မေလ ၁၆ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-(YPI)
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာအရှေ့ပိုင်းရှိ ဒေသခံလယ်သမားများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော လယ်ယာမြေများကို လွှတ်တော်ကိုယ်စားလှယ်ပိုင် မြရွှေဝါကုမ္ပဏီက ယမန်နေ့က စတင်ပြီး မြေတူးစက်များဖြင့် တူးဖော်ဖျက်ဆီးလျက်ရှိသည်ဟု လယ်သမားများက ပြောသည်။
မြရွှေဝါကုမ္ပဏီသည် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် ကုမ္ပဏီဖြစ်သည်။
ထိုသို့ တူးဖော်ဖျက်ဆီးမှုကြောင့် ယခုအချိန်တွင် ကျီစုကျေးရွာအရှေ့ဘက်ရှိ လယ်ယာမြေ ၁၀ ဧကခန့် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း လယ်ပိုင်ရှင် ဦးအောင်မျိုးဦးက ပြောသည်။
“ ကျွန်တော်တို့ ရွာက လယ်သမားတွေပေါင်းပြီး ငြိမ်းချမ်းစွာတားတယ်။ မရဘူး။ ခုကျွန်တော့်အဖေပိုင်တဲ့ လယ်တွေကို တူးနေပြီ။ ကျွန်တော်တို့ လုပ်စားစရာ ဒီလယ်တွေပဲရှိတာ။ စိတ်ထဲမကောင်းဘူး။ အသားတွေပါ တုန်နေတယ်” ဟု ၎င်းက YPI သို့ပြောသည်။
ထိုကဲ့သို့ လယ်ယာမြေများကို တူးဖော်ဖျက်ဆီးနေခြင်းအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကိုလည်း ကုမ္ပဏီမှ တာဝန်ခံ ဦးကျော်ဝင်းက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း လယ်သမားများက ပြောသည်။
လယ်သမားတစ်ဦးဖြစ်သည့် ကိုထွေးက “ ကျွန်တော်တို့လယ်သမားတွေ စုပြီး မေတ္တာရပ်ခံတယ်။ ဓာတ်ပုံရိုက်တယ်။ ကျွန်တော်တို့မှာ ဘာလက်နက်မှမပါဘူး။ အဲဒါကို ကုမ္ပဏီတာဝန်ခံက ထိုးမယ်ကြိတ်မယ် လုပ်တယ်ဗျ” ဟုပြောသည်။
ဒေသခံလယ်သမားများဘက်မှ ၀ိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသော ဦးမောင်မောင်က လယ်ယာမြေများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းအား ဥပဒေအရ တားဆီးသွားမည်ဖြစ်ကြောင်းပြောသည်။
မြရွှေဝါကုမ္ပဏီ၏ လယ်ယာမြေများကို ဖျက်ဆီးနေခြင်းအား ရပ်တန့်ပေးရန်အတွက် ဒေသခံလယ်သမား ၁၆၂ ဦးမှ ၀ိုင်းဝန် မေတ္တာရပ်ခံခဲ့ကြောင်း ဒေသခံလယ်သမားများကပြောသည်။
၂၀၀၈ ခုနှစ်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းဝန်ကြီးဌာနမှတဆင့် မူလလုပ်ကိုင်လျက်ရှိသည့် ဒေသခံလယ်သမားများအစား မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ချိန်မှစ၍ ကုမ္ပဏီနှင့် လယ်သမား များကြား လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ ။
Yangon Press International

လွှတ်တော်ကိုယ်စားလှယ်ပိုင် ကုမ္ပဏီမှ လယ်ယာမြေများအားဖျက်ဆီး
Reviewed by သစ်ထူးလွင်
on
05:26
Rating:
8 comments:
တရားသဖြင့် မျှမျှတတဖြစ်ကြရင်တော့ အကောင်းဆုံးပါဗျာ။
အားလုံးလည်း ဒီလယ်သမားတွေစိုက်ပျိုးတဲ့ ဆန်ပဲစားနေရတော့ စဉ်းစားကြည့်ရင် ကိုယ်စားနေတဲ့ထမင်းရဲ့ကျေးဇူးရှင်တွေပါ။ တရားသဖြင့် ပြေလည်သွားစေချင်ပါတယ်။
လယ်ယာမြေပိုင်ဆိုင်မှုဥပဒေကို ပြည်သူတွေသိဖို့ တိကျစွာပြဌန်းဖို့လိုနေပါတယ်....သိမ်းယူရင်လဲ ဘာကြောင့် ဘာ့အတွက် သိမ်းရသလဲဆိုတာ သတင်းစာရှင်းလင်းပွဲ လုပ်သင့်ပါတယ်...လက်သင့်ရာ စားတော်ခေါ်(နီးစပ်တဲ့သူကိုလက်သိပ်ထိုးပေးခြင်း)ကို ဥပဒေအရ ဝိုင်းဝန်းဖြေရှင်းတောင်းဆိုကြပါ...
အများစုက မှန်နေတာကို ကြောက်နေရလားဗျာ။ အမှန်တရားအတွက် စည်းလုံးကြပါ
အုတ်ရောရော ကျောက်ရောရော လုပ်လို့မဖြစ်ဘူး
လွှဲပြောင်းပေးရင်လည်း လွှဲပြောင်းပေးကြောင်း လယ်သမားတွေသိဖို့လိုအပ်တယ်
မြန်မာပြည်မှာ တရားမျှတဖို့ အားလုံးတာဝန်ကိုယ်စီယူကြပါ။
မှန်ပါတယ်ဗျာ။လယ်သမားဥပဒေကိုပြည်သူတွေ၊အဓိကတောင်သူလယ်သမားတွေသိဖို့အရေးကြီးနေပါပြီပြည်သူကိုယ်စားလှယ်တော်ကြီးများခင်ဗျာ။
သူတို့စားနေတာဆန်ကဖြစ်တဲ့ထမင်းမဟုတ်ဘူး။-ျီးတောင်ထမင်းစားပြီးမှဖြစ်တာ......
တောမီးလောင်တောကြောင်လက်ခမောင်းခတ်
ဆိုသလိုဖြစ်နေပါပေါ့လား။ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်
ဆိုတာမကောင်းပါဘူး။အုပ်ချုပ်သူတွေနဲ့ပြည်သူကို
လူပါးဝတာဘဲ။ မဲဆန္ဒရှင်တွေရဲ့ တစ်ရာနှုန်းကလက်မှတ်
ထိုးပြီးလွှတ်တော်တင်ရင် ကိုယ်စားလှယ်ေတာ်ကြီးပြုတ်ဘီလေ။
ဥက္ကဌကြီး ဦးရွှေမန်းက ဘယ်သူ့မျက်နှာမှမကြည့်ဘူး
ပြောတယ်။ညီညီညာညာ ဝိုင်းတိုင်ပေးကြပါ စို့။
ပြည်သူ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေကလည်းဗျာ.. တကယ့် ဖွတ်ကြားတွေပဲ..
ဇေကမ္ဘာဒေါက်တာခင်ရွှေ၊အခု ဦးအောင်သန်းဦး ဆင်းရဲသား တောင်သူတွေရဲ့ လယ်မြေတွေကိုတောင် မရိုးသားတဲ့နည်းလမ်း မျိုးစုံသုံးပြီး၊ ဗိုလ်ကျ အနိုင်ကျင့်တာမျိုးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် လုပ်နေတာကတော့ တိုင်းပြည်မှာ အရုပ်ဆိုး အကျည်းတန်လွန်တယ်။
ဒီလိုလူတွေ လွှတ်တော်ကိုယ်စားလှယ်မပြောနဲ့ ဆယ်အိမ်ခေါင်းတောင် ခန့်ဖို့ မသင့်ဘူး။ ဘာလုပ်လုပ် ကိုယ့်အတွက်ပဲကြည့်တတ်တော့ ချင်ပန်ဇီအသိဥာဏ်လောက်ပဲ ရှိတယ်။
Post a Comment