လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။
ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။
" ကျွန်မတို့ တတွေ ဒီဓာတ်မီးကိစ္စနဲ့ စကြစို့၊ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်မီးကိစ္စဆိုတာ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စကိုတော့ လက်တွေ့ကျကျ ပြည်သူတွေကို ရှု့မြင်ချင်၊ မြင်ချင်တယ်။ တစ်နိုင်ငံလုံး ဓာတ်မီးရရှိရေးဆိုတာ နေ့ချင်းညချင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကျွန်မတို့စနစ်က မမှန်ခဲ့လို့ အခုဓာတ်မီး မှန်မှန်မရတာ ဖြစ်တယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ မမှန်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြင်ဖို့ ဆိုတာဟာ နေ့ချင်း ညချင်းတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါပေမဲ့လည်း ဖြစ်အောင်လုပ်၊ ကျွန်မတို့ လုပ်ရမှာပါ။ ပြည်သူတိုင်းရဲ့ တာဝန်ပါပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျွန်မတို့ အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ကိုက်ညီအောင်လည်းလုပ်ပါ"
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေမဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံနေရတာတွေကိုလည်း ကန့်ကွက်ကြောင်း ပြောပါတယ်။
တရားဥပဒေ စိုးမိုးရေးဟာ အဓိက ကျတာကြောင့် အခုလို တိုက်တွန်းပြောဆိုရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
RFA-Burmese
လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ Reviewed by သစ်ထူးလွင် on 21:24 Rating: 5

10 comments:

Anonymous said...

အမေရေ အမေ့ရုဲ့စကားမှန်သမျှအရမ်းထိရောက်ကါတယ်။ ဒါကြောင့်တိုင်းပြည်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့အရှည်မျော်တွေးပြီးချိန်ဆပြောဆိုဘို့သားတစ်ယောက်အနေနဲ့အမေ့ကိုတောင်းဆိုပါတယ် အမေ့ကိုလေးစားလျက်

Justice lover said...

ဒေါ်စုကို လျှပ်စစ်ဝန်ကြီး မခန့်ရပါဘူး၊ ဒေါ်စုက သမ္မတလိုရာထူးမျိုးကနေပါ။ တိုင်းပြည်အတွက် စေတနာအတော်အတင့် ရှိတဲ့သူ၊(အာဇာနည်ကြီးလို တိုင်းပြည်အတွက် အကုန်ပေးစရာမလိုပါ) အရည်အချင်းလည်း အတော်အတင့် ရှိတဲ့သူ၊ (အရမ်းကြီးတော်စရာမလိုပါ) ထိုသူမျိုးကို ဝန်ကြီးထားပါ (မြန်မာပြည်မှာ သည်အရည်အချင်းနှင့်ကိုက်သူတွေ အများကြီးရှိပါတယ်) ပြီးတော့ ဒေါ်စုဦးဆောင်မှုနဲ့ စနစ်ကိုတည်ဆောက်ပါ။ နောက်နှစ် ၃ နှစ် အကြာမှ စတင်ပြီး ၂၄နာရီ မီးလင်းတဲ့မြို့တွေ တဖြည်းဖြည်းခြင်း ပေါ်လာပါမယ်။ တစ်နိုင်ငံလုံးကတော့ နောက် အနှစ် ၂ဝ-၃ဝ လောက်မှပါ။ ဒေါ်စုပြောနေတဲ့ ချက်ခြင်းမဖြစ်နိုင်ဖူးဆိုတာ မှန်ပါတယ်။ ဖြစ်သွားတာက တိုင်းပြည်ဘဏ္ဍာတွေကို လျှပ်စစ်ကဏ္ဍမှာ မသုံးပဲ မကျိုးမရှိသည့် နေရာတွေမှာ ထင်သလို သုံးခဲ့ကြလို့၊ စနစ်မရှိပဲ လျှောက်လုပ်ခဲ့ကြလို့ ဖြစ်ရတာ။ သိပ်ခက်တဲ့အလုပ်တော့မဟုတ်ဖူး၊ ငွေလည်းသုံး၊ စနစ်လည်းရှိမယ်ဆိုယင် ဘာမှမခက်ပါ၊ အချိန်တော့ ပေးရမယ်။

minsoeaung said...

အမေစုရယ် ကြာပါတယ်။
အနောက်အုပ်စုကမီးစက်တွေ ခဏငှားပေးပါ။
ဓါတ်ဆီလည်းအလှူခံလာခဲ့ပေးပါနော်။
ကျွမ်းကျင်ပညာရှင်ကိုတော့လုပ်အားပေးခေါ်ခဲ့ပေးပါနော်
အမေ အားကိုးယုံစားလျက်။

than said...

မင်းစိုးအောင်ဆို တဲ့ကောင် စောက်ရူး မင်းဖြုတ်ဦနှောက်လောက်နဲ့ ကွန်မန့် ဝင်မရေးနဲ့ကွ။ ကိုယ့်တိုင်းပြည် ကို ဘယ်လိုစနစ် ကြအောင် လုပ်ရမယ် ဆိုတာ တော့မစဉ်းစားပဲ ချဉ်းဖို့ ငှားဖို့ အလှူခံဘို့ပဲ စဉ်းစားနေတယ်။ မင် မိန်းခလေးသာဆို --ာ ဖြစ်တော့မယ်။ မင်းသူတောင်းစားလား? ပြဿနာကို အလွယ် ရှင်းဖို့ပဲ စဉ်းစားတယ်။ မင်း အိမ်ကို ၂၄ နာရီ လျှပ်စစ်မီးပေးတော့ မင်းကဘာလုပ်မှာလဲ ။ ဘယ်လောက်အရေးကြီးတာတွေ လုပ်နေလို့လဲ? အခု ဆန္ဒဖေါ် ထုတ်ကြတယ်ဆိုတာ ငါတို့တိုင်းပြည်မှာ ရှိတဲ့ လိုအပ်ချက်တွေ နဲ့ အုပ်ချူပ်ရေး စနစ် ချို့ယွင်း နေနာတွေ ကို အပေါ်ကလူတွေ သိပြီး လမ်းမှန်ရောက်အောင် လုပ်သွားကြအောင် ထောက်ပြနေကြတာကွ သတောင်းစားလေးရ

goldentiger.mhs said...

ပြည်သူဆိုတာက
အေးအေးဆေးဆေးနေချင်လို့ပြည်သူနေရာမှာနေနေတာ
အစိုးရမင်းများကတော့တိုင်းပြည်ရဲ့ပြည်သူရဲ့ လိုအပ်ချက်တွေကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးရမယ့်တာဝန်ကို
လိုလိုချင်ချင်ယူထားလို့အစိုးရဆိုတဲ့နေရာမှာနေနေတာ
ဆယ်စုနှစ်နဲ့ချီပြီးဖြစ်မလာတာကိုချက်ချင်းမပြင်ရင်နေပါဦး
လောလောဆယ်ခုထိအရှက်မရှိဆက်ထိုင်နေသူတွေကိုယ့်အိမ်
ကိုယ်ပြန်သွားကြရင်ပြည်သူတွေလည်းနည်းနည်းတော့စိတ်ကျေနပ်သွားမယ်ထင်ပါရဲ့

soeshweoo said...

အော်ဘုမသိ ဘမသိ လူတွေကိုရာထူး နေရာပေးထားတာ နှစ်ပေါင်းဘယ်လောက်ရှိလဲဆိုတာ ကျွန်တော် မသိပါဘူး အရင့်အရင် စစ်ဘီင်္လူးတွေကို ရာထူးပေးထားတာကိုး သူတို့က ကကြီး ခခွေး ကိုတောင် တည့်အောင် မှရေးတတ်တာ ယူနီဖောင်းနဲ့ ဘာမဆိုင် ညာမဆိုင် လျှပ်စစ်ဝန်ကြီး လုပ်လို့လုပ် ဥပဒေကို နားမလည်ဘဲနဲ့ ပြည်ထဲရေးကို စစ်ယူနီဖောင်းနဲ့ ၀င်လို့ဝင် အော်အကန်းတွေကို ဘောလုံးပွဲဒိုင် လုပ်ခိုင်းထားတာကိုး လျှပ်စစ်ဝန်ကြီးသာ ပြောတယ် ထရန်စဖော်မာ ရဲ့ ဖွဲ့စည်း ပုံရယ် အလုပ်လုပ်ပုံ ကိုေ၇ာသိလို့လား 100 Kv ကို ကွိုင် Gate ဘယ်လောက်နဲ့ ဘယ်လို ပတ်တယ်ဆိုတာ ၀ံကြီးသိလို့လား ထရန်စဖော်မာ တစ်လုံးတည်တယ် ဆိုရင် ဘာတွေလိုအပ်သလဲ ၀ံကြီး သိသလား ပညာမှ မတတ်ဘဲကိုး ခင်ဗျား ပညာနဲ့ ၀ံကြီးနဲ့ ဘာဆိုင်လို့လဲ ကျုပ်လဲ ၀န်ကြီးလုပ်လို့ရတာပဲ စိုးရွှေဦး ကျောက်ဆည်

soeshweoo said...

ဒေါ်မင်းမင်းသန်း ခင်ဗျား ရော ဘယ်ဘက် ကရပ်တည်မလဲ အာဏာကို ရူး မလား မေစုလို ကိုယ်ကျိုးစွန့်မလား စိုးရွှေဦး

Anonymous said...

ကောင်းတာပေါ့

lionking said...

minsoeaung က နောက်တာနဲ့တူပါတယ် ပျော်တတ်လို့နေမှာပါ ညီအစ်ကိုအားလုံး ညီညီညွတ်ညွတ်နဲ့ တို့ရဲ့ ဆန္ဒတွေ ဖော်ထုတ်ကြမယ် ထိန်းသိမ်းကြမယ်လေ မှားလာတာမှ ကြာလှပြီပဲ အားမလျှော့ကြနဲ့ ၀ိုင်းပြီးပြုပြင်ဖို့ တတ်နိုင်သလောက်လေး comment တွေရေးကြမယ် ပျော်ပျော်ပါးပါးပေါ့

redlight said...

အရမ်းကောင်းတဲ့မိန့်ခွန်းပဲ ....

Powered by Blogger.