ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက
၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးနေတဲ့ အတွက်
ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ
ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ
ဖြစ်နေတယ်လို့ သိရပါတယ်။
စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့ ကလောမြို့ရဲ့ မြောက်ဖက်က မြင်းကကျေးရွာ အနီးမှာ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံနဲ့ ထောပတ်ခြံမြေ ဧက ၂၀ ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ အလုပ်သမား ၁၅ ဦးခန့်က ၀င်ရောက် ရှင်းလင်းနေတာဖြစ်တာလို့ ဒေသခံပြည်သူတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ကလောမြို့ NLD အဖွဲ့ဝင် ဦးဖိုးချို က အာအက်ဖ်အေ ကို ပြောပါတယ်။ "မြင်းကမှာ ရွာခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ပင်တွေက ကြီးနေပြီး၊ အဲ့ဒါကို ဆက်သွယ်ရေး ဒုညွန်မှူးက ခိုင်းလို့ ဆိုပြီးတော့ အခု ကလောမှာရှိတဲ့ ဆက်သွယ်ရေး သူတို့ဝန်ထမ်း ဦးမျိုးအောင်ဆိုတဲ့လူက လိုက်လုပ်ပေးနေတာတဲ့။ အလုပ်သမားတွေ လာပြီး ၀င်ရမ်းတာ၊ အဲဒီတော့ ရွာသားတွေက မယက ဥက္ကဋ္ဌကို သွားပြောတယ်၊ သစ်တောကို အကြောင်းကြားတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကတော့ သူတို့ကို ပြောလိုက်တယ်တဲ့။ အုတ်နံရံနဲ့ ခေါင်းနဲ့ သွားမတိုက်လိုက်နဲ့ပေါ့နော်၊ ကိုယ်ပဲ ရှုံးမယ်ဆိုပြီး ပြောလိုက်တယ်တဲ့၊ အပင်က တစ်ယောက် တစ်ယောက်ကို လိမ္မော်ပင်တွေက ထောင်ဂဏာန်းရှိတယ်။ အဲဒီ ရွာသားတွေကို သူတို့လုနေတာ သွားလည်းမတားနဲ့လို့ အဲ့ဒီ ရပ်ကွက်ဥက္ကဋ္ဌ မနေ့က လာပြောတယ်တဲ့။ သူတို့ လိမ္မော်ခြံ ထောပတ်ပင်တွေလည်း ၀င်ခုတ်ခံရသေးတယ် သွားတားလို့ရှိရင် အဖမ်းခံရမယ်လို့ ပြောလွတ်လိုက်တယ်တဲ့။" ခြံမြေပိုင်ရှင် ၅ ဦးကတော့ မြင်းကကျေးရွာက ဦးစိုးဝင်း၊ ဦးဇော်ဝင်း၊ ဦးကင်း၊ ဦးစိုးဝင်းနိုင်၊ဦးမောင်နီ တို့ ဖြစ်ပြီး ဒီမြေတွေဟာ ဘိုးဘွားလက်ထက် ကတည်းက မိရိုးဖလာ လုပ်ကိုင်လာနေတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သီးနှံစိုက်ပျိုးထားတဲ့ မြေနေရာတွေ ဒေသခံပြည်သူတွေ ပြန်လည်ရရှိနိုင်ဖို့ အတွက် သက်သေ အထောက်အထားတွေ ရယူထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အပါအ၀င် နေပြည်တော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ကြားတင်ပြသွားမယ်လို့ ဦးဖိုးချို က ဆက်ပြောပါတယ်။ ကလောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ဖြေဆိုသူ ၀န်ထမ်းအမျိုးသမီး တစ်ဦးက ဒီအကြောင်းနဲ့ပတ်သက်ပြီး မသိရှိကြောင်း၊ အုပ်ချုပ်ရေးမှူး မရှိကြောင်း အာအက်ဖ်အေကို ဖြေကြားခဲ့ပါတယ်။
RFA-Burmese

ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
Reviewed by သစ်ထူးလွင်
on
06:30
Rating:
6 comments:
သမ္မတကြီးရေ ကယ်တင်ပေးပါအုံးလို့ပဲပြောပါရစေ.... အာဏာအလွဲသုံးစား လုပ်မှုတွေဟာ အခုအချိန်ထိရှိနေဆဲပါလားနော်....
ဒီကောင်တွေက နောက်ဘ၀ကျရင် မြေခံကြရမယ့်ကောင်တွေလေ...
လာပြန်ပြီ ဆက်သွယ်ရေး.....
ဆက်သွယ်ရေး ဒုညွှန်မှုး ဆိုတာ ပိစိနောက်တောက် လေးပါ။
သူချည်း ဆိုရင် ဒီလို လုပ်ခွင့် မရှိဘူးလေ။
ဓါတ်ပုံတွေ ရိုတ်ထား သက်သေယူထားပေါ့
ကလော မြို့ အကွက် ရိုတ်တော့ မယ် ထင်တယ်။
ဒါမျိုး မရှိသင့်တော့ပါဘူး
သေသေချာချာ ဂဂနန မသိပဲ တင်ထားတဲ့သတင်းတစ်ပုဒ်ပါ။
အဖြစ်မှန်ကတော့ဒီလိုပါ....။ သူတို့ဖေါ်ပြတာ မှားနေပါတယ်....၊အဲဒီမြေကို
လျှောက်ထားစဉ်ကာလက အထွေထွေမန်နေဂျာ(GM)ရာထူးပါ..။အဲမြေကိုသူက
ဘယ်နေရာမှာရှိတယ်ဆိုတာလဲ မသိဘူး...ရောက်လဲမရောက်ဘူးပါဘူး...နိုင်ငံ
တော်ထံမှ ပဂ္ဂလိက သစ်တောစိုက်ခင်း စိုက်ဖို့အတွက် နှစ်(၃၀)မြေငှါးစာချုပ်နဲ့ သစ်တောဦးစီးဌာနက ချပေးထားတဲ့သစ်တောမြေဧရိယာပါ..။
ရှင်းရှင်းပြောရရင်သစ်တောဦး စီးဌာနပိုင်မြေပေါ့။အဲဒီရွာသားတွေ ကသစ်တော
မြေကိုကျူးကျော်ပြီးတောင်ယာ လုပ်နေကြတာပါ။လိမ္မော်ခြံတစ်ခြံတည်ဖို့က သိန်းရာချီပြီးကုန်ပါတယ်။ တော်ရုံတန်ရုံအရင်းအနှီးနဲ့မလုပ်နိုင်ပါဘူး။တကယ်
စိုက်ထားတာလဲဖြစ်ဖြစ်မြောက်မြောက်မရှိသေးပါဘူး။
သူတို့တင်ထားတဲ့သစ်သီးခြံဧက (၂၀)ဆိုတာ တကယ်ရှိရင်ဓါတ်ပုံ၊ဗီဒီယိုဖိုင်
ရိုက်ပြီးတင်ပေးရမှာပေါ့။
ကလောမြို့ဆက်သွယ်ရေးဝန်ထမ်းတွေက တာဝန်ပေးလို့ တောရှင်းဖို့
အလုပ်သမားငှါးပြီး ဆောင်ရွက်စဉ်မှာ သူတို့တွေက အဲဒီအကွက်ထဲမ၀င်ဖို့ခြိမ်း
ခြောက်နှင်ထုတ်ခဲ့တာ...နှစ်ကြိမ်တိုင်တိုင်ပါ..။မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန နဲ့
သစ်တောဦးစီးဌာန တို့ကိုတင်ပြပြီး သူတို့ကညှိနှိုင်းဆောင်ရွက်ပေးမှု နဲ့တတိ
ယအကြိမ်မြောက် တောရှင်းဆောင်ရွက်စဉ် အခုလို သတင်းတင်တဲ့အဖြစ်ကို
ရောက်လာတာပါ။
အရင်နှင်ထုတ်စဉ်ကာ လတွေထဲက ကလောမြို့နယ်သစ်တောဦးစီး
မှူးကိုယ်တိုင်ကွင်းဆင်း စစ်ဆေးပြီး ယ္ခု ရွာသားများဟာ သစ်တောမြေကိုကျူး
ကျော်နေသည့်အတွက် သစ်တောဌာန ဥပဒေအရ တရားစွဲဖို့ဆောင်ရွက်ထား
ပြီးသားပါ။အဲဒါကို တရားမစွဲဖို့ယ္ခုမြေ လုပ်ကိုင်ခွင့်ရထားတဲ့ ဘက်မှပြောပြီး အဆင်ပြေအောင်ညှိနှိုင်းခဲ့ရာ..၄င်းတို့စိုက်ပျိုးပင်ရှိသည့်နေရာများ ချန်လှပ်ပြီး
ကျန်မြေဧရိယာမှာလုပ်ကိုင်ဖို့ ထွေအုပ်ရုံးတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ယ္ခုရွာသားများသဘောတူညီ၍သာ မြေ`ရှင်းဖို့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
အမှန်ဆိုရင် သူတို့အဲဒီနေရာက လုံးလုံးဖယ်ပေးရမှာပါ...ဒါပေမဲ့အဲဒီ
လိုမလုပ်ခဲ့ဘူး။ သူတို့စိုက်ထားတဲ့ နေရာတွေကို ချန်လှပ်ပြီး သူတို့သဘောတူ
ညီမှုကိုယူပြီးမှ လုပ်တာ မတရားသိမ်းယူတာ မဟုတ်ပါဘူး။
အခုစိုက်မှာကလည်း နိုင်ငံတော်နဲ့အကျိုးတူ၊ခါတော်မီပင်(၀က်သစ်ချ)
စိုက်ခင်းပါ။အောင်မြင်လာရင်ပတ်ဝန်းကျင်ဒေသစိမ်းလန်း စိုပြေမှုကိုအထောက်အကူပြုမှာပါ၊ အင်းလေးကန်ဒေသ စိမ်းလန်းစိုပြေရေး (အင်းစိမ်းစီမံကိန်း)ရဲ့ဧရိယာမှာပါနေပါတယ်။
အမှန်တော့သူတို့ပိုင်ဆိုင်တယ်ဆိုရင် မြေစာရင်းမှာ ဦးပိုင်ပေါက်ရမယ်၊သစ်
တောက သစ်တောမြေကင်းလွတ်ကြောင်းထောက်ခံပေးမှ လုပ်ကိုင်ခွင့်ရှိတာ
ပါ..။ဘာအထောက်အထားမှ မရှိဘဲ ..ဘိုးဘွားပိုင်လို့ပြောနေတာ ..အမှန်ဆိုသူ
တို့သစ်တောဥပဒေအရတောင်အရေးယူခံရဦးမှာပါ..။မြန်မာတစ်နိုင်ငံလုံးဟာ ဒို့အားလုံးရဲ့ဘိုးဘွားပိုင်မြေပဲမဟုတ်လား.။
တစ်ခြားဒေသမှာဖြစ်ပေါ်နေတဲ့ မြေသိမ်းယူမှု တွေနဲ့လုံးလုံးမတူဘူးဆိုတာရယ်
သူခိုးကလူပြန်ဟစ်နေတယ်ဆိုတာသိရအောင်အဖြစ်မှန်ပြန်တင်ပြပေးလိုက်
တယ်။
သတင်းဦး၊ သတင်းထူး၊သတင်းမှန်များကို ဆက်လက်တင်ပြနိုင်ပါစေလို့......။
ိ
ီ
အင်းကိုရန်နိုင်က တင်ပြချက်က အားလုံးကိုသူတာဝန်ယူတယ်လို့ ဆိုလိုချင်တာလားပဲ
Post a Comment