၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့...ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ နှင့်အဖွဲ့ သည် ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်အဖြစ် တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုး၊ အောင်ပန်း၊ပင်းတယ၊ ရွာငံ ခရီးစဉ်အဖြစ်(1.5.2012)ရက်နေ့ ကရောက်ရှိနေပါသည်။
၎င်းတို့ ရောက်ရှိနေခြင်းမှာ....ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲအဖြစ်
ပြည်သူလူထုများနှင့် ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(၁.၅.၂၀၁၂)ရက်နေ့တွင် ရပ်စောက်မြို့သို့လည်းကောင်း၊ (၂.၅.၂၀၁၂)ရက်နေ့တွင် ဟိုပုံးမြို့သို့လည်းကောင်း၊ (၃.၅.၂၀၁၂)ရက်နေ့တွင် တောင်ကြီးမြို့တွင်လည်းကောင်း
ဆွေးနွေး ဟောပြောခဲ့ကြပြီး။ (၄.၅.၂၀၁၂)ရက်နေ့တွင် ရွှေညောင်မြို့နှင့် ညောင်ရွှေမြို့(အင်းလေးဒေသ)များ သို့ဟောပြောလျက်ရှိပါသည်။
ဆွေးနွေး ဟောပြောခဲ့ကြပြီး။ (၄.၅.၂၀၁၂)ရက်နေ့တွင် ရွှေညောင်မြို့နှင့် ညောင်ရွှေမြို့(အင်းလေးဒေသ)များ
(၅.၅.၂၀၁၂)ရက်နေ့ ကဆုန်လပြည်နေ့တွင် ဟဲဟိုးမြို့၊ မြို့လယ်ဓ္မာရုံတွင် နံနက်(၈း၀၀)နာရီ အချိန် မြို့မိမြို့ဖ၊ ပြည်သူလူထု၊ တက်ကြွသောလူငယ်ထုများနှင့် တွေ့ဆုံ ဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။
ဟဲဟိုးမြို့ မှ ကိုမောင်မောင်(တောင်ကြီး-၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အတွက် တာဝန်ယူဆောင်ရွက်ပေးသူ)၊ ဦးမောင်မောင်(NLD ) ၊ ကိုသိန်းလွင်(NLD)၊
ဦးအေးမောင်ချုံ(မြို့မိမြို့ဖ တက်ကြွသောလူထု)၊ ဦးခင်မောင်တွတ်(ခ)ကိုနီတွတ်( မြို့မိမြို့ဖ တက်ကြွသောလူထု)၊ တက်ကြွလှူပ်ရှား ဦးလှစိုး၊ ကိုဌေးဆောင်နှင့်အဖွဲ့တို့မှာ..
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့
ထို့နောက်ဟဲဟိုးမြို့မှတဆင့် အောင်ပန်းမြို့သို့သွားရောက်ပြီး နေ့လည်(၂း၀၀)နာရီအချိန်တွင် အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်
ဓမ္မာရုံတွင်ျြမို့မိမြို့ဖများ ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ
ကျောင်းသား/ကျောင်းသူလူငယ်ထုများအား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး ပွဲကို..
ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြော င်းသိရှိရပါသည်။
ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြော
Myanmar News Now
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့. ဟဲဟိုး နှင့် အောင်ပန်းမြို့  တွေမှာဒီကနေ့ ဟောပြောမည်
Reviewed by သစ်ထူးလွင်
on
09:52
Rating:
3 comments:
၈၈ ကျောင်းသားခေါင်းဆောင်များ.... တရားဟောတာ ဆရာတော်ဓမ္မကထိက တွေလုပ်ရမှာပါ.........ယနေ့ထိ ဖြစ်ဖြစ်မြောက်မြောက် နိုင်ငံရေးလုပ်တာဘာမှ မလုပ်ရသေးဘူးနော်........ ရှေ့ဆက် ဘာလုပ်မှာလဲဆိုတာ ပြည်သူတွေက စောင့်ကြည့်နေတယ်နော်
၈၈ မျိုးဆက်သစ်ညီနောင်များတို့ ရေ- နယ်လှည့်ပညာပေးစည်းရုံးရေးလှည့်တယ်ဆိုတာ ကောင်းပါတယ်။ ပိုထိရောက်တဲ့ နည်းလေးတခု အကြံပြုပါရစေ။ အဲဒါက ဘုရားရှင်က သာသနာပြန့် ပွားအောင် ရဟန်းတော်တွေကို သာသနာပြုခရီးဒေသစာရီ ကြွချီတဲ့အခါ တကြောင်းထည်းသောခရီးကို နှစ်ယောက်အတူမသွားကြနဲ့ တဲ့- တယောက်တလမ်းစီခွဲသွားပြီး သာသနာပြုကြတဲ့- အခုလို အုပ်စုလိုက်ကြီးသွားတော့ ခရီးတွင်မှူနည်းတာပေါ့- ငွေကုန်ချင်းအတူတူ လူခွဲပြီးတော့ သွားတာက ပိုထိရောက်မယ်ထင်တယ် ညီနောင်တို့ - အဲဒီလို လူစုနဲရင် တဖက်က အုပ်စုနဲ့ ရန်ပြုလာနိုင်တာလဲ ထည့်တွက်ထားဦး- ဘာဘဲလုပ်လုပ် စားသတိ သွားသတိ တော့ရှိကြပေါ့။
တိုင်းပြည်အတွက်အမေစုနဲ့ပူးပေါင်းလက်တွဲ
လုပ်ကိုင်စေချင်ပါတယ်။နေရာတခုခုမှာပေါ့။
ဘာကြောင့်လဲဆိုရင်ပြည်သူအတွက်ပေးဆပ်မှုက
အမေစုနဲ့ထပ်တူကြပါတယ်။
Post a Comment