မန်း စည်ပင် အတွင်းရေးမှူး ၏ သား ၊ အိမ်အတွင်း ၀င်ရောက် မိန်းကလေး အား ထိုး / ရိုက် ခြင်း

ထိုးကျိတ်ရိုက်နှက်ခံရသူ မထွယ်အောင်
မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးစန်းမောင် ၏
သားဖြစ်သူ ချိုသဲမောင် သည် ၃၁-၃-၂၀၁၂ နေ့ က နေ့ လည် ၁၁း၃၀ နာရီအချိန်
တွင် ၆၆ x ၆၇ ကြား၊ ၃၈ x ၃၉ ကြား မဟာမြိုင် အပိုင်း(၁)၊ အကွက်(၅) မန္တလေးမြို့ 
မဟာအောင်မြေမြို့ နယ်တွင် နေထိုင်သော ကျွန်မ မထွယ်အောင် နေအိမ် အတွင်းရှိ
နေစဉ် ကားနံပါတ် ၃၈/၉၉၄၆ စူပါ စလွန်းအဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး
မည်သည့် အကြောင်းမှပြောဆိုခြင်းမရှိပဲ ကျွန်မ၏ အင်္ကျီရင်ဘတ်အား ဆောင့်ဆွဲပြီး
ထိုးကျိတ်ကန်ရိုက်နှက်ကာ ငါ့ကို ဘာကောင်မှတ်နေသလဲ ဘယ်ရုံးကိုတိုင်တိုင်
စောက်ဂရုမစိုက်ဘူး တိုင်ချင်ရတိုင် နင့်ကိုငါသတ်ပစ်မယ်၊ ထိုးသတ်မည်ဟု ခြိမ်းခြောက်
ကြိမ်းမောင်းပြောဆိုကာ ထွက်သွားပြီး ကားနားအရောက်တွင် သတ္တိရှိတဲ့ကောင်လာခဲ့
ဟုပြောဆိုကာ ကားမောင်းပြီးထွက်သွားပါသည်။

ကျွန်မ မထွယ်အောင်မှ ၂.၄.၂၀၁၂ နေ့ တွင် မန္တလေးမြို့  အမှတ်(၉)ရဲ စခန်းသို့ သွား
ရောက်အမှု့ ဖွင့်တိုင်းကြားခဲ့သော်လည်း ၅.၅.၂၀၁၂ နေ့ အထိ မည်သို့ မှ အကြောင်း
ပြန်ကြားခြင်းမရှိသဖြင့် ရဲ စခန်းသို့ သွားရောက်စုံစမ်းမေးမြန်းရာ တရားခံအား
အဖမ်းပြပြီး အာမခံပေးလိုက်သည်ဟု သိရပါသည်။

ဤအမှု့ နှင့် ပါတ်သတ်၍ ကျွန်တော်တို့ အား အထက်မှဖိအားပေးနေသဖြင့် အမှု့ မှန်
ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရာတွင် အနှောက်အယှက်အဟန့် အတားဖြစ်နေ
ပါသည်ဟုလည်း ကျွန်မတို့ အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့ ကြောင့်မြို့ တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်အတွင်းရေးမှူးဦးစန်းမောင်
၏ သားဖြစ်သူသည် ဖခင်အာဏာကို အလွှဲသုံးစားပြုလျှက် မြို့ တော်နေ ပြည်သူမိန်း
ခလေးတစ်ဦးအား နေအိမ်အတွင်းသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်ကာ ကာအိန္ဒြာပျက်ပျား
စေခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကျိတ်ရိုက်နှက်ကာ
ခြိမ်းခြောက်ကြိမ်းမောင်းသွားသည်ကို ထိရောက်မှန်ကန်စွာအရေးယူပေးပါရန်
နှင့် အများပြည်သူသိရှိနိုင်အောင်တင်ပြလိုက်ပါသည်။

မထွယ်အောင်



မန်း စည်ပင် အတွင်းရေးမှူး ၏ သား ၊ အိမ်အတွင်း ၀င်ရောက် မိန်းကလေး အား ထိုး / ရိုက် ခြင်း မန်း စည်ပင် အတွင်းရေးမှူး ၏ သား ၊ အိမ်အတွင်း ၀င်ရောက် မိန်းကလေး အား ထိုး / ရိုက် ခြင်း Reviewed by သစ်ထူးလွင် on 07:39 Rating: 5

77 comments:

ဇာမဏီ said...

အရင်ကဘာဇာတ်လမ်းတွေရှိလဲမသိဘူး ။ပြည့်ပြည့်စုံစုံလေးသိရတော့
ပိုကောင်းတာပေါ့ ။ ခု ဒီစာက သိပ်မပြည့်စုံဘူးဖြစ်နေတယ် ။ ဘာမှ အပြစ်
မရှိဘဲ ဘလိုင်းကြီးဆိုရင်တော့ . ချိုသဲမောင် ဆိုတဲ့ကောင် တော်တော်
သတ္တိကောင်းတာဘဲ ။ မိန်းကလေးတစ်ယောက်ကို ထိုးကြိတ်ရဲတယ် .....

ချစ်ဖူး said...

ငါ့အိမ်ကိုသာ လာရမ်းကားရင် မင်း ၂ပိုင်းပြတ်မယ်။ သတ္တိကောင်းတဲ့ နွား

ko phyo said...

အင်းးး.....ဘာဆက်လုပ်ကြမလဲ.....ပြည်သူတို့.

myintkoko said...

ဒီခေတ်မှာအခွင့်ထူးခံဆိုတာမရှိဘူး
ဥပဒေဖေါက်ဖျက်၇င် ဥပဒေနဲ့ အညိအေ၇းယူခံ၇မှာဘဲ
ရဲ နဲ့ တ၇ားသူကြီးတွေ ဒီကိစကို ဘယ်သူမျက်နှာမှမထောက်
ထားဘဲ ဆောင်ရွက်ဖို့ လိုမယ်

အမတ်ကြီး said...

ရမ်းကားသူကိုတော့အရေးယူရမည်။အရင်ဇတ်လမ်းရှိလို့ဖြစ်ပါမည်။ပြည်သူများအားကိုး
သောပြည်သူ့ရဲဖြစ်ရန်ဥပဒေအတိုင်းလုပ်ပေးပါ။

kotunaung164@gmail.com said...

ဘာတွေလဲကွစစ်အစိုးရအာဏရှင်နှင့်ပက်သက်သောဝန်ထမ်းတွေကိုယခုထိလုပ်ပိုင်ခွင့်ပေးထားတုန်းလား၊သမ္မတကြီးခင်ဗျာအောက်ခြေပြည်သူများနှင့်တစ်ခေါက်လောက်တော့ကိုယ်တိုင်ကွင်းဆင်းလေ့လာကြည့်စေခြင်းပါတယ်။အာဏရှင်စနစ်မပြောက်သေးပါခင်ဗျာ။

nyizaw said...

မန်း စည်ပင် အတွင်းရေးမှူး ဦးစန်းမောင် ဟာ ဒု ဗိုလ်မှူးကြီး တစ်ယောက်ပါ၊ ခေတ်အဆက်ဆက် မန်း စည်ပင်မှာ တာဝန်ယူခဲ့သူဖြစ်လို့  အတော်လေးချမ်းသာပြီး သူ့ သားက ဒီလောက် မောက်မာတာ မဆန်းဘူးပေါ့။ မန်း တရုတ်တွေနဲ့  တရုတ်နယ်စပ်က ကုန်သည်တွေနဲ့  အတော်လေး စီးပွားဖြစ်နေသူဘဲ။ ဥပဒေအထက်မှာ ဘယ်သူတွေရှိနေသေးလဲ .....

PwaG said...

တော်တော် မိုက်ရိုင်းတဲ့ကောင်။ ဘာကြောင့်အဒီလောက်အထိကျူးလွန်ရဲတာလည်း။လုပ်လောက်တဲ့အကြောင်းရှိလျှင်တောင်အဒီလိုဉပဒေမဲ့ပြုမူလို့ရသလား။။။သက်ဆိုင်ရာတို့ကြည့်လည်းလုပ်ကြပါဉီးဗျို့

PwaG said...

တော်တော် မိုက်ရိုင်းတဲ့ကောင်။ ဘာကြောင့်အဒီလောက်အထိကျူးလွန်ရဲတာလည်း။လုပ်လောက်တဲ့အကြောင်းရှိလျှင်တောင်အဒီလိုဉပဒေမဲ့ပြုမူလို့ရသလား။။။သက်ဆိုင်ရာတို့ကြည့်လည်းလုပ်ကြပါဉီးဗျို့

mad dog said...

ဘာကြောင့်ဆိုတာလေး ပြည့်ပြည့် စုံစုံ တင်ပေးပါ။

kiddykid said...

ဘာဇာတ်လမ်းတွေပဲရှိခဲ့ခဲ့ မခဲ့ခဲ့..မိန်းကလေးတဦးကိုဒီလိုမျိုးလုပ်တာတော့ လွန်တာပေါ့။ ဒါတောင် စည်ပင်က အတွင်းရေမှူးသားမို့ ပဲ...သူ့ထက်သာကြီးရင်တော့လား...ဒါပဲလေ..နေရာတကာ..အာဏာကိုသုံးပြီးပြချင်နေကြတာ..ရှိနေအုံးမှာပါပဲ..ရှိနေဆဲပဲလေ...

maung said...

အဲဒိခေတ်မျိုး ကလည်း ကုန်နေသလိုလိုနဲ့ မကုန်သေးပါလား

lwannaymie said...

ဒီသတင်းကတစ်ခုခုမှားနေပြီ၊ အပြည့်စုံရေးမှပေါ့။ အရင်ကကိစ္စမရှိဘဲ ပြဿနာမဖြစ်နိုင်ပါဘူး။(ပြစ်စာလိုဖြစ်နေပြီ၊)။ အကြောင်းစုံပြောမှပြည်သူ ကသိမှာပေါ့။ (ဘယ်ဘက်မှမလိုက်ပါ။)

Myo1 said...

လူမိုက်ရဲ့ သား ရမ်းကား၏ တဲ့...စာဆိုရှိပါတယ်

david said...

အာဏာ ပါဝါ အလွဲသုံးစားပြုသူများကို ထောင်ဒဏ်အပြစ်ပေးသင့်ပါပြီ... အာဏာအလွဲသုံးစားခြင်းသည် ပြည်သူတို့၏ အေးချမ်းစွာ နေထိုင်မှုကို များစွာထိခိုက်စေပါသည်

shwe sar said...

သြော်..တနေ့တမျိုးမရိုးအောင်ကိုလုပ်နေကြတော့တာဘဲနော်.....

ုkyaw said...

အကြောင်းမဲ့တော့မဖြစ်နိုင်ဘူး ဒါပေမဲ့ဥပဒေအရတော့မိန်းခလေးတစ်ယောက်ကိုကိုယ်ထိလက်ရောက်စော်ကားတဲ့အတွက်တော့ တရားစွဲပိုင်ခွင့်ရှိတယ် ကျန်တဲ့အပိုင်းကတော့ တစ်ပိုင်းပေါ့ ဒီလိုမျိုးလုပ်တာကတော့အနိုင်ကျင့်သလိုဖြစ်နေတယ်အရေးယူသင့်တယ်

Unknown said...

အရင်က ဘာဇာတ်လမ်းများရှိခဲ့လဲ..အကြောင်းမဲ့တော့..မဟာမြိုင် အပိုင်း
(၅)လမ်းကြားထိတော့လာပြီးမရမ်းကားလောက်ပါဘူး..။ဇာတ်လမ်းအပြည့်အစုံ
လဲထည့်ရေးပါအုံး။ ဒါက လူမှူရေးကိစ္စဖြစ်ပါတယ်..နိုင်ငံရေးကိစ္စမဟုတ်ပါဘူး
လူမှူရေဇာတ်လမ်းလဲ ကင်းရှင်းစေချင်ပါတယ်..။စကားပုံရှိပါတယ်
ကြား(၃)ကြားမ၀င်ကောင်းဘူးတဲ့...။

ကြယ်ပြာ said...

နောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ ရှိရမယ်။ ဒီစာမှာ အဲ့ဒါကို ဖွက်ထားသလိုပဲ။

အာပလာ said...

အယင်ကလည်း အတွင်းရေးမှူး မောင်ပု ရဲ့သား ကိုဝေ ဆိုလား ... မန္တလေး GTC ကျောင်းက စာသင်ခန်းထဲ ကျောင်းသားတွေ ၀င်ရိုက် တာ ရဲတိုင်တော့လည်း ဘာမှ မဖြစ်လိုက်ဘူး.. ပိုင်တယ်နော်..

Thurein said...

ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ဘာဇာတ်လမ်းပဲရှိရှိ မိန်းကလေးတစ်ယောက်ကို အိမ်ထဲထိ ၀င်ရောက် စော်ကားတာတော့ ဘယ်လိုမှမဖြစ်သင့်ပါဘူး။ ဥပဒေရဲ့ထက်မှာ ဘယ်သူမှ မရှိပါဘူး။ ၀ိုင်းဝန်းအရေးယူပေးကြပါ။

ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com

Nay Nwaye said...

ဟုတ်ရဲ့လား မောင်ကာလုရယ်။

koko said...

အကြောင်းတခုခုမရှိပဲနေပါ့မလား။ဒါပေမဲ့အိမ်ထိစော်ကားရအောင်ဒီကောင်ဘာမို့လဲ။
ဥပဒေထက်မှာမနေပါဘူး။သမ္မတလဲရှိတယ်။မြန်မာနိုင်ငံနဂိုလိုပဲထင်တဲ့အခွင့်ထူးခံတွေ
စံပြတယောက်လောက်မှန်တဲ့ဘက်ကဥပဒေတိုင်းဖြေရှင်းပြရင်ကောင်းမယ်။

minsoeaung said...

းသားတော်နဲ့တောကြောင် လဲတဲ့ ပေါင်ချိန်ကားထဲကလို
ရှင်ဘုကို ရှင်ဘုရင်ကိုကြိမ်ဒဏ်ပေးတယ်။
ဒါကဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဆိုတာကိုပြောတာ
ဟုယူဆမိပါသည်။
သမ္မတကြီးနှင့်ဦးရွှေမန်းကလည်း ဥပဒေအထက်မှာ
ဘယ်သူမှမရှိရဘူးပြောထားပါသည်။
ဒါကြောင့်ပြစ်မှုကျူးလွန်သူကိုထိုက်ထိုက်တန်တန်
အပြစ်ပေးပါရန် မှတ်ချက်ပြုပါသည်။

than said...

ဒီမိန်းခလေး ကရော အရင်က ဘယ်လိုများပတ်သတ်ခဲ့ဘူးလို့ ပါလဲ ။ ကောင်းတုန်းကယူပီ မကောင်းမှအသံ ထွက်တာဆိုရင်တော့ စဉ်းစာစရာပေါ့

Bagyi said...

ဥပဒေရဲ့ အထက်မှာ ဘယ်သူမျှမရှိရတဲ့။ ပြောတော့ပြောတာဘဲ။

ko lay said...

နွားလားလူလား...မိန်းကလေးကိုပဲ...လုပ်လို့ ရမယ်...မင်းညီမကို...ငါ..လုပ်ရင်..မင်းကြိုက်မလား..

Anonymous said...

သြော် စည်ပင်သာယာရေး (အတွင်းရေးမှူး) အာဏာကလည်း

ကြီးလိုက်တာနော် ..............

007 said...

ဟုတ်တော့ဟုတ်တယ် ဘယ်သူ့ဘက်မှလိုက်ပြောတာတော့မဟုတ်ပါဘူး... တိုင်စာရေးထားတာမပြည့်စုံဘူး... တဘက်သတ်လိုဖြစ်နေတယ် ဘာအကြောင်းကြောင့်ရိုက်တယ်ဆိုတာမပါဘူး..ရိုကတဲ့သူကလဲ အကြောင်းမဲ့ ဒီအတိုင်းကြီးတော့ဝင်ရိုက်မှာမဟုတ်ပါဘူး ဖြစ်ပွားပုံအပြည့်အစုံရေးတော့ ဘယ်သူမှာတယ်မှန်တယ်ဆိုတာ ပြည်သူတွေပိုသိရတာပေါ့...အကြောင်းမဲ့ရိုက်ခြင်လွန်းလို့ဝင်ရိုက်တာဆိုရင်တော့ အဲလူကို အာဏာအလွဲသုံးစားလုပ်တဲ့အနေနဲ့ ထိထိရောက်ရောက်အပြစ်ပေးသင့်တယ်..ဒီအမှုမှာ အကြောင်းတခုခုတော့ ရှိအုံးမယ်လို့ထင်ပါတယ်...

မီဇီ said...

ချိုဌေးမောင်ပါ...နာမယ်အရင်းက... သူပုံစံက..ရမ်းရမ်းကားကား
ပုံတော့မပေါ်ဘူး.... ဘာအကြောင်းကြောင့်ဖစ်လဲမသိတော့..
ခက်တာပဲ.. ဘာကြောင်းပဲ..ဖြစ်ဖြစ်..မိန်းကလေးတစ်ယောက်ကို
ကိုယ်ထိလက်ရောက်တော့...မလုပ်သင့်ပါဘူး

myo tun said...

အရင်ကဘယ်လို အကြောင်းပဲ ရှိခဲ့ရှိခဲ့ ဘယ်လိုအရေးယူမယ်ဆိုတာ ကိုစိတ်ဝင်စားတယ်.....

myo tun said...

အရင် က သူတို့နှစ်ယောက်ဘယ်လို ဖြစ်ခဲ့ ဖြစ်ခဲ့ ဥပဒေ က ဘယ်လိုဆုံးဖြတ်မလဲ ......

komyo said...

မိမိကိုယ်ကိုဆုံးမရခြင်းသည်ခဲရင်းလှပေစွ။ကံနဲ့ကံအကျိုးတွေကို ဘုရားရှင်သိသလိုသာ သိကြမယ်ဆိုရင် လောကမှာအကုသိုလ်ကံကို
ပြုဝံသူမရှိနိုင်သလို ကုသိုလ်ကံကို မလုပ်ဘဲ နေမည့်သူလည်းမရှိနိုင်ဘူး။
ကောင်းကွက်ကိုမြင်အောင်ကြည့်နိုင်ရင်ရင်ထဲမှာ မကျေနပ်ချက်ဆိုတာ
မရှိပါဘူး လူတိုင်းကောင်းကွက်ကိုမြင်အောင်ကြည့်နိုင်ကြပါစေ။

Acmv Org said...

ချိုသဲမောင် ကြောင့်
(၁)အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်။ကိုယ်ထိလက်ရောက် စော်ကားခံရတယ်။
(၂) ပြည်သူရဲ့က အလုပ်ရှုပ်ပြီး လာဘ်စားရပြီး ငါးပါးသီလ ကျိုးပျက်ရအုံးမယ်။
(၃) တရားသူကြီးက မဆုံးဖြတ်တတ်ရင် ချိုသဲမောင် မိုက်မဲ့မှုကြောင့် ငါးပါးသီလ ကျိုးပျက်ရအုံးမယ်။
(၄) သူ့မိဘတွေကို လူတွေ့ က ကဲ့ရဲ့ပြစ်တင်လိမ့်ဦးမယ်။ "မ,ဆုံးမသားလို့။"
သူကြောင့်လူပေါင်း အကုသိုလ်တွေ ဖြစ်ရတယ်။

ဖိုးဖိုးကြီး said...

ဖခင်အရှိန်အ၀ါနှင့်မိန်းခလေးတယောက်ကိုမတရားကိုယ်ထိလက်ရောက်ကျူး
လွန်သည့်အပြင်-နေအိမ်ကျူးကျော်မှု့ပါကျူးလွန်ထားတဲ့အတွက်ငမိုက်သား
ကို စံနမူနာပြအနေနှင့်ကြီးလေးသောပြစ်ဒဏ်ပေးသင့်ပါသည်။ ဒါမှနောင်ကျင်ပြီး မိဘအရှိန်အ၀ါ သုံးပြီးနေရာတကာ မစော်ကားရဲမှာပါ။
ပြတ်ပြတ်သားသား အရေးယူနိုင်ရန် သက်ဆိုင်ရာ အထက်လူကြီးတွေ မျက်စိဖွင့်ပြီး ကြီးလေးသောပြစ်ဒဏ်ပေးသင့်ကြောင်းနှင့်မိန်းခလေးအတွက် နစ်နာမှု့များရှိသည့်အတွက်-နစ်နာကြေးကိုထိုက်တန်စွာလျှော်ပေးစေရန်နှင့်
နောင်မှတ်သွားအောင်-ထောင်ဒဏ်ပါအပြစ်ပေးသင့်ကြောင်း။

Anonymous said...

တိုင်းပြည်မှာ ထင်တိုင်းကြဲနေကြတဲ့
ဘောင်းဘီချွတ် လူရမ်းကားတွေပေါ့
သတင်းလွတ်လပ်ခွင့်လေး နည်းနည်းရလာလို့
နည်းနည်းသိရတာ အရင်းတုန်ကဆို
လူမသိသူမသိနဲ့ မတရားဖိနှိပ်
ရက်စက်စော်ကား အနိုင်ကျင့်တာတွေ
ဘယ်လောက်တောင်များမလဲ စဉ်းစားကြည့်
"ခွေးမသား" မိန်းခလေးတစ်ယောက်ကို
ဖအေအားကိုးနဲ့လုပ်ရဲတာ သတ္တိလားကွ
မင်းတို့အထက်က ဒီကိစ္စဘယ်လိုရှင်းမလဲ
ဆိုတာစောင့်ကြည့်မယ် မတရားဆုံးဖြတ်လို့ကတော့
ဒီကောင်ကိုတွေ့တဲ့နေရာ အပြတ်ရှင်းပစ်

HAN MYO said...

မထွယ်အောင်၏နေအိမ်သို့ချိုသဲမောင်ကားဖြင့်ရောက်လာပြီးထိုး ကြိတ်ြိကိမ်းမောင်းပြောဆိုခြင်းတွင်စာဖတ်သူတို့အားအသိမပေးလိုသည့်နောက်ကွယ်မှဇာတ်လမ်းကလေးရှီနေသည်ဟုထင်မိပါသည်။ ပြည့်စုံသောသတင်းတစ်ပုဒ်မဟုတ်သည်ကတော့သေချာပါသည်။

kel kel said...

စာသားကတစ်ဖတ်သတ်ဖြစ်နေတယ် ရှေ့ကအကြောင်းအရာလေးတွေပါ ပြောပြတော့ တရားတယ်မတရားဘူး သိရတာပေါ့...

ko aye said...

သမ္မတကြီး ဦးသိန်းစိန် တယောက်တည်း ပြောရုံသာပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ တကယ်ဟုတ်ရဲ့လားဗျာ၊
ပြည်သူတွေ နိစ္စဓူဝ ကြုံနေရတာတွေကတော့ အရင်က အတိုင်းပါပဲ။
ဌာနဆိုင်ရာတွေကလည်း တောင်းမြဲတောင်းနေတာပါပဲ၊
ပြည်သူကိုစောင့်ရှောက်ရမဲ့သူတွေကလည်း ပြည်သူတွေကို ကိုယ်စိတ် ဆင်းရဲအောင် ညဉ်းဆဲ နေဆဲပါပဲ။

007 said...

တိုင်ချက်ဖော်ပြထားပုံကမပြည့်စုံဘူးဖြစ်နေတော့ ဘယ်သူမှားတယ်မှန်တယ် ပြောလို့မရဘူးဖြစ်နေတယ် ပြည့်ပြည့်စုံစုံကိုဖော်ပြပုံ ချန်ပြီး ပြောထားတာလား ဒါမှမဟုတ် ရိုက်တဲ့အကြောင်းရင်း တခုခုတော့ရှိမှာပါ....ဒီတိုင်းကြီးတော့ အကြောင်းမဲ့သက်သက် ဘာမပြောညာမပြောတော့ ၀င်ရိုက်မှာမဟုတ်ပါဘူး တကယ်လို့ ဒီတိုင်းဝင်ရိုက်ခဲ့ရင်တောင် အော်ဟစ်အကူညီတောင်းလို့ရတာပဲ ရိုက်ခံရသူအကြောင်း အနီးနားပတ်ဝန်းကျင်ကလူတွေကသိကြမှာပါ တကယ် ဘလိုင်းကြီးသာဝင်ရိုက်ရင် အသက်စွန့်ပြီး လာကူညီပေးကြမယ်ထင်ပါတယ် သူတို့နှစ်ဦးမှာ တခုခုပတ်သက်မှု သို့ ရိုက်စရာ အကြောင်းတခုခုနဲ့ရိုက်သွားတာဖြစ်မှာပါ...ဘက်လိုက်ပြောခြင်းမဟုတ်ပါ ....ရိုက်သူနဲ့လည်း မသိပါ ..ရိုက်ခံရသူနှင့်လည်း မသိပါ...စာမပြည့်စုံလို့ comment ပေးခြင်းသက်သက်သာဖြစ်ပါသည်....

axe said...

တော်တော်အရှက်မရှိတဲ့ကောင်ပဲ မိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်ရဲတာ
သတ္တိတော်တော်ကောင်းတာပဲ ကချင်ပြည်နယ်ပို့ ရမယ်

aye koko said...

အရင်က ပြသနာတခုခုရှိလို့နေမှာပါ... မိန်းကလေးတစ်ယောက်ကို ဘလိုင်းကြီးဝင်ထိုးသွားတယ် ဆိုတာ သိပ်တော့မဖြစ်နိုင်ဘူး... ပြည့်ပြည့်စုံစုံလေးသိရမှ ဘယ်သူမှားတယ် မှန်တယ်ဆိုတာဆုံးဖြတ်လို့ရမှာ ဒီမှာရေးထား သလောက်နဲ့တော့ ဘာမှဆုံးဖြတ်လို့မရဘူး... အကြောင်းတစ်ခုခု ရှိမှာပါ... သေချာစုံစမ်းပါအုံး

Khin Lwin said...

ရေးသားတင်ပြချက်မှာလည်းလိုအပ်တာတွေရှိတယ်နော်။
မိန်းခလေးအိမ်ထဲမှာရှိနေတုံး၊ကောင်းလေးက၀င်လာတာပြောတယ်။အိမ်ထဲမှာမိန်ခလေးတစ်ယောက်ထဲရှိတာလား၊အိမ်ကတံခါးပိတ်မထားဘူးလား၊ကောင်းလေးကအဲဒီအိမ်ကိုဝင်ထွက်သွားလာဖူးလား၊မိန်ကလေးနဲ့ကောင်းလေးက အခုမှမြင်တွေ့ဖူးကြတာလား၊ အရင်ထဲကသိကျွမ်းကြတာလား၊မိန်ကလေးကကျောင်းသူလား၊အလုပ်လုပ်သူလား၊အလုပ်လုပ်ရင်ဘယ်မှာလုပ်တာလဲ၊ အလုပ်လုပ်ရင် အဲဒီလုပ်ငန်းနဲ့ကောင်းလေးနဲ့ပက်သက်လား၊ ကောင်လေးကကားနားအရောက်အော်ပြောတော့ ဘယ်သူတွေရှိလည်း၊ကားရပ်ထားတာနဲ့အိမ်နဲ့ကဘယ်လောက်ဝေလည်းအိမ်ကခြံဝန်းနဲ့လား၊ခြံဝန်နဲ့ဆိုကားကခြံပြင်ရပ်တာလား၊ခြံထဲမှာ၇ပ်တာလား၊ခြံဝင်းနဲ့ဆိုခြံတံခါးကပိတ်ထားတာလား၊ပွင့်နေတာလား၊ဖွင့်ပေးတာလား-----အဲဒီလိုမေးစရာတွေအများကြီးနော်။အဖြစ်မှန်ကိုပြည့်ပြည့်စုံစုံတင်ပြမှ အမှန်တရာဆိုတာဖြစ်လာမှာပါ။အဲလိုမဟုတ်ဘဲ မပြည့်စုံရင်၊ကိုယ်လိုရာဆွဲရေးရင်း သတင်းမဟုတ်ဘဲ အတင်းဖြစ်ပါတယ်။

Khin Lwin said...

ရေးသားတင်ပြချက်မှာလည်းလိုအပ်တာတွေရှိတယ်နော်။
မိန်းခလေးအိမ်ထဲမှာရှိနေတုံး၊ကောင်းလေးက၀င်လာတာပြောတယ်။အိမ်ထဲမှာမိန်ခလေးတစ်ယောက်ထဲရှိတာလား၊အိမ်ကတံခါးပိတ်မထားဘူးလား၊ကောင်းလေးကအဲဒီအိမ်ကိုဝင်ထွက်သွားလာဖူးလား၊မိန်ကလေးနဲ့ကောင်းလေးက အခုမှမြင်တွေ့ဖူးကြတာလား၊ အရင်ထဲကသိကျွမ်းကြတာလား၊မိန်ကလေးကကျောင်းသူလား၊အလုပ်လုပ်သူလား၊အလုပ်လုပ်ရင်ဘယ်မှာလုပ်တာလဲ၊ အလုပ်လုပ်ရင် အဲဒီလုပ်ငန်းနဲ့ကောင်းလေးနဲ့ပက်သက်လား၊ ကောင်လေးကကားနားအရောက်အော်ပြောတော့ ဘယ်သူတွေရှိလည်း၊ကားရပ်ထားတာနဲ့အိမ်နဲ့ကဘယ်လောက်ဝေလည်းအိမ်ကခြံဝန်းနဲ့လား၊ခြံဝန်နဲ့ဆိုကားကခြံပြင်ရပ်တာလား၊ခြံထဲမှာ၇ပ်တာလား၊ခြံဝင်းနဲ့ဆိုခြံတံခါးကပိတ်ထားတာလား၊ပွင့်နေတာလား၊ဖွင့်ပေးတာလား-----အဲဒီလိုမေးစရာတွေအများကြီးနော်။အဖြစ်မှန်ကိုပြည့်ပြည့်စုံစုံတင်ပြမှ အမှန်တရာဆိုတာဖြစ်လာမှာပါ။အဲလိုမဟုတ်ဘဲ မပြည့်စုံရင်၊ကိုယ်လိုရာဆွဲရေးရင်း သတင်းမဟုတ်ဘဲ အတင်းဖြစ်ပါတယ်။

Save said...

ဒီမယ်ကွသူများကို လှိမ့်ဝေဖန်မနေကြ နဲ့ ကိုယ့်ကိုကိုယ် ဝေဖန်စမ်းပါ ရှေ့ကလုပ်ရတဲ့သူတွေသေကုန်တော့မယ်။
မင်းထက်နာလည်တဲ့သူက ဘာမှမပြောဘဲ လုပ်သွားလိမ့်မယ်...ဥပမာ ၈၈ကျောင်းသားတွေတို့ ဘာတို့ပေါ့။..မင်းတို့ပြောချင်တိုင်းလျှောက်မရေးနဲ့ ဖတ်ရတဲ့သူစိတ်ဆင်းရဲတယ် လူတွေ ကိုစိတ်ကြွအောင် လုပ်သလိုဖြစ်နေပြီ...မင်းတို့ ကြီးရင် မင်းတို့သားသမီးကိုသာ ဒီလို မဖြစ်အောင်ဆုံးမ ၊မှတ်ထား “သူများကိုမဝေဖန်ခင် ကိုယ့်ကိုကိုယ်အရင်ဝေ
ဖန်” မင်းဘာကောင်လဲဆိုတာ၊ ဒါငါပြောတာမဟုတ်ဘူး ဘုရားဟောတာ
ပြီတော့ mmmilitary.blogspot.com ကိုဝင်ကြည့် ဒါပဲ......။

aristhteinwin said...

အ၇င် ဘာဇာတ်လမ်းဘဲ ရှိခဲ့ရှိခဲ့- ဘယ်အရာမဆို ဥပဒေကို လေးစားလိုက်နာမှ တိုင်းပြည်အေးချမ်းသာယာမယ်။ အဲဒါမျိုးကို အစိုးရ အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို တကယ်လိုလားတယ်ဆို ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်သင့်တယ်။ အဲဒီလို မဟုတ်ဘဲ အာဏာရှိသူနဲ့ ဆက်စပ်လို့ အရေးမယူဘဲထားရင်တော့ ပြည်သူတွေ ရ ရာ လက်နက်ဆွဲကိုင်ပြီး တရားဥပဒေစိုးမိုးရေး အတွက် တိုက်ပွဲဝင်ကြလော့။

ပြည်သူ said...

ဘာဇာတ်လမ်းရှိရှိ ဘယ်လိုဖြစ်ဖြစ် ပိုင်နက်ကျူးလွန်မှုကအရင်ပေါ့ အထက်ကဖိအားပေးနေလို့လို့ပြောတာရဲကလား ရဲရဲ့အဆင့်တော့ထဲ့ပေးသင့် တယ် အမှုကတော့မြောက်တာသေခြာတယ် စုံစမ်းစစ်ဆေးမှုမလုပ်တာ ရဲအမှားပဲ နာပြီသာမှတ်

♥အချစ်ပါတီ...♥ said...

စာက တစ်ဖက်သတ်ကြီးဗျာ....... မပြည်စုံဘူး..... သေချာစေချင်တယ်ဗျာ...

Unknown said...

ဘယ်သူမှားတယ် ဘယ်သူမှန်တယ် စစ်ဆေးချင်နေတဲ့ကောင်တွေ
မင်းတို့ ညီမက ယောကျာင်္းလေးတစ်ယောက်ကို ချုစားတယ် ၊ ပြီးတော့ သူ့ထက်သာတာတွေ့လို့ ထားခဲ့တယ် ၊ အဲ့ဒီကောင်က မင်းတို့ ညီမကို အိမ်ထဲမှာ ၀င်ရိုက်တယ်ဆိုရင်ကော ငါတို့ညီမက မှားနေတယ်ဆိုပြီး မင်းတို့ ခံလိုက်မှာလား။ အခုပြောနေတာ လူမှုရေးအရ အမှားအမှန်ကို ပြောနေတာမဟုတ်ဘူးကွ ၊ အာဏာနဲ့ ပိုက်ဆံရှိတဲ့
ကောင်တွေက ဥပဒေမဲ့ ရမ်းကားတာကို ပြောနေတာ နွားတွေရဲ့၊

khansoelay said...

ဘလိုင်းကြီအဲလို အကြောင်းမဲ့သတ်သတ်တော့မဖြစ်နိုင်ပါဘူး
ပတ်သက်မှုတခုခုတော့ရှိရမည်

zhkk said...

သတင်းဦးဖို့ထက် အချက်အလက်ပြည့်စုံဖို့ကအရေးကြီမယ်ထင်ပါတယ်။

စိုင်းမြတ်ဦး said...

ko ko ပြောတာမှန်ပါတယ်

ziwasoe144 said...

ဒီခေတ်မိန်းကလေးတွေကလည်း ၃ကျပ်ကွက်နင်းတယ်
၆၀ ကျော်ကို ဦး။..အဟင့်..ဟင့်.. ကွန်ဒိုဝယ်ပေးဆို
၄၀ ကျော်ကို ကိုကို။ ဟေ့အေးကွာ၊ မသိဘူးကွာ ကားဝယ်ပေးဆို
၂၀ ကျော်ဆို ချစ်သူ။ မောင်ဘာစားမလဲ ပြောကွာ
အမျိုးသမီးရေးရာလည်း အစည်းအဝေးတက်
လိုအပ်ရင်ပုဝါစုံချ၊ အင်အားပြ
ဆင်းရဲမွဲတေ အဲ ဆင်းရဲနွမ်းပါးချေးငွေထုတ်
အတိုးမပေး ပြန်မဆပ်ကလွဲလို့ ဘာများတတ်နိုင်မတုံး
ခုဟာက လမ်းပြောင်းပြန်နင်းလာတဲ့ ဆိုက်ကားကို
လမ်းကြောင်းအတိုင်းမောင်းလာတဲ့ကားကတိုက်မိသလိုနေမှာပေါ့
ဒီချာတိတ်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားမလည်လို့ပါ
ဘယ်သူလွန်လွန်ကိုယ့်အမှားဘဲ
စိတ်တော့မပူပါနဲ့လေ လွန်ရောကျွံရော ဒါဏ်ငွေ ၁၀၀၀ ပေါ့

paukkyaw said...

မန်းစည်ပင် အတွင်းရေးမှူး ၏ သားအိမ် အတွင်း ဝင်ရောက် မိန်းကလေး အားထိုးရိုက်ခြင်း

ခေါင်းစဉ် ဖတ်ရတာ အထာ မကျဘူး ။
သတင်းရေး သူတွေ အနေ နဲ့
ဝါကျ အထား အသိုတွေ ကို ဂရုစိုက် သင့်တယ်

Anonymous said...

အကြောင်းတခုခုတော့ရှိမယ်ထင်တယ်....ကာယကံရှင်တွေကိုသေသေချာချာမေးရင်အဖြေထွက်လာမှာပါ......

Neo said...

အရင်ဇာတ်လမ်းက အရေးမကြီးပါ။ မည်သို့သော ဇာတ်လမ်းမျိုးပင် ရှိခဲ့သည်ဖြစ်စေ၊ ဘာအကြောင်းနှင့်မှ ကိုယ်ထိလက်ရောက် ဝင်ရောက်စော်ကားရန် အကြောင်းမရှိပါ။ ယခုလို စည်းမရှိ ကမ်းမရှိ ရမ်းကားချင်တိုင်း ရမ်းကားခြင်းကို မည်သည့်အကြောင်းပြချက်နှင့်မှ လက်ခံရန်မရှိပါ။ အရေးယူရမည်သာ ဖြစ်ပါသည်။ ဘာကြောင့်ဆိုသည့် ဇာတ်လမ်းက တစ်ကိစ္စဖြစ်ပါသည်။ တရားဥပဒေ တကယ်စိုးမိုးမှု ရှိသည်ဆိုပါက အရေးယူနိုင်ရပါမည်။

thu said...

ဥပဒေအရတော့မိန်းခလေးတစ်ယောက်ကိုကိုယ်ထိလက်ရောက်စော်ကားတဲ့အတွက်တော့ တရားစွဲပိုင်ခွင့်ရှိတယ်။ဖခင်အရှိန်အ၀ါနှင့် မိဘအရှိန်အ၀ါ သုံးပြီးနေရာတကာ မစော်ကားရဲရန် သက်ဆိုင်ရာ အထက်လူကြီးတွေ က အ ပြစ်ဒဏ်ပေးသင့်ကြောင်း။မန်း စည်ပင် အတွင်းရေးမှူး ဦးစန်းမောင် ကိုပါအရေးယူ ဆောင်ရွက်သင့်တယ်။

Show said...

တခုခုတော့မှားနေပါပြီ
အကြောင်းမဲ့တော့ဘယ်သူမှဝင်မထိုးပါဘူး
သူနဲ့ဘာဇာတ်လမ်းရှိလဲမှမသိတာ
သူ့အဆင့်မပြောနဲ့ဗိုလ်ချုပ်သားတောင်ဒီအချိန်မှာအဲဒီလိုမလုပ်ရဲဘူး
ဒီကောင်အလကားနေရင်းမသိပဲနဲ့သူများအိမ်ထဲတော့ဝင်မထိုးရဲပါဘူး
Brother တို့သေချာစဉ်းစားကြည့်ကြပါ

Hawk97 said...

ဇာတ်လမ်းအစုံ သိရရင်တော့ ကောင်းတာပေါ့။ အကြောင်းတော့ ရှိမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ရဲ့အိမ်ကို ၀င်ပြီး ရမ်းကားတာမျိုးက မဖြစ်သင့်တော့ပါဘူး။ ရဲစခန်းကလည်း ဖိအားကိုကြောက်တယ်ဆိုတာ မဖြစ်သင့်တော့ဘူးလေ။ စစ်အစိုးရခေတ်မှ မဟုတ်တော့တာ။ ဘယ်ကောင်က ဖိအားပေးတာလဲ သိချင်ပါသေးတယ်။

min said...

တကယ်ပြောသင့်တာက...ရဲစခန်းရဲ့ အပိုင်းပါ..ဘာဘဲဖြစ်ဖြစ် ရဲစခန်းကိုအမှု
ဖွင့်ရင် ရဲအရေးပိုင်ဆိုရင် ချက်ချင်းဖမ်းရမှာပါ...တရားမမှုဆိုရင်တော့ တရား
ရုံးကို လမ်းညွှန်ရမှာပေါ့...comments တွေက နဲနဲလွဲနေသလားဘဲ..ခံရသူ
နဲ့ ပြုလုပ်သူကိုဘဲ ဇောင်းပေးပြီး ပြောနေကြတယ်..အမှန်က ရဲစခန်းရဲ့ အထက်က ဖိအားပေးနေတယ် ဆိုတဲ့စကား ကိုဆန်းစစ်ကြည့်ရမှာပါ..
ဒါဟာ အမှန်ဘဲလား...အမှန်ဆိုရင်တော့....ရဲစခန်းကိုဘဲ အပြစ်တင်ရ
လိမ့်မယ်....

naywinaung said...

ဒီတိုင်းကြီး သတင်းက အခြေအမြစ်မရှိ မပြည့်စုံဘူးလို့ ထင်တယ်
ထိုးတာ ရိုက်တာတော့တင်တယ် ဘာကြောင့်ဘယ်လို ထိုးတယ် ရိုက်တယ်
ဆိုတာကို မထိန်ချန်ပဲ ပြည့်ပြည့်စုံစုံ ဖော်ပြစေချင်ပါတယ် တစ်ဖက်သက်ကြီးရေးထားသလို ဖြစ်နေတယ်။ ထိုးတဲ့ သူကလည်း အရင်က ပတ်သက်လို့ တစ်ခုခုပြဿနာဖြစ်လို့ ထိုးမှာပါ ဒီတိုင်းကြီး ဘာမှမဖြစ်ပဲနဲ့ တော့ တော်တော်များများမထိုးပါဘူး ။ သက်သေ အထောက်အထားမစုံလင်ပဲနဲ့ တင်လိုက်လို့ ကတော့ တင်တာပဲရှိမယ် အထင်လွဲခံရမယ် ဘယ်ကိစ္စမဆို သတင်းတစ်ပုဒ်ကိုတင်ချင်တယ် ဖော်ပြစေချင်တယ်ဆိုရင် အကြောင်းအကျိုး သက်သေအထောက်အထား လေးတွေနဲ့ တင်မှ ထိရောက်မှုရှိမှာပါ ။

naing ag tide said...

စည်ပင်အတွင်းရေးမှုးသားမို့လို့ပဲ...သန်းရွှေ မြေး သာဖြစ်ခဲ့မယ်ဆိုရင် ငါတို့ညီမ တွေ ဘယ်ကိုသွားဖွက်ထားရမလဲမသိဘူး

တောသားကြီး said...

ခောတ်ပြောင်းပြီလို့ ဘယ်သူပြောလဲ။ ခောတ်လဲမပြောင်းဘူး၊လူလဲမပြောင်းဘူး။
မူတောင် ၀ါးတားတား။

win said...

တခုခုတော့ တခုခုပဲ အခြေမြစ်မရှိရင် ဖြေရှင်းရခက်နိုင်ပါတယ်

MK GYI said...

ကိုယ့်ကိုကိုယ် မိတ်ဆက်ပါရစေ၊
စပ်စုကမန္တလေးမှာမွေး မန္တလေးမှာကြီးပြင်းပြီး မန္တလေးမြို့အကြောင်း
အားလုံးသိတဲ့ မန္တလာသားစစ်စစ်ပါ။
စပ်စုအခုရက်ပိုင်း (အင်တာနက်)မှာတွေ့ရတဲ့ မန်း၊စည်ပင်သတင်းတပုဒ် ဖတ်လို့
အံ့သြမိပါရဲ့၊ အံ့သြရတဲ့အကြောင်း အရင်းရှိတယ်။
စည်ပင်အတွင်းရေးမှုးဦးစန်းမောင် မိသားစု မန္တလေးမြို့မှာ ရမ်းကား
၊မောက်မာတာ မတွေ့မိမကြားမိ မမြင်မိလို့ပါ။ အဲဒါမန္တလေးမြို့မှာ
လူတိုင်းသိကြပါတယ်။ ဒါကြောင့်ဒီကိစ္စက စပ်စုတာဝန်ဖြစ်လာပြီလေ
ဒါမှမိတ်ဆွေတွေေ ပးထားတဲ့ စပ်စုဆိုတဲ့နာမည်ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်း
ထားနိုင်မယ် မဟုတ်လား။ဒါကြောင့်လူသားတစ်ယောက်ဖြစ်တဲ့စပ်စု
ဒီကိစ္စရဲ့အကြောင်း အရင်းဇစ်မြစ်အမှန်ကို သိချင်လွန်းလို့ စပ်စုမိပါရဲ့။
နာမည်ကိုက စပ်စုမဟုတ်လား ဟဲဟဲဟဲ....
စပ်စုသေချာပေါက်သိလိုက်ရတာကတော့ ဓါတ်ပုံထဲကအမျိုးသမီး
သူ့ညီမကိုအသေအကြေရိုက် သူ့ညီမကသူ့
ကောင်လေးကိုဖုန်းဆက်လာခေါ်ခိုင်း သူ့ကောင်လေးရောက်လာ ၀င်ဆွဲ၊
လူတစ်ယောက်ကလူတစ်ယောက်ကို
အသေအကြေရိုက်နှက်နေတဲ့ ကိစ္စ၀င်ဆွဲရာမှာ တွန်းလားတိုက်လား ဖြစ်ကုန်တယ်။
ဒါကြောင့်ဒီကိစ္စဖြစ်ပေါ်လာ
ရတယ်။ အခုတော့ရဲစခန်းမှာ အပြန်အလှန်တိုင်ကြားထားကြတယ်။ အခုလောက်သိရပေမယ့်
စပ်စုတာဝန်မကုန်သေးပါဘူး။ ဆက်စုံစမ်းမေးမြန်းရသေးတယ်.....
ဦးစန်းမောင်နဲ့ခင်မင်တဲ့သူတစ်ယောက်ကို
မေးမြန်းစုံစမ်းကြည့်လိုက်တော့ ဒီကိစ္စနဲ့ပက်သတ်ပြီး ဦးစန်းမောင်က
"ဒီကိစ္စ ချိုဌေးမောင် တရားရုံးမှာ တရားဥပဒေအတိုင်း ဖြေရှင်းပါလိမ့်မယ် "
တဲ့လေ .. ဒီလိုအကြောင်းအရင်း အဖြစ်အမှန်ကိုသိလိုက်ရတော့
စပ်စုကျေနပ်သွားပြီ။ မိတ်ဆွေတွေနဲ့လက်ဖက်ရည်ဆိုင်မှာ
ထိုင်ပြီးအာချောင်လို့ ရပြီပေါ့။ ဒါကတော့စပ်စုသိလိုက်
ရတဲ့ အဖြစ်မှန်အားလုံးပါ။ ဒီမိသားစုစပ်စုကို လက်ဖက်ရည်တစ်ခွက်၊
ကြေးအိုးတစ်ပွဲမကျွေးဖူးပါဘူး။ စပ်စုကိုလဲ
မသိကြပါဘူး။ ဒါပေမယ့်လူတွေစိတ်ဝင်စားတဲ့ ကိစ္စဖော်ထုတ်ရမှာ စပ်စုတာဝန်လေ။
ဒါမှမန္တလာမြေအပေါ် တာဝန်ကြေမှာပေါ့ ....

စာကြွင်း
စပ်စုနောက်ဆုံးတစ်ခုထပ်သိလိုက်ရပြန်တယ်။ ဒီကိစ္စကိုအင်တာနက်တင်မယ်။
မတင်စေချင်ရင် _ _ _ သိန်း
ပေးရမယ်။ သူတို့တောင်းတဲ့ ငွေကြေးချိုဌေးမောင်မှမပေးနိုင်လို့
အင်တာနက်ကိုတင်လိုက်ပါလို့ ပြောလိုက်
ရပါတယ်တဲ့လေ ...

လူသားအားလုံး အဖြစ်မှန်ကိုသိနိုင်ကြပါစေ
မန္တလာစပ်စု

khaingzarlin said...

ဖြောင့်မတ်သူ
ယခုဖြစ်ရပ်မှာ မန်းစည်ပင်အတွင်းရေးမှူး၏သားသည်ဗမာစကားပုံတစ်ခုထဲမှလို အမိယုတ်ရ်ျနှုတ်ကြမ်းစွာမိန်းကလေးတစ်ဦးအား မကြားဝံ့မနာသာဆဲဆိုသကဲ့သို့ အဘယုတ်ရ်ျလည်းလက်သရမ်းစွာမိန်းကလေးတစ်ဦးအား ရဲတင်းစွာအိမ်အတွင်းသို့ကျူးကျော်ဝင်ရောက်ထိုးနှက်ခြင်းဖြစ်နိုင်သည်။စကားပုံအရပြောတာပါတကယ်ဟုတ်မဟုတ်တော့ကိုယ်ဟာကိုယ်သိပေါ့။
သား၊ သာမီးမကောင်းမိဘ(ခေါင်း) တဲ့။မထွယ်အောင်အားညီမဖြစ်သူ မနူးနူးသော်မှပြန်လည်ရ်ျတရားစွဲဆိုထားသည်ဟုသိရပါသည်။သူ့ညီမအားတရားဝင်
လက်ထပ်ထားခြင်းမရှိသေးသောချိုဋ္ဌေးမောင်သည်၎င်းအားစွဲဆိုထားသောအမှုကိုပေါ့စေ
ရန်အတွက်မြောင့်ပင့်ပေးပြီးအိမ်ကြက်ချင်းအိုးမဲသုပ်ရ်ျခွပ်ခိုင်းသည်ကိုအစ်မဖြစ်သူကျွေးမွေးခဲ့စောင့်လျှောက်ထားခဲ့သောကျေးဇူးကိုမှမထောက်ပဲတရားပြန်စွဲခဲ့သည်မနူးနူးသော်သည်ခွေးတစ်ကောင်လောက်မှအသိဥာဏ်မရှိဟုထင်ရပါသည်။ညီအစ်မချင်းမဟုတ်မမှန်မှန်းသိပါလျှက်မဟုတ်တမ်းတရားလုပ်ကြံပေးရ်ျလုပ်ကိုင်ဆောင်ရွက်ပေးသောရှေ့နေဥပဒေအကျိုးဆောင်သည်ခွေးတစ်ကောင်ကဲ့သို့လေးဘက်ထောက်မပြေးရုံ၊နုတ်သီးဖြင့်အစားအားထိုးမဟပ်ရုံခွေးတစ်ကောင်သာသာဖြစ်သောသတ်တ၀ါသည်လည်းမည်သို့သောသတ်တ၀ါဖြစ်မည်လည်းဟုတွေ့ဖူးမြင်စမ်းပါပြီးတော့သလဲ၊ငွေကြောင့်လား၊အဏာအရှိန်အ၀ါကြောင့်လား၊မမှန်မကန်ကိစ်စအတွက်ငွေကိုမလိုချင်လောက်အောင်ပုံပေးသည့်တိုင် ထမင်းသာအငတ်ခံမယ် ဘယ်တော့မှမလုပ် ဟာဟာဟဲဟဲ

ngaba said...

အခုကျပြန်တော့လည်း ဒီအမျိုးသမီးက ကလီကမာ၊ ကလိန်ကကျစ် မီဒီယာကို အလွဲသုံးစားလုပ်သူ ဖြစ်သွားပြန်ပြီ... ဟိ

ငါလိုးမသားရဲ့ဘက်တော်သားများ said...

အဲကောင်တော့တွေးနေမှာပေါ့နော ..... ငါလို စည်ပင်သာယာရေးအဖွဲ့အမည်ခံ ချီးပေါလော ၀န်ထန်းသားကိုတောင်မှစောက် ဂရုမစိုက်ချင်ဘူး .......... မှတ်ပလားဟ ............ အဲဒါ အဲနွား ( ဆောရီး နွားလို့ပြောရင် နွားသိက္ခာ ကျသွားတတ်သေးနော် ) ....... ဒီလောက်ဘဲပြောတော့မယ် တော်ကြာ သားသားအိမ်ကို ၀င်ကိုက်ထားတတ်တယ် ........

ငါလိုးမသားရဲ့ဘက်တော်သားများ said...

အဲလိုကောင်မျိုးကိုတော့ အစဉ်အမြဲစောင့်ကြိုလျက် .......... သချိုင်း
ဒါမှမဟုတ် ...... ငရဲကိုအားနာတယ်ဗျ ....... ငရဲရေ အဲလိုကောင်မျိုးအတွက်သည်းခံပြီးတော့ ........ ဆွဲဆရာ .....

ငါလိုးမသားရဲ့ဘက်တော်သားများ said...

အဲလိုခွေးမနာ နွားမနာကောင်တွေကို စောက်ရဲတွေက မဖမ်းတတ်ဘူးလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Anonymous said...

သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုအားလုံးမသိရပေမဲ့ မိန်းကလေးတစ်ယောက်
ကို ခွန်အားသုံးပြီးကိုယ်ထိလက်ရောက်စော်ကားတာကတော့ မိုက်ရိုင်းလွန်းတယ်။ အရေးယူဖို့အတွက် အပေါ်ကပြောင်းနေပြီ အောက်ကမပြောင်းသေးဘူးလား။ငါတို့ပြည်သူတွေက ဘက်လိုက်တာကိုမကြိုက်ဘူးကွ။

Anonymous said...

ကိုစပ်စုရေ
သေသေချာချာ ဆက်လက်စပ်စုလိုက်ပါအုံး.. မန်းတလေးအတွက် တာဝန်တွေ အများကြီးကြေသွားအောင်.. သစ်ထူးလွင် ၀ပ်ဆိုဒ် မှာလည်း စစ်ခွေးတွေရဲ့ စားကြွင်းစားကျန် အရိုးကိုက်နေတဲ့ မြေခွေးတွေရှိနေပါတယ်။ ဆက်စပ်စုလိုက်ပါအုန်းးးးးးးးးးးး

Anonymous said...

ကိုစပ်စုရေ
သေသေချာချာ ဆက်လက်စပ်စုလိုက်ပါအုံး.. မန်းတလေးအတွက် တာဝန်တွေ အများကြီးကြေသွားအောင်.. သစ်ထူးလွင် ၀ပ်ဆိုဒ် မှာလည်း စစ်ခွေးတွေရဲ့ စားကြွင်းစားကျန် အရိုးကိုက်နေတဲ့ မြေခွေးတွေရှိနေပါတယ်။ ဆက်စပ်စုလိုက်ပါအုန်းးးးးးးးးးးး

Anonymous said...

ကိုစပ်စုရေ
သေသေချာချာ ဆက်လက်စပ်စုလိုက်ပါအုံး.. မန်းတလေးအတွက် တာဝန်တွေ အများကြီးကြေသွားအောင်.. သစ်ထူးလွင် ၀ပ်ဆိုဒ် မှာလည်း စစ်ခွေးတွေရဲ့ စားကြွင်းစားကျန် အရိုးကိုက်နေတဲ့ မြေခွေးတွေရှိနေပါတယ်။ ဆက်စပ်စုလိုက်ပါအုန်းးးးးးးးးးးး

မင်း said...

ဒီကောင်တော်တော်သတ္တိကောင်းတာပဲ
ကြက်ဖပြောသလိုခြေသလုံးရိုလောက်နဲ့တော့မရိုက်ဘူး
ဒီကောင်ကို ဗိုက်ထဲကိုဓါးတချောင်းထည့်ပေးလိုက်မှာ
ဘာကောင်ကြီးရဲသာဖြစ်နေနေစောက်ဂရုမစိုက်ဘူး

မြန်မာပြည်မတိုးတတ်တာဒါတွေကြောင်လည်ပါတယ်
ပါဝါပြချင်တဲ့ကောင်များနေတယ်

မင်း said...

သတ္တိတောင်တော်ကောင်းတဲ့ကောင်ပါလား

အချစ် ကောင်းကင် said...

အော်... ဒါလားဒီမိုကရေစီရပြီဆိုတာ...
အဲလိုကောင်မျိုးတွေရှိနေသမျှတော့...
မြန်မာနိုင်ငံဒီမိုကရေစီရမှာမဟုတ်တော့ပါဘူး...
မိုက်ရိုင်းတဲ့ကောင်တွေ.... ဒါနဲ့များလူကြီးသားတဲ့..
ခွေးလောက်တောင်အဆင့်မရှိဘူး....

Powered by Blogger.