရမ်းကုန်းမြို့နယ်အတွင်းတွင် အင်္ဂလိပ်သင်တန်းပြီးစီးပါက ဥပဒေသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် နိုင်ငံရေးသင်တန်းများကိုပါ ဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် အခမဲ့ ဆေးခန်းများကိုလည်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း မရမ်းကုန်းမြို့နယ်တာဝန်ခံ ဦးဥာဏ်သောင်းက ဆိုသည်။
မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ယနေ့ နံနက် ၁၀ နာရီတွင် အခမဲ့ အင်္ဂလိပ်စာ သင်တန်းများ စတင်ဖွင့်လှစ်ကြောင်း သိရှိရသည်။
“အန်ကယ်တို့က ဒီကနေ ဗဟိုမှာဖွင့်တဲ့သင်တန်းတွေကို ပို့ပေးမယ်ပြီးရင် အမေရိကန်စင်တာနဲ့ ဗြိတိသျှကောင်စီရှိသင်တန်းများတွင်လဲ အခမဲ့တက်ရောက်နိုင်အောင်စီစဉ်ပေးမှာပါ”ဟု မရမ်းကုန်း မြို့နယ်တာဝန်ခံ ဦးဥာဏ်သောင်းက ပြောသည်။
အဆိုပါ သင်တန်းအား မနက်(၁၀) နာရီမှ နေ့လည် (၁) နာရီအထိ တစ်ချိန် နေ့လည် (၂)နာရီမှ ညနေ (၄)နာရီအထိတစ်ချိန် စနေနှင့် တနင်္ဂနွေနေ့များတွင် သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်ရှိပြီး ယနေ့တွင်သင်တန်းဖွင့်ရက်ဖြစ်၍ ရပ်ကွက်(၃)ခု က လာရောက်သင်ကြားနေကြောင်း သိရှိရသည်။ သင်တန်းတစ်ချိန်လျှင် လူဦးသားရေ (၆၀)သတ်မှတ်ထားပြီး အင်္ဂလိပ်စာအခြေခံမှစ၍ သင်ကြားပေးမည်ဖြစ်သည်။
“အင်္ဂလိပ်စာအခြေခံကစပြီးသင်ပေးမှာပါ တတ်ပြီးသားလူတွေလဲ ပိုတတ်သွားအောင် ဒီမှာလာတက် တာ ၆ တန်းလောက်ကနေ ဘွဲ့ရတဲ့အထိပါပါတယ်” အင်္ဂလိပ်စာဆရာမကြီးဒေါ်စံဝင့်ခိုင်ကပြောသည်။
Grammar ၊ Writing ၊Reading ၊Speaking များကို သင်ကြားပေးမည်ဖြစ်ပြီး၊ အခြေခံသင်တန်းအား သင်တန်းချိန် သုံးလသတ်မှတ်ထားကြောင်း အင်္ဂလိပ်စာဆရာမကြီး ဒေါ်စံဝင့်ခိုင်က ဆက်ပြောသည်။
“အမတို့မြို့နယ်မှာ ဒီလိုသင်တန်းတွေအခမဲ့တက်ရလို့ပျော်ပါတယ် မတက်နိုင်တဲ့သူတွေအတွက် အထောက်အကူဖြစ်တာပေါ့ အမတို့လဲစာရင်းပေးပြီးလာတက်တာပါ” ဟု မရမ်းကုန်း ၂ ရပ်ကွက်တွင် နေထိုင်သူ မအေးအေးစိုး ကပြောသည်။
သင်တန်းတက်ရောက်လိုသူများသည် နည်းစပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် စာရင်း ပေးသွင်းကာ အခမဲ့တက်ရောက်နိုင်သည်။
ရှုမ၀အောင်(မြစ်မခ)
Shwe Myitmakha Media Group

မရမ်းကုန်းဒီချုပ်၏ ပညာရေးဖွံ့ဖြိုးတိုးတတ်မှုအစီအစဉ် စတင်
Reviewed by သစ်ထူးလွင်
on
16:47
Rating:
7 comments:
အမေစုကျန်းမာခြင်းသုခနဲ့ပြည့်စုံပြီး
ပြည်သူ့အကျိုးကိုအလျှင်အမြန်ပံ့ပိုးနိုင်ပါစေ..
အမေ..နေရာအနှံ့သင်တန်းတွေဖွင့်ပေးပါ။
မြန်မာပြည်မှာဆယ်တန်းတောင်တနှစ်ကိုငွေသိန်း၂၀လောက်
မတက်နိုင်ရင်သေချာအောင်ဖို့မသေချာဘူးအမေ..
ဂုဏ်ထူးရဖို့တောင်သိန်း၃၀လောက်ကုန်ကျတယ်။
ဒါတောင်ကြိုးစားလွန်းတဲ့ကျောင်းသားမှ
ခုလိုသာတစိုက်မတ်မတ်ဖွင့်ပေးထားရင်
ခလေးတွေပညာေ၇းမြင့်မားလာမယ်။
မရမ်းကုန်းမြို့နယ်မှမဟုတ်ပေမဲ့ အမေဒီလိုအခမဲ့ကူညီတာ ၀မ်းသာပါတယ်.ပညာမြှင့်မှလူမျိုးမြင့်တယ်ဆိုသလို ပညာရေးမှာပိုမိုကူညီပါ.ပြီးတော့အမေ့ကိုပြောချင်တာက မိဘမဲ့ကလေးတွေ ကိုပညာပိုသင်ပေးပါ.ကလေးတွေအတွက် ကူညီတာ ဆင်းရဲသားတွေကိုကူညီတာ ဒါ့အပြင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပေးတာ nldကဦးဆောင်ပြီး တရားပွဲတွေကျင်းပပေးစေချင်တယ်.တရားအသိရှိမှ လူတွေပိုပြီး ယဉ်ကျေးလာမှာပါ.
ဖျာပုံမြို့မှာလည်း...လာရောက်ဖွင့်စေချင်ပါတယ်...။
လူငယ်များအတွက်၊အခြေခံအလယ်တန်းပညာနှင့်အထက်တန်းပညာများဆက်လက်မသင်ကြားနိုင်သောကလေးများအတွက် အသက်မွေးဝမ်းကြောင်းပညာ များသင်ကြားပေးစေလိုပါသည်။(ဥပမာ)လက်သမား၊ပန်းရံ၊တွင်ခုံဖောက်ခုံ၊fitter သင်တန်း၊ယာဉ်မောင်းစက်ပြင်သင်တန်းများကိုလည်းသင်ကြားပေးပါရန် မေတ္တာရပ်ခံပါသည်။၎င်းအသက်မွေးဝမ်းကြောင်းပညာများမှာအခြေခံလူတန်းစားများအတွက်လုပ်ကိုင်စားသောက်နိုင်မည့်ပညာရပ်များဖြစ်ပါသည်။
အရမ်းဝမ်းတယ်။အောင်မြင်ပါစေ၊ဒီထက်အဆပေါင်းများစွာတိုးတက်နိုင်ပါစေ
NLD ထာဝရအောင်မြင်မှုအလှပန်းဆင်မြန်းနိုင်ပါစေ။
အောင်မြင်မှာပါ။။အမေတည်ထောင်ခဲ့တာဘဲ။နယ်တွေကိုလဲဆင်းစေချင်ပါသည်။။အထူးသဖြင့်ပဲနွယ်ကုန်းနဲ့တောင်ငူတို့ကို။။
NLD မြို့နယ်တိုင်းမှာ ဖွင့်ရင်အရမ်းကောင်းမှာပါ
မြို့နယ်တိုင်းမှာတက်ချင်တဲ့သူတွေအများကြီးပါ..။
အဆင့်မြင့်တဲ့မျိုးဆက်သစ်များကို NLD မှ မွေးထုတ်ပေးပါ..။
တချိန်မှာ အမေစုအားကိုးရနိုင်တဲ့အရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးရမှာပါ။
Post a Comment