SB အဖွဲ့မှ ခေါ်ယူ မေးမြန်းခြင်းခံရသော ဆရာညီပုလေးအား မန္တလေးတောင်ခြေ အနီးရှိ အထူးရဲတပ်ဖွဲ့ရုံး (SB) ရုံးတွင် ခေါ်ယူ မေးမြန်းခြင်း ဖြစ်ပြီး ယခုပြုလုပ်နေသော လျှပ်စစ်မီး ရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲနှင့် ပတ်သက်သော အချက်အလက်များကိုသာ အဓိက မေးမြန်းခဲ့ကြောင်း ဆရာညီပုလေးမှ CJMyanmar ကို ပြောကြားပါသည်။ ဆရာညီပုလေးအား SB အဖွဲ့မှ လူကြီး လူကောင်းဆန်စွာ မေးမြန်းခဲ့ပြီး ကော်ဖီတိုက်၊ ထမင်းကျွေး ဧည့်ခံခဲ့ကြောင်းကို ဆရာညီပုလေးမှ ပြောကြားပါသည်။
SB ရုံးတွင် ဆရာ မင်းထက်ငြိမ်းချမ်းအား တွေ့ရှိခဲ့ကြောင်းနှင့် ဆရာ မင်းထက်ငြိမ်းချမ်း ယင်းရုံးသို့ ရောက်ရှိချိန် နောက်ကျခြင်းကြောင့် စစ်ဆေးမေးမြန်းမှု မပြီးသေးတာ ဖြစ်နိုင်ကြောင်း၊ NLD ပါတီဝင် ၃-၄ ယောက်ခန့်ကိုပါ တွေ့ခဲ့ရကြောင်းနှင့် စစ်ဆေးမေးမြန်းနေသည့် အခန်းများစွာ ရှိသည့် အတွက် ဘယ်နှစ်ယောက်ကို ခေါ်မေးမြန်းနေသည်ဆိုတာ မသိရကြောင်းကိုလည်း ဆရာညီပုလေးမှ CJMyanmar သို့ ပြောကြားသွားပါသည်။
သက်ဆိုင်ရာမှ မေးမြန်းရန် ခေါ်ဆောင်သွားသော မ အမာနီ ပြန်လည်လွှတ်မြောက်လာပြီဟု သိရှိရပြီး ဆက်သွယ်မေးရာ ဆက်သွယ်လို့မရသေး။ကဗျာဆရာ ဥက္ကာကျော်ထံဖုန်းဆက်မေးမြန်းကြည့်ရာ ယခုထိ အိမ်သို့ပြန်လည်ရောက်ရှိမလာသေးပဲ မနက် ၅နာရီခွဲခန့်က ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီး ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ခဏနေအိမ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ကိုဥက္ကာကျော်၏ အမျိုးသမီးသို့ပြောကြားသွားကြောင်းသိရသည်။
CJ Myanmar မှဆက်သွယ်မေးမြန်းရာ ကဗျာဆရာ ဥက္ကာကျော် ပြန်လည်လွတ်မြောက်ကြောင်း သိရပါသည်။
CJ Myanmar

မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူတချို့  ပြန်လည်လွတ်မြောက်
Reviewed by သစ်ထူးလွင်
on
17:03
Rating:
9 comments:
ဆန္ဒပြတဲ့  လူတွေ ဘာလို အပ်လဲ အမောပြေ အချို၇ည်တို့  သောက်ေ၇ သန့် လိုသေးလား ခေါ်မေးတာ လူတွေ က ၇ဲတွေကိုတမျိုး မြင်နေတယ် ပြီးတော့  ဖယောင်းတိုင်က မီးဘေး သင့် နိုင်တယ်လေ ဒါလေးတွေ စေတနာေ၇ှ့ ထား ပြီးပြောဖို့  ခဏလေး ခေါ်တာ ပါ တွေ့ ပြီ မဟုတ်လား
Chochoaung ပြောတာမဟုတ်ဘူး။ဖရောင်းတိုင်ဘယ်ဈေးလဲမေးပြီးသက်သာသောဈေးနဲ့ရောင်းဖို့ညှိတာတာပါ
ဟုတ်ပါတယ်SBကမှပြည်သူရဲပီသသေးတယ်ခင်ဗျာ
တော်ပါပေတယ်-တူမောင် ရဲလေးတွေ။ မင်းတို့တဖြည်းဖြည်းစာတတ်လာပြီ။
တိုင်းပြည်ကို ဒီ့ထက်ပိုပြီး ပြသနာမကြီးအောင် ထိန်းသမ်းနိုင်တဲ့အတွက် တူ
မောင် ရဲလေးတွေ ရာထူးတက်နိုင်တယ်။ ပြသနာကြီးထွားလာရင်တော့ ပခုံး
ပေါ်က အပွင့်တွေ အလကားလွှင့်ကုန်မယ်။ အစဉ်ပြေဖို့ဘဲအရေးကြီးပါတယ်။
တကယ်အောင်လား ချိုချိုရေ ရေးစရာရှိရင်တည့်တည့်ရေးပါ ရျွဲမရေးပါနဲ
မလွတ်သေးရင်လည်းဥက္ကာကျော်အတွက် အဖျော်ယမကာလေးပို့ပေးမလို့ပါ
လွတ်လာတော့လည်း မပို့ရတော့ဘူးပေါ့
မလွတ်သေးရင်လည်းဥက္ကာကျော်အတွက် အဖျော်ယမကာလေးပို့ပေးမလို့ပါ
လွတ်လာတော့လည်း မပို့ရတော့ဘူးပေါ့
ဒီလို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာကို ဖမ်းတယ်၊ ဆီးတယ်ဆိုရင်.. နိုင်ငံတကာကို လှည့်လည်နေတဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မျက်နှာကို ခွေးချေးနဲ့ သုတ်သလိုဖြစ်နေမှာပေါ့။ ဆန္ဒပြသူတွေကို ဥပဒေနဲ့ မညီညွတ်ဘူး စွတ်စွဲနေပေမယ့် အဲ့လိုလုပ်လိုက်ရင် အာဏာကိုင်ထားသူတွေက ဥပဒေနဲ့ မညီသူတွေ ပြန်ဖြစ်သွားမှာပေါ့။
အခုလို သတင်းကြားရတာ ၀မ်းသာပါတယ်။ ကိုင်တွယ်သူတွေကိုလည်း အမြင်ကျယ်လာပြီလို့ ယုံကြည်မျှော်လင့်မိပါတယ်။
ဖမ်းနေ ဆီးနေ တားနေတဲ့ ရဲတွေအိမ်မှာလဲ မီးမလာပါဘူး... ဒီတော့တစ်ခုပဲထောက်ပြချင်တယ် ဆန္ဒပြနေတဲ့ သူတွေက သူတို့အိမ်နံပါတ်တွေနဲ့ မီးပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး..ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား ဆန္ဒပြပေးတာ ဒါကိုလိုက်ဖမ်းတဲ့ကောင်တွေက မိမိဘ၀ကို ရာထူးတစ်ခုဆီမှာ အပေါင်ထားပြီးဘ၀တူ ပြည်သူအချင်းချင်း ပြသနာ ရှာနေတာကတော့"အမိန့်" ဆိုတဲ့ စကားလုံးအောက်မှာ ခိုင်းသမျှ အကုန်လိုက်လုပ်နေတာကတော့ ပညာမဲ့လွန်း အားကြီးမနေဘူးလား
Post a Comment