ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး

ရန်ကုန်၊ မေ ၁၃
တိုးတက်လိုသည့်အမြင်မရှိသည့် ရှေးရိုးစွဲများ ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်စေသော ပြည်ထောင်စု ၀န်ကြီးများကို နေရာပြောင်းရွေ့ချထားမည်ဟု သတင်းထွက်ပေါ်နေသည့် အချိန်တွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

"အဆင်းရဲဆုံး LCD နိုင်ငံဘ၀ကနေ ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့ အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေချပေးပြီး ဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး"ဟု သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ယင်း အစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။
The Voice Weekly
ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး Reviewed by သစ်ထူးလွင် on 21:51 Rating: 5

78 comments:

Tinlatt said...

ပြတ်သားတယ် .. မိုက်တယ်.. ကြိုက်တယ်

Soe Nyi Nyi said...

LDC ပါ ခင်ဗျာ... LCD ဖြစ်နေပါသည်။ Least Developing Country ဖြစ်ပါသည်။

Anonymous said...

သမ္မတကြီး ရဲ့ စေတနာ ကို အသိအမှတ်ပြု ကြိုဆိုပါသည်....
သမ္မတကြီး ပြောကြားနေစဉ် ရုပ်သံ ဖိုင်ကို အထပ်ထပ် ပြန်လည် ကြည့်ရှု့ စေလိုပါသည်....
သမ္မတကြီးရဲ့ ၀န်ကြီးတွေ မျက်နှာကို အဓိက ထား ကြည့်လိုက်ပါ....
သူတို့တွေအထဲက ဘယ်သူတွေ ဘယ်လောက် လက်တဆုံးနှိုက်နေသည်.... ဘယ်လောက် ဂွင်ဆင်ထားသည်.... ဘယ်လို လမ်းတွေခင်းနေသည်ကို ပြည်သူတွေ အထူးသဖြင့် ၀န်ထမ်းတွေ ပိုသိကြပါသည်...
ကျားတွေ သတ်သတ်လွှတ် စားကြမည် မဟုတ်.... ဆင်ကြံ ကြံနေသည့် မျက်နှာ များကို မြင်တွေ့ ရမည် ဖြစ်ကြောင်းပါဗျာ...

myarnatmaung said...

မူတွေကောင်းပီး လူတွေ မကောင်းဘူး မကောင်းတဲ့လူတွေ ရဲရဲတင်းတင်းဖြုတ်ပစ်ပါ သမတကြီးခင်ဗျာ..

ThetOo said...

သမ္မတကြီးခင်ဗျား သမ္မတပြောသလိုပါဘဲ ပြုပြင်ပြောင်းလဲလုပ်ခြင့်ဖြင့် သန့်ရှင်းတဲ့ဝန်ကြီးများ၊၀န်ကြီးချုပ်များဖြစ်ပေါ်လာမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ

minsoeaung said...

အားပေးထောက်ခံပါသည်သမ္မတကြီးခင်ဗျား။
ကာလဒေသပရောကအခြေအနေများကိုနားမလည်တဲ့
သူတွေကိုအဖွဲ့ထဲကအနားပေးသင့်ပါတယ်။
သမ္မတကြီးခင်ျဗျာ
ကျွန်တော်တို့နိုင်ငံမှာတစ်ခုလိုနေပါသည်။
မိမိရှေ့ကခေါင်းဆောင်ကနောက်ခေါင်းဆောင်ကတာဝန်ယူခြင်းနှင့် ပြဆုံးသွားတဲ့ခေါင်ဆောင်တိုင်းနိုင်ငံတော်မှတာဝန်ယူသောမူတစ်ခုရှိစေလိုပါသည်ူ။
ကွိန်တော်တို့ဆီကခေါင်းဆောင်ဆောတွေအနားယူတဲ့အခါနံမည်ပျက်နဲ့အဆုံးသတ်နေတာစိတ်မကောင်းပါ။
ဒီကိစ္စကိုသမ္မ္မတကြီးလုပ်နိုင်မည်ဟုယုံကြည်ပါသဖြင့်
တင်ပြအပ်ပါသည်။

myarnatmaung said...

တိုင်းပြည်ကောင်းစားဖို့ မကောင်းတဲ့လူတွေ ဖြုတ်ပစ် မြန်မာ့သမိုင်းရာဇဝင်မရိုင်းရအောင် သမတကြီး ကြိုးစားမူ ကို လေးစားပါတယ်ဗျာ..

Aung.Kawlin said...

မြန်မာနိုင်ငံမှာပြောင်းလဲနိုင်တဲ့ခေါင်းဆောင်ကောင်းတွေ
အများကြီးရှိတယ်ဆိုတာကမ္ဘ္ဘာကသိရှိလေးစားလာအောင်ဆောင်ရွက်ပေး
နိုင်ပါစေသမ္မတကြီးခင်ဗျား

david said...

သမ္မတကြီး ပြောတဲ့ ဒီစကားကိုတော့ အင်မတန်နှစ်သက်ပါသည်။ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းမှာ ရှေးရိုးစွဲဝါဒီသမားများကို ချန်လှပ်ထားခဲ့သင့်တာ မှန်ကန်သော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် ဖြောင့်မတ်သော ခေါင်းဆောင်ကောင်းများစွာလိုအပ်ပါသည်။

saijet said...

အပြောနဲ့အလုပ် ကိုက်ညီဖို့ မျော်လင့်ပါတယ်။

aungdin said...

သမတ္တကြီး၏ သတိပေးချက်အား အပြည့်အဝထောက်ခံပါသည်။ တိုးတက်သောနိုင်ငံများသည် လူ့စွမ်းအားအများဆုံးထုတ်သုံးနိုင်သောနိုင်ငံများဖြစ်ပါသည်။ လုပ်ငန်းများစွာရှာပေးနိုင်သောအစိုးရနှင့် အလုပ်ကြိုးစားသောပြည်သူ လက်တွဲညီသောနိုင်ငံတိုင်းသည် အချိန်တိုင်းတိုးတက်လာမည်ဖြစ်ပါသည်။
သမတ္တကြီး၏ ဆုံးဖြတ်ချက်များ အမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

Thurein said...

ဦးသိန်းစိန်ကို အစတုန်းကတော့ ဒီပုပ်ထဲက ဒီပဲ လို့ထင်မြင်ထားမိခဲ့ပါတယ်။ အခုတော့ သူ့ရဲ့လုပ်ရပ်တွေပာာ တိုင်းပြည်အတွက်ဖြစ်နေတာတွေ မြင်တွေ့ရတော့ အတော်လေးကို ကျေနပ်မိပါတယ်။ ၀မ်းလည်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
သမ္မတကြီးခင်ဗျား ဒီထက်ပိုပြီး နိုင်ငံတိုးတက်လာအောင်စွမ်းဆောင်ပေးပါဦး ခင်ဗျာ။

ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com

zaw said...

တာဝန်ယူတတ်တဲ့အကျင့်လေးပါမွေးပေးခဲ့ပါ...သူများနိုင်ငံတွေလို မဖြစ်နိုင်သေးတောင် မြန်မာမူလေးနဲ့ပေါ့... ငါပဲသိတယ်..ငါပဲတတ်တယ် ဆိုခဲ့ပြီး ဘာမှမဖြစ်လာတာတွေ များနေပြီ....

နေကြာရိုး said...

ရှေးရိုးမစွဲသော ပြည်သူချစ်သော ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည်ကိုကျတော့ နေရာ ပေးနိုင်အောင် အရင်ဆုံး တားမြစ်ချက်ပေါင်းများစွာပါဝင်သော ဥပဒေ မူကြမ်းကြီးကို အရင်ပြင်နိုင်မှသာ လျှင် တိုင်းပြည်ရဲ့ ဥပဒေကို ပြည်သူတွေက ၀မ်းပန်းတသာ လေးစားလိုက်နာနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာအလယ်တွင် ၀င်ဆန့်နိုင်မည် ထင်ပါသည်။ သို့မဟုတ်ပါက ခန့်လိုက်၊ စားလိုက် ၊ အဖြုတ်ခံလိုက်နဲ့ မြန်မာပြည်ဟာ ကမ်းနားသစ်ပင်တွေလက်ချက်နဲ့ လုံးပါးပါးတော့မည်ဖြစ်ပါသည်။

Myat kyi said...

Soe nyi nyi, သူ က LCD ကြိုက်လို့ဖြစ်မှာပေါ့ကွာ LED ပေါ်တာမသိသေးလို့ပါကွာ။
သမ္မတကြိံးခင်ဗျား အပြောနှင့်အလုပ် ထပ်တူကကြအောင်တကယ်လုပ်ပြပါ။တကယ်ဖြစ်ချင်တာလား ကြားကောင်းအားပြောနေ တာလားဆိုတာကို အလုပ်နဲ့ သက်သေပြပေးပါ။

mystic bamar said...

သမ္မတကြီး ကတော့ တကယ်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ပြောဒါ၊ လေးစားပါတယ်။ ဒါပေမဲ့ အဲဒိ ရှေးရိုးစွဲတဲ့ လူတွေက နောက်မကျန်ခဲ့ပဲ အရှေ့မှာ အမြဲရောက်နေဒါ ခက်သဗျာ။ ပြတ်ပြတ်သားသား လုပ်ပါ၊ သမ္မတ နောက်မှာ လူထုကြီး ရှိနေပါတယ်။

nan win said...

သမတကြီးခုလိုပြုပြင်ပြောင်းလဲမှု.တွေလုပ်နေတာနိုင်ငံအကျိုးကိုတကယ်လိုလားလို.ဆိုတာသိပါပီဗျာ

Top Gun said...

သမ္မတကြီးခင်ဗျား ပြုပြင်ပြောင်းလဲလုပ်ခြင့်ဖြင့် သန့်ရှင်းတဲ့ဝန်ကြီးများ ၊ ၀န်ကြီးချုပ်များဖြစ်ပေါ်လာမယ်လို့မျှော်လင့်ရသလို ပြည်သူတွေရဲ့ အချစ်တော်အရင်ဆရာကြီးရဲ့တပည့် ကြွက်ချေးတွေကို သတိပြုပါ။ မြန်မာ့နိုင် ငံရေးသမိုင်းမှာ အနိုင်ဖြင့်ပိုင်းနိုင်သော၊ကမ္ဘ္ဘာကလေးစား အတုယူစံထား ရလောက်သောသမ္မတကြီး ဖြစ်ပါစေ၊သမ္မတကြီး၏ ဆုံးဖြတ်ချက်များ အမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

Anonymous said...

နှစ်သိန်းတန်ဖုန်းလည်း နောက်ချန်သင့်နေပါပြီ၊ နိုင်ငံတကာမှာ အလကား နီးပါးရနေတာကြာပါပြီ....။

lwannaymie said...

သမ္မတကြီး...ခင်ဗျား၊ တစ်ချို့လူတွေက အပြောလောက်နဲ့ကတော့ သမ္မတကြီး ကိုရှိတယ်လို့တောင်မထင်ဘူး။ လက်ရှိမကောင်းတဲ့ ဝန်ချီး
(၄ယောက်)လောက်ဖြုတ်ပြမှဖြစ်လိမ့်မယ်။(လက်ရှိမြန်မာနိုင်ငံရဲ့မြေယာ ကိစ္စကိုဘဲကြည့်ပါ...ဘယ်ကောင်မှစောက်ဂရုမစိုက်တဲ့ပုံစံနဲ့လုပ်နေကြတယ်)
(သိမ်းတုံးက တစ်မျိုးပြောတယ်၊သိမ်းပြီးနောက်တစ်မျိုးလုပ်တယ်။)
(ပြည်ထဲရေးဝန်ကြီးအမိန့်စာပြပြီး မြေသိမ်းတဲ့ဗိုလ်မှူးဆိုတာလဲရှိသေးတယ်။)
သမ္မတအမိန့်မလိုဘူးပေါ့ဟုတ်လား၊.......???????????) သမ္မတကြီးကိုယုံကြည်တယ်။

Tomahawk said...

အူးသိန်းဆိန်၊ကိုယ်ပြောစကားနဲ့ကိုယ်ကိုက်ညီအောင်အရင်ကြိုးစားအုန်း၊ခင်ဗျားလည်းဒီပုပ်ထဲကဒီပဲဘဲ၊အနူတောလူချောလာလုပ်မနေနဲ့။မင်းတို့အကုန်လုံးကလူအများယုံကြည်လာအောင်လုပ်နေတာမဟုတ်ဘူး၊အယုံသွင်းဖို့ပဲလုပ်နေတာအကုန်သိတယ်။အခုထက်ထိယုံချင်စရာမရှိသေးဘူး။

Unknown said...

သမ္မတကြီးရဲ့စကားတွေကတော့ကျောက်ခမန်းလိလိမှန်ကန်ကျောက်ပြင်ကွဲတယ်ဘီးကြိုးတယ်ဗျာ။ကျုပ်ကဘယ်ပါတီဝင်မှမဟုတ်ပါဘူး

myat said...

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီးဦးသိန်းစိန်ကို အခုလိုဆောင်ရွက်လာတဲ့အတွက် ကြိုဆိုပါတယ် ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတော်တိုးတက်ဖို့အတွက် ကျန်းကျန်းမာမာနဲ့ ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Min Lu said...

သမတကြီးကျန်းမာပါစေ။
အရင်ကလေးဘ၀က ဒီဆုတောင်းလေးကို ဆရာမ
တွေအော်ခိုင်းလို့ နိုင်ငံခြားကဧည့်သည်တွေလာတဲ့အခါအလံလေးတွေဝှေ့
ယမ်းပြီးအော်ခဲ့ဘူးတယ်။ ဘာမှန်းမသိခဲ့ဘူး။ဘာခံစားချက်မှလည်းမရှိခဲ့ဘူး။ အခု တော့ အသက်(၄၀)ပြည့်ကာနီးမှ ရင်ထဲကပါ လှိုက်လှိုက် လှဲလှဲ ပထမဦးဆုံးကိုယ့်နိုင်ငံ သမတအတွက် ဆုတောင်းဖူး ခြင်းပါ။

nagarman said...

ကောင်းကောင်းကြီးထောက်ခံပါတယ်ခင်ဗျာ အဓိက ၀န်ထမ်းလောက ကိုတည့်မှတ်ပေးပါ လဂ်ပေးလဂ်ယူ အကျင့် အရိုးစွဲနေတာ ဖြောက်ဖို့ မလွယ်ပေမဲ့ ရှက်တတ်လာအောင် စလုပ်သင့်တယ် ထိပ်ပိုင်းကစလို့ တဖြေးဖြေးချင်း လူထုရှေ့မှာ ပွင့်လင်းတဲ့ တရားစီရင်မှုတွေလုပ်ရပါမယ် ဒါကလွယ်ကူတဲ့အလုပ်မဟုတ်ပါ indonesia ကိုကြည့်ရင် သိနိုင်ပါတယ်
ဒီမိုကရေစီ ကာလတလျှောက် မပီးနိုင်တဲ့လပ်စားတဲ့အမှုစီရင်မှုတွေ တွေ့၇တော့ အနည်းဆုံး ထိမ်းထိမ်းသိမ်းသိမ်းလေးတော့ ဖြစ်လာမှာပါ လပ်စားဖို့မလွယ်၇င် ခွင်ဖန်ချင်တဲ့စိတ်လေးတွေနည်းသွားပီး ပြည်သူတွေ သက်သာမှုဖြစ်လာနိုင်ပါတယ်

thatonthar said...

မူကောင်းပေမဲ့....လူတွေးမကောင်သေဘူး......အဲဒါဘယ်သူတွေးလဲ
ဆိုတော့ယာ၃်ထိန်းရဲတွေးဘဲ......အခုအချိုန်းထိကိုတောင်လို့ကောင်းနေကြ
တုံဘဲ........ဝေဇရန်တာလမ်မှာဆိုရင်ပိုတောင်ဆိုနေပြီး.....

တန`င်္လာကိုကို said...

ဝမ်မြောက်ဝမ်းသာကြိုဆိုပါတယ်။ သမတ္တကြီးကျမ္မာရေးကရုစိုက်ပါ။

ေ၇ာသမမွှေ said...

သမ္မတ၏အပြောများစွာထဲက ယခုဆုံးဖြတ်ကို လေးလေးနက်နက် ထောက်ခံလိုက်ပြီဗျိုး

myintkoko said...

သတိပေး၇င်ကြာပါတယ်
ရှေးရိုးစွဲတွေကိုမြန်မြန် သာလက်တွဲ ဖြုတ်ပါတော့ခင်ဗျား
သမတကြီးကိုအမြဲယုံကြည်စွာထောက်ခံနေပါတယ်

ဇော်ဇော်ထွန်း said...

သမ္မတကြီး၏ မိန့်ခွန်းအား ကြိုဆိုပါသည် ထောက်ခံပါသည် သမ္မတကြီးပြောသည့်အတိုင်းလဲ လုပ်ဆောင်စေချင်ပါသည်။

Toe Toe said...

ှုဦးသန်းရွှေလိုတော့ "င" ကိုရှောင် "အ" ကိုဆောင်ဆိုတဲ့လမ်းညွှန်မှုလိုတော့မဖြစ် ပါစေနဲ့သမ္မတကြီးရယ်အဆုံးတော့နိုင်ငံအကြွေးနဲ့ချန်ထားခဲ့တာအထင်အရှားပါဘဲ၊သမ္မတကြီးတက်စကမိန့်ခွန်းလဲကောင်းတာပါဘဲဒါပေမဲ့တစ်နှစ်သာကုန်သွါးတယ်ူဝန်ကြီး၊ညွှန်ချုပ်။ညွှန်မှုးတွေမပြောင်းဘဲနဲ့အရင်လိုစားမြဲ၊စားဘို့ဘဲတည်ထွင်နေ ကြတာကြောင့်ကြားဖြတ်မှာပြည်သူနဲ့အာဏာမဲ့ဝန်ထမ်းတွေရဲ့ဆုံးမတာကိုခံသွားရပါပြီ။ရာထူးတွေကိုလဲအရပ်ဘက်အုပ်ချုပ်ရေး/ဌာနဆိုင်ရာတွေကိုတပည့်တွေကို ဘဲပေးပြီးလုပ်ချင်တာလုပ်နေဆဲပါ။ကြံ့ဖွံ့အစိုးရကိုအယုံအကြည်မရှိတာသေချာပါ တယ်။စစ်တပ်ကျောထောက်ရှိလို့ခံသာနေတာပါ။ခုသမ္မတကြီးပြောတဲ့အတိုင်းအမြန်အကောင် အထည်ဖော်အရေးယူဆောင်ရွက်လျှင်တိုင်းပြည်တိုးတက်လမ်းမြန်ဆန်သွားမည်ဖြစ်ပါ ကြောင်းထောက်ခံပါသည်။ကျွန်တော်သိတဲ့ဌာနကလူကြီးတွေကတော့ခုထိအုပ်စုအင် အားတောင့်အောင်ဖွဲ့စည်းပြီးမဟုတ်တာလုပ်နေဆဲပါခင်ဗျား။

tkm said...

ဒါမှ ငါတို့သမ္မတကြီးကွ....
အားကိုးပါတယ်....အလုပ်တွေပေါမှာ
ငါတို့လည်းအမြန်ပြန်လာရမှာ....
နေထွက်ချိန်ရောက်နေပါပြီ.မြန်မာပြည်ကြီး...

သူ၇ိယ said...

သတိပေးရုံနှင့်မရတော့ပါအမြန်ဆုံးအရေးယူအပြစ်ပေးသင့်ပါသည်..
ကမ္ဘာ့သြဇာအရှိဆုံး၁၀၀စရင်းဝင်သမ္မတကြီးအနေနှင့်ဒိထက်ပိုပီးရဲဝံ့ပြတ်သားဖို့လိုအပ်ပါသည်..

mad dog said...

ကြိုက်တယ်ဟေ့ သမ္မတကြီးကွ။ ဖြုတ်ပစ် မကောင်းတဲ့သူတွေကို ကိုင်သာကိုင် ။ သမ္မတကြီးနောက်မှာ ပြည်သူတွေ ၇ှိတယ်။ ကျော်ဆန်း အောင်သိန်းလင်း နဲ့ ဇော်မင်းကိုအ၇င်ဆုံးဖြုတ် ဖို့ မဲပေးပါတယ်။

minaung1149 said...

္ကကျနော်ခုအသက်၄၁ နှစ်စွန်းသက်တမ်းမှာကန်တော့ချင်လာတဲ့သမ္မတ(ခေါင်းဆောင်ကြီး)ဟာဦးသိန်းစိန်ပါပဲ၊သမ္မတကြီးကျမ်းမာပါစေ။

nyhein said...

သမ္မတကြီးရဲ့မိန့်ခွန်းတွေဟာတဖြည်းဖြည်းပြတ်သားလာတာကိုမြင်နေရတယ် ကြားနေရတယ် ဒါဟာမြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲလာမှူ့ရဲ့သင်္ကေတခုလို့သုံးသပ်မိပါတယ် ဒီလူတွေဟာနောင်တတရားတွေနဲ့အတူ မူအနောက်ကိုလိုက်တန်းကောင်းပါတယ်ဆိုပြီးသမ္မတကအခွင့်အရေးပေးထားတာပါ ဒါပေမဲ့ လည်းမပြောင်းလဲနိုင်ကြတဲ့ဒီဝန်ကြီးတွေအတွက် သမ္မတကြီးလုပ်သင့်လုပ်ထိုက်တာကိုလုပ်ဖို့ နောက်ဆုံးသတိပေးချက်လို့ထင်ပါတယ် သမ္မတကြီးရဲ့တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာများ အကောင်အထည်မြန်မြန်ပေါ်နိုင်ပါစေလို့ ဆန္ဓပြုရင်းနဲ့

ဖြိုးသီဟ said...

လေးစားပါတယ်သမ္မတကြီးခင်ဗျားမြို့ကြီးပြကြီးတွေသာတိုးတက်နေပြီးတစတစပြောင်းလဲနေပေမဲ့ကျွန်တော်တို့ကျေးရွာလေးတွေမှာတော့ဥပဒေစိုးမိုးရေးကအစဘာမှထူးခြားမူမရှိသေးပါဘူခင်ဗျားအောက်ခြေကိစ္စတွေကိုလဲအရေးပေးဆောင်ရွက်ပေးပါဦးခင်ဗျား

seagull said...

အကြိုက်ဆုံးပါပဲ သမ္မတကြီးခင်ဗျား.........။

than said...

သမ္မတ ကြီး ကျမ္မာ ပါစေ။ တိုင်ပြည်အကျိုး ဆထက်တပိုး ထမ်းနိုင်ပါစေ ဗျာ

ko pwa said...

ကျွန်တော်တို့တော့ နိုင်ငံခေါင်းဆောင်ကောင်းတစ်ဦးရထားတယ်လိုမြင်ပါတယ်။ ကျန်တဲ့သူတွေက လိုက်လုပ်နိုင်ဖို့လိုပါတယ်။ ၀န်ထမ်းလောကမှာ အရင်ခေတ်ဟောင်းကို တမ်းတနေတဲ့သူတွေ လာဘ်စားတာမပျောက်တဲ့သူတွေ အလုပ်ကိုအလုပ်နဲ့ တူအောင်မလုပ်ချင်တဲ့ သူတွေအရမ်းများနေတာတော့ မကောင်းပါဘူး။ လျှပ်စစ်(၁) နဲ့ (၂) လူတွေတော့တို့ဘကြီး သန်းရွှေပဲ ကောင်းတယ်ဆိုတဲ့သူတွေကို မျိုးဖြုတ်သင့်ပါတယ်။

Pyi Sone said...

ကြိုက်သွားပြီ

koko said...

သမ္မတကြီးရဲ့မိန့်ခွန်းကိုကြိုဆိုပါတယ်။စောင်ကြည့်နေပါတယ်။ရှေ့မိန့်ခွန်းတွေရဲ့အကောင်ထည်
ဖော်နိုင်ခဲ့တဲ့ရာခိုင်နှုန်းပိုအောင်စွမ်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။သမ္မတကြီးရဲ့စွမ်းဆောင်
နိုင်မှုရာခိုင်နှုန်းဟာအနာဂါတ်မြန်မာနိုင်ငံရဲ့ပထမဆုံးနိုင်ငံတကာထဲကိုတွန်းပို့လိုက်နိုင်တဲ့သမိုင်း
ဝင်စေမဲ့အချိုးစားဖြစ်လိုပါပဲ။ရှေ့လူဖြောင့်ဖြောင့်သွားရင်နောက်လူကောက်တွေကိုဖယ်ထားခဲ့သင့်ပါတယ်။

ဒီမိုအောင် said...

ကောင်းလိုက်တဲ့စာသား.ပြောင်မြောက်တဲ့သမိုင်းတွင်မယ့်စကား တွေပဲဗျ.နားထဲကြားရတာကျောထဲစိမ့်သွားတာပဲ.အပြောနှင့်အလုပ် သာထပ်တူဖြစ်ခဲ့မယ်ဆိုရင်---သမ္မတကြီးရေ-----
ဒီဘ၀မှာတင်တရားထူးတရားမြတ်ရပါစေလို့ဆုတောင်းပေးပါတယ် ဗျာ

Anonymous said...

သမတကြီးကိုလေးစားပါသည်။
အဲဒိလူတွေကိုနောက်ချန်ထားခဲ့လျှင်၊ နောက်ကျောကို
ဒါးနဲ့ဝိုင်းထိုးကြပါလိမ့်မည်။သမတကြီးအန္တရာယ်ကင်းရန်နှင့်
ပြုပြင်ပြောင်းလဲရေးများချောမွေ့စေရန်၊လုံခြုံသောနေရာများ
တွင်၊နေရာချထားပေးသင့်ပါသည်။ဒီကိစ္စတွေအတွက်
ဦးခင်ညွန့်နှင့်အဖွဲ့ကိုတာဝန်ပေးလျှင်သင့်တော်ပါမည်။

Small Villager said...

သမ္မတကြီးခင်ဗျာ---
စိတ်ဓာတ်ကိုတော့ သိပ်ကိုကြိုက်သွားပြီ-- ဖြစ်အောင်လုပ်စေချင်ပါတယ်
ဝန်ကြီးဌာနအားလုံး လိုက်လုပ်အောင် လုပ်ဆောင်ပေးစေချင်ပါတယ်
ရယူထားပြီးတာတွေတောင် စားမကုန်တော့တာကို
လက်ရှိပြောင်းလဲတဲ့ခေတ်လေးမှာတောင် ပြည်သူတွေအတွက် အနစ်နားခံ
ပြီး မလုပ်ပေးချင်တဲ့ ဌာနဆိုင်ရာအားလုံးကို အမြစ်ပြတ်ဖြုတ်သင့်ပါပြီ---
ကမ္ဘာမှ မြန်မာပြည်ဟာ စံနာမူနာပြ ဖြစ်အောင် လုပ်ဆောင်သင့်တဲ့
ကာလဖြစ်နေတဲ့အတွက် သမ္မတကြီး ဘယ်သူကို မကြည့် ဘယ်သူ့ကို
ကြောက်စရာမလို ပြည်သူတွေအတွက် ရဲရဲတင်းတင်း လုပ်ဆောင်သွားဘို့
တောင်းဆိုထောက်ခံအပ်ပါတယ်--

yye tailor said...

yengyengsaid
ခေါင်မိုးကိုလုံအောင်စလုပ်နေတယ်လို့ခံစားပါတယ်။
ဒါအကောင်းဆုံးပါ၊ခေါင်မိုးလုံရင်အိမ်မပျက်စီးတော့ဘူးပေါ့။
ခေါင်မိုးလုံရဲ့သားနဲ့ပျက်စီးတဲ့နေရာဟာအရည်အသွေး မကောင်းလို့ဖြစ်တာဘဲ၊ဖြုတ်လွှင့်ရုံပါဘဲခင်ဗျာ။

a said...

လူတွေမကောင်းရင်မအောင်မြင်ဘူးဆိုတာသိလျက်နဲ့(၂)နှစ်နီးပါးဒီအတိုင်းကြည့်နေတာကတစ်ခုခုကိုကြောက်လို့လား၊မကောင်းတဲ့သူကိုအရေးယူရင်အားလုံးကုန်သွားမှာစိုးလို့လား၊ဒီစကားပြောဖို့(၂)နှစ်နီးပါကြာခဲ့တယ်ဆိုတော့တကယ်လုပ်ဖို့ဘယ်လောက်ကြာအုံးမှာလဲ၊ပြောပြီးဘာမှမလုပ်သေးတာကပြောတဲ့သူတန်ဖိုးမဲ့ပါတယ်၊ပြည်သူအများစုကတော့ဆိုးတဲ့ဖက်ကိုပဲပြောင်းလဲလာနေပါတယ်၊သေချာလေ့လာကြည့်ပါ၊မတရားလုပ်ထားတဲ့သူတွေရဲ့လုံခြုံရေးကိုရှေ့တန်းတင်နေသမျှစနစ်တကျတိုးတက်ဖို့မမြင်ပါ။

ချင့်ယုံ said...

သမတကြီးပြောတာအရမ်းကောင်းပါတယ်။စိတ်ရင်းစေတနာကောင်းနဲ့လုပ်ဆောင်ချက်တွေအောင်မြင်ပါစေ။ နောက်ကလိုက်မဲ့ထိပ်ပိုင်းကလူတွေရောခုထိ ငါ့
ဟာ၊ငါ့အတွက်လုပ်နေအုံးမှာလား။ လူရှေ့မှာအကောင်းတွေပြောနေပြီး ကွယ်
ရာနောက်ကွယ်မှာကြိတ်နေတာတွေ ဖျောက်သင့်ပါပြီ။ ပြည့်လဲပြည့်စုံနေပြီမို့
အမှန်စိတ်ရင်းနဲ့နိုင်ငံတော်အတွက်ဆိုပြီး လုပ်သင့်ပါပြီ။မိန်းမကလဲနောက်က
မဟုတ်တာလုပ်နေတာရောပေါ့။ တစ်ခါလောက်တော့ ရိုးသားကြည့်ကြပါအုံး။

shingyi said...

ဥပဒေဆိုတာပြည်သူပြည်သားကိုကာကွယ်ထားတာပါ။ဘာလုပ်ချင်တာလဲဥပဒေ၇ှိမှမှဖြစ်ပါတယ်။ဥပဒေများလေလုပ်ပိုင်ခွင့်မျာလေဖြစ်ပါမည်။ကောင်းလိုက်တာ။
ဥပဒေနားမလယ်သူများ၊ဥပဒေကိုညွှန်ကြားချက်ထုတ်လုပ်ပိုင်ခွင့်၇ှာသူတွေ
သွားလေလော့။

Tun Tun said...

အားပေးထောက်ခံပါသည်သမ္မတကြီးခင်ဗျား..အင်မတန်လည်းလေးစားမိပါသည်။

OoMinn said...

မကွေး မေ(၁၄) တနင်္လာ
အများမျှော်လင့်နေသောအခြေခံအပြောင်အလဲတွင် ငွေထုပ်ပိုက်၍ ဖြေရှင်းအောင်နိုင်မှုများကို မကွေးမြို့သူမြို့သားများအော့နှလုံးနာလျှက်ရှိသည်။ ငါဘုရင် ငါထင်တာငါလုပ် လာမရှုပ်နဲ့ကိုယ့်လူ၊ ဆိုသလောက်ပင် မည်သည့်အရာကိုမျှ မျက်စေ့တွင်မထား၊ ၀န်ကြီးများငုတ်တုတ်မှိုင်နေခဲ့ရသောကြောင့်ဖြစ်သည်။စိးပွားရေးလုပ်ငန်းရှင်ကြိးများကလည်းလက်ရှိရနေသော လုပ်ငန်းအခွင့်အရေးများ လက်လွှတ်ရမည်စိုး၍ အရသာခံ အာသာငမ်းငမ်းတက် တိုးတက်ကြီးပွားလိုသော ပုဂ္ဂိုလ်များ ၀ိုင်းဝန်းဖေးမလျှက်ရှိကြောင်း
အောက်ခြေ၀န်ထမ်းများမှလည်း မိမိတို့ရရှိနေသော စည်းစိမ် (အစုတ်အပြတ်)ကို မက်မောကြလျှက် အပြောင်းအလဲု့ပြင်ရေးကိစ္စရပ်များကိုနည်းမျိုးစုံဖြင့် ကာကါယ်ထိမ်းသိမ်းစောင့်ရှောက်သောမြို့ဖြစ်သည်။
ယခုအခါ ကောလဟလ အဖြစ်သာ ထင်ကျန်နေမှုအား အဖက်ဖက်ကပြောင်းလဲချင်ပါသော သမ္မ္တကြီးဦးသိန်းစိန်အား
ပျို့မောင်ကြီး ဟုတ်မှဟုတ်စတော်ဟု မေးနေကြကြောင်းပါ။

စေတန်(ငရဲပြည်)

ဇာမဏီ said...

၂၀၁၅ သာပီးသွားမယ် ။ သမ္မတက အပေါ်ကအော်တယ် ။နိုင်ငံတကာက
ဝိုင်းပီးကြိုဆိုကြတယ် ။ အောက်ခြေကတော့ ဒုံရင်းဘဲ ။ဘာမှ မပြောင်းလဲ
ဘဲ ။ စားမြဲ ၀ါးမြဲ ။ မူကောင်းပီး လူမကောင်း ရင် မရဘူးဆိုတာသိရဲ့နဲ့။
ဒီအတိုင်းကြည့်နေမှတော့ ထူးလာမှာမဟုတ်ဘူး ကိုသိန်းစိန် ။ စားနေကျ
ကြောင်ဖားတွေကိုလဲ စိတ်ဓါတ်တွေပြင်ပါလို့ပြောနေတာ .ကျားဥပုဒ်စောင့်
ခိုင်းတာနဲ့အတူတူဘဲဗျ ။ ဘယ်လိုလုပ်ပြင်နိုင်တော့မှာတုန်း ။အဲတော့ မကောင်းမှန်း သိတဲ့လူတွေ။ ဌာနဆိုင်ရာအားလုံး ၀န်ကြီးကအစ ၀န်ထမ်း
အထိ ဖြုတ်၊ထုတ်၊လဲ လုပ်ရတော့မှာလေဗျာ ။ ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်
တင်းတင်းကျပ်ကျပ် လုပ်ရတော့မှာလေဗျာ ။ သမ္မတ သက်တမ်း တစ်နှစ်
တာကျော်သွားတယ် ဒုံရင်းဘဲ ။

su said...

လက်တွေ့ကျကျ လုပ်ဆောင်ပြတာကိုပဲ မြင်ချင်စမ်းပါတယ်ဗျာ။

zaw hlaing oo said...

ဒီတလောဦးသိန်းစိန် အပြောတွေသိပ်ကောင်းနေတယ်ဗျာ။ပြောတဲ့အတိုင်းသာလုပ်ထဲ့လိုက်လို့ကတော့ ဝန်ကြီးဌာနတွေမနက်ရုံးတံခါးဖွင့်မယ့်အစောင့်တောင်ကျန်မှာမဟုတ်ဘူးနော်

kopar said...

သမ္မတကြီးဟာ၊တိုင်းပြည်ရဲ့ခေါင်းဆောင်ကောင်းပါ၊ပြောင်းလဲမှု့
ကိုအမှန်တကယ်လိုလားသူလို့လည်းယုံကြည်ပါတယ်၊သက်တော်
ရာကျော်ရှည်ပါစေဗျာ့

Mone Mone said...

ဒါမှ.. ဒို့ဒယ်ဒီစိန်....Bravo. Carry on, Go on....

Mone Mone said...

su said...

လက်တွေ့ကျကျ လုပ်ဆောင်ပြတာကိုပဲ မြင်ချင်စမ်းပါတယ်ဗျာ။
May 15, 2012 5:35 AM

ီDo not compare with yours.....

blessing said...

သမ္မတကြီးကိုလေးစားပါတယ်.လက်တွေ့ကျကျလုပ်ပြတာအကောင်းဆုံးပါပဲ.
မညီမျှမှုတွေအများကြီးရှိနေပါတယ်သမ္မတကြီး.အထက်လူကြီးတွေမှာကျတော့
ထားစရာနေရာမရှိအောင်ဖြစ်နေကြပြီး.အောက်ချေဝန်ထမ်းတွေမှာတော့
ငတ်တော့မဲ့ကိန်းဖြစ်နေပါတယ်.

Khin Lwin said...

တကယ်လုပ်ရင် အဟုတ်ဖြစ်ပါမည်။
တကယ်လုပ်မှာလား မေးချင်တယ်။
ဟိုးရှေးရှေးတုံးက ဘုရင်ကြီးတွေက
ပြောပေမယ့် မလုပ်ခဲ့ကြတာတွေ ကြုံခဲ့ရလို့ပါ။

သူရအောင် said...

blessing ရေ မှန်လိုက်တာဗျာ
သမ္မတကြီးရေ ကြိုဆိုပါတယ်ဗျာ

kelvin kawasaki said...

အခုလိုအသံကြားလိုက်ရတာ အရမ်းဝမ်းသာတယ်။ မြန်မာနိုင်ငံလည်း ကံကြမ္မာဆိုးထဲကနေ လွတ်မြောက်ဖို့အချိန်တန်ပါပြီ။ အတိုက်အခံနဲ့ အာဏာရပါတီ နှစ်ခုစလုံးလည်း ညီညီညွတ်ညွတ် လက်တွဲနိုင်ပါစေ။ မြန်မာနိုင်ငံသားတွေလည်း လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ

honey said...

သမ္မတကြီး...
တကယ်သာအမေစုလိုစိတ်နဲ့တိုင်းပြည်ပေါ်ထားတဲ့
စိတ်က..လေးနက်ရင်လက်ရှိဝန်ကြီးတွေဝန်ထမ်းတွေက
အမေစုနဲ့တထပ်တည်းလုပ်ဆောင်နိုင်ကြမှာပါ။
လက်ရှိမှာပြည်သူအတွက်ကြွေးကြော်နေတဲ့ဝန်ကြီးတွေ
နှစ်ပေါင်းများစွာအရိုးစွဲနေတာကြောင့်
ပြုပြင်မယ်ဆိုရင်တောင်၂၅%လောက်သာပြုပြင်နိုင်ကြမှာ
ကျန်တဲ့စိတ်တွေကသံယောဇဉ်တခုနဲ့တွယ်ကပ်နေတဲ့
လောဘစိတ်အတ္တစိတ်တွေရှိနေသမျှ
ရှေးရိုးစွဲအကျင့်ပျက်မှုကိုစွန့်လွတ်နိုင်မယ်မထင်တဲ့
ဝန်ကြီးဝန်ထမ်းမှန်သမျှအကုန်ရာထူးမှရပ်ဆဲသင့်ရပ်ဆဲလိုက်စေချင်တယ်။
တကယ်ဆိုဝန်ထမ်းတိုင်းဝန်ကြီးတိုင်းကိုယ့်အတွက်မကြည့်ပဲ
အများအကျိုးသာရည်မှန်းရင်
တိုင်းပြည်အတွက်စေတနာမှန်ကန်ကြရင်
နှစ်မကြာဘူးအောင်မြင်တိုးတက်မှာအတိအကျပဲ..
သမ္မတကြီးလည်းတရားသဘောနားလည်မှာပါ။
သေရင်ဘာမှယူသွားလို့မရတဲ့လောကကြီးမှာ
စားသင့်သလောက်သာစားနာမည်တလုံးကျန်အောင်
ပြည်သူမေတ္တာတ၇ားနဲ့အေးမြမှုကိုမြိန်မြိန်ယှက်ယှက်
ခံစားပြီးပီတိဖြစ်ပါ။
သမ္မတကြီးသာအမေစုနဲ့တထပ်တည်းကျမယ်ဆိုရင်
အမေ့နီးပါးချစ်ခင်မြတ်နိုးတန်ဖိုးထားလေးစားချင်ပါတယ်။
သမ္မတကြီးမိသားစုအရာရာအေးချမ်းကြပါစေ..
အသက်ရှည်ပါစေ..
သူတော်ကောင်းတရားကိုကျင့်ကြံနိုင်သူဖြစ်ပါစေ..

Soe said...

သမတ္တ ဟာ စစ်တပ်ကလာတဲ့ သူတစ်ယောက်ဖြစ်တယ်
စစ်တပ် ထဲမှာ သမတ္တ ထက် အာဏာပို၇ှိတဲ့ သူ တွေ၇ှိနေပါတယ်
တော်တော်များများ ကိစ္စတွေမှာ စစ်တပ် က သမတ္တ ပြောတာကို
ဂ၇ု မစိုက်ပဲ စစ်တပ်က လုပ်ခဲ့တာတွေ အများကြီးပါ ၇ှင်းအောင် ပြော၇မယ်ဆိုယင် မြန်မာပြည်ဟာ သမတ္တ နဲ့လွှတ်တော်စနစ်ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ စစ်တပ်၇ဲ့ ခွင့်ပြုချက်မပါပဲ သမတ္တ က အသေးအဖွဲ ကိစ္စ မှလွဲပြီး ဘာမှ လုပ်လို့မ၇ဘူးဆိုတာ လူတိုင်းသိစေချင်ပါတယ် သမတ္တဟာ ယနေ့အထိ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ဘာမှ လုပ်ခွင်.မ၇ှိပါဘူး စစ်တပ်ကလူတွေနဲ့ အမြဲ ပြန်တိုင်ပင်၇ပြီး စစ်တပ်က ခွင့်ပြုမှသာ
သမတ္တ က လိုက်လုပ်နေ၇တဲ့ ဘဝပါ စစ်အာဏာ၇ှင် စနစ်ဟာ
သမတ္တ နဲ့နောက်ကွယ်မှာ ၇ှိပါတယ် ဒါကြေင့်လည်း သမတ္တ ကောင်းတာ ဘာပဲပြော စစ်တပ်က မလိုက်နာပါဘူး သူလုပ်ချင်၇ာ ယနေ့အထိ သမတ္တ ကို ဂ၇ုမစိုက်ပဲ လုပ်နေတာပါ
လွတ်တော်ထဲမှာ စစ်တပ်က နေ၇ာဝင်ယူ နေကတည်းက မြန်မာပြည်ဟာ လွတ်လပ်တဲ့
ပြည်သူကပိုင်တဲ့ အုပ်ချုပ်ေ၇းစနစ်နဲ့ ဒီမိုကေ၇စီဆိုတာ အဝေးကြီးမှာပါ

အမှန်ကောင် said...

သမ္မတ ကြီးခင်ဗျား ...
ပြည်သုတွေက သမ္မတ ကြီးရဲ့ ဒီမိန့်ခွန်း ကိုကြိုဆိုနေတဲ့ ကွန်မန့်တွေက မျက်ရည်တောင်ဝဲလောက်ပါတယ်ခင်ဗျား....
တကယ်ကိုဝမ်းသာစရာကောင်းတဲ့ အခြေအနေတစ်ရပ်ပါပဲ ခင်ဗျား....သမ္မတ ကြီးရှေ့ဆက်မယ့်လမ်းတွေမှာ ရဲရဲကြီးဆက်လျှောက်ပါ....သမ္မတ ကြီး တကယ်ဆက်လျှောက်လို့ လမ်းမှာ အခက်အခဲ တွေတွေ့ခဲ့မယ်ဆိုရင် သမ္မတကြီးဘက်မှာ ပြည်သူတွေတစ်ရပ်လုံးရှိနေမယ်ဆို တာ ယုံကြည်ပေးပါ....ပြည်သူက ရွေးချယ်တဲ့ခေါင်းဆောင်သာ ခေါင်းဆောင်အစစ် ဖြစ်တယ်ဆိုတာ သမ္မတ ကြီး ကသက်သေပြပေးပါ....အမေ နဲ့ သမ္မတ ကြီး တို့သာ နိုင်ငံအတွက်လက်တွဲမယ်ဆိုရင် ကျွန်တော်တို့ ခွန်အားတွေ ဥာဏ်စွမ်းတွေနဲ့ အမေ နဲ့ သမ္မတကြီးတို့ ကို ကာကွယ်ပေးပါ့မယ်ခင်ဗျားး....ကျေးဇူးပြုပြီး သမ္မတကြီး နဲ့ ဦးသူရေ၇ွှမန်း တို့ကိုနောက်ပြန်မလှည့်စေချင်တော့ပါဘူးခင်ဗျာ...ပြည်သူတွေရဲ့ မေတ္တာ ကိုဒီလိုနည်းနဲ့ခံယူပေးကြပါခင်ဗျာ....

sailashio said...

ချီးကျူးပါတယ်
အောင်မြင်ပါစေဗျာ
သူတော်ကောင်းချစ်တဲ့ သမတ ဖြစ်ပါစေ
အလွန်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါ
ပြည်သူ့ သမတ ကြီးဖြစ်ပါစေ

winwinlin said...

သမတ ကြီး လက် (၁၀) ချောင်း ထောင် နိုင် ပါ စေ ဗျား။

aung naing said...

သမ္မတကြီးအလုပ်နဲ့သက်သေပြပေးပါ၊အရင်လူတွေလဲလူကြားကောင်းအောင်အပြောတော့ပြောတာဘဲ၊အလုပ်ကဘာမှမတွေ့ဘူး၊ဒါနဲ့ဘဲနှစ်၅၀ရှိသွားပြီ။

win said...

လူတွေကောင်းအောင်ဆိုတဲ့ အပြုသဘောဆောင်တဲ့ အပြောကိုပြသင့်ပါတယ်.
မကောင်းတာတွေက အများကြီး ပါ ။ ကောင်းအောင်လုပ်ဖို့နည်းပေးလမ်းပြသင်ကြား ပေးနိုင်စွမ်း ရှိသူကို အားကိုးမိမှာ အမှန်ပါပဲ..
အဲလိုလူသာလျှင် ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို လုပ်ယူစရာမလိုပဲ ရရှိနိုင်ပါတယ်..
တဖက်သား မကောင်းကွက်ကို ဖော် ပြီး ငါမှသာကောင်းအောင်လုပ်နိုင်သူဖြစ်တယ် ဆိုပြီး အများထောက်ခံမှု့မူနဲ့
ငါတလုံးဖြစ်လာ ပြီးတော့ ဖင်မနိုင်ပဲပဲကြီး ဟင်းစားမိလို့ သူတင်မက ကျန်တဲ့သူပါ ဒုကရောက် အဲသလို ဂျာအေးသူ့အမေရှိက်တဲ့ခေတ်ကြီးလားပဲ
ကျွန်တော့်အမြင်ကတော့ ရန်သူဆိုတာမရှိ ပြုပြင်ပြောင်းလည်းလိုစိတ် သာ အဓိကရှိဖို့လိုအပ်ပါတယ်..
အားနည်း ချက်တွေဟာစိန်ခေါ်မှု့တွေပါ.တခုခုကြောင့်လို့ ပြောနေမယ့်အစား
ဘယ်နည်းဟာ ဖြင့် ဒါကို အမြန်ကုစားပေးနိုင်သလည်း ဆိုတာ ပူးပေါင်းပါဝင်မှု့ဖြင့် အဖုအထစ် အဟန့်အတားတွေကိုကျော် လွား သွားသင့် တင်လို့ထင်မြင်မိပါတယ်

mgoarpekyal said...

အားပေးထောက်ခံပါတယ်သမ္မတကြီးခင်ဗျာ ။ နိုင်ငံတော်အတွက်အလုပ်လုပ်နေတာကိုနားလည်ပါတယ်

Thanlwin.usa said...

Tomahawk ဆိုလားဘာဆိုလား ......မင်းတစ်ယောက်ပဲ အမှန်မမြင် ဖြစ်နေတယ်နော်....မင်းလိုလူမျိုးတွေများလေ တိုင်းပြည်မတိုးတက်လေဘဲ...အခု ဦးသိန်းစိန်ကို တော်တော်များများကထောက်ခံနေတာနော်....မင်း သူ့လောက်တောင် တိုင်းပြည်အတွက်စေတနာရှိလို့လား......ဘာတွေများ မြန်မာပြည်အတွက်လုပ်ဖူးလဲ....မင်းက ရှေးရိုးစွဲကို ထောက်ခံသူလား ....၈လုံးကြီး တပည့်လား သားလား.........မင်း စိတ်ကူးလေးတွေပြင်လိုက်ကွာ

Anonymous said...

လိုင်စင်ရ ကန်ထရိုက်တာများမှ နစ်နာမှုများ တင်ပြလိုပါသဖြင်. ၇န်ကုန်မြို.တော်ဝန်မှ ညှိနှိုင်းအစည်းအဝေးခေါ်ပေးပါ ။ ......................... ရန်ကုန်လိုင်စင်ကန်ထရိုက်တာများ ။

pretty said...

သမတ ကြီး ကို အရမ်း ချစ်ပါသည်။

ဘကျော်(မကွေးသား) said...

ယနေ့
သင်ထမင်းစားပြီးသွားပြီလား
ဆန်ဘယ်နှစ်ကီလိုလောက်ကုန်ပါသလဲ
ဟုတ်ကဲ့ရေတစ်ခွက်ကမ်းလိုက်ပါ၊
မော့သောက်လိုက်မိသော ၀ီစကီများ
ချောင်းများမှတစ်ဆင့် ပင်လယ်ထဲစိးဝင်ပါစေ။
သယ်ဆောင်လာခဲ့သော ဆာလဖြူရစ်အက်ဆစ်များ
ချုပ်ငြိမ်းပါစေ
သင်ဘယ်ကလာခဲ့ပါသနည်း၊
ပြန်သွားသောအခါ ၊သင့်ဇနီးနှင့်သားသမီးများ
အမှန်မြင်၍ အမြင်မှန်ပါစေ။
သို့သော်
သင့်နောက်သို့တစ်ကောက်ကောက်
လိုက်ပါသွားသည်မှာ
အမှောင်ကြီးစိုးမှုသာလျှင်---
ပြန်လှည့်မလာသော
ရှင်သန်ခြင်း အရိပ်အငွေ့များ
စားသုံးခဲ့သော
ကျေးဇူးတရားများက မကယ်တင်နိုင်တော့ပါ။
နေ၀င်ချိန်နီးပြီ
နေထွက်ချိန်မရှိတော့ပါ
သင့်လက်ချောင်းများ
လများကိုဖမ်းဆုပ်နိုင်ပါစေ။
ကြယ်ပွင့်လေးများ
တစ်ဖြုတ်ဖြုတ်ကြွေသော်လည်း
သင့်အရိပ်များ
တွေ့မည်မဟုတ်ပါ
သင်စားသုံးသော ကယ်လိုရီများ
စွန့်ပစ်ပစ္စည်းအဖြစ်သို့ရောက်သွားပါပြီ၊
စဉ်းစားကြည့်ပါ၊
ယနေ့
သင်ဘယ်နှစ်ကီလိုစားသုံးခဲ့ပါသနည်း

ဘကျော်(မကွေးသား)

my life said...

ကောင်းပါတာယ်။

Top Gun said...

ထွက်မယ်လို့စာတင်ထားတဲ့သူကို ပြန်ပြီးဆက်လုပ်ပါလို့တာဝန်ပေးခဲ့ရင် တစ်ခုခုဖြစ်ခဲ့ပါက ဘယ်သူမှာတာဝန်ရှိမလဲ။

KMW said...

အရမ်းကောင်းတဲ့မိန့်ခွန်းပါ

KMW said...

သမတကြီး မှန်ပါတယ်

Maung Yin Maung said...

အပြော မဟုတ်..အလုပ်နဲ့ မြန်မြန် သက်သေပြပေးပါ..သမ္မတကြီး ခင်ဗျားးးးး

Powered by Blogger.