အလုံမြို့နယ် အဖွဲ့ ချုပ် ရုံးခန်းဖွင့်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
 ယနေ့မေလ ၂၅ ရက်နေ့ ညနေ၅ နာရီအချိန်ခန့်က အလုံမြို့နယ်ရုံးခန်းဖွင့်ပွဲတွင်
တတ်ရောက်အမှာစကားပြောကြားခဲ့သည်။

အဖွဲ့ချုပ်နာယကကြီးဦးတင်ဦးမှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ နာယကကြီးဦးတင်ဦးမှ
မိန့်ခွန်းပြောကြားရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
ယခုလက်ရှိဖြစ်နေသောအလုပ်သမားပြသနာများကိုပြေလည်အောင်ကူညီဖြေရှင်းနေ
ကြောင်းကိုထည့်သွင်းပြောကြားသွားသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှလဲ လျှပ်စစ်မီးရရှိအောင်ဆန္ဒပြမှုများမှာ
လူငါးယောက်ထပ်ပိုစုလျှင် ဥပဒေအရတရားမ၀င်လျှင် မိမိအိမ်ရှေ့မှာ ဖယောင်းတိုင်
ထွန်းပြီးငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်နိုင်ကြောင်းပြောကြားခဲ့သည်။

သတင်း-ဓါတ်ပုံ (ဒီလှိုင်း)



အလုံမြို့နယ် အဖွဲ့ ချုပ် ရုံးခန်းဖွင့်ပွဲ အလုံမြို့နယ် အဖွဲ့ ချုပ် ရုံးခန်းဖွင့်ပွဲ Reviewed by သစ်ထူးလွင် on 22:03 Rating: 5

2 comments:

linnlinnhtay said...

ကျွန်တော်ကတော့ စင်ကာပူမှာအလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်ပါ။ ကျွန်တော်တို့မြန်မာများ မီးပျက်နေတာကို ကိုယ်ချင်းစာပါတယ်။ ကိုယ်လိုချင်၊ ကိုယ်လိုအပ်တာကို ထုတ်ဖော်တယ်ဆိုပေမယ့် သူတို့ကောဘယ်လောက်လုပ်ပေးနိုင်အလဲ ဆိုတာတော့ခေါင်းဆောင်နေတယ်ဆိုတဲ့ လူတွေတွေးကြပါအုံးဗျာ။ ခင်ဗျားတို့ကော ၀န်ကြီးဆိုရင်ခုချက်ချင်းလုပ်နိုင်ကြမလားဆိုတာပါ။ ကိုယ်နိုင်ငံမှာအရင်းအမြစ်တွေ ရှိတယ်ဆိုတာ ကျွန်တော့်ထက်စာရင် ခေါင်းဆောင်နေတဲ့လူတွေက ပိုသိကြမှာပါ။ အားလုံးကို ကျွန်တော်မှားရင်တောင်းပန်ပါတယ်။ နိုင်ငံတော်ကို ပြည့်စုံအောင်သာအရင်ကြိုးစားကြပါဗျာ။
ကိုယ်လိုချင်တာကို (နအဖလက်အောက်တောင်နေခဲ့သေးတာပဲ) အချိန်တစ်ခုတော့ပေးကြပါအုံးဗျာ။ မင်းကတော့ စင်ကာပူရောက်နေတော့ မီးပျက်လို့ရေမချိုးရတဲ့ ဒဏ်ကိုမင်းမှမသိတာ ဆိုလဲကျွန်တော်သိပါတယ်ဗျာ။ အချိန်လေးတစ်ခုလေက်တော့ပေးကြပါအုံးဗျာ။ မှားတာရှိရင်အားလုံးကိုတောင်းပန်ပါတယ်။

Min Lu said...

အခုနှစ်က အရင်နှစ်တွေ လောက်ဆိုးရွားမှုမရှိတာတော့အမှန်ပါပဲ။ ကျွန်တော်
သိသလောက်ပေါ့။ တခြားနေရာတွေတော့မသိဘူး။ အရင်နှစ်တွေကမီးပျက်တဲ့
ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။ အဲဒါသာ အားလုံးတူညီမယ်ဆိုရင် ကိုယ့်ဆနဒကိုအစိုးရသိရုံလောက်သာပြပြီးနည်းနည်းလောက်သည်းခံစောင့်
ကြည့်ကြပါလို့မီးပျက်တဲ့ဒဏ်ခံစားရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ တောင်း
ပန်ပါတယ်။ ဒေါ်စုတို့ကို လွှတ်တော်ထဲမှာ အလုပ်လုပ်တာကို မြင်ချင်လို့ပါ။

Powered by Blogger.