ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သစ်ခိုးထုတ်နေ

ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ၀ါးနှင့်ဖုံးလာတဲ့ သစ်ကား

မကွေးတိုင်း ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ဒေသခံပြည်သူတွေ မိုးရာသီ
အတွက် အိမ်ဆောက်ခြင်း နေအိမ်ပြုပြင်ခြင်းများ အတွက် လိုအပ်တဲ့ သစ်/၀ါး တွေကို
ခုတ်ရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးတားဆီးတာတွေ လုပ်နေပါတယ်။

အဆိုပါ လမ်းပိုင်းမှာ သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောဝန်ထမ်းတွေနှင့်
ပေါင်းပြီး သစ်များခိုးထုတ်မှုများပြုလုပ်နေကြတာတော့ကြာပြီး ဖြစ်ပါတယ်။

တစ်ချို့ကတော့ အရာရှိတွေနှင့်ပေါင်းပြီး သစ်စက်တွေထောင်ပြီး သစ်တွေခွဲ ပြီး
ခွဲသားတွေကို ချောက်မြို့ သို့  ခိုးထုတ်ရောင်းချနေကြောင်း ခိုးထုတ်လာတဲ့
သစ်ခွဲသား ကားနှင့် သစ်လုံးကား ခေါင်းချင်းဆိုင်ပြီး ဒရိုင်ဘာတွေ စကားပြောနေ
တာကို ကိုယ်တိုင်ကြားသိလာတဲ့ ဒေသခံတဦးက Myanmar News Now
ကိုပြောပြပါတယ်။

တစ်ချို့တွေကတော့ ၀ါးကားအမည်ခံပြီး သစ်လုံးတွေ ခွဲသားတွေကို ၀ါးနှင့်ဖုံးပြီး
ခိုးထုတ်နေကြကြောင်း ဒေသအာဏာပိုင်တွေကလည်း ဝေစားမျှစားနေကြတယ်
လို့ ဒေသခံများပြောပြချက်အရသိရပါတယ်။
Myanmar News Now
ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သစ်ခိုးထုတ်နေ ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သစ်ခိုးထုတ်နေ Reviewed by သစ်ထူးလွင် on 07:16 Rating: 5

16 comments:

humanhankoko said...

ဒီလို အာဏာပိုင် (သစ်တော၊ သစ်ထုတ်ရေး၊ ရဲ၊ အုပ်ချုပ်ရေး)တွေနှင့်ပေါင်းပြီး ခိုးထုတ်နေကြတာ ဆယ်စုနှစ်နှစ်ခုလောက်တောင် ကြာနေပါပြီ။ နွေရာသီမှာ အစိုးရသစ်ထုတ်ရေး (ပခုက္ကူဒေသ သစ်ထုတ်ရေး၊ ချင်းသစ်ထုတ်ရေး) တွေက ပုဂ္ဂလိကကားတွေရော၊ အစိုးရ သစ်ထုတ်ရေးကားတွေရော၊ ပေါင်းပြီး သစ်ထုတ်တာ နှစ်တိုင်းပါ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်းနှင့် ချင်းရိုးမတစ်လျှောက်က ကျွန်းနှစ် သစ်မာတွေကို ကားကြီးကားငယ် အစုံ ထုတ်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတော့ အစိုးရက လမ်းသာတဲ့နွေရာသီမှာသာ ထုတ်ကြရာကနေ နောက်ပိုင်း ဆယ်နှစ်ရာသီပတ်လုံး ၀ါးခုတ်တာတွေနှင့်ပေါင်းပြီး သစ်တွေကို ခိုးထုတ်နေကြတာဖြစ်ပါတယ်။ ဒေသခံတွေက သိနေကြပေမယ့်လဲ ဘယ်သူ့ကိုတိုင်ရမှန်းမသိပါဘူး။ အရေးယူပေးရမယ့်သူတွေ ကိုယ်တိုင် ပူးပေါင်းပါဝင်နေတာမို့ ဘယ်သူက တာဝန်အရှိဆုံးလဲကိုတောင် မသိတော့ပါဘူး။ တချို့ ရပ်/ကျေး လူကြီးတွေကိုယ်တိုင်က သစ်စက်တွေထောင်၊ တရားမ၀င် သစ်ခွဲပြီး သစ်တောအရာရှိများနှင့်ပေါင်းကာ ခိုးထုတ်နေကြတာဖြစ်ပါတယ်။ လမ်းမှာ နဂါးပွတ်သစ်တောထွက်ပစ္စည်းစစ်ဆေးရေး၊ ကန်စွန်းမသစ်တောထွက်ပစ္စည်းစစ်ဆေးရေးတွေ ရှိပေမယ့် လာဘ်ငွေယူပြီး ဘယ်တော့မှ ဖမ်းတယ်မကြားရဖူးပါဘူး။ အခုဆို သစ်တောတွေပြုန်းတည်းပြီး တောင်တွေဟာ တောင်ကတုံးတွေ ဖြစ်လို့လာနေတာကြောင့် ရုတ်တရက် ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းတွေတာဖြစ်လို့နေတာဖြစ်ပါတယ်။ ရာသီဥတုဟာလည်း ပိုပိုပီး ပူလာနေတာကို သတိထားမိပါတယ်။

++++ ဒါပေမယ့် ဆော-ကန်စွန်းမ-ဆိပ်ဖြူလမ်းဟာ မိုးရာသီဆိုရင် လေးဘီးမောင်း ကားငယ်တွေသာသွားလာနိုင်ပြီး တခါတရံ တောင်ပြိုလို့ အဆက်အသွယ်ပြတ်တောက်သွားတတ်ပါသေးတယ်။ ဘယ်သူမှ အရေးတယူ ပြောင်းလဲပေးခြင်းမရှိသေးပါဘူး။

အခုလို နိုင်ငံတော်တိုးတက်အောင်ဆောင်ရွက်နေချိန်မှာ နိုင်ငံဘဏ္ဌာ မပြုန်တီးအောင် စနစ်တကျ အရေးယူဆောင်ရွက်ပေးနိုင်ကြပါစေ

humanhankoko said...

အပြင်းအထန်ကန့်ကွက်ပါတယ်ဗျို့။ အရင်အစိုးရလက်ထက်က လက်ကျန်အရာရှိတွေရဲ့ စိတ်ဓါတ်တွေမပြောင်းနိုင်သေးဘဲ လုပ်ရပ်တွေ ဆက်လက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ဒါကြောင့် ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်နေတဲ့ အချိန်မှာ ပြောင်းလဲနေတဲ့ စနစ်တွေနှင့်အတူ အခုလို သစ်၊ ၀ါးတွေခိုးထုတ်နေတဲ့ အရာရှိ အရာထမ်း များကို ထိထိရောက်ရောက်အရေးယူပေးသင့်ပါပြီ။ အဲဒီ စည်းကမ်းမဲ့စွာ ခိုးထုတ်မှုတွေကြောင့် တောင်ပိုင်းယောဒေသရဲ့ အဓိက ဆက်သွယ်ရေး လမ်းဟာ အမြဲလို ပျက်စီးနေပါတယ်။ ပြီးတော့ ဒီလမ်းဟာ တောင်ပိုင်းချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ကျတဲ့ လမ်းလည်းဖြစ်ပါတယ်။ သစ်တောက လူတွေက သူတို့လူတွေကို ကျွန်းနှင့် သစ်မာတွေကို အကြီးအကျယ် ခုတ်လှဲ ခိုးထုတ်စေပြီး အစားထိုးအဖြစ် မယ်ဇလီ စိုက်ခင်း သစ်ဆိမ့်စိုက်ခင်း ကြက်ဆူပင်စိုက်ခင်းများကို စိုက်ပျိုးနေကြပါတယ်။ မအောင်မြင်တဲ့ စီမံကိန်းတွေကို ဖျက်သိမ်း ရပ်ဆိုင်းရမယ့်အထဲမှာ အဲဒီ ကိုးခရိုင်စိမ်းလန်းဆိုပြေရေးဆိုတာလဲ ပါမယ်ထင်ပါတယ်။ ဆောနယ်ဟာ ရိုးမပေါ်မှာ ရှိပေမယ့် ခရိုင်အနေနှင့် ယခင်က ပခုက္ကူခရိုင်တွင်းရှိခဲ့တာမို့ ကိုးခရိုင်စိမ်းလန်းစိုပြေရေးမှာ ပါခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်းတောတွေကို ရှင်းလင်းပြီး မယ်ဇလီတွေ စိုက်ခဲ့ကြပါသေးတယ်။ ဒီသတင်းနှင့် မဆိုင်ပေမယ့် မဟုတ်တာတွေလုပ်နေတဲ့ သစ်တော၊ရဲနှင့် အုပ်ချုပ်ရေးအရာရှိများအကြောင်း ပြောပြတာဖြစ်ပါတယ်။

Mnai's said...

humanhankoko ကို အပြည့် အ၀ ထောက်ခံပါတယ်....ကျွန်တော် ကလည်း ဆော-ကန်ဇွန်းမ-ချောက် လမ်းနှင့် သွားလာနေတာ ၁၅ နှစ်ကျောင်နေပါပြီ....အဲဒီမတိုင်ခင်ကတည်း ကထုတ်ရောင်းနေတဲ့ အဲဒီသေဒက သစ်တွေ ခုထိ မကုန် ကုန်အောင် ရောင်းထုတ် နေကြပါတယ်...ဒါပေမယ့် အဲဒီလမ်းကတော့ စုတ်မြဲ စုတ်လာနေပါတယ်....သေဒခံတွေ အတွက် အကျိုးမပေး တဲ့ အပြင် အကျိုးပါယုတ်စေ တာကြောင့် ... လောဘသမား များနှင့် ထိုလောဘသားများ အား ယောက်ဖ တော်နေကျသူ အားလုံး ကို ဒီနေရာ မှ အပြင်းထန် ရှုတ်ချ ပါသည်။

နားမလည် ပါးမလည် said...

သစ်သူခိုး တွေအတွက် ငါတို့ မြေမှာ နေရာမရှိစေရ ...သစ်ခိုးထုတ်သူအားလုံး အာဏာပိုင်များမှ ထိရောက်စွာ အရေးယူပေးပါ....မည်သည့် သစ်ခိုးသမားမှ လက်မခံပါ ပျဉ်းမနား တောင်ညိုဆို တတောလုံးပြောင် လွင်တီးခေါင်ကို ဖြစ်လို့ဗျို့ ဖြစ်နီုင်ရင် တချိန်က ခိုးခဲ့တဲ့ သစ်သူခိုးတွေပါ ဖဖ်းဆီးသင့်တယ်

youthmedia said...

ဆ၇ာ ။ဆ၇ာမတွေ ကျူ၇ှင်သင်တာ လမ်းဘေး ဈေးသည်တွေ ကျူးကျော်ပြီးေ၇ာင်းနေတာ အသေးအဖွဲကိစ္စလေးတွေ အေ၇းယူဖို့ ပြောနေကြတယ် အဲဒါလေးတွေက သူခိုးလေးတွေပါ သယံဇာတတွေ ပေါင်းပြီးခိုးထုတ်နေတာ သစ်တွေ ခိုးထုတ်ပြီးေ၇ာင်းနေတာ တိုင်းပြည်ကို အခွန်ေ၇ှာင်နေကြတဲ့ သူခိုးကြီးတွေလည်း ဖမ်းမိဖို့  ၀ိုင်းပြောကြပါဦး ၇ပ်ကွက်ထဲ ထဘီ သူခိုး ၀ိုင်းဖမ်းနိုင်ဖို့ လုပ်နေကြမယ်အစား တိုင်းပြည်၇ဲ့ အကြီးစား သူခိုးကြီးတွေ ၀ိုင်းဖမ်းကြ၇အောင်လား

ngaba said...

သမ္မတကြီးတော့ မသိဘူး..
ကျွန်တော်တို့တောင် ကြာရင် နှလုံးရောဂါ ရတော့မယ်..

ယောမြေမှကိုရီးယား said...

သူပြောတာ လဲမှန်ပါတယ် ဆောမှာတင်မဟုတ်ပါဘူး.....မကွေးတိုင်း ဂန့်ဂေါ နယ်တွေမှာလဲဒီအတိုင်းပါဘဲဗျာ.....ယောသူယောသားတွေဟာ သစ်တော ၀ါးတောမှာနေကြပေမဲ့ ....သစ်တလုံးမှာ ခုတ်မိလုပ်ကတော့ လာပြီနော် ရဲက တမျိုး သစ်တော ဌါန က တဖုံ..ကျေးရွာရယက ..က တလီ တောင်းပါလေရောဗျာ......အားနာပိုင်တွေများကြတော့....ဟင်း......မပြောလိုက်ချင်တော့ဘူး......

ayeko said...

ဟုတ်ပါတယ် ကျွန်တော်ဘက်မှာဆို ကျေးရွာသူကျေးရွာသားတွေ
ကွမ်းခြံအတွက် ငြမ်းတိုင်းလေး နွားလှည်းနဲ့တစ်စီးစာလောက်
ခုတ်တို့ကျတော့ သစ်တေား လူကြီးကဖမ်း ရဲကဖမ်းနဲ့ သူတို့လူကြီး
ကားတွေနဲ့တိုက်တာတွေကြဖမ်းသံမကြားရပါဘူးကျေးရွာပိုင်းလူ
ကြီးတွေက မီးသွေးတွေကိုကားတွေနဲ့တိုက်ပြီးလုပ်နေတာတွေနဲ့
တိုက်ပြီးရောင်းဝယ်နေတာတော့ဖမ်းတယ်လို့မကြားရပါဘူး
အဲ့ဒီအဖြစ်ပျက်ကတော့ ကျွန်တော်တို့ရွာက သူကြီး ဦးတေ(ခ)
ဦးဌေးအောင်ဆိုတဲ့ ကျေးရွာဥက္ကဌ ကိုယ်တိုင်ကပါ ရဲတွေနဲ့
လက်းဝါးချင်းရိုက်ပြီးလုပ်ကိုင်နေပါတယ်

001komgmg222@gmail.com said...

အော်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဒီလိုလူမျိုးတွေရှိသေးလို့လား၊ရှီရင်တော့ဖြုတ်လိုက်ပါဗျို့။

shingyi said...

သစ်ဆိုတာတောထဲမှာ၇ှိတယ်။တောထဲကသစ်ထုတ်တာသစ်တောကမသိလို့
၇သလား။တောထဲကသစ်မြို့ထဲဘယ်လိုေ၇ာက်သလဲ။သစ်တောဝန်ထမ်းမ
ေ၇ာက်တဲ့တော၇ှိ၇င်ပြောပြပါ။ဒုတိယ သမတ ညွှန်တာဒါပါ။မသိမတတ်တဲ့
ကောင်စွဲခေါ်၇ာထူးပေးတော့သူခိုးဂျပိုးဌာနဘဲဇြစ်တာပေါ့။တောဌကြသစ်မြို့
မှာမိ၇င်သစ်တောခဏတဖြုတ်ညွှန်ကြားေ၇းမှုးချုပ်ထွက်လိုက်ပါ။

innyatara said...

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ဌာနဆိုင်ရာများ ပြုပြင်ပြောင်းလဲရေးအတွက် အနည်းငယ်မျှ ပြောသွားတာကို တွေ့ရပါတယ်။ ပါးစပ်ကသာ ဒီမိုကရေစီဆိုပြီး တကယ်တမ်းကျ ဌာနဆိုင်ရာ တွေမှာ စစ်သားတွေချည်းပဲ အုပ်ချုပ်နေတော့ ညီလေး၊ အစ်ကိုကြီးနဲ့ တိုင်းပြည် သယံဇာတတွေကို နည်းအမျိုးမျိုးနဲ့ ဖြုန်းတီးနေတာကို မြန်မာနိုင်ငံအနှံ့အပြားမှာတွေ့နေရပါတယ် အမှန်တကယ် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ပါစေ........

မိုးတိမ် said...

တစ်မြန်နှစ်က ကျနော်ပြန်တော့အရင်ကနဲ့လုံးဝကိုမတူတော့ဘူးဗျာ ..... အရင်ကစိမ်းစိုခဲ့တဲ့နေရာတွေက ခုချိန်မှာတောင်ကတုံးတွေဖြစ်လို့ ခြောက်ကပ်နေတာပဲ လူတွေကောဘာထူးလည်း စီးပွားရေးမကောင်းလို့လူငယ်လူလတ်မှန်သမျှနိုင်ငံခြားရောက်ကုန်ကြပြီ.... ကျနော်စိတ်မကောင်းအဖြစ်ဆုံးကတော့ ငယ်ငယ်ကပျော်ပျော်ပါးပါးရေချိုးခဲ့တဲ့ချောင်းတွေရေနည်းလာတာပဲ ချောင်းပြင်ကျယ်ပြီး ရေနည်းလာတာတွေတွေ့ရတော့ တရားခံကိုပြေးမြင်မိပါတယ် တွေးမိပါတယ် ဒါပေမဲ့ခက်တာက အဓိကတရားခံလို့ပြောရမယ့်သူတွေက တော်တော်ရင်းတဲ့အမျိုးတွေဖြစ်နေတယ် ပြောရင်လည်းသိတဲ့အတိုင်း ကိုယ်ပဲငပွကြီးဖြစ်မယ် ဒီတော့ပါးစပ်လေးပိတ်ပြီး တွေ့တာတွေ့တယ်မှတ်ပြီး ပြန်လာရတယ် .... ဒိလိုပါပဲ ခေတ်မကောင်းတော့လူတိုင်းကမိုးခါးရေသောက်ဖို့ဝန်မလေးကြတော့ဘူး ....အဲ့ဒီထဲမှာကျနော်လည်းပါကောင်းပါမှာပဲ :P

Lion King said...

ပဲခူးရိုးမရဲ့ မြောက်ပိုင်းဖြစ်တဲ့ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်နယ်မှာဆိုရင်လည်း သစ်ပင်မရှိတဲ့ တောင်ကတုံးတွေများနေပါပြီ။ မကွေး-နေပြည်တော်ခရီးသွားဖူးတဲ့သူတွေဆိုရင် သိကြပါတယ်။ အလားတူပဲ ဆိပ်ဖြူနယ်၊ ပခုက္ကူ၊ မြိုင်၊ ပေါက်နယ်တွေမှာလည်း တောင်ကတုံးတွေအများကြီးဖြစ်ကုန်ပါပြီ။ ကျွန်တော်တို့ မကွေးတိုင်းက အပူပိုင်းဇုံထဲမှာပါ။ ဒီနှစ်ဆိုရင် ချောက်မြို့မှာ ၂၈ နှစ်အတွင်း အပူဆုံးစံချိန်ကို တင်ခဲ့ပါပြီ။ မကွေးတိုင်းရဲ့ တောင်ကတုံးတွေကို သစ်ပင်သစ်တောတွေနဲ့ ပြန်လည် စိမ်းလန်း လာဖို့ နိုင်ငံတော်သမ္မတကြီးနဲ့ လွှတ်တော်အမတ်တွေအားလုံးက ၀ိုင်းဝန်းဆောင်ရွက်ပေးစေချင်ပါတယ်။ တိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေကို တော့ အားမကိုးတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူက မကွေးတိုင်းသားမှမဟုတ်ဘဲ။ မကွေးတိုင်းအကျိုးကို ဘာမှမကြည့်ပါ။ အထက်ကတာဝန်ပေးလို့ မကွေးတိုင်းမှာ ၀န်ကြီးချုပ်လုပ်နေတာပါ။ မကွေးတိုင်းကို ချစ်လို့မဟုတ်ပါ။ သူ့ကို တခြားတိုင်း/ပြည်နယ်မှာ ၀န်ကြီးချုပ်သွားလုပ်ဆိုရင် လုပ်မှာပါ။ မကွေးတိုင်းက ပြည်သူတွေရဲ့ အကျိုးကို ရင်ထဲကခံစားနားလည်ပြီး ဆောင်ရွက်တာမျိုး မရှိခဲ့ပါ။ မကွေးတိုင်းက ရတဲ့အကျိုးကျေးဇူးတွေကိုပဲ ခံစားနေတာပါ။ မကွေးတိုင်းထဲက မြိုင်နယ်မှာ ယောက်ဖနာမည်နဲ့ ရေနံမှော် ယူထားတယ်။ စွမ်းအင်ဝန်ကြီးဌာနရဲ့ မြေနဲ့ မလွတ်ကင်းလို့ စွမ်းအင်က လိုင်စင်ချမပေးတဲ့ ဆူးဝင်း၊ ၀ယ်တောင်ဒေသတွေမှာ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ ဦးဘုန်းမော်ရွှေက ရေနံတူးခွင့်ပေးထား။ တူးခွင့်ရတဲ့သူတွေက လစဉ် သူ့မိန်းမ ဒေါ်စမ်းစမ်းမြင့်ဆီကို ဆက်ကြေးပေးနေရပါတယ်။
မကွေးတိုင်းက ပြည်သူတွေ၊ တောင်သူတွေဟာ အပူပိုင်းဇုံထဲမှာဖြစ်တဲ့အတွက် မိုးကိုမျှော်ကိုးစိုက်ပျိုးကြရတာပါ။ တစ်နိုင်ငံလုံးမှာ အဆင်းရဲဆုံး တောင်သူတွေပါ။ တောင်သူတွေအကျိုးရှိဖို့ ဆိုရင် ရာသီဥတုမှန်ကန် မျှတဖို့လိုပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေး ဆောင်ရွက်ရမှာပါ။ မကွေးတိုင်းက အုပ်ချုပ်တဲ့အသိုင်းအ၀ိုင်းကသာ ချမ်းသာပြီးရင် ချမ်းသာသွားကြပါတယ်။ တောင်သူတွေကတော့ ပိုပိုပြီး ဆင်းရဲ လို့လာပါတယ်။ အုပ်ချုပ်သွားတဲ့သူတွေ၊ လက်ရှိအုပ်ချုပ်နေတဲ့ ၀န်ကြီးချုပ်ဆိုတဲ့သူတွေဟာ မကွေးတိုင်းကပြည်သူတွေ အကျိုးအတွက် အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်တဲ့သူတွေမဟုတ်တဲ့အတွက် လဲလှယ်သင့်ပါတယ်။ မကွေးမြို့မှာဆိုရင် အခုအချိန်အထိ မိုးမရွာသေးပါဘူး။ သူတို့ကတော့ အိမ်မှာ ၊ ရုံးမှာ၊ ကားပေါ်မှာ အချိန်ပြည့် အဲကွန်းထဲမှာဆိုတော့ ပြည်သူတွေရဲ့ ဒုက္ခကို ကိုယ်ချင်းမစာတတ်ဘူးပေါ့။ ဦးဘုန်းမော်ရွှေ သူကိုယ်တိုင်လဲ ကားတွေနဲ့ ခရီးသွားနေသူ ဖြစ်ပါတယ်။ လမ်းမှာလဲ တောင်ကတုံးတွေကို မမြင်မဟုတ်။ မြင်ရမှာပါ။ သူ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်လည်းမရှိ။ ဒေသကောင်းကျိုးဆောင်ရွက်ဖို့လည်း စေတနာမပါ။ နေ့စဉ်ရုံးတက်ရုံးဆင်းလုပ်ပြီး စာရွက်ပေါ်က စီမံခန့်ခွဲနေတာပါ။
မကွေးတိုင်းမှာရှိတဲ့ တောင်ကတုံးတွေကို စိမ်းလန်းစိုပြည်လိုတဲ့စိတ်နဲ့ တင်ပြတာပါ။

လင်းလင်း said...

ကျွန်တော်တို့မကွေးတိုင်းမှာ တောတောင်ေ၇မြေထူထပ်တဲ့နေ၇ာဆိုလို့ ပုံတောင်ပုံညာတောင်တန်းနှင့်ယောမြို့တွေဖြစ်တဲ့ ဆော,၈န်ေ၈ါ,ထီလင်း,ကျောက်ထု စသည့်မြို့တွေလောက်ပဲ၇ှိတော့သည် ပုံ၈ံညောင်ဦး,ပခုက္ကူ,ပေါက်,မြိုင် စသည့်နေ၇ာများ၇ှိတောင်တန်းများမှာတောင်ကတုံးတွေဖြစ်ကုန်ပါပြီ နိုင်ငံအကြီးအကဲများအနေဖြင့် လက်၇ှိကျန်၇ှိနေသေးသောတောင်တန်းများအားများတောင်ကတုံးများ အဖြစ်သို့မေ၇ာက်၇ှိအောင်အချိန်မှီတားဆီးသင့်ပါသည် ဥတု၇ာသီတောကိုမှီဆိုသည့် စကားအတိုင်း တောတောင်များပြုန်းတီးကုန်ပါက ၇ာသီဥတုအခြေအနေတစ်နှစ်ထက်တနှစ်ပိုမို၍ဆိုး၇ွားလာနိုင်ပါသည်

နားမလည် ပါးမလည် said...

တနိုင်ငံလုံးကို ခိုးလိုက်တဲ့ သစ်တွေ ကမ္ဘာမှာမြေလွှတ်တွေရှိရင်တောင် ဒီကောင်အာဏာရှငိတွေဝယ်ပြီ နိုင်ငံတည်ထောင်မယ့်သူတောင်စားတွေကို ချက်ချင်းဖမ်း

Unknown said...

ဆော ယောနယ်တဝိုက်မှာ သစ်တောတွေ အင်မတန်မှပေါများပြီး သစ်တွေခိုးထုပ်နေကြပါတယ်။ နယ်ကလူတွေကတော့ သစ်မခုတ်ရဲကြဘူး။ ဦးဇင်းကိုယ်တိုင် လွန်ခဲ့တဲ့ ၁၆ နှစ်က စာသင်ဖို့ ထီးလင်းမြို့နယ် ရေမျက်နီကနေ ပခုက္ကူ ကိုသစ်ခိုးကားနဲ့ လိုက်လာဖူးပါတယ်။ ရေမျက်နီကနေ ပခုက္ကူကို လိုင်းကားမရှိလို့ သစ်ကားနဲ့လိုက်ခဲ့ရတာပါ သစ်ကားကလည်း မှောင်ခိုးကားဖြစ်နေလို့ အဲဒီတုန်းက ဦးဇင်းတို့ပါရင် အစစ်ဆေးသိတ်မရှိဘူးဆိုပြီးတင်တာပါ။ အဲဒီတုန်းက စာသင်တိုက်စသွားတဲ့အချိန် ကိုရင်အရွယ်ပဲရှိပါတယ်။ ရွာကဦးဇင်းတပါးနဲ့သွားတာပါ။ လမ်းကလည်းကြမ်း သစ်ကားကလည်းဖြစ် သစ်တုံးတွေကလည်း လူနှစ်ယောက်ဖက်စာလောက်ရှိပါတယ်။ သစ်တုန်းလှုတ်တာနဲ့ ညတ်သေမှာပါ။ ယော ဆောဒေသဟာ သစ်တွေကိုသာ တရားဝင်တာရော မဝင်တာပါ သယ်ဆောင်နေကြပေမဲ့ ခုချိန်ထိ လမ်းပန်းဆက်သွယ်ရေးတွေဟာ ဘာမှမထူးခြားသေးပါဘူး လမ်းတွေဟာ ပြင်ပေးတယ်ဆိုတာလည်းမရှိပါဘူး။ အစိုးရတဲ့သူတွေရော မရတဲ့သူတွေရော ယောဆောဒေသကို ပြုပြင်ပေးတာ တည်ဆောက်ပေးတာ ဘာမှမရှိပါဘူး။ ယောဆောဒေသကို မြန်မာနိုင်ငံထဲမှာ ပါတယ်ဆိုတာကော သတိမှထားမိကြရဲ့လားမသိဘူး။

Powered by Blogger.