ရွှေမင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းစေလို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင် နှင့် Weekly Express Times သတင်း ထောက် ကိုဟိန်းကိုစိုး တို့၏ အငြင်းပွားမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူနှင့် သတင်းစာဆရာကြီး ဦးဝင်းတင် က ပြောသည်။
အခမ်းအနားတိုင်းတွင် သတင်းထောက်များ ဝိုင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
ရန်ကုန်မြို့ UMFCCI ၌ မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနား၌ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ရွှေ မင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းတို့ ၏ နှုတ်ဆက်စကား ပြောဆိုနေသည့် ဓာတ်ပုံအား ရိုက်ကူးရာမှ ပြဿနာ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုပြဿနာသည် လူငယ်များအကြားဖြစ်ပွားသည့် ကိစ္စဖြစ်ကြောင်း၊ နှစ်ဘက် စလုံးသည် မိမိတို့၏တာဝန်အား ကျေပွန် ရန် ထမ်းဆောင်နေခြင်းဖြစ်၍ ထင်မြင်ချက်မပေးလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြော သည်။
၎င်းက “လူငယ်တွေ ဆိုပေမယ့် နှစ်ဘက်စလုံးက တာဝန်ကြီးကြီး၊ လူကြီးတာဝန်တွေ ထမ်းဆောင်နေကြတာပါ၊ ဒီတော့ ပြဿနာကို ထိန်းထိန်းသိမ်းသိမ်းပဲ ဖြေရှင်းစေချင်တယ်”ဟု ဆိုသည်။
နိုင်ငံရေးပါတီနှင့် သတင်းမီဒီယာတို့ အကြား၌ ဖြစ်ပွားလေ့ရှိသည့် ကိစ္စရပ် တခုဖြစ်၍ ရန်ငြိုးဖြင့်မဖြေရှင်းဘဲ မိတ်ဘက်သဘောဖြင့်သာ ပြေလည်ရန်ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ(MJA) ၏ ခေါင်းဆောင်တဦး ဖြစ်သူ သတင်းစာဆရာ မောင်ဝံသကလည်း ပြောသည်။
“နှစ်ဘက်စလုံးက ၀ီရိယကြောင့် ဖြစ်ပေါ်လာတာပါ၊ တဘက်က လုံခြုံရေး ရှုထောင့်က ကြည့်တယ်၊ တဘက်ကလည်းပဲ သတင်းသမား ရှုထောင့်က ကြည့်တော့ ဖြစ်တတ်တယ်၊ နိုင်ငံရေးပါတီ နဲ့ သတင်းသမားဆိုတာ အမြဲတမ်း ဆက်စပ်နေတော့
ပြေလည် စေချင်တယ်”ဟု ဆရာမောင်ဝံသ က ဆိုသည်။
သတင်းဓာတ်ပုံရိုက်ကူးနေသည့် ကိုဟိန်းကိုစိုးအား ဦးကျော်စိုးနိုင်က ဓာတ်ပုံမရိုက်ရန် တားမြစ်သော်လည်း ဆက်လက် ရိုက် ကူးရန် ကြိုးပမ်းစဉ် ကိုဟိန်းကိုစိုး၏ လက်အား ရိုက်ချလိုက်ပြီး အိမ်သာထဲဆွဲခေါ်သွားကာ မောက်မာသည့် စကားများဖြင့် ပြုမူ ဆက်ဆံခဲ့ကြောင်း၊ ထိုကိစ္စအား Weekly Express Times  အနေဖြင့် ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် တစောင်ကို NLD ပါတီ ခေါင်းဆောင်များ၊ ပြည်တွင်းမီဒီယာများ၊ သတင်းစာဆရာ အသင်းများသို့ ပေးပို့ခဲ့ကြောင်း Weekly Express Times  ၏ အယ်ဒီတာချုပ် ဦးကျော်ကျော်မင်း က ပြောပြသည်။
၎င်း က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရေးကြီးတယ် ဆိုတာကို လက်ခံပါတယ်၊ နိုင်ငံရေးပါတီ နဲ့ မီဒီယာ ဆိုတာ အပြန်အလှန် မှီခိုနေကြတာပါ၊ ဒါပေမယ့် သတင်းထောက်ကို အခုလိုမျိုး ကိုယ်ထိ လက်ရောက် ကျူးလွန်တာမျိုး ပြုလုပ်တာကို လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်”ဟု ဆိုသည်။
ဦးကျော်စိုးနိုင် က အခမ်းအနားစတင်နေပြီဖြစ်၍ ဓာတ်ပုံ မရိုက်ရန် တားမြစ်ခဲ့သော်လည်း ကိုဟိန်းကိုစိုးသည် နောက်သို့ လှည့် မကြည့်ဘဲ ဓာတ်ပုံ ဆက်ရိုက်ကြောင်း၊ ၎င်း၏ မျက်နှာနှင့် ရင်ဘတ်တို့ကိုလည်း ကိုဟိန်းကိုစိုး၏ လက်တို့ဖြင့် ထိခိုက်မိခဲ့ကြောင်း ပြောဆိုသည်။
“ဓာတ်ပုံ မရိုက်နဲ့ ပြောတာကို လှည့်မကြည့်ဘဲ ဆက်ရိုက်တဲ့အပြင် ကျနော့်မျက်နှာနဲ့ ၀မ်းဗိုက်ကိုလည်း တံတောင်ဆစ်နဲ့ တွန်းမိသေးတယ်၊ အခမ်းအနားပြီးတော့ ညီလေး မင်းကို ငါပြောစရာရှိတယ် လိုက်ခဲ့ဆိုပြီး ခေါ်တာပါ၊ ဆွဲပြီး ခေါ်သွားတာတော့ မဟုတ်ပါဘူး”ဟု ဦးကျော်စိုးနိုင် က ဆိုသည်။
ဦးကျော်စိုးနိုင်သည် သတင်းထောက် ကိုဟိန်းကိုစိုးအား“မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံ ရလို့ လုပ်နေတာ၊ ငါတို့က ဘာတပြားမှ မရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ၊ ဘယ်ကောင်ကိုမှ ဂရုမစိုက်ဘူးလို့ မင်းတို့ အယ်ဒီတာကို ပြော လိုက်”ဟု ပြောဆိုကြောင်း Weekly Express Times ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ထိုကြေညာချက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ဦးကျော်စိုးနိုင်က တုံ့ပြန်ရာတွင်“မှန်တယ်လည်း မပြောဘူး၊ မှားတယ် လည်း မပြောဘူး၊ ကျနော့်ကိစ္စလည်း မဟုတ်ဘူး၊ ဒီကိစ္စအပေါ် ကျနော် ထင်မြင်ချက် မပေးဘူး၊ ကျနော် နာမည်ကြီးဖို့ လုပ် တာ မဟုတ်ဘူး”ဟု ဆိုသည်။ ထိုကိစ္စအပေါ် NLD ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖြေရှင်းပေးလိမ့်မည် ဖြစ်ကြောင်းလည်း ဆက် ပြော သည်။
NLD လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင်နှင့် သတင်းထောက် ကိုဟိန်းကိုစိုး တို့၏ ကိစ္စအား အင်တာနက်စာမျက်နှာ၌ အပြန်အ လှန်ဝေဖန်မှုများ၊ သုံးသပ်ချက် အမျိုးမျိုး များလည်း ထွက်ပေါ်နေသည်။
အခမ်းအနား တက်ရောက် သတင်းယူခဲ့သည့် မျက်မြင်သက်သေ သတင်းထောက်များအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ဦးကျော်စိုးနိုင် ၏ လုပ်ရပ်သည် မှားကြောင်း ပြောဆိုသကဲ့သို့ သတင်းထောက်တချို့ကမူ ကိုဟိန်းကိုစိုး မှားယွင်းကြောင်း ပြော ဆိုသည်။
ထိုကိစ္စရပ်ကြောင့် MJA နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ် ကွန်ရက်(MJN) တို့က များစွာစိတ်မကောင်း ဖြစ်မိကြောင်း ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ခင်ဦးသာ-ဧရာဝတီ
ရွှေမင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းစေလို ရွှေမင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းစေလို Reviewed by သစ်ထူးလွင် on 04:51 Rating: 5

25 comments:

winmyanmarmg said...

ကောင်းပါတယ်။ သိက္ခာရှိရှိ လူကြီးလူကောင်း ပီပီဖြေရှင်းတာ။ သို့သော် အမှန်ကို အမှန်အတိုင်းတော့ ဖြစ်စေသိစေခြင်တယ်။ အဲဒီလိုမှ မဟုတ်ရင် သူမှန်သလို ကိုယ်မှန်သလိုလိုနဲ့ တစ်ဖက်ဖက်ကို စော်ကားသိက္ခာချတာနဲ့ အတူတူဘဲ။

Anonymous said...

သတင်းထောက်တွေကလဲ.လွန်လွန်းတယ်.ထန်းလျှက်ခဲပရွက်ဆိတ်အုံ
သလိုဖြစ်နေတယ်.ပိးရင်သူတို့ကပဲအမှန်.

David Henry said...

မည်သို့ပင်ဆိုစေ ...
"အမေစု ရဲ့လုံခြုံရေးကသာ အားလုံးထက် အရေးအကြီးဆုံးဖြစ်သည်"
ထို့ကြောင့် အမေစု၏လုံခြုံရေးတာဝန်ယူနေကြသော မည်သူ့ကိုမဆို
ဦးစားပေး၍ လိုက်လျော ဆက်ဆံပေးကြပါရန် တိုက်တွန်းလိုပါတယ်။
"အမေစု ၏ အသက်ထက်တန်ဖိုးရှိသောအရာ မြန်မာပြည်တွင် မရှိ"
ဒါကို အလုံးသော ပြည်သူ၊ ပုဂ္ဂိုလ်၊ မီဒီယာ၊ အဖွဲ့အစည်းများက
အလိုက်သိစိတ်ရှိစွာဖြင့် လုံခြုံရေးတာဝန်ရှိသူများကို ဦးစားပေးကြပါ။
"လူဆိုးလား လူကောင်းလားဆိုသည်မှာ သာမန်မျက်စိဖြင့် မခွဲခြားနိုင်ပါ"
ဦးကျော်စိုးနိုင် မှန်ပါသည်။ ထို့ပြင်ယခုထက် ပိုမိုစည်းကမ်းကျ၊ ပိုမိုအဆင့်မြင့်သော လုံခြုံရေးစိတ်ဓာတ် ရှိရှိတာဝန်ယူနိုင်ပါစေ။

David Henry said...

အမေစု ကျန်းမာ ပါစေ ....

sincerity said...

မည်သည့် အဖွံ့အစည်းမဆို အကောင်းအဆိုး ယှဉ်တွံနေပါတယ်။လူတွေနှင့် တည်ဆောက်ထားလို့ပါ။ကောင်းတာများဖို့လိုပါတယ်။အထက်အောက် အသိပညာ နှင့် အကျင့်ပညာ ပြောင်းလဲနေမှု မှန်မှန်လေး၊ မြန်မြန် မနှေးသွားနိုင်ကြပါစေ။

sainyi said...

weekly express times ဂျာနယ်ပိုင်ရှင်နှင့် ဦးကျော်ကျော်မင်းတို့  အကြောင်း
ကို သိ၇၇င်ပိုကောင်းမယ်ထင်တယ်နော် နောက်ပြီး ဟိတ်ကိုစိုး ဆိုတာကေ၇ာ
ဘယ်ကလဲ ဘာလဲသိဖို့ လိုလိမ့်မယ် ဘာဖြစ်လို့ လဲဆိုတော့ NLD ကိုအကောင်မြင်ဝါဒရှိသလားသိချင်လို့ မေးမိတာပါ ဂျာနယ်တိုင်း ကောင်းတယ်ပြောလို့ မ၇ပါဘူး ဂျာနယ်လစ်တိုင်းလဲလူကောင်းမဟုတ်ပါဘူး လုံခြုံေ၇းကတာဝန်ရှိလို့ တားတာကို
ဘာလို့ လက်မခံတာလဲ ကျွန်တော်သာဆို၇င်သတ်ချင်စိတ်တောင်ဖြစ်မိမယ်

Hnineke said...

ခုချိန်က ရောနေတဲ့အချိန်ပါ။ သေချာတာတစ်ခုကတော့ ဒေါ်စုရဲ့ လုံခြုံရေးပါ။ သန်းခြောက်ဆယ်ရှိတဲ့ လူတွေရဲ့အနာဂတ်က ဒေါ်စုအပေါ်မှာ မူတည်နေပါတယ်။ ခုပဲကြည့် ဒေါ်စုရဲ့ကြိုးပမ်းချက်တွေ၊ အသီးအပွင့်တွေ ဘယ်သူတွေအရင်စားသုံးရတာလဲ။ စစ်တပ်ကသက်ကြားအိုကြီးတွေပဲအရင် ဦးဆုံးစားရတာပါ။ ဒေါ်စုကြောင့်တိုင်းပြည်ပွင့်တော့ အမေရိကနဲ့ဥရောပါကို သူတို့ရဲ့သားသမီးတွေအရင်ဆုံး ကျောင်းပို့ကြတယ်။ ခုဆိုရင် ဒေါ်စုကောင်းမှု နဲ့ လူတောမတိုးတဲ့တောသား စစ်သားတွေ အနောက်တိုင်းဝတ်စုံနဲ့ ဂျာမဏီ၊ ဂျပန် စတဲ့အိပ်မက်ထဲကနိုင်ငံတွေ ဦးစွာရောက်ကုန်ကြပါပြီ။ သိတတ်ရင် သူတို့တစ်တွေက ဒေါ်စုကို အားတိုင်း ထိုင်ရှိခိုးသင့်တယ်။ ဒေါ်စုကြောင့် သူတို့ရဲ့မတရားသဖြင့် အနိုင်ကျင့်ယူထားတဲ့ ကြွယ်ဝချမ်းသာမှုတွေ အတည်ဖြစ်ကုန်ပြီ။ ကျေးလက်ကလူထုကတော့ ငတ်နေဆဲပါပဲ။ ဒေါ်စုအသက်ရှင်မှ ကျေးလက်လူထုအတွက် လိုအပ်တဲ့ ဒီမိုကရေစီကိုအခြေခံတဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို ဆက်လက်ဖန်တီးရမှာပါ။ ဒီအခြေအနေမျိုးမှာ ဒေါ်စုရဲ့လုံခြုံရေးက အရမ်းအရေးကြီးပါတယ်။ မန္တလေးမှာ မီဒီယာတွေက စင်ပေါ်ထိတက်ပြီး ဓာတ်ပုံရိုက်ကြတာတွေ့ဖူးတယ်။ တောင်းပန်လို့လဲမရဘူ။ မီဒီယာမဟုတ်ဘဲ ၀င်ပြီးရိုက်ကြတာလဲ တစ်ပြုံကြီးပဲ။ သတင်းထောက်တွေ အနေနဲ့တိုင်းပြည်ရဲ့လိုအပ်ချက်ကို မြင်အောင်ကြည့်ပြီး လုပ်ခွင့်ရတဲ့အတိုင်း အတာကို အပြည့်အ၀လုပ်ရမှာဖြစ်ပေမယ့် အိုဗာ ဖြစ်သွားတာမျိုးတော့ မလုပ်သင့်ဘူးထင်ပါတယ်။

zhkk said...

ရွှေမင်းသားအရေးထက် ကချင်ပြည်နယ်ကစစ်ပွဲတွေရပ်ဖို့ NLDအသံလေးကြားချင်လှတယ်။

minmyozeya said...

တစ်ယောက်ကိုတစ်ယောက် နားလည်မှု ရှိပေးကြပါ။ စိတ်အခန့်မသင့်တဲအခါရန်ဖြစ်တတ်တာ သဘာဝဖြစ်ပေမယ့် အမှုအခင်းဖြစ်လောက်အောင်တော့ ဇာမချဲ့သင့်ပါ။

mad dog said...

ခင်ေ၇ွှ့ ဂျာနယ်မဟုတ်လား။ ဒီအဘိုးကြီး သတင်းသမားတွေနဲ့ပြသာနာဖြစ်ပြီး ကတည်းက မကောင်းကြံ ဖို့စဉ်းစားနေတာ။ ကို ဘောကြီး အကြောင်း က လူတိုင်းလိုလို သိတယ်။ အဲလို လူစားမျိုးမဟုတ်ဘူး

တို့ခေတ် said...

စိတ်မကောင်းရင် လဲသေကြကွာ ။ မင်းတို့ ဓါတ်ပုံ ရိုက်တာ အဲ့လောက် အဲ့လောက် အရေးကြီးလား။ အလကား ပြည်သူကို အကျိုးပြုဖို့ ဂျာနယ် ထုတ်မလား အောက်မေ့တယ် စီးပွားရေးတပိုင်းနဲ့ ဂျာနယ်ကို အသုံးချပြီး လူရာဝင်ဖို့ ကြိုးစားနေကြတဲ့ ဂျာနယ် တိုက် ပိုင်ရှင်တွေ များတယ်။ မင်း တို့ မကျေနပ်ရင် နောက်တခါ NLD သတင်း သွားမယူနဲ့ပေါ့။

မျှော်ရဇ် said...

(အခမ်းအနား တက်ရောက် သတင်းယူခဲ့သည့် မျက်မြင်သက်သေ သတင်းထောက်များအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ဦးကျော်စိုးနိုင် ၏ လုပ်ရပ်သည် မှားကြောင်း ပြောဆိုသကဲ့သို့ သတင်းထောက်တချို့ကမူ ကိုဟိန်းကိုစိုး မှားယွင်းကြောင်း ပြော ဆိုသည်။) ကျွှန်တော်သာဆိုရင် ဒီလောက်တားမရရင် သေနတ်ပြောင်းနဲ နံစောင်းကိုစောင့်ထိုးလိုက်ပြီ၊( ကာကွယ်ရေးက ကာကွယ်ဖိုပဲ ) ကိုကျော်စိုးနိင်ဘက်က လုပ်ရပ်မှန်တယ်။ အမေစု တစ်ခုခုဖြစ်ခဲ့ရင် သူ ဘ၀ အားလုံးသေမှာ။(NLD ကတာဝန်ရှိတဲ့ကျေးဇူးရှင်တွေကလည်း အပင်ပန်းခံပြီး အမေစုကို ကာကွယ်ရသေတယ်
စောက်ပြစ်လဲတင်သေတယ်ဆိုရင် အမေစုက တစ်နေ့ နေ လုပ်ကြံခံရမှာသေချာပါတယ်။) ကောင်တဲ့ သတင်သမားတွေကို လေစားပါတယ်။ တန်ဖိုးလဲထားပါတယ်။ အချောက်လိုလို၊ ဖာခေါင်းလိုလို ဧရာဝတီအောင်ဇော် အုပ်စုက NLD ဘ၀ပျက်အောင် သိက္ခာကျအောင် လုပ်ကွက်ဆင်ပြီး ဖွနေတာ သတင်ဆိုက်တွေမှာ အများကြီးဖြစ်နေပြီ တိုင်းပြည်မှာ ဘေတိုက် အဖျက်သမားတွေက မရှိရှိတဲ့ သတင်းကို ရအောင်ဖျက်နေကြတဲ့ အဖျက်သမားအုပ်စုတွေပါ။

bigsmile05 said...

အခြား သတင်းထောက် တွေ videos ရိုက်မထား မိဘူးလားဗျာ

66koaungaungtun@gmail.com said...

အရူးလားကွလုံခြုံရေးအရလုပ်တဲသူကိုမင်းတို့မီဒီယာတွေကပြည်သူအတွက်ဘာတွေလုပ်ဆောင်ပေးခဲ့ပြီလဲဆိုတာစဉ်စားပြောပါကွာ။

Love & Peace said...

ဦခင်ရွှေပိုင်ဂျာနယ်တဲ့၊ ဒီလူ ရန်ကုန်တက်လာတုံးကဆို သူများအဖီမှာကပ်နေ၊အ၀တ်လဲစရာတောင်မရှိ၊အိပ်ကပ်ထဲမှာ ၂၅ကျပ်ဘဲပါလာတဲ့လူ။့ ခုမှအရည်အချင်းမရှိဘဲခေတ်ပျက်သူဌေးဖြစ်တော့ ဘ၀မေ့နေတာပေါ့၊
အဲဒီလူရဲ့ဝန်ထမ်းဆိုတော့................
မပြောတော့ပါဘူးဗျာ။

love storry said...

ကျန်တဲ့ လူတွေ အယောက်တစ်ထောင်မကလို တစ်သောင်းထိအောင် သေသွားကြပါစေ.............. အမေစုတော့ ဘာမှမဖြစ်ပါစေနဲ့ဗျာ......... အမေစု ကမြန်မာပြည်ကြီးရဲ့ အသက်ပါ

Tun Tun said...

ထိုကြေညာချက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ဦးကျော်စိုးနိုင်က တုံ့ပြန်ရာတွင်“မှန်တယ်လည်း မပြောဘူး၊ မှားတယ် လည်း မပြောဘူး၊ ကျနော့်ကိစ္စလည်း မဟုတ်ဘူး၊ ဒီကိစ္စအပေါ် ကျနော် ထင်မြင်ချက် မပေးဘူး၊ ကျနော် နာမည်ကြီးဖို့ လုပ် တာ မဟုတ်ဘူး”ဟု ဆိုသည်။ ထိုကိစ္စအပေါ် NLD ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖြေရှင်းပေးလိမ့်မည် ဖြစ်ကြောင်းလည်း ဆက် ပြော သည်။

MMS said...

ုဒီကိစ္စဟာ ဒီလောက်ထိဖြစ်သွားစရာ အကြောင်းမရှိပါဘူး။ Express Time ဂျာနယ် က အုပ်ချုပ်သူတွေ ဦးနှောက်မရှိလို့ ဒီလိုဖွတာလား? အကျိုးကြီးကြီးလိုချင်လို့ တစ်စိတ်ကို တစ်အိတ်လုပ်တာလား။ လုပ်ငန်းလုပ်နေတဲ့သူတွေဟာ ဒီလောက်တော့ အထူအပါး နားလည်ပါတယ်။ အောက်ချေကထိမ်းမရယင်တောင်မှ အုပ်ချုပ်သူတွေဆီရောက်လာယင် သေးသိမ်ပပျောက်သွားရမယ့် အနေအထားပါ။ ငါပြောလိုက်မယ် သေချာတာကတော့ မင်းတို့စေတနာမမှန်ဘူး။ နေက်တစ်ခုပြောဦးမယ် Express Time ဆိုတာ အခုမှကြားဘူးတဲ့ ဂျာနယ်ပါ မင်းတို့ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်သွားပါပြီ။

Kaung said...

ပိာန်းကိုစိုး၊ မင်းကစောက်ရူးပဲ။ အခြေအနေကိုနားမလည်ဘူး
Express Time Journal ကိုရောင်းကောင်းအောင်တခြား
နည်းနဲ့ကြိုးစားပါကွာ။

aungdin said...

အခမ်းနားစပြီမို့ တားမြစ်တဲ့အချိန်မှာကျန်တဲ့သတင်းထောက်တွေ ဓါတ်ပုံမရိုက်ကြတော့ဘူးလေ သူကဘာကြောင့်အဲဒီအချိန်မှာ ဘာကြောင့်အသဲအသန်ဓါတ်ပုံလိုက်ရိုက်ရတာလဲ သူ့အနေနဲ့အခြေနေ အချိန်ခါပေါ်မူတည်ပြီးနားလည်ပေးတတ်ရမှာပေါ့ သတင်းမီဒီယာလွှတ်လပ်ခွင့်ဆိုပေမဲ့ အခြေနေတော့ကြည့်တတ်ဖို့ကောင်းပါတယ် လုံခြုံရေးကလည်းလိုအပ်လို့တားရတာဖြစ်မှာပါ မလိုအပ်ရင်တားမှာမဟုတ်ပါဘူး အခြားသတင်းသမားတွေလည်း အများကြီးရှိနေတာ သူတစ်ယောက်တည်းခုလိုကိစ္စဖြစ်ရတယ်ဆိုတော့ မကောင်းပါဘူး အခြေနေနဲ့အချိန်ခါပေါ်ကြည့်ပြီးအလုပ်လုပ်ကြစေချင်ပါသည် ပြဿနာဖြစ်မှဖြေရှင်းရတော့ဘာမှမဟုတ်ပဲအချိန်တွေကုန်ပါတယ် ဒီထက်အရေးကြီးတဲ့ကိစတွေ ပြောနေရမယ်အချိန်မှာ ဘာမဟုတ်တဲ့ကိစ္စကြောင့်အချိန်တွေကုန်ပါတယ် ခုအထက်ကလူတွေကတိုင်းပြည်ကောင်းဖို့တခြားစကားတွေပြောရမယ်အချိန်မှာ အချင်းချင်းခုလုပ်တိုက်မိတဲ့အကြောင်းဖြေရှင်းနေရတယ်ဆိုတာ သဘာဝလည်းမကြပါဘူး ဇာချဲ့ပြီးလည်းပြောမနေသင့်ပါဘူး။

Anonymous said...

လုံခြုံရေးယူတဲ့သူကိုကိုယ်ချင်းစာပါ။
သတင်းထောက်အရောင်ဆောင်ပြီး အမေစုကိုလုပ်ကြံတဲ့သူဆိုရင်ဘယ်လိုလုပ် မလဲ။သူများသင်းထောက်နည်းတူသတင်းယူပါလား။မင်းလိုသတင်းထောက်မို့ အရှက်မရှိတာကွ။

tapaungthi said...

ခင်ရွှေရဲ့ ဂျာနယ်ဆိုက်ပါ ဒါဆိုရင်သဘောပေါက်ကြပါ

N2N said...

ပထမလူက တားမြစ်ထားသော စည်းကမ်းဖောက်ဖျက်သည် ဒုတိယလူက အပြောစည်းကမ်းမရှိ
ကျွန်တော်တို့ မြန်မာလူမျိုးများ စည်းကမ်းရှိဘို့မဖြစ်မနေ လိုအပ်ပါသည် (အပ်ကြောင်းထပ်နေပြီး-လိုက်နာမူအားနည်း)

sai said...

Weekly Express Times သတင်း ထောက် ကိုဟိန်းကိုစိုး ကွာ မီဒီယာ သမားဆိုပြီး သတင်းလွပ်လပ်ခွင့်ကို အလွဲသုံးစား မပြုလုပ်တင့်ပါ။ စည်းကမ်းရှိမှ အားလုံးအဆင်ပြေ မှာပေါ့ ပြည်သူတွေအတွက် နှိင်ငံအတွက် အရေးကြီး သွေးစည်းရမဲ့ အချိန်မှာ ကိုယ့်ကြောင့် အားလုံး ပျက်ဆီးရမှာကို မလုပ်ချင်စမ်းပါနဲ့ကွာ အာဇာနည် တစ်ယောက်ပေါ်ပေါက်လာဖို့ဆိုတာ မြန်မာနှိင်ငံ အတွက် အလွန့်အလွန်ခက်တယ်ဆိုတယ် အားလုံသော ပြည်သူတွေက သိထားကြတယ် ဒီတော့ အမေစု အပါအ၀င် တိုင်ပြည်ကို ကောင်းအောင် ကြိုးပမ်းနေချိန်မှာ မည်သူဘဲဖြစ်စေကာမူ အများအကြိုးကို ထမ်းဆောင်သူတိုင်းကို စည်းကမ်းရှိရှိ တာဝန်သိသိဖြင့် သတိထားပြီး တစ်ယောက်နဲ့ တစ်ယောက်ကို ရိုသေ လေးစား တန်ဖိုးထား ပြီး အလုပ် လုပ်ကြရင် တိုင်ပြည်ကြီး မကြာခင် ထိပ်တန်းကို ရောက်ရှိလာမှာပါ ခဗျာလည်းစေတနာနဲ့လုပ်လိုက်တာပါဘဲ စေတနာကနေ ဝေဒနာဖြစ်သွားတာကို နားလည်ပေးပါတယ် အစရှိအနောင်နောင် တစ်ယောက်ကစပြီး စည်းဖောက်လိုက်ရင် နောက်ကလူတွေလည်း(အားလုံးမဟုတ်ပါ) စည်းဖောက်လာရင် ကို့တိုင်းပြည်ဘဲ နှစ်နာမှာပါ လွပ်လပ်ခွင့်ရတိုင်း ငါလုပ်တာ မှန်တယ် ငါလုပ်တာကို တားမြစ်ရင် လွပ်လပ်ခွင့်ကို စော်ကားတာဘဲလို့ ပြောကြအုံးမယ် သတင်းမားဆိုပြီး လုပ်ချင်တိုင်လုပ်လို့မရဘူးဆိုတာကို ပြည်သူများက လက်ခံထားပြီး ထားဖြစ်ပါတယ် သတင်း သမားတိုင်း လည်း ပြည်သူကို လေးစားရပါတယ်

devil said...

တိုကျော်စိုးနိုင်ကလဲ ခေါ်စရာရှားလို့ အိမ်သာထဲမှ ခေါ်သွားရတယ်လို့။ အခုတော့ ပြသနာဖြစ်ပြီ မဟုတ်လား။ (အခြားနေရာဆို မှား မှန် သက်သေရှိတယ်ပြောတာပါ။ တစ်မျိုးမထင်ပါနဲ့။ )

Powered by Blogger.