ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ ဘဝရုပ်ပုံလွှာ ဆောင်းပါးကို စာပေစိစစ်ရေးက ခွင့်မပြုတာကြောင့် ဂျာနယ်မှာ ဖော်ပြခွင့်မရဘူးလို့ သိရပါတယ်။
ဆောင်းပါးရှင် မောင်ကိုကို (အမရပူရ)က ရေးသားတဲ့ ဆောင်းပါးကို First Weekly ဂျာနယ်မှာ ဖော်ပြဖို့ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကတည်း စီစဉ်ခဲ့ပေမယ့် စိစစ်ရေးက ခွင့်မပြုခဲ့ကြောင်း ဂျာနယ်တာဝန်ခံ ကိုအောင်စိုးသူက ပြောပါတယ်။
“အဲဒီစာမူကို ခေတ္တဆိုင်းထားပါဆိုတဲ့ ညွှန်ကြားချက်ပေါ့။ ဆရာ ဦးကိုကို (အမရပူရ) ကလည်း ခပ်စွာစွာလေးရေးထားတာ ဆိုတော့ သူက ဒါကို ခဏ ဆိုင်းထားပါဦး ဆိုပြီးတော့ ညွှန်ကြားချက်လာတာပဲဗျ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ဖြူဖြူသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ကိုင်နေစဉ် အာဏာပိုင်တွေရဲ့ အနှောင့်အယှက်မျိုးစုံကို ကြုံခဲ့ရသလို၊ ကာလတခု ဖမ်းဆီးချုပ်နှောင်ခံရတာတွေ၊ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဆောင်းပါးရှင် မောင်ကိုကို (အမရပူရ)ကတော့ သူ့ဆောင်းပါးကို စိစစ်ရေးက ခွင့်မပြုတာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
“အော်ပီကျယ်၊ ကေအေတီ၊ ဆရာမောင်ပေါ်ထွန်း၊ ကိုနေဝင်း၊ ကိုရဲလွင်၊ ခင်မောင်ရင်၊ ကိုနေမျိုးစေသဖြင့် profile တွေပဲ ကိုင်တာ။ အနုပညာရှင်တွေကတော့ ပြဿနာမရှိဘူး။ နိုင်ငံရေးမှာ မဖြူဖြူသင်းကို စပြီးကိုင်ကြည့်တာ။ ကျနော်ရေးတာက ပြည့်စုံအောင် ရေးလိုက်တာ ဆိုင်းငံဆိုပြီး လုပ်ပစ်လိုက်တယ်။ နိုင်ငံရေးအရ နာမည်ကြီးတဲ့သူတွေ ကျနော်တို့က လုပ်ဖို့ ရှိတာကို။ ရှေ့ဆက်ပြီး ဆက်လုပ်ဖို့ နည်းနည်း ခက်သွားတာပေါ့။ ကျနော်တို့ရေးတာက ဘဝတွေကို ပြည့်စုံအောင် ရေးရတာကို။ ကိုမင်းကိုနိုင်တို့ စသဖြင့်ပေါ့ ကျနော်က ရေးဖို့ အစီအစဉ်ရှိတယ်လေ။”
သောကြာနေ့တိုင်း တပတ်တခါထုတ်နေတဲ့ First Weekly ဂျာနယ်မှာ အရင်တုန်းကလည်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီရဲ့ စစ်ကြောရေးကာလ အတွေ့အကြုံ အကြောင်းပါဝင်တဲ့ ကျနော်နှင့် နိုင်ငံရေး အခန်းဆက် ဆောင်းပါးကို စိစစ်ရေးက ခွင့်မပြုတာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကိုဂျင်မီကိုယ်တိုင် စာပေ စစ်စစ်ရေး ဒု – ညွှန်ချုပ် ဦးတင့်ဆွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ အခုနောက်ဆုံးထုတ် ဂျာနယ်မှာ ပြန်လည်ဖော်ပြခွင့် ပြုလိုက်တယ်လို့ ကိုဂျင်မီက ပြောပြပါတယ်။
“စစ်ကြောရေးကာလမှာ ကျနော် ကြုံရတဲ့ အခြေအနေလေးတခု လွတ်လပ်မှု ဆိုတဲ့ဟာက ချုပ်နှောင်ခံရတဲ့သူကမှ ပိုနားလည်တာဗျ။ အလင်းတဲ့ တန်ဖိုးကို မျက်စိကန်းဖူးတဲ့သူကမှ ပိုနားလည်တယ်ဗျ။ အဲဒီတော့ ကျနော် စစ်ကြောရေး ရောက်တဲ့ကာလမှာ ကျနော့်ကို လက်ထိပ်နောက်ပြန်ခတ်တယ်။ မျက်စိကို ပိတ်စည်းထားတယ်။ အမှောင်ခန်းထဲကို ထည့်ထားတယ်။ အဲဒီနောက် လက်ထိတ်နောက်ပြန်ကနေ ရှေ့ကိုခတ်တဲ့ အခြေအနေရောက်တယ်။ အဲဒီလို အတွေ့အကြုံမှာ ကျနော်ရဲ့ စိတ်ခံစားချက်လေးတွေပေါ့။ ကျနော့်မှာ ဘာအာဃာတမှ မထားဘူး။ သင်ခန်းစာယူနိုင်အောင် တချိန်က ဆိုးခဲ့တဲ့ အတိတ်တွေဟာ ဒီခေတ်မှာတော့ တဖြည်းဖြည်း လျော့ပါးလာပြီ။ နောက်ဆိုရင် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ရမယ့် အခြေအနေပေါ့။ အဲဒီကာလတွေတုန်းက လွတ်လပ်ခြင်းဆိုတာကို ဘယ်လို သတ်မှတ်ခဲ့ရတယ်ပေါ့။ အဲဒါမျိုးပါပဲ။ အဲတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စာစစ်မှူးတွေကလည်း ပထမဆုံး အတွေ့အကြုံဆိုတော့ ဒါကို ခွင့်မပြုတာလား မသိဘူး။ သေချာပြန်ဖတ်ကြည့်မှ တော်တော်ပြေပြစ်ပါတယ်။ ပေးမယ်ဆို ပေးလို့ရပါတယ်။ ဒါကတော့ အဆင့်လည်း ကွာမှာပေါ့နော်။”
ဒေါ်ဖြူဖြူသင်းရဲ့ ဘဝကောက်ကြောင်း ဆောင်းပါးကိုတော့ ဖော်ပြခွင့်ရအောင် နောက်တကြိမ် ထပ်ကြိုးစားဦးမယ်လို့ First Weekly ဂျာနယ် တာဝန်ခံ ကိုအောင်စိုးသူက ပြောပါတယ်။
ဒီအတောအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကတော့ လာမယ့် ဇွန်လက စတင်ပြီး စာပေအမျိုးအစားအားလုံး စာပေစိစစ်ရေးကနေ ကင်းလွတ်ခွင့် ပေးတော့မှာ ဖြစ်တဲ့အကြောင်း တရားဝင် ပြောဆိုထားပါတယ်။
နေသွင် (DVB)

မဖြူဖြူသင်းအကြောင်း ဘဝရုပ်ပုံလွှာကို စာပေစိစစ်ရေးက ခွင့်မပြု
Reviewed by သစ်ထူးလွင်
on
12:53
Rating:
9 comments:
ငပုကျော်ဆန်း လက်စွမ်းပြနေသည်..။ ပညာကောင်းကောင်းမတတ်ဘူးလား...။ ချန်ထားခဲ့ရပါတော့မည်...၊

မောင်ကိုကို(အမရပူရ) ဆရာခင်ဗျား နိုင်ငံထဲမှာဖော်ပြလို့ မရရင် အွန်လိုင်းပေါ်မှာတင်ပေးပါလားဗျာ..... ကိုသစ်ထူးလွင်ဆိုဒ် ရှိနေပါတယ်... ကိုသစ်ဆိုဒ်က ဆောင်းပါးထဲဖြစ်ဖြစ်... ပုံပြင် ထဲဖြစ်ဖြစ်ဖော်ပြပေးပါ....
အမှန်တရားကိုကြောက်တဲ့အစိုးရဆိုတာဘယ်လိုအစိုးရဖြစ်မလဲ၊သိန်းစိန်နဲ့နိုင်ငံတကာခေါင်းဆောင်တွေကတော့အပြောင်းအလဲဆိုတာကမလျော့ဘူး၊ပြည်သူတွေကတော့မြင်ရကြားရတဲ့အတိုင်းပဲအာဏာရှင်ရဲ့အောက်မှာပဲရှိသေးတယ်၊သူတို့ပြောတဲ့အပြောင်းအလဲကပြည်သူအတွက်မဟုတ်တာတော့သေချာတယ်။
ဒေါ်ဖြူဖြူသင်းအကြောင်းဆောင်းပါးကိုဖတ်ချင်ပါတယ်။အမကိုအရမ်းလေးစား
တယ်။အားလဲကျတယ။်first elevenဂျာနယ်ကိုအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်
ပိတ်တာ ကတော့ ပိတ်တာ ပေါ့လေ ဒါပေမယ် ဒို့ဆက်တိုးရအောင် ဇွဲ မလျှော့နဲ့ ပြည်သူအားလုံး
အဲ့လိုလုပ်တာကိုက ပိုတန်ဖိုးရှိအောင် ပိုတောက်ပြောင်အောင်
လုပ်တယ်လို့သဘေားထား
မဆိုင်တဲ့နေရာကလူတွေကို ဖြုတ်ပစ်ရမှာ...သတိပေးနေရုံကတော့...ဘယ်သူမှကြောက်မှာမဟုတ်ဘူး...
ဘယ်ဖော်ပြချင်ပါ့မလဲ အဘ တို့ ၇ဲ့ ခြေတော်တင် မော်ဒယ်ဂဲလေးတွေ အငယ်အနှောင်း ပုံလေး တွေ ။ အဘတို့ ပန်းကုန်းစွပ်နေကျ နေကျ အဆိုတော်လေးတွေ၇ဲ့ ပုံ၇ိပ်လွှာ မှ မဟုတ်တာ
ကင်ပေတိုင့်မှာတမ်း ဆိုပြီး ပြီးခဲ့တဲ့ EMG မှာပဲ ဆောင်းပါးရေးထားတဲ့ ဦးတင့်ဆွေခင်ဗျား..။ ခင်ဗျားတို့ကတော့ ဘယ်တော့မှ ကျည်ထောက်ဖြုတ်လို့မရတဲ့သူတွေပါလား။
Post a Comment