လျှပ်စစ်မီး၂၄နာရီ ရရှိရေး၎ရက်မြောက်နေ့ ရန်ကုန်တွင်ဆန္ဒဖော်ထုတ်

ရန်ကုန်မြို့ ဆူးလေဘုရား ၀န်းကျင်၌ မေလ (၂၅)ရက်နေ့  ည(၇)နာရီကျော်ခန့် အချိန်တွင် စတုတ္တနေ့ အဖြစ် လျှပ်စစ်မီး ၂၄နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှုတွင် လူ(၁၀၀၀)ကျော် ပါဝင်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပါဝင်လာမှု ပိုမိုများပြားလာခဲ့ကြောင်း Popular Myanmar News Journal-Facebook စာမျက်နှာမှာ ဖော်ပြထားပါသည်။

ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့အဖြစ် ယနေ့ ၂၅.၅.၂၀၁၂ ညပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရန်ကုန်မြို့နေပြည်သူများက လျှပ်စစ်ဝန်ကြီးများ နှုတ်ထွက်ပေး ရန် တောင်းဆိုကြွေးကြော်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင် အား ပြင်းထန်စွာရှုတ်ရှ ခဲ့ကြသည်ဟု 7Day News Journal - Facebook



လျှပ်စစ်မီး၂၄နာရီ ရရှိရေး၎ရက်မြောက်နေ့ ရန်ကုန်တွင်ဆန္ဒဖော်ထုတ် လျှပ်စစ်မီး၂၄နာရီ ရရှိရေး၎ရက်မြောက်နေ့ ရန်ကုန်တွင်ဆန္ဒဖော်ထုတ် Reviewed by သစ်ထူးလွင် on 21:39 Rating: 5

31 comments:

B I G E Y E S B I G E A R S said...

အင်း .... ဖယောင်းတိုင် နဲ့ မှ မီး မရလျှင် မီးဒုတ် မီးဒုတ်၊ ရှို့ရှို့ ဖြစ်တော့မယ်။ လူကလေး ဇော်မင်း ရေ၊ ကျုပ်ကျက်လိ အုံး ဟ။

မိုးတိမ် said...

ကျနော်ကတော့စိုးရိမ်မိတယ်ဗျာ ..... ဆန္ဒပြပွဲရဲ့အရှိန်ကို ဦးဆောင်လှုံ့ဆော်သူတွေမထိန်းနိုင်ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာမတွေးကြည့်ချင်ဘူး ..... တာဝန်ရှိသူတွေလည်းသိလောက်ပါပြီ ဦးကိုကိုလှိုင်ကိုတော့ ပြင်းပြင်းထန်ထန်ရှုံ့ချသင့်ပါတယ် ..... ပုံမှာမြင်ရတဲ့အခြေအနေနဲ့အပြင်မှာဖြစ်နေတာမတူဘူးလို့လည်းကြားရပါတယ် ...

လင်းလင်း said...

အကြွင်းမဲ့ထောက်ခံပါသည် လျှပ်စစ်ဝန်ကြီးဦးဇော်မင်းကို အ၇င်ဆုံး၇ာထူးမှနှုတ်ထွက်ပေးပါ

bomberman said...

ငါတို့ မြန်မာတွေ ကိုက ၀ဋ်ကြီးပါတယ်
ဘယ်လို ဘ၀က ၀ဋ်ကြွေးလည်းမသိ
၂၀၁၅ ရွေးကောက်ပွဲ ကိုပဲ မျှော်ရတော့မယ်
ပြည်သူအပေါ် တာဝန် မကြေတဲ့သူတွေ ၀ အောင် စားထားကြ
( ချိန်းချောက်စရာ ဆိုလို့ ၂၀၁၅ ရွေးကောက်ပွဲ ပဲရှိတယ် )

လေးရက်မြောက် ဆိုတော့ ရွှေမန်းသားတွေထက် သာသွားပြီ

ငယ့်ရဲ့ ကို said...

ရေအားလျှပ်စစ်ပါရဂူ ဇော်မင်းနှုတ်ထွက်ဖို့ ဝိုင်းဝန်းတောင်းဆို ဆန္ဒပြစို့ 

Irrawaddy Myanmar said...

ပြည်သူတွေ အလှည့်ကျရတဲ့မီးကို ပိတ်ခိုင်းမည့်အစား လူမရှိတဲ့လမ်းမီးတွေ၊ သုံးသူမဲ့တဲ့နေရာက မီးတွေကို အရင်ဆုံးပိတ်ဖို့က နိုင်ငံတော်အလုပ်ပါ။

minsoeaung said...

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်တာကိုထောက်ခံပါသည်။နိုင်ငံ
ကြီးသား အဖြစ်ခံယူပြီးပြည်သူ့အတွက်ဖြစ်ပါစေ။
အဖျက်လုပ်ငန်းသဘောဆောင်ရင်မကောင်းပါ။
ပြည်သူအတွက်လုပ်တာဖြစ်ငေ်ောင်အဖျက်သမားမပါ
အအောင်သတိထားပါ။ ညီစေနော်။
အောင်ရမည်။

Myo1 said...

ကိုကိုလှိုင်ကတော့ မီးဝင်ထိုးလိုက်ပြီ...သူတို့ လိုချင်တဲ့ ဆူပူမှု အကွက်ထဲကို ရွှေ့ တော့မယ်....

ဝေလင်း said...

မြန်မာပြည်မှာဖရောင်းတိုင်မီးများ
ပိုလျှံနေလို့ ဦးဇော်မင်းက နိုင်ငံခြားကို
ရောင်းစားမလို့စဉ်းစားနေလောတ်ပြီ

lionking said...

မီးစက်တွေက ရန်ကုန်အရင်ရောက်ပြီးမှ အထက်မြန်မာပြည်ကိုရောက်မှာ မဟုတ်ဘူးလား ဘယ်လိုမှမဖြေရှင်းနိုင်တော့လို့ ပေတေ အဆဲခံပြီး လက်ပိုက်ကြည့်နေတာလား ခေါ်ချင်သလောက်ခေါ်လိုက်စမ်းဆိုပြီး အောက်တစ်နဲ့ စောင့်နေတာမျိုးလား

Anonymous said...

မြောက်ဥက္ကလာစက်မူ့ဇုန်မှာ အချို့စက်ရုံတွေကိုမီးခိုးပေးနေပါသည်။နွေရာသီရောက်တိုင်းEPCကကောင်တွေညတိုင်းဘီယာဆိုင်မှာ အနိပ်ခန်းမှာ တွေ့နိုင်ပါသည်။

minsoeaung said...

လွှတ်တော်အသီးသီးကပြည်သူ့ကိုယ်စားလှယ်များခင်ဗျား
လြွှတ်တော်ထဲမှာအမှန်အကန်ပြောဆိုဆွေးနေီးနိုင်ရန်
ွလိုအပ်ပါသည်။
ထို့ကြောင့်ကျွန်တော်တို့နဲ့အတူ ဖယောင်းတိုင်လာရောက်
ထွန်းပေးကြဘို့ဖိတ်ခေါ်အပ်ပါသည်။ပြည်သူ့အရေးအတွက်
ဆောင်ရွက်ရန်ထောက်ခံခဲ့ခြင်းဖြစ်ပါသည်။ပြည်သူ့ဆန်
စားပြီး

su said...

မဲပေးပါဆိုလို့ ပေးရတာလည်း ပြည်သူ၊ လိုချင်တာကို ခြေညောင်းခံ အမောစို့အောင် အော်တောင်းနေရပြန်တာကလည်း ပြည်သူတွေပဲ။ ပြည်သူ ကိုယ်စားဆိုပြီး ကျွေးကြော်ထားကြတဲ့ လွှတ်တော် အမတ်တွေ ကရော ဘာလုပ်ကြမှာလဲလို့ မေးလိုက်ချင်တယ်။

lcd said...

ကိုကိုလှိုင်ဆိုတဲ့လူ စစ်ထွက်။မင်းမရှက်ဘူးလား။သမတအကြံပေးဆိုတာပြည်သူစော်ကားတဲ့စကားမပြောရဘူးကွ။မင်းအလိုက်တသိနားပြီးဖတ်မှတ်ထားသမျှအရင်လိုဘဲစါဘဲအေးအေးရေးစားနေပါလား။မင်းတော့အပြောမှားပြီ။မင်းမျက်နှာရွဲ့မဲစောင်းကြက်သရေမရှိ။

Taw Thar Gyi said...

သမ္မတအကြံပေး(၃)ဦး
၁-ကိုကိုလှိုင် ဒုဗိုလ်မှူးကြီးဟောင်း-မိန်းမရှုပ်မှုဖြင့်ထောင်(၃)နှစ်ကျခဲ့သူ
၂-နေဇင်လတ်၊ဗိုလ်ကြီးဟောင်း အင်ဂျင်နီယာGE တပ်မှခိုးထားသောပိုက်ဆံ၊သူဌေးဦးမောင်မောင်ကျော်မယားကြီးဒေါ်ခင်စန်းကိုကြာကွတ်ဆွဲရာမှပါလာ
သောပိုက်ဆံများဖြင့် AMBO ဟိုတယ်ကိုထောင်ထားပြီး ၆ ထပ်၌ဖာခန်းများ
တရားဝင်ဖွင့်ထားသူ၊Reception ၌ဤဟိုတယ်တွင်(၃)နာရီတဆက်ရှင်နှုန်း
ဖြင့်အချိန်ပိုင်းတည်းခိုနိုင်သည် ဟုဗြောင်စာရေးကပ်ထားသူဖာဂေါင်းအကြီးစား
၃-ဆက်အောင်(ခ)ဝင်စတန်ဆက်အောင်(ကုလားလူမျိုး)
ရွှေတိဂုံဘုရားလမ်း၌ Asia Language & Business Academy(မည်သူမှမတက်သော)ကျောင်းကိုဟန်ပြဖွင့်ထားပြီးနိုင်ငံတကာမှ
ဒေါ်လာများကို NGO အမည်ခံလိမ်စားနေသူ နေအေးအကြီးစားဖာဂေါင်း
ကျောင်းတွင်ကုလားစပ်၊တရုတ်စပ် Sexy ဆရာမလေးများခန့်ထားပြီးရုံးခန်း
အတွင်းတလှည့်စီခေါ်၍ လက်တော့၌ Yellow Porn ညစ်ညမ်းကားများအတူ
ကြည့်ပြီးဆရာမလေးများအားဘောက်ဆူးချလေ့ရှိသူ
အဖြစ်မှန်များချည်းဖြစ်ပြီးမည်သည့်မြန်မာမီဒီယာသမားကိုမဆိုဆက်သွယ်
မေးမြန်းကြည့်နိုင်ပါသည်

devil said...

ကွန်မန့်ကို ဖော်ပြမယ် မျှော်လင့်ပါတယ်။
ဦးဇော်မင်းထွက်ခိုင်းလဲ မြန်မာနိုင်ငံမှာ အချိန်ပြည့် နေရာအနှံ့ မီးမလာနိုင်ပါဘူး။ ပေါ်ပင်တွေပဲ။ တကယ်က အရင်က procedure မရှိခဲ့တဲ့ဒါဏ်ကို ခံစားကြရတာပါ.။ အခုတောင်းဆိုသလို တစ်နိုင်ငံလုံးအနှံ့ ချက်ချင်းမီးလာအောင် လေမဟုတ်ပဲ လက်တွေ့ တကယ် လုပ်နိုင်သူရှိရင် သူ့ကိုချက်ချင်းတင်လိုက်ကွာ။ ဒီနေ့ပဲ ကွတ်ခိုင်အကျော်က ထင်းရှုးတောင်မှာ တပ်နဲ့ KIA ချနေပြီ။ ဒီပုံစံနဲ့ ဒီအခြေအနေက နောက်ပြန်လှည့်ဖို့ သေချာတယ်။ နောက်ပြန်လှည့်ဖို့ တပ်က ပြင်ထားလောက်ပီ။ နေခဲ့ကြတော့။ သူတို့အတွက် ပြစရာရှိနေပီ။ ဥပဒေနဲ့ အညီမလုပ်တာ ဥပဒေပြင်ပဖြစ်နေတာ အမေရိကန်လဲ မကယ်နိုင်ဘူး။ ပြီးရင် လေမှာပဲအော်ကြတော့ ။ လေမှာပဲ မြောက်ပေးကြတော့။ အင်းစိန်မှာပဲ နေကြတော့.။ ရှက်စရာကောင်းတာက ကေအိုင်အေဗုံးခွဲတဲ့လုပ်ရပ်ရှုတ်ချပါတယ်လို့ ဘယ်ဆန္ဒပြသူမှ မပြောသလို ပါတီကြီးများပါ နှာစီးနေတာ အံ့သြစရာပါ။

linn said...

Devil ရေ မင်းလိုပဲငါလဲ ရင်လေးတယ်ကွာ။ တို့မြန်မာပြည် ပြည်သူတွေရော၊ နိုင်ငံရေးသမားတွေပါ အရည်အချင်းဖြည့်ဘို့ လိုသေးတယ်ပြောရင် ပြည်သူကိုအထင်သေးတာလား အဆဲခံရမယ်။ ပြည်သူနဲ့ ရန်တိုက်ခံရမယ်။ ဆရာကြီးလုပ်တယ်ပြောမယ်။ မင်းဘယ်လောက်နားလည်လဲမေးမယ်။ နောက်ဆုံးတော့ တန်ရာတန်ရာပေါ့ကွာ။ သဗ္ဗေသတ္တာကမ္မသကာပေါ့ကွာ။ ဆုလည်းမတောင်းတော့ပါဘူး။

မျိုးချစ်မြန်မာလူငယ် said...

devil အရူးထပြီး ဖေါတောကန့်လန့် လုပ်မနေနဲ့။ မင်း အပါအ၀င် မင်းအဘတွေ ခိုးကောင်း၊၀ှက်ကောင်းအောင် အသံကောင်းဟစ်နေတာ လူတိုင်းသိတယ်။ ကိုကိုလှိုင်နှင့်တကွ အာဏာရှင်တွေ ကတော့ မီးဝင်ထိုးလိုက်ပြီ...သူတို့ လိုချင်တဲ့ ဆူပူမှု အကွက်ထဲကို ရွှေ့ တော့မယ်.... ပြည်သူလူထုကို ကြောင်က ကြွက်ကို ကစားသလို ဖမ်းလိုက် လွှတ်လိုက်လုပ်နေတာ အင်မတန် ကျက်သရေ ရုတ်လွန်းပါတယ်။
ငါတို့ မြန်မာတွေ ကိုက ၀ဋ်ကြီးပါတယ်။
ဘယ်တော့များ ခေါင်းဆောင်ကောင်း ဦးဆောင်ခွင့်ရပါ့မလဲဗျာ။
မသေခင်တော့ သန့်ရှင်းတဲ့ အစိုးရ (သို့) အမှန်အကန် ဒီမိုကရေစီ ကိုမြင်သွား တွေ့သွားချင်လိုက်တာဗျာ။

တိပံင်ကောံ said...

သူငယ်ချင်းတို့ရင်လေးသလိုငါလည်း ကျွန်တော်လည်းရင်တမမပါ။ နှစ်ပေါင်းလေးဆယ်ကျော်ပျက်စီးလာခဲ့တဲ့နိုင်ငံကိုလေးနှစ်တောင်မပြည့်တဲ့ခရီးမှာ ပြီးပြည့်စုံအောင်ဘယ်နိုင်ငံမှမစွမ်းဆောင်နိုင်ပါဘူး။ အရင်အစိုးရလက်ထက်က လက်လွန်ခဲ့တာတွေလည်းပြီးခဲ့ပါပြီ။ တို့တွေထအော်နေလို့လည်း တို့အတွက်ပြန်လာမှာမဟုတ်တော့ဘူး။ တို့တွေလုပ်ရမှာက နောက်ထပ်အရင်လိုပြန်မရောင်းဖြစ်ဖို့ကာကွယ်ရမှာလို့ထင်တယ်။ တို့တွေအခုလိုအော်နေရင် နိုင်ငံကိုသမတကမထိန်းနိုင်တော့ဘူးဆိုပြီး တို့ရဲ့လက်ရှိဘ၀ကို နောက်ပြန်ဆုတ်သွားအောင်လုပ်တော့မှာပဲ။ နောက်ထပ် အနှစ်လေးဆယ်တော့ ဒီလိုအဖြစ်ပျက်မျိုးနဲ့ပြန်နေရအောင်မဖန်တီးပါနဲ့လို့ပြောချင်ပါတယ်။ အခုလောက်ဆိုနိုင်ငံတော်ကလည်းပြည်သူတွေရဲ့လိုအပ်ချက်ကိုသိလောက်ပြီ။ ကျွန်တော်တို့မီးတောင်နေမယ့်အစား ပညာရေးကိုတောင်းဆိုရင်ကောင်းမယ်လို့ထင်တယ်။ ပညာအားမြင့်မှတို့နိုင်ငံရဲ့လိုအပ်ချက်တွေကိုတို့တွေပိုလုပ်ပေးနိုင်မယ်လို့ထင်တယ်။

ချင့်ယုံ said...

မီးမကောင်းတာက အရင်ကပေါ်လစီအမှားတွေကြောင့်လေ ။ အခုမှထပြီးတစ်
နိုင်ငံလုံးမီးရဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါ။ မြောက်ပေးတိုင်းမဆင်မခြင်လုပ်နေ
ရင်နိုင်ငံရေးပါနောက်ပြန်ဆုတ်ကုန်လိမ့်မယ်။ မီးရဖို့ဆိုတာဆုတောင်းနေလို့
မရပါ။ လျှပ်စစ်ဓါတ်အားထုတ်နိုင်မယ့်အစီအမံတွေလုပ်ရမယ်။တစ်နိုင်ငံလုံးလျှပ်
စစ်ဓါတ်အားလိုနေချိန်မှာ နေရာအနှံ့အမြန်ဆုံးရနိုင်မယ့်ရေရှည်စရိတ်
အနည်းဆုံးရနိုင်မယ့်အစီအစဉ်ကဘာဖြစ်နိုင်မလဲ။ ရေအားလျှပ်စစ်လေ။
နျူးကလီယား၊ကျောက်မီးသွေးကပတ်ဝန်းကျင်ပိုထိခိုက်မယ်။ ဘေးထွက်
ဆိုးကျိုးလုံးဝမရှိတာတော့မရနိုင်ဘူး။လုပ်သင့်တာမလုပ်ဘဲ။အော်နေလို့
ဘာမှကောင်းမလာနိုင်ပါ။တောကြောင်များကြောင့်သာ ဒုတ်ခဖြစ်မည်။
ဆနပြနေလို့နက်ဖြန်သဘက် တစ်နိုင်ငံလုံးမီးရလာနိုင်မလား။ဖြစ်သင့်တာ
တွေးကြပါ။တာဝါတိုင်ဖျက်တာကို မပြောဘဲနေတာကတော့အံ့သြစရာပါ။
ဒါကိုကြည့်ချင်းဖြင့် နောက်ကမရိုးတာတွေ့နိုင်ပါသည်။
ချင့်ယုံ

Anonymous said...

အမေကို တကယ် ချစ်ကြတယ်ဆိုရင် ၊ စုဝေးတောင်းဆိုမှု တွေ ကြောင့် အ ကြိမ်ကြိမ်စတေးရတဲ့ အမေ ထပ်စတေးရမှ ရပ်တန်းကရပ်ကြမှာလားဟင်

ပုသိမ်သား...ဆင်မ ပြောတဲ့အတိုင်းတောင်းဆိုပရစေအမေစု

လုပ်ပါ အမေရယ် နဲနဲဝင်ထိန်းပေးပါ ၈၈၈၈ လိုရွှေဝါရောင်တို့လိုဖြစ်သွားမှာစိုးတယ် ကျနော်တိုနိုင်ငံကခုမှလဲနေ ရာကနေကုန်းထနေရတာ နောက်တကြိမ် နွံမနစ်ပါရစေနဲ့ အမေရပ်ဖို့ တိုက်တွန်း ပေးပါ အမေ

မောင်ငြိမ်းချမ်း said...

ကိုကိုလှိုင်ကအမှန်ကတော့လူထုဘက်ကပါ၊ မြန်မာတပြည်လုံးဖ
ယောင်းတိုင်ထွန်းပြီးဆန္ဒဖော်ထုတ်ကြပါလို့သူကပြောဒါ။

Anonymous said...

စုံစမ်းပြီးပါပြီ Taw Thar Gyi comment ကအကုန်လုံးအမှန်တွေချည်းပါဘဲခင်ဗျာ။

သတင်းချစ်သူ said...

Devil မင်းအရူးထပြီး ကွန့်မင့်ဝင်ရေး မနေစမ်းနဲ့၊ေ×ွးပါးဝလို့ လူအဆဲခံချင်နေတာလား။
အမေရိကန်သမ္မတနဲ့ ကျနော် စကားနည်းနည်းပြောချင်ပါတယ်။
မြန်မာနိုင်ငံ အကြောင်းကို ကိုယ်တွေ မြန်မာနိုင်ငံသားထက် ဘယ်သူက ပိုသိနိုင်ပါ့မလဲ။ မမေး မစမ်းပဲ စီးပွါးရေး ဖွင့်ပေးခဲ့တာ အမေရိကန်အမှားပါ။
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့၊ကြံ့ဖွတ်၊ရဲ တွေ တလှည့်စီ နံမည်ခံပြီး နိုင်ငံကို လှည့်စား၊ ကမ္ဘာကို လှည့်စားနေတာ ကျနော်တို့ မြန်မာနိုင်ငံသားလောက် သူတို့သိနိုင်ပါ့မလားဗျာ။ (မှတ်ချက်၊။ လူရိုး၊လူကောင်းတွေက ကိုယ်အကျင့်နဲ့ပဲ တွေးတတ်မြင်တတ်ပါတယ်။)
ဒါကြောင့်မြန်မာပြည်လာသော မည်သူမည်ဝါမဆို အထက်အရာရှိများထက် ပြည်သူတွေရဲ့ ဆန္ဒကို သူတို့ ဒီမိုကရေစီနည်းကျကျ ပေးရဲ့လားလို့ စုံစမ်းပြီးမှ အရာအားလုံးကို ဆုံးဖြတ်စေချင်ပါတယ်။ အကြမ်းဖက်ပြီး နိုင်ငံအတွင်းမှာ စစ်တပ်နဲ့၊ကြံ့ဖွတ်၊ရဲ တွေ တလှည့်စီ နှိမ်နှင်းတာ အမှန်အကန်ဒီမိုကရေစီမဟုတ်ပါ။
မြန်မာပြည်ထုတစ်ရပ်လုံး လူလိမ်လူကြစ်တွေ ဘေးမှ လွတ်မြောက်ပါစေဗျာ။
(ကျနော် မသေခင် good govement (or) clean govement ကို မြင်သွားချင်ပါတယ်။)

ကိုမျိုး said...

ကိုနေ၀င်းပြောတာမှန်တယ်ဗျာ မန်းန္တလေးက AE တို့ EE တို့လျှပ်စစ်ကလိုင်းမင်းပါမကျန်ဘူးတောတော်များများ ၀န်ထမ်းတွေလဲ ktv တွေမှာညတိုင်းရှိတယ်ဗျာ ချမ်းအေးသာဇံမြို့နယ်မှူ့းဆိုရင် စင်တင်တော်တော်ကြိုက်ဆိုပဲအောက်ခြေကS A E လေးတွေကသူတို့ရဲ့ညစာကိုနေ့တိုင်းဖန်တီးပေးနေရတယ်တဲ့

Anonymous said...

သမတ္တအကြံပေးဆက်အောင်သည်နိင်ငံခြားကဘွဲ့အတုကိုပိုက်ဆံနှင့်ဝယ်ထားသူဖြစ်သည်

devil said...

မျိုးချစ်မြန်မာလူငယ် နဲ့ သတင်းချစ်သူ တို့ကို ပြောချင်ပါတယ်။ အဓိက သတင်းချစ်သူပေါ့။ ဒီမိုကရေစီတောင်းပြီး တကယ်ကော ဒီမိုကရေစီ စိတ်ရှိပြီလား။ ရှိခဲ့ရင်တော့ သတင်းချစ်သူပြောသလို ရေးစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ လွတ်လပ်စွာ တွေတော ဝေဖန် ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရမို့လို့ပါ။ ကျွန်တော့်အရေးအသားဟာ ကိုယ်တွေးထင်တဲ့ မြင်တဲ့ အမြင်သာဖြစ်တဲ့Neutral ဆန်ဆန် မြင်ခြင်းသာဖြစ်ပြီး ဘယ်အရောင်မှ မလွှမ်းဘူး ဆိုတာ ပြောချင်သလို ရိုင်းစိုင်းတဲ့ အသုံးနဲ့ လဲ ဒီမိုကရေစီကို အရောင် မဆိုးပါဘူး။ လူဆဲမှာစိုးလို့ဆိုပြီး ကျွန်တော့ မျက်စိ နားကို အတင်းမပိတ် သလို နေရာတကာမှာလည်း ဘယ်ဘက်ကို မှ အဆိုးမြင် ၊ အကောင်းမြင် မထားဘူး။ အဓိကက နိုင်ငံကောင်းဖို့၇ယ်၊ ဒီမိုကရေစီလမ်းကြောင်းကနေ မဆုတ်အောင် နိုင်ငံရေးပါးဝစွာ ညင်သာတဲ့နည်းနဲ့ တွန်းဖို့၊ နိုင်ငံသားတိုင်း ဒီမိုကရေစီကျင့်စဉ်နဲ့ အမြင်များရှိဖို့ လိုတယ်လို့ မြင်တာပါ။ ငါနဲ့ အမြင်မတူ ငါ့ရန်သူဆိုပြီး ရန်သူလို သဘောထားတဲ့ ခင်ဗျားတို့ရဲ့ အကျင့် က တကယ်တော့ စစ်အစိုးရအမွေတွေ ဆက်ကိုင်ထားတာပါ။ ငါ့ရဲ့ လုပ်ရပ်က အ ပြောနဲ့ ရလာမဲ့ ရလာဒ်က ရှေ့တိုးဖို့လား နောက်ဆုတ်ဖို့လား ဆိုတာ စဉ်းစားစေချင်ပါတယ်။ တောမီးလောင်တောကြောင် လက်ခမောင်းခတ်တတ်တာမို့ တောကြောင်တွေရန်ကို ကာကွယ်ဖို့ အတွက် လက်နက်မရှိတဲ့ ပြည်သူအနေနဲ့ တောကြောင်ရန်ကို ကာကွယ်ဖို့ ဒီမိုကရေစီလမ်းဖြောင့်စေဖို့ ဦးနှောက်နဲ့ အလုပ်လုပ်တတ်ဖို့ လိုပါတယ်လို့ပဲ အကြံပြုပါရစေ။

devil said...

ပြီးတော့ သတင်းချစ်သူပြောတဲ့ အမေရီကန်က ဘာလို့ အမေစု သတိပေးနေရက်နဲ့ တံခါးဖွင့်ပေးလိုက်သလဲ ဆိုတဲ့ ကျွန်တော့အမြင်ကို (ခင်ဗျားတို့ အဆဲခံပြီး) လျှာရှည်လိုက်ပါဦးမယ်။ တကယ်တော့ မြန်မာ့ ဒီမိုကရေစီ အချိုးအကွေ့ဟာ အင်အားကြီး (၂)နီုင်ငံအတွက် ရှော့ ဖြစ်စေခဲ့တာပါ။ အမေရိကန်အတွက် မထင်မှတ်တဲ့ အကျိုးရလာဒ် (၀ါဒရေးရာ)ရခဲ့ သလို တရုတ်အတွက်က မထင်မှတ်တဲ့ ဆိုးကျိုးရှေ့ ရိုက်သွားစေခဲ့တာ။ ဒါကြောင့် နောက်ကြောင်းလှည့်ရင် တရုတ်အတွက် နောင်ဒီလိုမဖြစ်စေအောင် backup တွေ အရင်ထက် ပိုယူလာတော့မှာပါ။ ဒီလိုဖြစ်လာရင် အမေရိကန် UN ဥရောပ သမဂ္ဂ ဘယ်သူမှ စီးပွားရေးပိတ်တာက လွဲလို့ ဘာမှ မလုပ်နိုင်ဘူးဆိုတာ နှစ် 20 ကျော် စစ်အစိုးရ အုပ်ချုပ်နိုင်ခဲ့တာ သာဓကပါ။ ပြောချင်တာက အမေရိကန်အတွက် မြန်မာ့ ဒီမိုကရေစီ အချိုးအကွေ့ဟာ ဘုရားပေးတဲ့ ဆုပါ။ ဒါကြောင့် နောက်ကြောင်းပြန်မလှည့်စေရေး ဆောင်ရွက်ချက် တစ်ခုလို့ မြင်ပါတယ်။ personal အမြင်ဖြစ်လို့ မှားကောင်းလဲ မှားမှာပါ။ ဝေဖန်နိုင်ပါတယ်( အပြုသဘောပေါ့ )

chatgyi said...

Taw Thar Gyi နဲ့ naingaung တို့တွေ comments မပေးခင် ကိုယ် comments ပေးမဲ့အကြောင်းအရာကို သေသေချာချာ စုံစမ်းဆန်းစစ်ပြီးမှ ပေးသင့်တယ်၊ အခြေအမြစ်မရှိရင် comment အပေးခံရတဲ့အရာနဲ့ ပတ်သက်ဆက်နွယ်ဒါတွေ အားလုံးမှာ နစ်နာမှုရှိတယ်။ ကျွန်တော့ ကလေးကို Asia Language & Business Academy မှာ အခုထက်ထိ ကျောင်းထားထားတယ်။ ကျွန်တော့ကလေးကို အဲဒီကျောင်းမှာမထားခင်ကထဲက ကျောင်းအုပ်ချုပ်သူများ၊ ဆရာဆရာမများ၊ သင်ရိုးညွန်းတမ်းများ၊ အထူးသဖြင့် စည်းကမ်းပိုင်းအားလုံးကို သေသေချာချာ စုံစမ်းလေ့လာစိစစ်ပြီးမှ ကျောင်းကိုအပ်ခဲ့တာ။ ကျောင်းမှာ full-time နဲ့ part-time ကျောင်းတက်နေတဲ့ ခလေးတွေများလွန်းလို့ ကျောင်းကြိုပို့ချိန်မှာ ကားရပ်စရာတောင်မရှိဘူး။ ကျောင်းကလဲအခုမှဖွင့်တာမဟုတ်ဘူး။ ကျွန်တော့ခလေးတက်တာဘဲ ၅ နှစ်ကျော်ပြီ။ ခင်ဗျားတို့ပြောသလို မဟုတ်တာလုပ်အကုန်လုပ်တဲ့ကျောင်းဆိုရင် သတင်းကမနေဘူးဗျ။ အကောင်းဆုံးကတော့ သူများအကြောင်းမရေးခင် အရင်သေချာစုံစမ်းဗျာ။ အခုတော့ ကျွန်တော်တို့ မိဘတွေ ခလေးတွေပါထိခိုက်ကုန်ပြီ။

devil said...

ကို chatgyi ရေ အကိုပြောသလိုသာ စဉ်းစားမှုလေးရှိကြရင်တော့ အကောင်းဆုံးပေါ့ဗျာ ။ ငါ့စကား နွားရ တင်တာမျိုးတွေကတော့ မကောင်းဘူးပေါ့ဗျာ။ အဓိကကတော့ ကိုယ်ပိုင် စဉ်းစား ဆင်ခြင်နိုင်စွမ်း ဟာ နိုင်ငံရေးရေချိန် ဘယ်လောက်ရှိတယ်ဆိုတာ ပြတာပါပဲ။

zawuk said...

ကျွန်တော်ဆက်အောင်ဆိုတဲ့သူကို british council စကောလားရတဲ့သူတွေစုပြီးလုပ်တဲ့ ပွဲတွေမှာမြင်ဘူးတယ်ဗျ။ ကျွန်တော်သိသလောက်က ဒီလူက BC ကပေးတဲ့ ရှီးဗနင်း စကောလားရှစ်နဲ့ အင်ဂလန်က ဘွဲ့တစ်ခုလား နှစ်ခုလားရထားတယ်ဗျ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုံးကလဲ ကျွန်တော့သူငယ်ချင်းတက်နေတဲ့ ဂျပန်တကသိုလ်တစ်ခုမှာ သူပီအိတ်ခ်ျဒီ တက်နေတယ်ဆိုပြီးကြားတယ်ဗျ၊ အခုတော့ ပီအိတ်ခ်ျဒီ ပြီးမပြီးတော့မသိဘူး။ သေသေချာချာစုံစမ်းပြီးမှပြောပါဗျာ။ ရှည်ရှည်ဝေးဝေးစုံစမ်းစရာမလိုပါဘူး။ ရန်ကုန်က british council မှာစုံစမ်းလိုက်ရင် လွယ်လွယ်လေးပါ၊

Powered by Blogger.