လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ်ကျေနပ်မှုမရှိကြောင်း လူတစ်ထောင်ကျော်လက်မှတ်ရေးထိုးတောင်းဆို

ရန်ကုန်တိုင်း သုံးခွမြို့ နယ်မှာ ည(၁၂)နာရီကနေ နံနက်(၆)နာရီအထိသာ
လျှပ်စစ်မီးရရှိကြောင်းသိရပါတယ်။ ကျန်တဲ့အချိန်များမှာ လျှပ်စစ်မီးဖြတ်
တောက်ထားတာ လနှစ်ချီကြာမြှင့်နေပြီဖြစ်တာကြောင့် သုံးခွမြို့ ခံ ပြည်သူ
လူထု တစ်ထောင်ကျော်လက်မှတ်ရေထိုးပြီး မေလ(၁၄)ရက်နေ့ ၂၀၁၂
က ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ကို တောင်းဆိုစာ
တစ်စောင်ပေးပို့ ထားကြောင်းသိရပါတယ်။

သုံးခွမြို့ နယ်ကို ယခုလက်ရှိလျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးသည့်စနစ်နှင့်
ပါတ်သတ်၍ ကျေနပ်မှုမရှိပါသဖြင့် ဓာတ်အားအပြည့်အ၀ရရှိရေး အဆို
ပြုတောင်းဆိုထားတာဖြစ်ပါတယ်။

တောင်းဆိုစာပါ အသေးစိတ်အချက်အလက်တွေကို PDF File မှာ ဆက်
လက်ဖတ်ရှုနိုင်ပါတယ်။

Myanmar News Now
Thongwa EPC



လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ်ကျေနပ်မှုမရှိကြောင်း လူတစ်ထောင်ကျော်လက်မှတ်ရေးထိုးတောင်းဆို လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ်ကျေနပ်မှုမရှိကြောင်း  လူတစ်ထောင်ကျော်လက်မှတ်ရေးထိုးတောင်းဆို Reviewed by သစ်ထူးလွင် on 22:43 Rating: 5

15 comments:

said said...

တော်သေးတာပေါ့ဗျာ။ ည၁၂ နာရီကနေမနက်၆နာရီပုံမှန်လာတာကိုကျေးဇူးတင်အုံးဗျ။ကျွန်တော်တို့မန်းတလေးမှာဆိုရင် အဲလိုအချိန်မှန်ဖို့မပြောနဲ့ ၅မိနစ်ခြားတစ်ခါပျက်နေတယ်။ပေးတော့လဲ အ၀င် ၁၂၀ လောက်ရှိတာ။ခရမ်းချဉ်သီးကတောင်သူ့ထက်လင်းအုံးမယ်။တနေ့၆နာရီလောက်ပျက်မယ်လို့သာပြောတာ ပျက်တာ နောက်တစ်နေ့ရဲ့နာရီတောင်ချီးပီးပျက်လိုက်ပါသေးတယ်ခင်ဗျာ။လုပ်သာလုပ်ကိုယ့်လူတို့ရေ။ဒါမှဘယ်နေရာမှာလာဘ်ထိုးလို့ပေးနေလဲဆိုတာသိရမှာ။ ဟော... ဟော.... ပြောရင်းဆိုရင်းမီးပျက်သွားပြန်ပီ။တာ့တာနော်။

nyimoon said...

ဦးဇော်မင်းပြောတော့ လျှပ်စစ်စွမ်းအားတွေပိုလို့ မြန်မာပြည်သူတွေမသုံးတက်လို့ရောင်းစားတာဆို.ကိုယ့်နိုင်ငံကိုလျှပ်စစ်တွေ လုံလုံလောက်လောက်ပေးမယ်မစဉ်းစားဘူး ကိုယ့်အိပ်ထဲထည့်ဖို့ကြတော့ ကြိုတင်လုပ်ထားကြတယ်.အဲ့ဒါများဝန်ကြီးရာထူးယူထားသေးတယ် မရှက်ဘူးလား ရှက်တက်ရင်လဲသေဖို့ကောင်းပါတယ်.သုံးခွမြို့နယ်အတွင်းမဟုတ်ပါဘူ တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတာပါ လျှပ်စစ်မလုံလောက်ဘူးဆိုလည်းအတိအလင်းပြောပေါ့ ဒီမိုကရေစီအသွင်ကူးပြောင်းတယ်ဆိုပြီးပြောတော့ပြောတယ် ခုထိ ပြည်သူလူထုကိုထပ်ပြီးအမှောင်ထဲသွင်းဖို့ကြိုးစားနေကြတာလား

lwannaymie said...

(နေအုံး လာမည်ကြာမည်။ တိုင်လဲမထူးဘူး။) ရှေ့လူဖေါ်ခဲ့တဲ့မြို့သစ်နဲ့ စက်မှုဇုံဘက် မီးမျှပေးရအုံးမယ်။(မှတ်ချက်..ငါ...တမင်မီးဖြတ်တာ မဟုတ်ဘူး၊ ဟိုလူ့ကြောင့်၊ဒီလူ့ကြောင့်၊သူ့ကြောင့်)။

ပြည်သူ said...

မြင်းခြံလျပ်စစ်မီး ဆီုးဆီုးဝါးဝါးပျက်
မြင်းခြံမြို့ရဲ့လျပ်စစ်မီး ပုံမှန်အလှည့်ကျစနစ်(၁၂နာရီလာ ၆နာရီပျက်စနစ်)ကိုစလုပ်ခဲ့တာ ဧပြီလဆန်းမှာ စတင်ပေးခဲ့ရာ အပြည့်အ၀(၁၂နာရီလုံးလုံး)မရရှိခဲ့ပါ အခုအချိန်အပူချိန်ပြင်းထန်နေတာ(၄၁၊၄၂၊၄၃၊၄၄ဒီဂရီ) ရှိနေတာ သင်္ကြန်ပြီးထဲကပါ ဒီလိုပူပြင်းတဲ့ရာသီမှာ ယနေ့ဆိုလျှင် နံနက်၅နာရီကစပျက်ခဲ့တာပါ ယခု ကိုသစ်ဆီပို့တဲ့ အချိန်ထိ မလာသေးပါ (နံနက် ၁၁လာချိန်ပါ) လျှပ်စစ်ရုံးမေးကြည့်တော့ ၀ါးတားတားဖြေပါတယ် သံမဏီစက်ရုံ သံရည်ကြိုသလိုလို ၀န်ကြီးပဲမန္တလေးမှာမလို့လိုက်ပေးရသလိုလို တရုတ်ကြီးမန္တလေးရောက်လို့ပေးရတယ်လည်းပြောရဲ့ သံမဏိစက်ရုံ(မြင်းခြံ)လျှပ်စစ်လိုင်းကလည်းသီးသန့်စွဲထားတာပါ၊ ဒီမိုကရေစီခေတ်မှာ လူကြီးရှိတဲ့နောက် မီးလိုက်ပေးရတဲ့ ခေတ်နောက်ပြန်စွဲစနစ်က ရှိသေးလား ဒါကိုကျနော်တို့သမ္မတကြီးမသိသေးတာလား သိသိကြီးနဲ့ မသိခြင်ရောင်ဆောင်နေတာလား သိအောင်ကိုသစ်ဆီ ပေးစာလေးပို့လိုက်တာပါ ရတဲ့ခွဲတမ်းလေးတော့ အပြည့်အ၀ပေးဖို့ တင်ပြတာပါ ကျနော်တို့ဆင်းရဲသား၊ လူလတ်တန်းစားတွေမှာ မီးလေးလာရင် စောင်ကိုရေလေးဖြန်းလို့ လေပန်ကာလေးဖွင့်ခြင်တာပေါ့(တအားပူလို့ပါ) ညမှာလည်းတအားပူပြင်းချိန်မီးမလာတော့ ဖယောင်းတိုင်မီးထွန်းရင် မီးရေးထင်းရေးက အကြီးကြီးဆိုးရိမ်ရပါတယ် ဒီကြားထဲမြို့ထဲမှာ ဓါတ်ဆီရောင်းတော့ပိုကြောက်မိပါတယ်၊ ကိုသစ်ရေ အဓိကကတော့ လျှပ်စစ်မီးလေး သူ့ခွဲတမ်းလေးမှန်အောင်ရခြင်ပါတယ် အားကိုးပါတယ် မြင်းခြံမြို့ကလည်းလက်မှတ်ထိုးမည့်သူတွေ တစ်မြို့လုံးရှိနေတယ် အားပေးတယ်ဗျာ

Ebrahim said...

အထက်ရောက်သွားတဲ့လူတွေရေ နေပြည်တော်လောက်ပဲ ကြည့်ပြီး မျက်စိမှိတ်ဘ၀င်မြင့်မနေကြစမ်းနဲ့။ ဓာတ်တိုင်စိုက်ထားတဲ့ နယ်မြို့လေးတွေကိုလဲ ပြန်ကြည့်ကြအုံးကွ။ ပြီးတော့ လျှပ်စစ်လုံးဝမရောက်သေးတဲ့ ကျေးလက်ဒေသတွေအများကြီးရှိသေးတာကိုလဲ မမေ့နဲ့။ မင်းတို့ နိုင်ငံတော်ကို တည်ဆောက်နေတာ ကျေးလက်နေပြည်သူတွေနဲ့ မြို့ပေါ်က အလုပ်သမားလူတန်းစားတွေရဲ့ ချွေးစက်တွေနဲ့ တည်ဆောက်ထားတာပါ။
ဇော်မင်းရေ ... မင်းလဲ တောသားပါကွာ။ ဘ၀ကို မမေ့ချင်စမ်းပါနဲ့။ ဒါနဲ့တောင် လျှပ်စစ်တွေ ပိုလို့ ရောင်းစားတာပါတဲ့။ ဒီစကားတစ်ခွန်းနဲ့တင် အစိုးရတဖွဲ့လုံး ခွေးဖြစ်သွားစေတယ်။ မင်းသမိုင်းကို ဒီစကားနဲ့ မှတ်ကျောက်တင်သွားတယ်ဆိုတာ မမေ့နဲ့ကွ။

မောင်ဆင်ကြီး said...

ရှက်ဖို့ ကောင်းလိုက်တာ မီးကို ကိုယ်ပိုင် စက်ရုံလို သဘောထား ပြီး ငါပေးချင်မှ ပေးမယ် ..မင်းတို့ ဘယ်တိုင်တိုင်ေ-ာက်ဂရုမစိုက်ဘူး ဆိုတဲ့အပေါက်နဲ့ မီး ကလဲ လာချင်သလို လာနေတယ် ပျက်ချင်သလို ပျက်နေတယ် ...အဲဒီလို အချိုး မျိုးတွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဦးမယ်တဲ့ ...အခြေခံဖြစ်တဲ့ လျှပ်စစ်မီးကိုတောင် ကောင်းကောင်းမွန်မွန် မစီမံမခန့်ခွဲနိုင်ပဲနဲ့များ .............တောက် .....ထပ်ပြောရင်လဲ ကိုယ်ပဲဒေါသ ထွက်လာလွန်းလို့ .............

tunnaing said...

ုဟုတ်တယ်ဗျို့ မြန်မာတွေ လျှပ်စစ်မသုံးတတ်သေးဘူး ၁၈၈၅ ခုနှစ်က။ နေပြည်တော်က လူတွေပဲ သုံးတတ်တာ ခင်ဗျားတို့စောင့်အုံး မိုးရွာရင်ရမယ်။

san san said...

ဝန်ုကီးပြောတယ်။လျှပ်စစ်တွေပိုလို့တရုတ်ကိုရောင်းတယ်တဲ့။တရုတ်ရောင်းလို့အားမရလို့ကုလားကိုနောက်တခါထပ်ရောင်းအုံးမှာ။မြန်မာနိုင်ငံရဲ့ဝန်ကြီးတွေအဲ့လောက်တော်တာ။မြန်မာပြည်အခြေအနေမသိဘဲမြန်မာပြည်ကိုအုပ်ချုပ်တာအရမ်းထူးဆန်းတယ်။

66koaungaungtun@gmail.com said...

ဦးဇော်မင်းရေ(မီးတာမလာတာပါ)မီးတာခတောင်းဘို့ကတော့ခင်ဗျာအတိုင်းဘဲခိုးတက်ပါပေတယ်(အမှန်အတိုင်း)ပြောမိတာလွတ်ခွင့်ပါခင်ဗျာ

kyaw gyi said...

ဘာမှစိတ်မပူနဲ့  သူတို့ သေရင် ငရဲကျမှာ

Workaholic said...

အင်း....EPC ပြောချင်ကြရင်လဲ အမှတ်(1)၀န်ကြီးနဲ့ အမှတ်(2)၀န်ကြီး ကွဲအောင် အရင်လေ့လာကြပါဦးကွာ.....
""""""""၀န်ုကီးပြောတယ်။လျှပ်စစ်တွေပိုလို့တရုတ်ကိုရောင်းတယ်တဲ့။တရုတ်ရောင်းလို့အားမရလို့ကုလားကိုနောက်တခါထပ်ရောင်းအုံးမှာ။မြန်မာနိုင်ငံရဲ့ဝန်ကြီးတွေအဲ့လောက်တော်တာ။မြန်မာပြည်အခြေအနေမသိဘဲမြန်မာပြည်ကိုအုပ်ချုပ်တာအရမ်းထူးဆန်းတယ်။"""""အခြေအနေမသိတာ ဘယ်သူလဲ

Phaygyikyaw.hopin said...

ဟေ့ မီးမလာတာ ပြိုင်မလား၊ ဒို့မြို့မှာ 6 ရက် ကို 15 မိနစ် အလှည့်ကျပေးသတဲ့၊ ကြားလို့မှ ကောင်းကြသေးရဲ့လား၊ ဒါတောင် အလှည့် ကျော်တာတွေရှိသေးတယ်၊ မီတာထိမ်းသိန်းခကတော့ ၁ လ 1000 ကောက်တယ်၊ စောက်ရှက်လဲမရှိဘူး၊ မီတာခက 35ကျပ် လောက်ကျတာ၊ သိပ်နဲတယ်မထင်နဲ့ မီးမှ မလာတာ။ မီတာဘယ်တက်မလဲ၊ မီးမလာတာပြိုင်မယ်ဆိုရင် ကြိုက်တဲ့မြို့နယ်ရှင် ဒို့မြို့က ပထမဘဲနေမှာ ။ အခု တောင် မီးစက်နဲ့ ရေးတာနော်၊ မီးလာလို့ မဟုတ်ဘူး။ 6 ရက် 15 မိနစ်ဆိုတာ လျှော့လျှော့ပေါ့ပေါ့ပြောထားပေးတာဗျ။ မြို့နာမည် မပြောတော့ပါဘူး၊ ကချင်ပြည်နယ်အတွင်း သံလမ်းဘေးက မြို့တစ်မြို့ဘဲနော့။

komglin said...

ကျွန်တော်ရန်ကုန်ကပေမဲ့ နယ်ကိုလည်းမကြာခဏရောက်တော့ နယ်တွေမှာ မီးအရမ်းပျက်တာကိုယ်ချင်းစာပါတယ်။ သမ္မတဆိုတဲ့လူက ပြကောင်းရုံလေးရန်ကုန်ကိုမီးပေး၊ လေပျော့ လေးနဲ့ပြော၊ နယ်ကလူတွေကို နိုင်ငံသားမထင်လို့လား။ ခုတော့ ရန်ကုန်တောင် ဟန်ဆောင်မီး အချိန်ပြည့်မလာတော့တာ နယ်မှာ ပိုဆိုးတာပေါ့။ ပြည်သူလူထုထောက်ခံမှုဆိုတာ နယ်ရယ်မြို့ရယ် ကြောသားရင်သား မခွဲခြားဘဲ စကားနဲ့မဟုတ်၊ အလုပ်နဲ့သက်သေပြမှရမှာပါ။ အခုတော့ အစိုးရဘတ်ဂျက်တိုးရေး (အခြေခံမကောင်းသေးခင် ကားတွေအများကြီးသွင်းခိုင်းပြီးပိုက်ဆံရှာ)ဘဲလုပ်၊ အခြေခံလူတန်းစားအတွက် ဘာမှမယ်မယ်ရရ မလုပ်ပေးနိုင်၊ ဘာအစိုးရလဲ။

honey said...

ငွေချမ်းသာတဲ့ရပ်ကွက်ကိုတော့၂၄နာရီမီးပေးလို့ရလား။
ပျက်ရင်လည်ူတန်းတူခံစားစေ..
ဘာလုပ်နေတာလဲဦးသိန်းစိန်အားမရဘူး။
ဘယ်နေရာမှထိရောက်မှုမရှိသေးဘူး။
မီးကိုပြည်ပမရောင်းသင့်ပါဘူးနော်။
မီးကိုတနိုင်ငံလုံးရအောင်လုပ်ပေးပါ။

ရာရာ said...

စကားမစပ်ဗျာ...ကြားမိလားတော့မသိဘူး..။ အဲ့ဒီ သုံးခွမြို့ က မြို့ နယ်တရားသူကြီး ဦးနေမျိုးဗိုလ်ဆိုတာ အင်မတန် လာဘ်စားတယ်ဆိုပဲ။ သူ့ကို အရင်က စစ်ကိုင်းတိုင်း ကောလင်းမြို့ကနေ လာဘ်စားလို့နာမည်ပျက်ပြီးပြောင်းပို့ခဲ့တာတဲ့..။ သုံးခွ ရောက်လာပြီးလည်း စားတုန်းဝါးတုန်းပဲတဲ့ဗျာ

Powered by Blogger.